Showing posts with label သုံးသပ်ချက်. Show all posts
Showing posts with label သုံးသပ်ချက်. Show all posts

Tuesday, December 2, 2008

ဘရဏီမျိုး


ဤနေရာကို နှိပ်ကြည့်ပြီးမှ ဆက်ဖတ်ပါရန် ..

အံ့ဘနန်း ကြီးစွာ သြမိပါတော့သည်။ ဤရုပ်သံ အစီအစဉ်ကို ကြည့်မိတိုင်း အံ့သြပြီးရင်း သြမိရခြင်း ဖြစ်၏။ အနှီ ရုပ်မြင်သံကြား သတင်း ဌာန လူငယ်ရေးရာ ကဏ္ဍတွင် အဟွါလုပ်သူ ဘရဏီခေါ် နန်းသန္တာမျိုးကား တစ်ချိန်က လူမှောင်ခို တင်ပို့သူ ဗမာပွဲစား တစ်ဦး၏ ကိုယ်ရေး အရာရှိ လိုလို၊ စကားပြန် လိုလို၊ အပြင်ရေးမှူး လိုလို ဖြစ်ခဲ့ဖူးသူ တစ်ယောက် ဖြစ်သည်။ အတွင်းကိစ္စတော့ မသိ။ အပြင်ကိစ္စ တော့ သွက်သွက် ခါနေအောင် လည်ပတ် ဖျတ်လတ်ကာ ဘ၀ကို လည်သလို ကျော်ဖြတ်၊ ခွနင်းပြီး သွားနေသူ တစ်ဦးဖြစ်၏။ ထိုထက် ပို၍ ပို၍ ပြောရလျှင်ဖြင့်၊ ပွဲစားကြီး၏ ကန့်လန့်ကာ နောက်ကွယ်ရော၊ ပေါ်တင်ကြီးရော အဖန်များစွာ ခင်တတ်သူ ကြော်ကတက် တစ်ဦး ဖြစ်ခဲ့ဖူး ပေသည်။ ယနေ့ ဗမာ့ အတိုက်အခံ မီဒီယာကြီး တစ်ခုအတွင်းမှာ မယုံနိုင်စရာ အဖြစ်အပျက်များ ဖြစ်ချေပြီ။ လင်ကစွန့် ထားခြင်း ခံရသည်ဟူသော ဘန်ကောက်နေ ရွာသူတစ်ယောက် ချင်းမိုင် နယ်အတွင်း အစိမ်းလိုက် ၀င်ကာ နှောက်နေပြီထင်၏။ ကြည့်ရင်း တွေးသည်။ မျက်လုံး စုံမှိတ်ကာ စဉ်းစားသည်။ ထပ်ခါတလဲလဲ ဖင်ပြန် ခေါင်းပြန် တွေး၍ စဉ်းစား၍ နေမိချေတော့သည်။

မီဒီယာ သမားတစ်ဦး၏ မရှိမဖြစ်၊ မတတ်မဖြစ် လိုအပ်ချက်ကား မည်သည်တို့နည်း၊ ထိုထက်ပိုပြီး ထိုသူ၏ နောက်ခံသမိုင်းကြောင်း၊ သူ၏ စိတ်ဓါတ်ရေးရာနှင့် စာရိတ္တ၊ ဖြတ်သန်းခဲ့ရသော လူမှု ပတ်ဝန်းကျင်။ နောက်ဆုံး သူလုပ်ခဲ့သမျှသည် အကောင်းဘက် ရှိခဲ့၏လော။ အဆိုးဘက် ပါခဲ့သည်လော။ ပြီးလျှင် သူ့စေတနာနှင့် ရည်ရွယ်ချက် အမှန်ကကော မည်သို့ ရှိရ ထားရမည်နည်း။ စာရေးသူ မပိုင်းခြား တော့။ စာရှုသူသာ တွေးကြည့်ပါ။ ဝေဖန် ကြည့်ပါ။ မီဒီယာ သမားတစ်ဦး၏ ထားရမည့် ကျင့်ဝတ်သိက္ခာ၊ တတ်ထားအပ်သော ပညာ အရည်အချင်း၊ စသည် စသည်တို့ကို ကိုယ်တိုင် ကိုယ်ကျ သေချာ ဃနစွာ မသိသော်လည်း၊ စာရေးသူသိသော၊ တွေးမိသော၊ ဖြစ်သင့်သည် ဖြစ်သော၊ မဖြစ်သင့်သည် ဖြစ်သော အချက်တို့ကား ဦးခေါင်းအတွင်း ခေါက်တုံ့ ခေါက်ပြန် အစုန်အဆန် ပြေးလွှားကာ အဖြေရှာ နေမိတော့သည်။

ကုန်လွန်ခဲ့သော 2005 မှ 2006 ကျော်ကျော် အတောအတွင်းတွင် ဘန်ကောက် အခြေစိုက် ဗမာလူမျိုးတို့၏ လူကုန်ကူးမှု လုပ်ငန်းများမှာ အင်မတန် ထွန်းကား အလုပ် ဖြစ်ခဲ့၏။ ရိုးနေပြီဟု အတွေး မစောပါ နှင့်။ သိပ်မရိုးသော်လည်း စာရေးသူ အနေဖြင့် အတန်ငယ် ထူးဆန်း သော ဗမာ လူမျိုးတို့၏ လူကုန်ကူးမှု သမိုင်းပင် ဖြစ်သည်။ လူကုန်ကူးသည် ဆိုရာဝယ် ကော့သောင်း၊ မြ၀တီတို့မှ ထိုင်း၊ မလေးရှား ဘက်သို့ ကူးခြင်း လုပ်ငန်းကို မဆိုလို။ ဆက်လက် ရှုစားပါ။ DVB ၏ လူငယ်ရေးရာတွင် တွေ့နေရသော ယင်း ဘရဏီ ဆိုသည့် အသက် (30) နား ကပ်နေသော်လည်း၊ ရုပ်ရည် နုပျိုသော အနောင်စာဟု ခေါ်လေမလား၊ ပရီစင်တာဟု သမုတ်ရမည်လား မသိသည့် အမျိုးသမီးမှာ ဆိုခဲ့ပြီးသော တချိန်တုန်းက လူကုန်ကူးသည့် လုပ်ငန်းတွင် ကြော်ကတက် တဖြစ်လဲ၊ ဘာသာပြန်လို တဖုံ၊ အတွင်းအပြင် ဆက်ဆံရေး အရာရှိလို တမျိုး၊ ဟိုမရောက် ဒီမရောက် တစ်ယောက် ဖြစ်ခဲ့ဖူးလေသည်။ ပညာ အရည်အချင်းကား ဘွဲ့ရပြီးဟု သူ့ ဘာသာသူ သတ်မှတ်၏။ စကားကို မပီ့တပီ ညုတတ်၏။ သူတပါး သနား စေရန်လားမသိ၊ "မျိုး .. ကလေ" "မျိုး .. ကလေ" ဟု နှာသံ ညှက်စိဖြင့် ကြိုးစား၍ ပြောတတ်သေး၏။ ယင်း"မျိုး" က ယခု ဘရဏီ ဖြစ်နေတော့ စာရေးသူမှာ ၀င်းဦး သီချင်းကို ယောင်၍ ရေရွတ် မိသေးသည်။

" မေဘရဏီလို .. ဒီဗွီဘီတောင် လက်မှိုင်ချရသကိုး မမမျိုး .. အိုး .. ဟိုး .. မမမျိုး .. "

" မေဘရဏီလို .. ဒီဗွီဘီတောင် လက်မှိုင်ချရသကိုး မမမျိုး .. အိုး .. ဟိုး .. မမမျိုး .."

"သူ့ မြင်ကတည်းက ဆွဲစိစရာလေး .. ရှုချင်စမြဲပ ပဲများသူပေး .. ချင်းမိုင်ကြယ် နှစ်လုံးလို .. ပြုံးချို ဖုန်းမို ရှုလို့ မဆုံး .. ကြိုက်လို့ မဆုံး .. အမိုက်တိုက် ဆုံးတော့ သကိုး .. အိုး …. မေဘရဏီလို .. ဒီဗွီဘီတောင် လက်မှိုင်ချ ရသကိုး မမမျိုး .. အိုး .. ဟိုး .. မမမျိုး .. …. ဂွီ .. ဂွီ .. ကျလီ .. ကျလီ… " ..

ဟုတ်ပါသည်။ ဒီဗွီဘီလို အထင်ကရ မီဒီယာကြီး တစ်ခုက ဤသို့ ဤနှယ် ပေါက်လွှတ်ပဲစား တစ်ဦးကို မည်သို့မည်ပုံ ဆွဲခေါ်ကာ မီဒီယာ မျက်နှာဖုံး စွပ်ပေး လိုက်လေသည် နားမလည်ချေတော့။ (မီဒီယာသမားဟု သတ်မှတ်က မှားမည်လား မပြောတတ်။ စာရေးသူ နားလည် သလို သုံးစွဲခြင်း ဖြစ်သည်။ မှားသည်ထင်က ပြင်ပေးပါလေ။) သူမက ထင်ပေါ်၍ စင်တော်က ကောက်ခြင်းလော၊ ဖင်အဖေါ်ကောင်း၍ ထိုအရာကိုမှ ကြိုက် နှစ်သက်တတ်သူ တာဝန်ရှိ လူကြီးမင်း တစ်ဦးဦးက ကြော်ကတက်အရာ ချီးမြှောက်ပေးလိုက်ခြင်းလော။ တစ်ခုခု တော့ တစ်ခုခု ဖြစ်ပေလိမ့်မည်။ ပညာ မတတ်သော်လည်း၊ နိုင်ငံရေး၊ မီဒီယာ အကြောင်း တစ်လုံး တလေမှ မသိသည် ဖြစ်သော်လည်း၊ အဖြူရောင် နောက်ခံရှိခဲ့သူ၊ ရိုးသားခဲ့သူ တစ်ဦးဆိုပါက တစ်လုံး တစ်လေမှ ရေးရန် အကြောင်းမရှိ။ အားပေး ချီးမြှောက်ရန်သာ ရှိပေသည်။

