Showing posts with label အဆိုအမိန့်. Show all posts
Showing posts with label အဆိုအမိန့်. Show all posts

Thursday, December 20, 2007

ယနေ့ အထိ ထင်ဟပ်နေသေးသည့် ဗိုလ်ချုပ်၏ စကားများ (၂)



ဗိုလ်ချုပ်မြင်ခဲ့သော ဂလိုဘယ်လိုက်ဇေးရှင်း
ကမ္ဘာ့ဖြစ်ရပ်တို့သည် တခုနှင့်တခု ဆက်စပ်နေ၍ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကမ္ဘာ့ဖြစ်ရပ်တို့က ကျွန်တော် တို့ကို ဂယက်ရိုက်သောကြောင့်ဖြစ်သည်။ (p.97)

အမျိုးသားရေးဝါဒ
လူမျိုးရေး၊ ဘာသာရေး၊ စာပေရေး ဆိုသော ကြွေးကြော်သံတို့ဖြင့်သာ အမျိုးသားရေးဝါဒကို တည်ဆောက်ထားသည်မဟုတ်ကြောင်း လူမှုရေးသိပ္ပံနှင့် နိုင်ငံရေးသိပ္ပံကို လေ့လာသူတိုင်း သိကြသည်။ (p.101)

အမျိုးသားရေးဝါဒ အစစ်အမှန်အတွက် လမ်းညွှန်
အမေရိကန်နှင့် အင်္ဂလိပ်တို့သည် စာပေတစ်ခုတည်းဖြစ်သော်လည်း တိုင်းပြည်တစ်ပြည်တည်းမဟုတ်။ ဆိုဗီယက်ယူနီယံတွင် ဘာသာ စကားပေါင်းမြောက်မြားစွာရှိလျက် ပြည်သူလူထုမှာ တလုံးတစည်းထည်းရှိသည်။ သို့ဖြစ်လျှင် အမျိုးသားရေးဝါဒဆိုသည်မှာ ဘာလဲ။
အဓိကအချက်မှာ တူညီသောဘ၀တစ်ခုတွင် အေးအတူ ပူအမျှနေရခြင်း၊ လူမျိုးရေးအလိုက်-ဘာသာစကားအလိုက် တူညီသောအကျိုး စီးပွားများကို တိုးတက်ဖွံ့ဖြိုးစေရခြင်း၊ တမျိုးတည်း တစားတည်းသော အသိကိုပေးခြင်း၊ တမျိုးတည်း တစားတည်းဖြစ်နေရန် လိုအပ်မှု ကိုလည်း အသိပေးခြင်း ဖြစ်စေသည့် တူညီသောထုံးတမ်းစဉ်လာများကို ပြုစုပျိုးထောင်ခြင်းတို့ဖြစ်သည်။ (p.102)

ယနေ့အထိလိုအပ်နေဆဲ
ယနေ့ ဗမာပြည်၏ အဓိက လိုအပ်ချက်တို့မှာ ပြန်လည်ထူထောင်ရေး၊ သက်သာချောင်ချိရေးပင်ဖြစ်သည်။ (p.108)
(ဗိုလ်ချုပ်ခင်ဗျား..ကျနော်တို့ ဒီနေ့အထိ လိုအပ်နေတုန်းပါဟု လမ်းဆုံထွက်ပြီး အော်လိုက်ချင်သည်။)

ပါတီတွေ မှတ်သားကြဖို့
အရေးကြီးသည့်အချက်မှာ သူတို့(ပါတီများကိုရည်ညွန်း)တည်ရှိသင့်-မတည်ရှိသင့်ဆိုသော အချက်မဟုတ်ဘဲ၊ သူတို့က အမျိုးသားအ ကျိုးစီးပွားနှင့် ဆန့်ကျင်သည့် ပါတီရေးလုပ်ငန်းများ မပြုလုပ်ကြရေးသာဖြစ်သည်။ (p.126)

