Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, December 31, 2008

ဆရာကြီး....သို့...ဂါဝရ

အတာကိုမချစ်တဲ့မြန်မာဖြစ်လို့
ဗမာစစ်ရင်တောင်
အာပလာအချစ်နဲ့
နယူးရီးယားမှာ
အထူးကြီးပွားချင်ရင်
ခံလိုက်ကြစမ်းနိုင်ငံသား....................

ပြီးတဲ့အခါဟန်လုပ်ကာနဲ့
ဟိုဖောဒီရွှေ
ချစ်လှစတိုင်လ်
အတိအကျပိုင်ပိုင်
ကိုယ့်မြေကိုယ်ရေအတွက်ဆိုပြီး
အော်လိုက်စမ်းဟဲ့ဒီမိုကရေစီ.................

တကယ်တန်းကျလိုအပ်လှစွာ
သူတကာဒုက္ခ
ပြည်တွင်းမှာ"က"တော့
ရှိတဲ့ငွေထုတ်ပြုန်းကာပြုတ်ဖို့
စိတ်ကူးတောင်မသန်းလို့
ဆရာကြီးအဆင်နဲ့
ရူးလိုက်ပါဦးးးးးးးးးးးးးးးးးး။


အထက်ပါကဗျာမှာခုနှစ်သက္ကရာဇ် ၂၀၀၉ ကိုကြိုဆို၍ကျွန်တော်ကိုတေမှ
ဆရာကြီးသို့ဂါဝရပြုသောအားဖြင့်
စပ်ဆိုထားခြင်းဖြစ်ပါသည်။
အခြေအနေ၊အကြောင်းကြောင်းကြောင့်တိုင်းတစ်ပါးနိုင်ငံသားခံယူထားသော်လည်း
မိခင်နိုင်ငံအတွက်အမှန်တကယ်ဆောင်ရွက်နေကြသောလေးစားထိုက်သူများကို
မရည်ရွယ်ပါခင်ဗျား....

အပြည့်အစုံသို့ ..