အခု မီဒီယာသမား၊ တစ်ချိန်က ယင်းတို့လို လူပွဲစားများ၏ ကလိန်စေ့ ဥာဏ်ဆင် ဖိုးတွမ်းတီး ရိုက်ချက်များကြောင့် ဘ၀ ပျက်သွားသူများ ယနေ့ ဒုနဲ့ဒေး ရှိနေပါသည်။ ဤသို့ ဆိုလျှင် ဤပို့စ် ဖတ်မိသူ၊ တစ်ချိန်က ပွဲစားမင်းတို့ နှိပ်စက်သဖြင့် အလုပ် မဖြစ်ခဲ့ဘဲ၊ ဒေါ်လာ ထောင်၊ သောင်းမက ဆုံးရှုံးခဲ့ဖူးသူ ကာယကံရှင်များက စာရေးသူကို သာဓု ခေါ်လေမည်လား မပြောတတ်ချေ။ သို့တည်းမဟုတ် တစ်ချိန်က "ဖာတနာဂမ်"ဟုခေါ်သည့် ယခု စူဝမ်နဖုံ လေဆိပ်နားက တိုက်ခန်းတွင် ပွဲစားကြီး အလစ် ဖဲမွေ့ယာ ရွှေကော်ဇော်ပေါ် ချစ်တလင်း ခေါ်ခဲ့ဖူးသော ကာစတမ်မာများက စာရေးသူအား ရိုက်သတ် ချင်နေမည်လား မဆိုတတ်တော့။

ကြုံ၍ တမင်ဖေါက်သည် ပြန်ချရန် ရှိသည်မှာ .. တစ်ချိန်က ဗမာတို့ နည်းလမ်း မျိုးစုံသုံးပြီး ဥရောပနှင့် အမေရိက တို့သို့ ခြေဆန့်တော် မူကြခြင်း အကြောင်းဖြစ်သည်။ ဆိုခဲ့ ပြီးချေပြီ။ စာရေးသူ အဖို့ကား အင်မတန်မှ မျက်စိ ကျယ်ကျယ် သွားရလောက်အောင် အံ့သြ စရာ တွေချည်းဖြစ်၏။ လုပ်ပုံကလည်း သင်းပျံ့ပျံ့ ရှိလှ၏။ သူတို့သည် စာရွက် စာတမ်း အတုအပ မျိုးစုံသုံး၏။ သူတို့၏ လူပို့ဆောင်ရေး ကုမ္ပဏီ ရုံးခန်းမှာ မသိလျှင် အနောက် နိုင်ငံ သံရုံတစ်ရုံးနှယ် ရှိချေသည်။ တံဆိပ်တုံး ပေါင်းစုံရှိ၏။ ထိုမျှမကသေး၊ မြန်မာနိုင်ငံရှိ သင်္ဘော သားရုံးမှ အထောက် အထား တံဆိပ်တုံးများ၊ နိုင်ငံတကာ သဘောင်္လိုင်းများမှ LOGO များ၊ letter head များ စသည်ဖြင့် စုံစေ့အောင် ဖန်တီးထား၏။ ပြီးလျှင် မြန်မာပြည်ရှိ တက္ကသိုလ် ပေါင်းစုံမှ ဘွဲ့လက်မှတ် ပေါင်းစုံ ထုတ်လုပ် နိုင်သော တုပခြင်း နည်းပညာ အကုန်ရှိ၏။ စာရေးသူ မမေ့ခင် ပြောရန် ရှိသည်ကား ကြော်ကတက် ချီးမြှောက် ပေးသူ ပွဲစားကြီး၏ အမည်မှာ စနေနံ သုံးလုံးဖြစ်ကာ ခေတ်ဟောင်း မြန်မာ ရုပ်ရှင် ဇာတ်ပို့တစ်ဦး၏ နာမည်နှင့် (၁၀၀) % တူချေသည်။ ရုပ်ရည်ကား လူရွှင်တော် ငြိမ်းချမ်း၏ အမွှာဟု ပြောသော် ငြိမ်းချမ်း တစ်ယောက် လူပြက်ဘ၀မှ ပင်စင် ယူသွားနိုင်ပေသည်။ သို့သော် ဆော်ကြည် နိုင်လွန်းသူဟု သတ်မှတ်နိုင်၏။ ဆော်ကြည်သလို မယား များလည်း ကြွယ်ဝလှပေသည်။ ရန်ကုန် ဒဂုံမြို့သစ်အရပ်တွင် အကြီး တစ်ယောက်၊ လက်ရှိ ဘန်ကောက်တွင် အလတ် နှစ်ယောက်နှင့် ယခု ဘရဏီကား စတုတ္ထမြောက် ကြင်ယာတော် ကြော်ကတက် ဖြစ်ခဲ့တော် မူချေသည်။ သူတို့ကား ရန်ကုန်ရှိ ပွဲစားများ နှင့် (FAX) ထိုးကာ (သူတို့ ပြောသည့်အတိုင်း) အချိတ်အဆက်နှင့် လူခေါ်သည်။ ကြေးက တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၃၀၀၀) လောက်မှ (၁၀၀၀၀) လောက် အထိ ယူကြသည်။ ဥရောပတိုက်ရှိ အလျဉ်းသင့်ရာ နိုင်ငံ အသီးသီးတို့သို့ နိုင်ငံရေး ခိုလှုံသလိုလို တင်ပို့ကြခြင်း ဖြစ်သည်။ အမှန်စင်စစ် နိုင်ငံရေး ခိုလှုံခွင့် တောင်းသည် ဆိုသည်မှာ လွယ်ကူသော အရာတော့ မဟုတ်ချေ။ သို့သော်၊ သူတို့ကား ဘရိန်း ကောင်းလှသည်။ ရိုးရှင်းသော နည်းလမ်းတစ်ခုမှာ မိမိတို့၏ ကာစတန်မာများကို သင်္ဘောသား စာအုပ် ပေးကိုင်ထားကြခြင်းပင်။ " လွယ်လှ ချေလား မောင်ရင်ရ .. ။ ဟုတ်လှချေလား " ဟု အပြော မစောနှင့်။ အားလုံး အတုတွေချည်း။ အတုဟု ဆိုသော်လည်း အစစ်နှင့် မခြား သုံးထားသည့် နည်းပညာ မြင့်မားလှသည်။ ကိုင်ထားပြီးလျှင် မည်သို့မည်ပုံ ဆက် စခန်း သွားလေသနည်း။ လွယ်လှ၏။ သို့သော် အတိတ်တုန်းက အကြောင်းအရာတွေသာ ဖြစ်သည်။ ယခု ပစ္စုပ္ပန်တွင် မကြိုးစား ပါနှင့်တော့။ ဘန်ကောက်ရှိ ဒုန်မောင်းရော စူဝမ်နာဖုံပါ ဒီဇင်ဘာ အားလပ်ရက် ခွင့်ယူထားသည်။ ရုပ်သံကြည့်ရင်း ယခင် အဖြစ်အပျက်များကို မြင်ယောင် နေမိခြင်းသာ။

ပွဲစားက လေယာဉ် လက်မှတ် ၀ယ်ပေးသည်။ ၀ယ်ပေးမပေါ့။ ယူထားသည့် ပမာဏကလည်း စာရေးသူတို့ဆို ဟိုမှာ ခေတ်ကောင်းလျှင် ရွာပြန် လယ်လုပ်က လယ်သူဌေး ဖြစ်နိုင်လောက်အောင် များပြားသည် မဟုတ်လော။ ရိုးရိုး မဟုတ်။ အသွားအပြန်။ ပြီးတော့ မိမိ ကာစ တမ်မာက ဘယ်နိုင်ငံ သွားချင်သလဲ။ ဥပမာ .. ဂျာမဏီ။ ရ၏။ လွယ်မှလွယ်။ ဂျာမဏီ ဗီဇာမလို။ သို့သော် ဂျာမဏီတွင် တစ်ထောက်နား ထရန်စစ်ဗီဇာ လောက်တော့ ရှိထားရမည်။ လေယာဉ် လက်မှတ်ကတော့ မော်ရိုကို ခရီးအထိပါဘဲ။ ဒါပေသိ ဘန်ကောက် မော်ရိုကို တိုက်ရိုက်တော့ မယူထားချေ။ လုပ်ပုံလုပ်နည်းအရ တိုက်ရိုက် ယူ၍လည်းမရ။ ဘန်ကောက်-မော်ရိုကို တိုက်ရိုက် ခရီးစဉ်ရှိသလား၊ မရှိ ဘူးလားတော့ စာရေးသူလည်း မသိ။ ဆိုသော် ဖရန့်ဖွတ် ထရန်စစ် ဖြစ်အောင် ဖန်တီးထားရသည်။ ဒါက ရိုးရိုးလေး။ မော်ရိုကိုဗီဇာက လွယ်သလားလို့ မေးရန် ရှိသည်။ မသိ။ လွယ်သလား မလွယ်သလား။ သို့ပေမယ့် ဂျာမဏီ ထက်တော့ အပုံကြီး လွယ်သည်။ မလွယ် လည်း မပူနှင့်။ မော်ရိုကို သံရုံးကား တစ်ချိန်က ဘရဏီတို့၏ ကျက်စားရာနေရာ တစ်ခုဖြစ်သည်။ ပြီးလျှင် လေကြောင်းလိုင်းတွေနှင့် ဂွင်ရိုက် ထားရသည်များ ရှိသည်လေ။ ဤလိုနေရာမှာ လှုပ်ရှားရာမှာ ဘရဏီတို့က ဆရာ၊ အခရာပင် ဖြစ်ချေသည်။ ဘန်ကောက်လို နေရာမှာ အီးလို မည်မျှကောင်းကောင်း ထိုင်းဘာသာ တတ်မြောက်ထားမှ ဒါမျိုးတွေကို ရေရေ လည်လည် လုပ်နိုင်သည်ပေါ့။ ဘရဏီတို့ က အီးလို နာဂစ်ကိုတောင် အသံထွက် မပီပေ သော်ငြား၊ ထိုင်းလိုကတော့ မွှတ်နေသည်။ မွှတ်ရ လောက်အောင်လည်း ဘ၀က စုံသည်။ ဤအကြောင်းတွေ မပြောတော့။ နားချိုအောင် ပြောရန်လည်း မဖြစ်။ ဤမျှလောက်နှင့်ပင် လွန်ချေပြီ။ အပြောမတတ်က ဆဲသလို ဖြစ်တတ်သည် ဆိုတာကလည်း ရှိသေးသည် မဟုတ်ပါလော။