ခုရော ဘာထူးလို့လဲ၊ပိုတောင်ဆိုးသေး
စိုက်ပျိုးရေးကဏ္ဌမှာလည်း ဗရမ်းဗတာဖြစ်နေ၍၊ သီးနှံထွက်တို့မှာလည်း မကောင်းပါ။ အစားအစာ(ဆန်)အခြေအနေမှာလည်း ဆက် တိုက်ဆိုးရွား၍နေပါသည်။ ပညာရေးကဏ္ဌမှာလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်နေပါသည်။ နေရာတကာတွင် လစာများ၊ စားရိတ်ပေးငွေ များ၊ လုပ်ခများမှာလည်း အလွန်နိမ့်ကျပါသည်။ အစိုးရအမှုထမ်းများနှင့် အစိုးရတပိုင်းအဖွဲ့အစည်းများ၏ အမှုထမ်းများကို ခွဲခြားခြင်း အ ပြုအမူများအကြောင်းကိုလည်း မကြာခဏကြားနေရပါသည်။ ငြိမ်ဝပ်ပိပြားရေးအခြေအနေမှာလည်း ဆိုးရွားနေပါသည်။ နိုင်ငံရေးအရ နှိပ်စက်ညှဉ်းပမ်းမှု အပြုအမူတို့ကိုလည်း မှန်မှန်လုပ်နေကြပါသည်။ ပြည်သူ့လွတ်လပ်မှုတို့မှာလည်း ချုပ်ချယ်ခြင်း ခံနေရဆဲဖြစ်ပြီး ကာ ကွယ်ရေးဥပဒေများ၊ အရေးပေါ်ဥပဒေများမှာလည်း တည်ရှိဆဲဖြစ်ပါသည်။ လယ်သမားနှင့် အလုပ်သမားတို့မှာလည်း မကျေမနပ်ဖြစ်မှု နိမိတ်လက္ခဏာများ များပြားလာလျက်ရှိပါသည်။ ကျောင်းဆရာတို့၏ လစာငွေမှာလည်း အစဉ်အဆက် အလွန်နိမ့်ကျလျက် ရှိခဲ့ပါသည်။ (p.123)

ခေါင်းပုံဖြတ်ခံ မြန်မာဘ၀၊ ကိုလိုနီခေတ်ကတည်းက
ကျွန်တော်တို့မှာကား ရှိမြဲအတိုင်း ကုန်ကြမ်းထုတ်လုပ်သော လူမျိုးတမျိုးသာဖြစ်လျက်ရှိပါသည်။ (p.181)

န.အ.ဖ သတင်းစာတွေကိုမြင်ယောင်
ကျွန်တော်တို့သည် စကားလုံးတို့၏လှည့်စားမှုကို ခံကြလိမ့်မည်မဟုတ်။ (p.185)

ယောဆရာ စုစည်းတင်ပြသည်။

ကိုးကား-ဘားမားချဲလင်း(ခ်ျ) ၁၉၄၆/ဗိုလ်ချုပ်အောင်ဆန်း/မြန်မာပြန်-မြစိန်
Burma Challenge-1946/Aung San
ဒုတိယအကြိမ်၊ ၁၉၆၈ ခု၊ ဇွန်လ
(မှတ်ချက်။ ။ စီဘောက်တွင် ဤဘားမားချဲလင်း(ခ်ျ) စာအုပ်ကို ဘယ်မှာ ရနိုင်မလဲဟု မေးထားပါသည်။ ကျနော်များ ကူးယူဖော်ပြသည့် မူရင်းမှာ မိတ္တူပွား စာအုပ်သာဖြစ်ပါသည်။ ဒစ်ဂျစ်တယ်ဖောမက်ဖြင့် မဟုတ်ပါ။ နီးစပ်ရာတွင် မေးမြန်းကူးယူရန်သာ အကြံပြုလိုပါသည်။)

အပြည့်အစုံသို့ ..