အဲ .. အဲ .. ခုနကဟာ ပြန်ဆက်မည်။ ဆိုတော့ ကာစတမ်မာက စူဝမ်နာဖုံကနေ လေယာဉ် စီးသွားမည်။ ဘန်ကောက်-ဖရန့်ဖွတ်-မော်ရိုကို၊ ဘာသွား လုပ်မည်လဲ။ "သင်္ဘောသားပေါ့"။ သားသား မသားသား မသိ။ ဆယ်တန်းတောင် မအောင်ပေမဲ့ သူ့တို့လက်ထဲက CDC မှာတော့ Rank က အင်ဂျင်နီယာ အော်ဖစ်ဆာ။ ဟဲ .. ဟဲ .. ။ တော်သေးတာက ကပ္ပိတိန် ရာထူးတော့ တစ်ခါမှ မတွေ့ဖူး။ အဲသည် လိုမျိုးတွေ အတွက် လိုအပ်သော စာရွက်စာတမ်း အစုံအစေ့ ပါသွားရသည်။ တစ်ခုရှိသည်က ဘန်ကောက်က လွယ်လွယ်နှင့်တော့ ပေးမ တက်။ ရွှေဆိုလျှင် အသေ ရစ်ကြောင်း ဗမာ ပတ်စပို့ ကိုင်ထားသူတိုင်း သိကြသည်။ သူတို့လည်း ဘာတွေမို့နည်း။ အရစ်မခံရဘူးလား မေးမည်ပေါ့။ မခံရချေ။ (အဲ .. အဲ .. တစ်ခါ တလေတော့လည်း ခံရတတ်သည်။ ဤလို အခြေအနေမျိုးတွင် တပ်ခေါက်ပြန်ကာ နောက် တစ်ခေါက် ထပ်ကြိုးစားပေါ့)။ တတ်နိုင် သလောက်တော့ ပွဲစားကြီးက ကြိုးစားပေးသည်။ ကြိုးစားရန်အတွက် စူဝမ်နာဖုံမှာ ရဲတွေ ရှိသည်လေ။ ရဲရှိမှတော့ လာဘ်ပေး လာဘ်ယူ ရှိသည်ပေါ့။ ဤညီမျှခြင်းကား မြန်မာနှင့် ထိုင်းနီးစပ်သည်ပင်။ ဤနေရာတွင် ဘရဏီတို့ တန်ခိုး ထွားပြန်တော့သည်။ လေဆိပ် စောင့်ရဲများ၊ အင်မီဂရေးရှင်းများ၊ ဘာညာများနှင့် တည့်အောင် ပိုင်အောင် လုပ်ယူသည်။ သူမကား အစွမ်းမသေး။ ခေသူမဟုတ်ချေ။ သို့ ကြောင့်လည်း DVB တောင် လက်မှိုင် ချသွားရခြင်း ဖြစ်မည်ဟု စာရေးသူထင်သည်။ (စကားချပ်..) စနေနံ သုံးလုံးပိုင်ရှင် ငြိမ်းချမ်းတို့ အမွှာကား ထိုထို အစွမ်းများကြောင့် ဘရဏီကို လက်မလွှတ်နိုင်ခဲ့ချေ။ ။ 2004 , 2005, 2006 များကား ဘရဏီတို့ ဗိုက်ခွေးနမ်းသော နှစ်များ ဖြစ်၏။ တင်ပို့သမျှ မြန်မာ့ သက်ရှိ ထွက်ကုန်များမှာ အီတလီ၊ ဂျာမဏီ၊ နော်ဝေ စသည် စသည်တို့ တွင် အဆိုင်လင် ဖြစ်ကြကုန်၏။ ပြန်စာများ၊ အီးမေးလ်များအရ အေးချမ်း ကောင်းမွန်စွာ နေကြရသည် ဆို၏။ အဆိုင်လင်နှင့် ဘရဏီတို့ တန်ခိုးကား အကျိုး များလှချေသည်။ ဤသို့ဤနှယ် နိုင်ငံ့ အကျိုး သူမတူ ထူးခြားစွာ သယ်ပိုး ပေးခဲ့ကြသူများ ဖြစ်ပေသည်။

သို့ပေမင့် 2006 နောက်ပိုင်းကား ဘရဏီတို့ အစာအိမ် ဗလာ နီးပါး ဖြစ်ကြရသည်။ တွက်ခြေ မကိုက်တော့။ စာရှုသူများ ကြားကြပါလိမ့် မည်။ စူဝမ်နာဖုံမှာ မြန်မာတစ်ယောက် အဖမ်း ခံရပြီကော၊ ဥရောပရှိ အီတလီ လေဆိပ်ကနေ မြန်မာ နှစ်ယောက် ပြန်ပို့ခံရသည် ဆိုပါရော။ ခက်ချေတော့သည်။ သူတို့ လုပ်နည်းတွေကို အင်တာပိုလ်များက ရိပ်မိကုန်၏။ ကြားခံ လေဆိပ်တွင်၊ ခေတ္တရပ်နားစဉ် မြန်မာ များကား ယောင်လည်လည်ဖြင့် အိမ်သာတွင်း ပုန်းနေကြ၏။ မိမိ လိုက်ပါရမည့် လေယာဉ် ခရီးဆုံး နိုင်ငံသို့ ထွက်ခွာသွားပြီးမှ အိမ်သာ အတွင်း ပါလာသမျှ စာရွက်စာတမ်းများ ဆုတ်ဖြဲ လက်စဖျောက်ကာ ရူးချင် ယောင်ဆောင်လိုက်ကြခြင်းပင်။ ပြီးလျှင် လေဆိပ်ရဲထံ သွား သတင်းပို့ကြသည်။ ရဲက မေးမည်ပေါ့။ ဘယ်က လာသလဲ။ (မသိဘူး) ဘာလူမျိုးလဲ (ဗမာ)၊ ဘယ်သူက လွှတ်လိုက်သလဲ (မသိဘူး) ဘူး ဘူး … အဖမ်းခံရတော့မည့် အခြေအနေ ရောက်လျှင် နောက်ဆုံး တစ်ခွန်းတော့ ဖြေသည်။ မိမိမှာ ဗမာဖြစ်ကြောင်း၊ မိမိတိုင်းပြည်မှာ မိမိက ဟိုအရေး ဒီအရေးမှာ ဟိုဟာ ဒီဟာ တွေ ဟိုလို လုပ်ခဲ့တာကြောင့်၊ အခု ပြန်မရတော့ကြောင်း၊ ပြန်လျှင် အသတ် ခံရမည် ဖြစ်ကြောင်း … ကြောင်း .. ကြောင်း.. ။ စသည်ဖြင့် နတ်သံနှောက ငိုပြချွဲပြ ကြရ၏။ နောက်ဆုံး သနားတတ်သော အဖြူကောင်များက တရားရုံးပို့၊ ပြီးလျှင် အမှုစစ်၊ camp လိုနေရာ ခဏသွားနေ၊ အချိန်တန် နိုင်ငံရေး ခိုလှုံသူ ဖြစ်ကာ ဥရောပတိုက်သားကြီး ဖြစ်သွား ချေတော့သတည်း။ ဤသည်ကား တစ်ချိန်တုန်းက ဘရဏီခေါ် နန်းသန္တာမျိုး၏ အစွမ်း အစများ အကြောင်း ပြန်သတိရ နေခြင်းသာ။

ဘရဏီလို အမျိုးသမီးကား စွမ်း၏ဟု ဆိုသော် လွန်အံ့မထင်။ နောက်ပိုင်းမှာ ထိုင်းကနေ တင်ပေးရတာ သိပ်မလွယ်တော့ ပီကင်းတွေ၊ ကွာလာလမ်ပူတွေ လုပ်သေးသည်။ ဗီယက်နန်တောင် ပါသေး။ နောက်ဆုံး အချီကြီးကျတော့ အမေရိကားတဲ့။ တစ်ယောက် ဒေါ်လာ တစ်သောင်းယူပြီး စွန့်စား၏။ ကံက မလိုက်တော့။ ကွဲ၏။ အကြွေးတင်၏။ ထွက်ပြေး၏။ ပွဲစားကြီး ထွက်ပြေးတော့ ပွဲစားကြီး၏ ကြော်က တက်မှာလည်း မနေသာ၊ ရန်ကုန် တစ်ခေါက်ပြန်၏။ အကြောင်းကား ပတ်စပို့(စ်) အသစ် ပြန်လုပ်ရန်။ သူတို့အတွက် အင်မတန် လွယ်လှ ချေသည်။ ရန်ကုန်(ယခုနေပြည်တော်) လူကြီးမင်းများမှာ ဘရဏီ့ ခြေအောက် ပြားပြား မှောက်ကာ ပတ်(စ်)ပို့အသစ်၊ နာမည် အသစ်နှင့် လူအသစ် ပြန်ဖြစ်ချေတော့သည်။ အဲဒီအချိန်က ပတ်စပို့ သက်တမ်းတိုးဖို့ ဘတ်(၂၀၀၀) လောက်တောင် ပွဲစားကြီးခမြာ မထောက်ပံ့နိုင်၍ ဤကဲ့သို့ ပြည်တော် တစ်ခေါက်ပြန်ရခြင်း ဖြစ်သည်။ အဲဒီတုန်းမှာ ပွဲစားကြီးမတော့ သူကိုယ်တိုင်လည်း ပြေးရင်း၊ ရှောင်မလွတ်တဲ့ သူကို ကျတော့လည်း နိုင်သလောက် ပြန်လျော်ရင်း ရွာလည် နေသည်တဲ့လေ။ ကြားရ သည်ကတော့ ရန်ကုန်မယားကြီးအိမ်က မာစီဒီးကြီး ရောင်းလိုက်ရသည်တဲ့။ မလားရှေးမှာ ကုလားလေး လုပ်ပြီး စားပွဲထိုးနေရတဲ့ ကာစတမ်မာ တစ်ယောက်က သူ့ပြန်သနား နေသေးသည်။ ဟဲ ဟဲ ဟဲ။

ဒါပေမယ့် ဘရဏီတို့က စွမ်းပြန်သည်။ ဟိုက အသတ် ခံရမတတ် ရှောင်နေရချိန်မှာ သူကတော့ ဘန်ကောက် ဆာထုံအရပ်က မထင်မ ရှား တည်းခိုခန်း တစ်ခုမှာ မျက်မှန် ထူထူပိုင်ရှင် ယင်းတို့၏ ကာစတမ်မာ လူငယ်တစ်ယောက်နဲ့ "ဟ၀ှါ" ဖြစ်နေနိုင်သေး၏။ (မိတ်ဖြစ်၊ ဆွေဖြစ် ဟ၀ှါဖြစ်ပေါ့)။ အနှုးအနှပ်လည်း အင်မတန် ကျွမ်းကျင် ပေသည်။ အမည် နာမတို့ကား ထုတ်မပြောချင်တော့။ ယခုလောက်ဆို ကိုမျက်မှန်လည်း ထိုင်းငါးဖမ်း စက်လှေ တစ်စီး အပေါ် "နူ..စော..စမ်း..စီး .. " အော်ရင်း ပိုက်ဆွဲ နေရသည်လား၊ သို့တည်းမဟုတ် မလားရှေးမှာဘဲ ကုလားလေး သွားလုပ် နေရ လောက်ပြီလား မသိချေ။ နောက် ပိုင်းတော့ ဘရဏီတစ်ယောက် ရန်ကုန်ကနေ ဘန်ကောက် ပိုက်ဆံ လာလာဖြုန်းတတ်သော စူပါ မြန်မာအရာရှိ များအတွက် ဟိုဟို သည်သည် လိုက်ပို့ရသော Guide လုပ်ခဲ့သေးသည်။ သင့်ရင် သင့်သလို ဘန်ကောက်က စီးပွားရေး သမား ဗမာဘိုးဘိုးကြီးတွေနဲ့ ပရော ပရီ လုပ်ကာ ဘတ် တစ်ထောင်တန်သည်၊ နှစ်ထောင် တန်သည် ချူတတ်သေးသည်။ နောက်တော့ ဘဇာကြောင့်ရယ် မသိ။ တစ်စခန်း သိမ်းကာ ပျောက်ချင်းမလှ ပျောက်သွား ပြန်တော့သည်။ ယခုပေါ်လာတော့ အရင်နဲ့မတူ ဘ၀က ပြောင်းပြန် ဖြစ်နေချေတော့သည်။

ပေါ်လာပြန်တော့ ယခုနောက်ဆုံး စွမ်းချက် အတွက်လည်း အံ့ဘနန်း သြမိပြန်ပါတော့သည်။ DVB က လူကြီးမင်းတို့ တကယ်ပဲ မျက်စေ့ မှောက်သလား၊ မျက်စေ့ အလည် ယောင်ဆောင် တာလား၊ မျက်စေ့ဘဲ မှိတ်ထား လေသလား မပြောတတ်တော့။ ဒီမိုကရေစီအရေး မပြောနှင့်၊ လက်ရှိ စစ်အာဏာရှင်ကြီး နေနေတဲ့ နေရာတောင် ကွဲကွဲပြားပြား မသိ၊ သိအောင်လည်း ဘယ်တုန်းကမှ အားမထုတ်ခဲ့ဖူး။ အချိန်ရသရွေ့၊ အချောင်လိုက်၊ အလွယ်ရ နည်းလမ်းများ ကျင့်သုံး လာခဲ့သူက ယခုလို ယခုလို .. ဖန်သားပြင်ပေါ် ရင်တုန်စရာ လှိုင်းထက်မှာ စီးမိသလို အဆင်ပုံပမာ နှိုင်းရက်စရာ မရှိတဲ့ တင်အုံမာ အရိုင်းကို သွက်သွက်ခါအောင် ပြပြီး (အခုတော့ မခါပြသေးပါဘူး၊ အကိုရေ.. မောင်ရေ .. ခေါ်စပဲရှိသေး၏) “မျိုး” တဖြစ်လဲ ဘရဏီ တစ်ယောက် .. တစ်ယောက် … .. မဟုတ်တာတွေ ဆက် မလုပ်မိ ပါစေနဲ့ လို့ ရင်တွင်းက ဆုတောင်း ရမလို ရှိတော့သည်။ သူများကားမသိ၊ စာရေးသူကား ခံတွင်း ချဉ်သလိုလို၊ နှာချေချင်သလိုလို ဖြစ်ကာ ဆိုလက်စ တေးသွားလေးကိုဘဲ ယောင်ရမ်းပြီး တဖန် ဆိုညည်းနေမိပြန်သည်။

" မေဘရဏီလို .. ဒီဗွီဘီတောင် လက်မှိုင်ချရသကိုး မမမျိုး .. အိုး .. ဟိုး .. မမမျိုး .. "

" မေဘရဏီလို .. ဒီဗွီဘီတောင် လက်မှိုင်ချရသကိုး မမမျိုး .. အိုး .. ဟိုး .. မမမျိုး .. "

.. ........... ................. ...... ................. ............. ...................... .........

သီချင်းလေး တစ်ပိုင်းတစ်စ ညည်းအပြီး မတော့ နောက်အတွေးတစ်ခု ၀င်လာပြန်၏။ သို့ဖြင့် စက်ပိတ်ပြီး အိပ်ယာဝင်ဖို့ ပြင်ရ လေတော့ သည်။ အမှန်တော့ မြန်မာပြည် ဒီမိုကရေစီ အရေးအတွက် ကျရာ နေရာကနေ တာဝန် ထမ်းဆောင်တဲ့ အခါမှာ ပညာတတ်သည် မတတ် သည် ထားဦး၊ ရှစ်လေးလုံးနှင့် အခြား အထင်ကရ အရေးတော်ပုံ များမှာ မပါဝင် ခဲ့ဖူးသည် ထားဦး၊ နောက်ဆုံး စစ်အစိုးရ ထောင်ထဲမှာ နှစ်ရှည် လများ မနေခဲ့ရသည်လည်း ထားလိုက်ဦး။ အရေးကြီးသည်မှာ ယုံကြည်ချက်နှင့် ခံယူချက် ဖြစ်၏။ အခွင့်အရေး ရတုန်း လိမ်စား လိုက်၊ နအဖဘက်က သူဌေးများ လာလျှင် ရသလောက် နှိုက်လိုက်၊ အဆင် မပြေတော့သော အချိန်တွင် ဒီမိုကရေစီဘက် ပြေးကပ် လိုက်ဖြင့် ဦးတည်ချက်၊ ယုံကြည်ချက် ပြတ်သား ထင်ရှားစွာ စွဲကိုင်ထားခြင်း မရှိပဲ အတိုက်အခံ မီဒီယာအတွင်း ကလေးလေး စာရွတ် ပြနေသလို သူ့တွေ့ရသည်မှာ အကြောင်း မသိသူများ အတွက် မသိသာ သော်လည်း အကြောင်း သိပြီးသား ကက်စတမ်မာ အဟောင်း တစ်ဦး အနေဖြင့် ဒီမိုကရေစီ အရေး ဆိုသည်ကို တွေးတွေးပြီး ရင်နင့်မိ၏။ လမ်းဘေး အကြော်ရောင်းသော အဘွားကြီးပင် ယုံကြည် ချက်၊ ဦးတည်ချက် ပြတ်သားခိုင်မာပါက စာရေးသူ တန်ဘိုးထား လေးစားမိမည်ဖြစ်၏။ ယုံကြည်ချက်၊ ဦးတည်ချက် ပြတ်သား ထင်ရှား ပါက မည်သူမဆို မိမိတာဝန်ကို မိမိအောင်မြင်စွာ ထမ်းဆောင် နိုင်မည်ဟုလည်း ယုံကြည်၏။ ယခုမြင်တွေ့ နေရသည့် ပုံစံကြီးဖြင့်တော့ လွဲမနေသင့်။

အတွေးများက မဆုံးနိုင်ချေ။ လူငယ့် အတွေး၊ လူငယ့်အရေး၊ ပျိုမြစ် တက်ကြွဟု ကြွေးကြော်ထားသော ဤကဏ္ဍကို ကြည့်မိပြီး မြင်မိ သည်ကို ပြောရလျှင် အကြောင်းအရာ ခေါင်းစဉ်နှင့် ပါဝင်လှုပ်ရှားသူ တစ်ဦးမှာ ကြွေးကြော်သံနှင့် လုံးဝ မလိုက်ဖက်ဘဲ တစ်ခုမက လွဲချော်နေခြင်းပင်။ အခက်ဆုံးက သူမအတွက် မပျိုမြစ်တော့ပါ။ “ပျို” လည်း မဟုတ်ချေတော့။ ယရစ်နှင့် ပြိုပြီးသား ဖြစ်သည်။ သို့သော် ယင်း “ပြို” ကား အရေးကြီးသော အချက်မဟုတ်။ အရေးကြီးသည်ဟု ထင်ရသော အလွဲတကာ့ အလွဲချော်ဆုံး အချက်မှာ အစစ်အမှန် မီဒီယာသမား တွေ အကြား ဘရဏီမျိုးလေးလို ခံယူချက် မရှိ၊ ယုံကြည်ချက် နတ္ထိ၊ ဦးတည်ချက် မသိသော၊ သာမည်ထင်က အဆင်ပြေ သလို နေရာ ရှာကာ၊ ဂွင်ဖန် လုပ်ကြံ ဇာတ်လမ်းဆင် ကတတ်သော ဘန်ကောက် ညသူဇာ၊ ပန်ကာ့ ဘွားအေလို အရေခြုံများကြောင့် ဆွမ်းဆန်ထဲမယ် ခွေးချေး ၀င်ရောမိသလို ဖြစ်နေပေတော့သည်ဟု မီဒီယာ တစ်ခု၏ မတော်မတည့် ဖြစ်နေသည်များကို တွေးမိရင်း လအော်လအဲ့ တစ်ယောက် တရှူးရှူး အိပ်မော ကျသွားလေတော့သတည်း။

အပြည့်အစုံသို့ ..