Monday, December 17, 2007

ယနေ့အထိ ထင်ဟပ်နေသေးသည့် ဗိုလ်ချုပ်၏ စကားများ

လွန်ခဲ့သော နှစ်ပေါင်းများစွာ အင်္ဂလိပ်ကိုတော်လှန်ရန် စိုင်းပြင်းချိန် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သောစကား၊ မိန့်ခွန်းများသည် ပြန်ဖတ် သောအခါ ယခုထက်ထိ မှန်နေသေးတာတွေ များသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်သူလူထုသည် ကိုလိုနီစနစ်မှ စစ်ဖက်ဆစ်ဝါဒီအောက်သို့ ရောက်ရခြင်းမျှသာဖြစ်ပြီး အမှန်တကယ်လွတ်လပ်ရေးမရသေးသောကြောင့် ဖြစ်ပေသည်။
ဤကောက်နုတ်ချက်များမှာ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်လိုပြောခဲ့၊ ရေးခဲ့ပြီး မြစိန် မြန်မာပြန်သည့် ဘားမားချဲလင့်ခ်ျစာအုပ်ထဲမှ ဖြစ်သည်။

ပန်းချီ-မင်းကျော်ခိုင်

ဗိုလ်ချုပ်အောင်ဆန်း၏ ဘားမားချဲလင်း(ခ်ျ) စာအုပ်ထဲမှ ကောက်နုတ်ချက်

ဝင်တိုက်ရေး၊ မတိုက်ရေး
သမ္မတ အီဘရာဟန်လင်ကွန်းက `မည်သည့်နိုင်ငံကမှ အခြားနိုင်ငံတနိုင်ငံကို စိုးမိုးအုပ်ချုပ်ရန် အခွင့်အာဏာမရှိ´ဟု ပြောခဲ့ဘူးသည်။ (p.19)

ဘာအကောင်းဆုံးလဲ
ကမ္ဘာပေါ်ရှိစနစ်အမျိုးမျိုးကိုကား လေ့လာရမည်သာဖြစ်၍ အကောင်းဆုံးစနစ်ကို မိမိအခြေအနေများနှင့်ကိုက်ညီအောင် ပြုပြင်သုံးစွဲရမည်။ (p.38)

ဖြစ်နေတာနဲ့ နှိုင်းယှဉ်ကြည့်ဖို့
ရှေ့အဖို့(အနာဂတ်)တွင်လည်း ဗမာ့တပ်မတော်သားများအဖြစ် တိုင်းပြည်ကို ခုခံကာကွယ်လိုသော ဆန္ဒအသွင်ဖြင့် ထင်ရှားပေါ်ထွက်လာလိမ့်မည်ဟု ယုံကြည်ပါသည်။ (p.56)

တိုင်းပြည်ကို လက်မတင်လေးကယ်ခဲ့ပါသည်ဆိုသော န.အ.ဖသို့
မည်သည့်စစ်ပွဲ၊ မည်သည့်တော်လှန်ရေးတွင်မဆို တိုင်းပြည်တပြည်သည် သုညမှစ၍ ကိုယ့်ပြည်ကိုကိုယ် အောင်မြင်စွာမဟုတ်သည့် တိုင်၊ ထိုက်ထိုက်တန်တန် ခုခံနိုင်လောက်သည့် အင်အားအထိရှိလာအောင် တိုတောင်းသောကာလအတွင်းမှာပင် စုစည်းနိုင်ကြောင်း သာဓကများစွာရှိခဲ့ပါသည်။ (p.58)

စစ်ဖိနပ်အောက်က ဘာငြိမ်းချမ်းရေးလဲ
သန်မာသော ငြိမ်းချမ်းရေး၊ တည်ဆောက်မှုငြိမ်းချမ်းရေး၊ ကမ္ဘာအနှံ့အပြား၌ လွတ်လပ်မှု၊ တိုးတက်မှု၊ စည်ပင်ဝပြောမှုတို့ကို တည်ဆောက်မည့် ငြိမ်ချမ်းရေးဖြစ်ပါစေ၊ သင်္ချိုင်းကုန်းငြိမ်းချမ်းရေး မဖြစ်ပါစေနှင့်ဟု ဆုတောင်းမိသည်။ (p.62)