Sunday, July 20, 2008

NCGUB သို့ တစ်စောင်းမဗျင်းတဲ့ ဒေါင်းကွင်း

အမတ်မင်းများ....NCGUB အနေနဲ့ ဒီအတိုင်းပဲ သွားရင်တော့ နောက်ထပ် အနှစ်နှစ်ဆယ်လည်း မသေချာဘူး ဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်လဲ သိမှာပါ။ ဒီတော့ ယဉ်သူ့ အနေနဲ့ ဒီနေရာက အကြံပေး ချင်တာ တစ်ချို့ရှိပါတယ်။ NCGUB ရဲ့အတွေးအခေါ်နဲ့ လုပ်ကိုင်မှုတွေ အားလုံးကို ပြန်ဆန်းစစ် ပြင်ဆင်ဖို့ အရင်ဆုံး ပြောလိုပါတယ်။ အသေးဆုံးအနေနဲ့ အမတ်မင်းတို့ရဲ့ NCGUB.net ၀ဘ်ဆိုဒ်ကို ဗမာလိုလေးလည်း ရေးသား ဖော်ပြသင့်ပြီး နိုင်ငံတွေ ပတ်သက်တဲ့နေရာမှာ သက်ဆိုင်ရာ နိုင်ငံအသီးသီးမှာ ရှိနေတဲ့ ဗမာ အင်အားစုတွေ အားလုံးနဲ့ မတွေ့နိုင်ရင်တောင်မှ အင်အား အတောင့်တင်းဆုံးနဲ့ စွမ်းဆောင်မှု၊ စွမ်းဆောင်နိုင်ရည် အရှိဆုံးအဖွဲ့ တစ်ခုခုကိုတော့ အဲဒီနိုင်ငံကို မသွားခင် ကြိုတင်ဆက်သွယ်ပြီး တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်သင့်ပါတယ်။

တစ်ချို့နိုင်ငံက အဖွဲ့တွေဆိုလည်း တတ်နိုင်သလောက်လေးသာ လုပ်နေကြရတာပါ။ သူတို့ တကယ် လိုအပ်နေတာ ဦးဆောင်မှု ကောင်းကောင်းပေးနိုင်မဲ့ သေသေချာချာ လုပ်မဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါတယ်။ အဲလို အဖွဲ့အစည်းတွေက နေပြီးတော့ ဆွေးနွေးလာတဲ့ အ ကြောင်းအရာ တွေကိုလဲ ဦးဆောင်အဖွဲ့အစည်းတစ်ရပ်က လက်ခံ စဉ်းစားပေးရမှာပါပဲ။ ယဉ်သူ့အမြင်တွေကို ရိုးရိုးသားသား တင်ပြ နေခြင်းသာ ဖြစ်ပါတယ်။ ပြည်ပရောက် အဖွဲ့အစည်းပေါင်းစုံ၊ အသင်းအဖွဲ့ အားလုံးရဲ့ တူညီတဲ့ အချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ အမတ်မင်းတို့၊ သမ္မတမင်းတို့ သိတော်မူ ကြတဲ့အတိုင်း နအဖစစ်တပ် အစိုးရကို ဖြုတ်ချပြီး တိုင်းပြည်မှာ ဒီမိုကရေစီ ထွန်းကားပြီး အား လုံး တန်းတူညီမျှတဲ့ လူ့အခွင့်အရေး ပြည့်ဝစွာ ရဖို့နဲ့ တိုင်းရင်းသား ပြည်သူအားလုံးက ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ် ပေါ် ထွန်းလာရေးပါပဲ။ ဒီအတွက် အားလုံးမှာ တာဝန်ရှိသလိုပဲ အဓိက တာဝန်ရှိပြီး ဦးဆောင်မှု ပေးရမဲ့ အခန်းကဏ္ဍက NCGUB ရဲ့ကဏ္ဍပါပဲ။ ဒီတော့ NCGUB အနေနဲ့ တိုင်းပြည် အပေါ်မှာ တကယ် မှန်မှန်ကန်ကန် ဦးဆောင် နိုင်ဖို့အတွက် အစစအရာရာမှာ အသေးစိပ်နိုင်ဖို့ လိုအပ် ပါတယ်။

စည်းလုံး ညီညွတ်မှု မရနိုင်လို့ မလုပ်ဆောင် နိုင်ဘူးဆိုရင်တောင် ပူးပေါင်း ဆောင်ရွက် နိုင်ဖို့အတွက် အမတ်မင်းတို့တွေ ကြိုးပမ်းသင့်ပါတယ်။ ပြည်ပမှာ ရှိနေတဲ့ အဖွဲ့အစည်း အားလုံးဟာ တကယ်တန်းကျရင် ဘယ်လောက်ပဲ ကွဲပြား နေနေပါ.. မှန်မှန်ကန်ကန် လုပ် ဆောင်တဲ့ အဖွဲ့အစည်းကို ထောက်ခံမှု အပြည့် ရှိနေမှာပါပဲ...။ ဒါဟာ နောက်ဆုံး နာဂစ်မုန်တိုင်းမှာ တွေ့ခဲ့ရတဲ့ လက်တွေ့ကျတဲ့ ရလဒ်တစ်ခု ဖြစ်ပါတယ်။ ဒီတော့ ခင်ဗျားတို့ လှုပ်ရှားမှုတွေ၊ ညံ့ဖျင်းတဲ့ အစီအစဉ်တွေကို ပြန်လည် မပြင်ဆင်နိုင်ရင် ခေါင်းဆောင်နေရာကို NCGUB အနေနဲ့ သင့်တော်မဲ့ လူတွေ၊ မျိုးဆက်သစ် ပညာရှင်တွေကို လက်ဆင့်ကမ်း ဖြန့်ဝေပြီး အကြံဥာဏ်တွေပဲ ပေးနေစေချင်ပါတယ်။ (နိုင်ငံအတွက် တကယ်မှန်ကန်ရင်) သင်တို့ တိုင်းပြည် ကို တကယ်ချစ်ပါသလား ?

တစ်ဆက်ထဲမှာပဲ တတိယနိုင်ငံကို ရောက်ရှိနေတဲ့ ဗမာပြည်သွေးပါတဲ့ ဒုက္ခသည် အပေါင်းနဲ့တကွ ကျန်တဲ့အလွှာ အသီးသီးမှ ပုဂ္ဂိုလ်များ အနေနဲ့လည်း အဓိကအရေး အကြီးဆုံး တော်လှန်ရေး ရဲ့ ပင်မ အခြေခံဖြစ်တဲ့ ငွေကြေးကို တို့တစ်တွေ ဘာမှ 4...4 တွေ၊ တော်ကီတွေ ပစ်မနေပဲနဲ့ စံနှုန်းတစ်ခု သတ်မှတ်ပြီး သီရိလင်္ကာနိုင်ငံက တမီလ်ကျား သူပုန်တွေလို နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်နဲ့ ရောက်တဲ့ အရပ်မှာ နိုင်ငံအတွက် ဘယ်လောက်ဆိုတဲ့ သတ်မှတ်ချက် တစ်ခုနဲ့ တော်လှန်ရေးကို ပိုပြီး အားကောင်းခိုင်မာအောင် ထည့်တော်မူကြပါလို့ ဒီနေရာကနေ မေတ္တာရပ်ခံပါတယ်။ ဒီအပေါ်မှာလည်း သက်ဆိုင်ရာ လူကြီးမင်းတွေ အနေနဲ့ ဟိုဒင်းဟိုဟာလို မလုပ်ပဲနဲ့ မှန်မှန်ကန်ကန် လုပ် ဆောင်တော်မူပေးကြပါ။

ပြည်တွင်းမှာက သေတဲ့သူတွေက သေနေပါပြီ။ ခင်ဗျားတို့တွေ သံရုံးရှေ့ အော်ချက်တွေ၊ စတိတ်မန့်တွေ ထုတ်လာတာလည်း အနှစ်နှစ် ဆယ်ရှိပါပြီ။ အခုထိလည်း ရေရာသေချာမှု မတွေ့ရသေးပါ။ ဥရောပမှာ လုပ်တဲ့ ဖိုရမ်တွေမှာဆိုရင်လည်း အားလုံးက ဟိုဒင်းဟိုဟာလို ဆရာကြီး အထာတွေနဲ့ပဲ ပြောဆိုသွားကြပြီး နောက်ဆုံးတော့လည်း ဘာမှ ဖြစ်မြောက်မှုတွေ မရှိပါ။ ဒီတော့ ခင်ဗျားတို့ ဒီမိုအမည်ခံ နအဖတစ်ပိုင်း အထာတွေ ဖြစ်နေပါသလားဆိုတာ မိမိကိုယ်မိမိ ဆင်ခြင်ကြပါ။ တစ်လျှောက်လုံး နအဖရဲ့ တစ်လောကလုံး သိတဲ့ သောက်ပြစ်တွေပဲ ရှာနေပြီး မိမိတို့ ကိုယ်စီရဲ့ အားနည်းချက်တွေကတော့ ပုဂ္ဂိုလ်ရေးတွေ ရှေ့တန်းတင်ပြီး ဘာမှ ထောက်ပြ ဝေဖန်တာတွေ မရှိခဲ့ပါဘူး။ အဆိုးဆုံးကတော့ ခင်ဗျားတို့ အဖွဲ့အစည်း အသီးသီး ပြည်တွင်းက လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း ဟိုတစ်ချိန်တုန်းကလို ပူးပေါင်း ဆောင်ရွက်မှုတွေ မလုပ်ပဲ၊ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးအရေးကို မကြည့်ပဲ မိမိတို့ ကိုယ်ကျိုး စီးပွားအရေးကိုသာ ကြည့်ကြမယ်ဆိုရင်တော့ (အားလုံးကို မဆိုလိုပါ) စိတ်ချဗျို့ ...ငသန်းရွှေ ပန်းပန်လျှက်ပါပဲ..။ ခင်ဗျားတို့ အားလုံးကို ဆောရီးပဲလို့ ပြောရုံမက ကမ္ဘာ့ ခေါင်းဆောင်တွေ အားလုံးကိုပါ ဆောရီးပဲလို့ ပြောသွားမှာ အသေအချာပါပဲ.......လူကြီးလူကောင်းအပေါင်းတို့ရေ.....။

ယဉ်သူ

အပြည့်အစုံသို့ ..

Friday, April 25, 2008

မိမိကိုယ်သာ ကိုးကွယ်ရာ

အခုတလော no vote တွေ ၊ vote no တွေ အမျိုးမျိုးနှင့် အော်မနေနဲ့တွေ၊ လက်တွေ့ပြပါတွေ အမျိုးမျိုးတွေ့နေရပေသည်။ ပြည်တွင်း ကလူက ပြည်ပက လူကို အပြစ်တင်၊ ပြည်ပကလူက ပြည်တွင်းက လူကို အပြစ်တင်နှင့် သံသရာလည်နေကြသည့် အပ်ကြောင်းထပ် ဓာတ်ပြားဟောင်းကြီးမှာလဲ မရိုးနိုင်သေး။

ဒီနေရာမှာ ကျနော်တစ်ခု ပြောချင်သည်။ အော်နေ၍ ဘာပိုထူးလာမည်နည်း။ တစ်ယောက်နဲ့ တစ်ယောက် ကိုက်နေ၍ ဘာမှ ပိုထူးလာရန် အကြောင်းမရှိ။ မလုပ်သည့်လူတွေကို အပြစ်မတင်ပါနှင့်။ သူတို့ မလုပ်ချင်၍ သူတို့ မလုပ်တာ အပြစ်တင်ရန်မရှိ။ လုပ်နေသည့်လူကိုလဲ အပြစ်မတင်ပါနှင့်။ သူ့ဟာသူ သူ့သဘောနှင့်သူ လုပ်နေသည်မှာ အပြစ်တင်ရန်မရှိ။ ရူးသလို၊ ပေါသလို ပြောနေသူတွေကို အပြစ်မတင် ပါနှင့်။ သူ့ဟာသူ မွေးရာပါ ရူးပေါနေသည်ကို အပြစ်တင်ရန်မရှိ။ တောကြောင်တွေကို လက်ညှိုး ထိုးမနေပါနှင့်။ လောကမှာ အတုမရှိ လျှင် အစစ်ဆိုသော အရာတို့လဲ ရှိမည်မဟုတ်။ လောကမှာ မကောင်းသူတွေသာ မရှိလျှင် မြတ်စွာဘုရားရှင်ပင် ခန္တီပါရမီ ဖြည့်ရန် အ တော်ဒုက္ခရောက်ဖို့ ရှိပေမည်။

ဘာလုပ်သင့်သနည်း ပြောလျှင် ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ရန်သာ ဖြစ်သည်။ သူများကို အပြစ်တင်နေလျှင် ကိုယ့်အလုပ် လစ်ဟင်း၏။ တစုံတဦးကြောင့် မဖြစ်ဟု ထင်လျှင် မိမိလုပ်ရမည့် အပိုင်းမှာ ထိခိုက်၏။ အသေအချာ စဉ်းစားပါလေ။ သူလုပ်သည်က သူ့အပိုင်း၊ ဖြစ် အောင် လုပ်ရမည်က ကိုယ့်အပိုင်းဖြစ်သည်။ သူ့ကို လက်ညှိုးထိုးသော အခါ လက်ညှိုးထိုးသော ကိုယ့်အချိန် ကုန်၏။ တစ်ယောက်နှင့် တစ်ယောက် အပြစ် ပတ်တင်ကြသောအခါ နှစ်ဦးလုံး အချိန်နဲ့ စွမ်းအားကို ထိခိုက်၏။ လောက၏ သဘောမှာကိုက ကောင်းသူရှိသလို ဆိုးသူလည်း ရှိမည်မှာ ဓမ္မတာသာ ဖြစ်သည်။

ထိုင်းဘော်ဒါ တလျှောက်တွင် ဒုက္ခတွင်း နက်နေသော လူပေါင်းများစွာ ရှိ၏။ ထိုသူတို့အားဖြင့် မြန်မာပြည်အား စစ်ဝင်တိုက်လျှင်တောင် အတော်ကို ထိထိရောက်ရောက် ဖြစ်နိုင်သည်ဟု ထင်၏။ သို့သော် ထိုလူတွေကကော တိုက်မည်တဲ့လား။ မြန်မာပြည်၌ ငတ်နေသူပေါင်း များစွာ ရှိသည်။ ငတ်သေမည့်တူတူ အသေခံတိုက်ခိုက်မှု ပြုလုပ်လျှင်ပင် မြန်မာစစ်အစိုးရအား ထိခိုက်မှုကြီးစွာ ဖြစ်နိုင်၏။ သို့သော် ထို လူတွေကကော လုပ်မည်တဲ့လား။ အကယ်၍ ထိုသူတွေတောင် မလုပ်ခဲ့ရင် နိုင်ငံခြားမှာ အေးဆေး နေနိုင်သူတွေက လုပ်မတဲ့လား။ တ ကယ်ဆို နိုင်ငံရပ်ခြားတွင် ကြီးပွားနေသော မြန်မာပေါင်း များစွာရှိသည်။ မကြီးပွားသည့်တိုင် USD 100 ဆိုတာကို အလွယ်တကူ ပေးနိုင် သောလူ သန်းနဲ့ ချီ၍ရှိသည်။ သို့သော် ထိုလူတွေကလဲ ပေးမည်တဲ့လား။ ထိုအခြေအနေတွေကြားမှ ၀ါသနာပါတာ အော်နေ၍ ဘာအကျိုး ထူးလာမည်နည်း။

တကယ်တော့ ကျနော် Blog လောကတွင် ကျင်လည်ခဲ့သည့် တလျှောက်လုံးတွင် ထိုပြဿနာကို မြင်ခဲ့သည်။ ထို့ကြောင့် 3rd party အ စစ်အမှန်ကို ထူထောင်နိုင်ရန် ကြိုးပမ်းမိခဲ့သော်လည်း အကြီးတို့က ခွင့်မပြုခဲ့။ 3rd party ဟူ၍ နအဖ လက်ကိုင်တုတ် 3rd party ကို ပြေးမမြင်ပါနှင့်။ အမှန်အကန် လူထု 3rd party ကိုသာ ဆိုလိုပါသည်။ ပါတီစွဲ၊ ဂိုဏ်းစွဲ ကင်ရှင်း၍ လူထုသီးသန့် သက်သက်သာ ဖြစ် သော၊ လူထုကို လူထုကြားမှ သဘောတရား ပေးနိုင်သော 3rd party ကို ဆိုလိုပါသည်။ ဘယ်သူ အာဏာရရ ပြဿနာမရှိသော သူတို့ တည်း။ အဓိက ရည်မှန်းချက်မှာ တိုင်းပြည်ကောင်းဖို့၊ စစ်ဖိနပ်အောက်မှ လွတ်မြောက်ဖို့သာ ဖြစ်သည်။ ထို့ကြောင့် ကျနော် Blog ရေးခဲ့ သော ကာလ တလျှောက်တွင် ဂိုဏ်းစွဲ မကင်းသော စာတို့ကို မည်သည့်အခါမှ မတင်ခဲ့။ အထောက်အကူပြုနိုင်သော၊ မကောင်းတတ်၍ ခုခံသော စာတို့သာ ကျနော် တင်ခဲ့သည်။ ဤတိုက်ပွဲမှာ လူထုတိုက်ပွဲ အသွင်ကိုသာ ဆောင်သင့်သည်ဟု ကျနော်မြင်၏။ ဟိုပါတီက ဟို ဟာဖြစ်၍ အာဏာရသင့်သည်။ ဒီပါတီက ဒီဟာဖြစ်၍ ထောက်ခံသင့်သည်ဟု တလုံးမှ မရေးခဲ့။ ပြောရရင် Junta ကို ဆန့်ကျင်သော ပါတီဟူသမျှ သမခံရမည်မှာ လူတိုင်းသိ၏။ သိရဲ့နဲ့ လုပ်ခဲ့၍လည်း သမခံခဲ့ရသည် မဟုတ်လား။ ဘယ်သူကမှလည်း ရိုက်၍ မခိုင်း။ ကိုယ့် သဘောနဲ့ကိုယ် လုပ်ခဲ့ကြသည်သာ ဖြစ်သည်။ လုပ်ခဲ့သည်မှာလည်း တိုင်းပြည်ကောင်းကျိုးကို ရှေးရှုထားသည်ဖြစ်၍ မိမိဂုဏ်ကို ဖော်နေ ရန်မလိုဟု ထင်သည်။

နောက်ဆုံးပြောရလျှင် NLD၊ NLD အမည်ဖြင့် ဒီပွဲကို နိုင်အောင်တိုက်နိုင်မည် ထင်ပါသလား။ ကျနော်တော့ မထင်။ NLD ကို လူငယ်တွေ စိတ်မ၀င်စားကြတော့။ NLD မှာလည်း Junta က ခုတ်ဖြတ်ထားသဖြင့် ဘာမှ မရှိတော့။ ဒီပုံနှင့်လဲ NLD ဦးဆောင်လို့ လူကုန်ထွက်မည် မ ဟုတ်။ အန်တီစုတို့လို အပေါ်ပိုင်းက အရေးပါသော လူတွေထွက်၍ ဦးဆောင်နိုင်လျှင်တော့ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ NLD အမည်တစ် ခုထဲနှင့်တော့ အရင်ကလို ဦးဆောင်နိုင်ရန် မမျှော်လင့်သင့်တော့။

အမှန်မှာလဲ ဒါဟာ အာဏာ လုနေခြင်း မဟုတ်။ Junta လက်အောက်မှ တိုင်းပြည်ကို လွတ်အောင် ကြိုးပမ်းနေခြင်းသာ ဖြစ်သည်။ တဦး တည်း၊ တပါတီတည်းနှင့် တိုက်၍ မရနိုင်။ လူထု၏ အင်အားသည် အဓိက ကျသည်။ လူထု မပါလျှင် မည်သို့မှ အောင်မြင်ရန်မရှိ။ လူထု ကလဲ မည်သို့ ပါမည်နည်း။ စစ်တပ်အောက်တွင် သေနတ်နဲ့ အချိန်ခံရကာ စစ်ဖိနပ်နှင့် လွတ်အောင် ကြိုးပမ်းနေကြရသည် မဟုတ်လား။ Democracy သည် ဒါဖြစ်သည်ဟု Democracy ၏ အဓိပ္ပာယ်ကို တိုက်ရိုက်ဘာသာ ပြန်ပြလျှင် မသိမည့်လူကများ၏။ အဘယ်ကြောင့် ဆိုသော် Junta က အသိပညာမှ အစ၊ အတန်းပညာအဆုံး ပညာရေးစနစ်ကို လုံးလုံး ဖျက်ဆီးထားသောကြောင့်တည်း။ ထိုစကားကို ပြောဘူးသောကြောင့် နောင်တော် တစ်ယောက်မှ ဆဲတာကို ခံဘူး၏။ ပြည်သူတွေကို အဲလောက် အထင်မသေးပါနဲ့ပေါ့လေ။ အထင်သေး ခြင်းဆိုတဲ့ စကားအစား အဆိုးဆုံး တွေးထားခြင်းဆိုတဲ့ စကားကို ကျနော် ပြန်ပြင်သုံးလိုသည်။ ရန်ကုန်၊ မန္တလေး အစရှိသော မြို့ကြီးများ တွင်တောင် အသိပညာ ချို့တဲ့မှုကြောင့် Junta တို့လိမ်တိုင်း ဟုတ်လေမလား တွေးသူတို့ ရှိ၏။ ထိုသူတို့အား နိုင်ငံရေး သဘောတရားတို့ ကို ရှင်းပြ၍ စည်းရုံးရန် ရည်ရွယ်ထားသည်ဟု ဆိုလျှင် ကျနော်ဘာမှ မပြောလိုတော့။ အားရပါးရ ကြိုးစားပါလို့သာ ပြောချင်သည်။