လူထုစွမ်းအား
ပြည်သူလူထုတရပ်လုံး၏ တက်ကြွစွာ ထောက်ခံပူးပေါင်းဆောင်ရွက်မှု မပါဘဲနှင့် မည်မျှကြီးမားသော ပုဂ္ဂိုလ်သည်ပင်ဖြစ်စေ သမိုင်းဘီး ကို လှိမ့်နိုင်စွမ်းမရှိပါ။ (p.69)

ဘာလုပ်ကြမလဲ
ကျွန်တော်တို့အားလုံးသည် တနေ့တွင် ခေါင်းဆောင်သူ၊ ခေါင်းဆောင်မှု စသည်တို့ကို မမျှော်ကိုးရသည့် အခြေအနေရောက်ခါ ကျွန် တော်တို့အားလုံးလိုပင် သူရဲကောင်းများဖြစ်လာသည်အထိ ကြိုးစားအားထုတ်ကြရပေလိမ့်မည်။ (p.70-71)

မျက်စိပိတ်၊ နားပိတ် အခြေအနေနှင့် ကြောင်သူတော်များ
ကျွန်တော်တို့တိုင်းပြည်မှာ ယနေ့အထိ လူ့ဘ၀နှင့်လူ့ဘောင်အကြောင်းကို ကောင်းစွာမသိသေးသူ အများအပြားရှိကြပါသေးသည်။ အချို့သောသူတို့မှာ သိလျက်နှင့်၎င်း၊ မသိ၍၄င်း ညစ်ပတ်သောနိုင်ငံရေးကို ဆက်လုပ်လျှက်ရှိကြပါသေးသည်။ (p.72)

အထဲကအေးလွင်တို့၊ ဖားမင်းဆွေတို့၊ အပြင်က ဇော်မျိုးတို့ နဖူးမှာ ဆေးမှင်ထိုးထားဖို့ကောင်းသည့်စာ
နိုင်ငံရေးက ညစ်ပတ်သည် မဟုတ်၊ နိုင်ငံရေးကို ညစ်ပတ်အောင်လုပ်နေသူများသည်သာ ညစ်ပတ်ခြင်းဖြစ်ပါသည်။ (p.72)

သံဃာ့အာဇာနည်များသို့
အရှင်ဘုရားတို့၏ တိုင်းပြည်နှင့်လူမျိုးအတွက်လည်း ဤသို့သော `နိုင်ငံရေး´ လုပ်ခြင်းသည်ပင်လျှင်၊ အမွန်မြတ်ဆုံးသော နိုင်ငံရေး လုပ်ခြင်း ဖြစ်ပါသည်ဘုရား။ (p.76)

န.အ.ဖသည် ပြည်သူ့ အစိုးရမဟုတ်
ကျနော်တို့တိုင်းပြည်မှာ သမ္မတလင်ကွန်း၏ `ပြည်သူများ၏ ပြည်သူများအတွက် “ ပြည်သူ့ အစိုးရ ”ဆိုသောစကားကိုပင် ကောင်းစွာ နားလည်နေကြပါပြီ။ (p.88)

စစ်အုပ်စု၏ ဖွဲ့စည်းပုံလည်း ထိုအတိုင်း
ဗမာပြည်၏ လူဦးရေ (၁၇) သန်းအနက် လူ ၁၇ ယောက်လောက်သာ နားလည်နိုင်သော စကားဖြင့် ဥပဒေအရာဆိုသည်မှာ ရှုပ်ထွေး လှပါသည်ဟု လှီးလွှဲပြောနေ၍ အကျိုးထူးမည်မထင်ပါ။ (p.117-118)

စစ်အုပ်စုရဲ့ လိမ်ဆင် ကိန်းဂဏန်းတွေ
စာရင်းအင်းဆိုသည်တို့ကို ကိုယ့်အယူအဆနှင့်ကိုက်ညီအောင် ပြုပြင်ဖန်တီးယူ၍ ရသည်။
ဆက်လက်ဖော်ပြမည်။ (p.141)

ယောဆရာ စုစည်းတင်ပြသည်

အပြည့်အစုံသို့ ..