ပိုက်ဆံအားဖြင့် ရှိသော လူတို့သည် အများအားဖြင့် ငွေအားဖြင့် ကူညီမည် ဖြစ်သော်လဲ သူတို့အား ထိခိုက်လောက်အောင် လုပ်မည် မဟုတ်။ ပညာတတ်တို့ သည်လည်း ထိုအတိုင်းပင်။ ကိုယ့်ကို ကိုယ်ချစ်လို့ ကိုယ်ချမ်းသာအောင်၊ ပညာတတ်အောင် လုပ်ထားကြသည် မဟုတ်လား။ ရှားပါး လူသားတို့ကို ပြ၍ ထိုလူတွေကကောဟု လာမမေးပါနှင့်။ ထိုလူတွေကို ကျနော်လဲ လေးစားပါသည်။ သို့သော် ထိုလူ တွေ အသိုင်းအ၀ိုင်းနှင့် ထိုလူတို့ နှိုင်းယှဉ်ကြည့်လျှင် သေချာ မြင်နိုင်ပါသည်။ ထို့ကြောင့် ကျနော်တို့ ဦးတည်ရမည်မှာ အခြေခံ လူတန်း စား ဖြစ်ကြသည်။ ထိုလူတို့သည် မြန်မာနိုင်ငံ၌ အများဆုံးသော အင်အားစုဖြစ်သည်။ ထိုလူတို့ကို ဦးတည်သလား၊ မတည်သလားတော့ မသိ။ အချို့ ဆောင်းပါးတို့ကို ကြည့်သည်မှာတော့ သုံးထားသော အလုံးကြီး အကြီးကြီးတွေ မြင်နေရ၏။ ဆရာဝန်က သူ့စိတ်ထဲ ရှိသလို ရေးရင် ဆရာဝန်ချင်းသာ နားလည်မည်ဖြစ်သည်။ စာရေးသည်ကို ပြောလိုခြင်းမဟုတ်ပါ။ ဘယ်နေရာမဆို သူ့ဟာနဲ့သူဖြစ်အောင် လုပ် သည်ကသာ ကောင်းပါသည်။

ဘာတွေလုပ်ရမလဲလို့ မေးထားသော abroad မှ လူတစ်ယောက်၏ စာကို ကျနော်ဖတ်ရသည်။ အဲဒီတော့ တခုပြောချင်သည်။ လုပ်ချင်ရင် ကိုယ်ဘာလုပ်နိုင်မလဲ စဉ်းစားပြီး တခုခုလုပ်ပါ။ သူများကို လိုက်မေးနေရန် မလို။ ခင်ဗျား မြန်မာပြည်ထဲဝင်ပြီး ဗုံးခွဲဗျာ ပြောတော့လဲ လုပ်ကြမည်လား။ မထင်ပါ။ ဖြစ်သင့်သည် ထင်တဲ့အရာ တခုကိုတော့ ပြောချင်သည်။ လက်ညှိုပတ်ထိုးမနေပါနှင့်။ အားကုန်ပါသည်။ သိပ် စိတ်ထက်သန်နေရင် suicide bomber လုပ်၍သာ ၀င်တီးပေတော့ဗျာ။ ဒါဆို လက်ညှိုးအထိုးရ သက်သာသွားမည့်အပြင် သူရဲကောင်း စာရင်း ၀င်သွားမည်မှာ မြေကြီး လက်ခတ်မလွဲတည်း။

နောက်ဆုံးတခု ပြောချင်သည်။ ပြည်တွင်းက လူတွေကို အဓိက ဦးတည်ပြီး ပြောချင်ပါတယ်။ စကားက ရှင်းရှင်းလေးပါ။ ပြည်ပက ကိုကို တွေ၊ မမတွေကို လက်ညှိုးထိုးပြီး အော်မနေပါနဲ့။ အော်နေလို့လဲ ဘာမှ ဖြစ်လာမည် မဟုတ်ပါ။ ပြည်ပက ကိုကိုတွေ ၊ မမတွေက ပျင်းလို့ Beer စုပ်နေလဲ ခင်ဗျားတို့ သိမည်မဟုတ်ပါ။ အဲဒီတော့ မျှော်လင့်ချက်ကြီးတွေနဲ့ စောင့်မျှော်မနေပါနဲ့။ UN ,US ကိုမျှော်ခဲ့တာနဲ့ လုံ လောက်တတ်ရောပေါ့ဗျာ။ မျှော်ခဲ့တာနဲ့ ကလေးတောင် ဘွဲ့ရလောက်ရောပေါ့။ တခုတော့ သေချာတယ်။ ခင်ဗျားတို့ ဖြစ်အောင် မလုပ်ရင် ခင်ဗျားတို့ Junta လက်အောက်မှာ ဆက်နေရမယ်။ ဖြစ်အောင် လုပ်ရင် Junta လက်အောက်က လွတ်မယ်။ ဒါရှင်းရှင်းလေးပါ။ ကျနော်တို့ ပြည်ပက လူတွေက အေးဆေးပါ။ ပြည်ပက လူတွေကို အပြစ်တင်လိုက်လို့ ပါးစပ် ညောင်းသွားတာသာ ရှိပါလိမ့်မယ်။ ကျနော်တို့က ဘီယာ အသောက်တောင် ပျက်ချင်မှ ပျက်မယ်။ အဲတော့ တခုသာ ပြောချင်တယ်။ မိမိကိုယ်သာ အားကိုးရာ ဖြစ်သည်ဆိုသည့် စကား လေး တခွန်းမျှသာ။ မလုပ်နိုင်၍ ခံရမည်က ပြည်တွင်းမှ လူတို့သာဖြစ်သည်။ လက်ညှိုးထိုးခြင်းနှင့် ဤပြဿနာပြေလည်သွားမည်မဟုတ်။ ရသော အကူအညီကို ရသလိုယူ၍ ကိုယ့်အားကိုယ်ကိုးရန်သာ ရှိ၏။

လူထုကြားမှာ စကားကြီး စကားကျယ်ပြောနေလို့ လူထုက ဘာကောင်လဲလို့သာ တွေးကြရန်ရှိသည်။ လူထုနှင့်ကိုယ်နှင့် တသားတည်းနေ ၍ လူထုထဲမှာ လူတန်းစားပေါင်းစုံ နားလည်သော စကားတို့နှင့် စည်းရုံးသင့်သည်။ လူထုကို ပေးချင်သော Msg တခု ကျနော့်ထံတွင်ရှိ၏။ သာမန် အရပ်သုံး စကားလိုသာ သုံးမည်ဖြစ်၏။ ထို့ကြောင့် မိုက်ရိုင်းမည်ဖြစ်၏။ မျက်စိနဲ့ မကြည့်ဘဲ ဥာဏ်ပညာနဲ့သာ ကြည့်ရန် မေတ္တာ ရပ်ခံလိုပါသည်။

"Junta ကြောင့် ဒုက္ခ ရောက်နေကြသော ညီကိုနောင်ဘွားတို့။ ညီအကိုတို့ကို Junta က အသေခံမလား၊ (-)င်ခံမလား မေးနေပြီ။ ယောင်္ကျား စင်စစ်မည်လျှင် အသေခံရိုးသာရှိသည်။ (-)င်ခံသည့် ထုံးမရှိ။ အကယ်၍ အသေမခံနိုင်ကြလျှင် (-)င်ဆက်ခံဖို့သာ ရှိသည်။ ကြိုက်ရာလမ်း ရွေးကြပေတော့ ညီနောင်တို့။"

(နေနတ်နွယ်)

အပြည့်အစုံသို့ ..

Sunday, February 10, 2008

မေမှာဆန္ဒခံယူပွဲလုပ်မယ်တဲ့ ..


မနေ့က ဆန္ဒခံယူပွဲလုပ်မယ် ဆိုတဲ့သတင်းကိုဖတ်ပြီး ဒီကောင်တွေကို ကျောင်းမှန်း ကန်မှန်းသိအောင် တခုခုတော့လုပ်ဖို့တော့ လိုပြီလို့ တွေးလိုက်မိတယ်။ လိုအပ်ရင်လဲ ဗိုလ်ချုပ်ထူထောင်ခဲ့တဲ့ စစ်တပ်ကို ဂုဏ်သရေညှိုးမှိန်အောင် လုပ်နေတဲ့ ငို့ဘသမားတချို့ကို ပြန်တိုက်ဖို့ ဘာတွေလုပ်မလဲ စဉ်းစား အကွက်ချရတော့မယ်။ ကမ္ဘာမှာ ဗမာတို့ သခင်မျိုးဟေ့ ဒို့ဗမာတို့ ဆိုတာတွေကို autosuggestion လုပ်သလိုမျိုး သက်သက်အော်တဲ့ အဆင့်ကနေ ကျော်ပြီးတော့ အပြောထက် အလုပ်နဲ့ သက်သေပြဖို့ လိုလာပြီ။ ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ တိုင်းပြည်ကို ဖွတ်သထက် ညစ်အောင်လုပ်နေတဲ့ အချိန်ဖြုန်းနေတဲ့ လူယုတ်မာ လူတစ်စုလက်က ကျနော်တို့အားလုံး လွတ်မြောက်အောင် လုပ်ဖို့ နည်းရှာကြဖို့လိုပြီ။ လက်တွေ့ကျကျဘဲ စဉ်းစားကြရအောင်ဗျာ။

အခုဗမာပြည်မှာ ဖြစ်နေတဲ့အခြေအနေက ရာဇပလ္လင်ကို လူအချင်းချင်းလုနေတာကို အခွင့်ကောင်း ယူပြီး ခွေးတက်နေရာဦးတာဘဲ။ ခွေး အစစ်တွေကိုတော့ တောင်းပန်ပါတယ်။ (သူတို့ကို ဒီလူမဆန်တဲ့ လူတွေနဲ့နှိုင်းပြီး အသရေ ဖျက်လိုက်ရတဲ့အတွက်။) ဘေးပတ်ဝန်းကျင် က နိုင်ငံတွေကလဲ ၀ိသမ လောဘစိတ်နဲ့ ဒီပြဿနာတွေ ရှိနေလို့ ငါတို့ဒီပစ္စည်းတွေ အချောင်ရနေတယ် ဆိုတဲ့စိတ်နဲ့ ပလ္လင်ပေါ်ရှိနေတဲ့ သူကိုဘဲ ဘယ်လိုနည်းနဲ့ တက်တက် ငါတို့ ထောက်ခံတယ် ဆိုတာမျိုး ပြောလာပြန်ပါတယ်။

တကယ်တော့ ဗမာပြည်ရဲ့ အရေးမှာ လူတစ်စု ကောင်းစားနေသယောင်ယောင် ထင်ရတာပါ။ တကယ်တော့ ဘယ်သူမှ မကောင်းစားကြ ပါဘူး။ အားလုံးဟာ မသေချာမှုတွေ၊ မရေရာမှုတွေနဲ့ နေနေကြရတာဘဲ။ win-win solution ဆိုတာထက်ကို အခုကျနော်တို့အားလုံး ဖြစ် နေတာ lose-lose solution ကိုသွားနေကြတာဘဲ။ သေချာပြန်စဉ်းစားကြည့်ကြပါဗျာ။ သူတို့မှာလဲ စစ်တပ်တခုလုံးရဲ့ ဂုဏ်သိက္ခာ ကျ ဆင်းပြီး မျက်နှာမဖေါ်ဝံ့တာဘဲ ကျန်ပြီး ကျနော်တို့ ပြည်သူတွေမှာလဲ ဒုက္ခတွေပင်လယ်ဝေလို့ဗျာ။ အခုအနေအထားမှာ ဗမာတိုင်းဟာ မငြိမ်းချမ်းတဲ့ ဘ၀၊ ဂုဏ်သိက္ခာ မရှိတဲ့ဘ၀နဲ့ ရှင်သန်နေရတဲ့ အဆင့်ကို ရောက်နေခဲ့ကြရတာပါ။ ပြည်ပမှာ နေကြရတဲ့ ဗမာတွေအနေနဲ့ ရော ကိုယ့်ဇာတိမြေ စုတ်ပြတ်ပြီး ပြဿနာတွေ အများကြီး ဖြစ်နေတာကို အကြားနဲ့တင် စိတ်မချမ်းမြေ့ရတာပါဘဲ။

နိုင်ငံသား ဘယ်လိုဘဲ ပြောင်းပြောင်း ဗမာပြည်က လာခဲ့တယ် ဆိုတာကတော့ မပြောဘဲနေရင်တောင် စာအုပ်ထဲက စာမျက်နှာတွေလို စုတ်ဖြဲပစ်လို့ ရတာမှ မဟုတ်ကြတာဘဲ။ နောက်ဆုံး ဦးသန်းရွှေဘဲ ကြည့်ကြည့်၊ တေဇဘဲ ကြည့်ကြည့် သူတို့အနေနဲ့ ငွေကြေးအရသာ သူများထက်ပိုပြီး သုံးစွဲနေနိုင်တာပါ။ အဲဒါကလွဲလို့ သိက္ခာဆိုတာလဲ တပြားသားမှမရှိ၊ ကိုယ်ရထားတဲ့ ပစ္စည်းဥစ္စာက ဘယ်အထိ တည်မြဲ မယ်မှန်းလဲ မသိတာကို အားလုံး သဘောပေါက်ကြပါတယ်။ သူတို့ရဲ့ ရှေ့ မှာ ဦးနေ၀င်းတို့ ဦးစောမောင်တို့ ဦးခင်ညွန့်တို့ သူတို့နောက် လိုက် လူချမ်းသာတချို့တို့ ဘယ်လိုနိဂုံးချုပ်ခဲ့သလဲဆိုတာကို သူတို့ကောင်းကောင်း သိနေခဲ့ကြတာဘဲ။

စစ်တပ်ရဲ့ ဂုဏ်သိက္ခာ ဆိုတာကတော့ ပြောမနေပါနဲ့တော့။ ဗိုလ်ချုပ်သာ သူတည်ထောင်ခဲ့တဲ့ တပ်မတော်ကြီး လူတွေကို ဒီလိုနှိပ်စက်ပြီး ပြည်သူတွေကို ရန်သူသဖွယ် ဆက်ဆံနေတာသာသိခဲ့ရင် ၂ ခါပြန် လဲသေချင်မယ် ထင်ပါရဲ့။ အခုအခြေအနေအတိုင်းတော့ ဘယ်လိုမှ ဆက်မနေသင့်ကြတော့ဘူး။ တရားဝင် စစ်တပ်အစိုးရဆိုတာကြီးဖြစ်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းတာကရော အဖြေတခုလား။ win-win solution လားဗျ။ ပြီးရင် တရားဝင် ဒီထက် ပိုနှိပ်စက်ဖို့လားဗျ။ ကမ်းလဲ ကုန်ပါပြီဗျာ။ ထပ်ရိုက်စရာဆိုလို့ ခင်ဗျားတို့မှာ ကိုယ့်ခေါင်းကိုယ် ဘဲ ကျန်ပါတော့တယ်။ ကိုယ်ကိုးကွယ်တဲ့ ဘုန်းကြီးတောင် ၀အောင်ရိုက်ပြီးပြီဘဲ။

တိုင်းပြည်ကို တည်ဆောက်တဲ့ နေရာမှာ အယူအဆတွေ အများကြီး ရှိကြပါတယ်။ တချို့ ကလဲ ပြောကြသေး။ ဒီမိုကရေစီနဲ့ မတန်ဘူးတို့။ ဘာတို့စုံရောဗျ။ ဘယ်လိုဘဲ ဖြစ်ဖြစ်ပါ။ ကျနော်အနေနဲ့ကတော့ ပြည်သူတယောက်ရဲ့ အမြင်ကို ဆုပ်ကိုင်ချင်ပါတယ်။ စီးပွားရေးဖူလုံပြီး ကျနော်တို့ကို အသက်၀၀ ပေးရှူတဲ့အစိုးရက ကိုယ့်အစိုးရဘဲ။ အသက်၀၀ ပေးရှူတယ်ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ Identity ကို အသိအမှတ် ပြုပြီး တန်းတူ အခွင့်အရေးတွေ ရအောင် ဖန်တီးပေးနိုင်တဲ့ ဘယ်အစိုးရမဆို ကျနော်က ထောက်ခံပြီးသားဘဲ။ တိုးတက်မှု အဆင့်အ တန်း အနေနဲ့ကရောဗျာ။ ကျနော်တို့နိုင်ငံကို စင်္ကာပူလောက် မဟုတ်တောင် ထိုင်းလောက်၊ မလေးလောက်တော့ တိုးတက်စေချင်တယ်။ တိုင်းပြည်ကို အဆမတန် တိုးတက်နေပါပြီလို့ ပါးစပ်ကအော်နေပြီး ရေမရှိမီးမလာ၊ လမ်းပျက်။ ကားစုတ်တစင်း သိန်းရာချီပေး၊ ဟန်းဖုန်း တခု သိန်းသုံးဆယ်၊ လေးဆယ် ပေးနေရတာတော့ မကိုက်သေးပြန်ပါဘူး။ စစ်တပ်ကမှ တိုင်းပြည်ကို တကယ်ချစ်တာတို့ ပြောနေတဲ့လူ တွေကို ကျနော် တခွန်းဘဲ ပြောချင်ပါတယ်။ ဒါတွေဟာ ငါကောင်းစားရေး ငါ့မိသားစု ကောင်းစားရေးတွေအတွက် ပေးတဲ့ဆင်ခြေတွေ မဟုတ်ဘူး လို့ဘဲ အာမခံပါ.. လို့ဘဲ။

ပြည်သူ တစ်ယောက် အနေနဲ့တော့ ဘယ်သူတက် အုပ်ချုပ် အုပ်ချုပ်ပါ။ တိုင်းပြည်မှာ တကယ် တိုးတက်တာ လိုချင်တယ်။ ကိုယ်တစ် ယောက် ထဲ ထမင်းဝပြီး တခြားလူတွေကို ဘယ်လိုဖြစ်ဖြစ်၊ ငါတို့ကိုမှ မထောက်ခံတာ ဒီကောင်တွေ သေတာ ကောင်းတယ်ဆိုတဲ့ စိတ် ထားမျိုးနဲ့ တိုင်းပြည်ကို မအုပ်ချုပ်စေချင်ပါဘူး။ ကိုယ်ပြန်ပေးဆပ်ရတဲ့အခါမှာ အဖိုးအခ သိပ်ကြီးတတ်တယ် ဆိုတာကို သဘောပေါက် ထားသင့်တယ်လို့ဘဲ ပြောချင်ပါတယ်။ နောက်ဆုံး ကိုယ့်မျိုးဆက် သားမြေးကအစ ငါ့အဖေဘယ်သူ၊ ငါ့အဖိုးဘယ်သူဆိုတာကို ပြောရမှာ ကို ၀န်လေးရတဲ့ သမိုင်းတစ်ခုကို မဖန်တီးသင့်ဘူး ဆိုတာကို သံဝေဂ ရသင့်ကြတာပါဘဲ။

မေလမှာ လုပ်မဲ့ referendum ကို သေနတ်ရှိရင် ကြောက်ပြီး ငါတို့လိုချင်တဲ့ သဘောတူညီမှု ရရမယ်လို့တော့ မထင်ပါနဲ့။ ပြည်သူတစ် ယောက်အနေနဲ့ ကျနော် မေးချင်တာက ကျနော်တို့ ခံစားနေရတဲ့ ဒုက္ခတွေအားလုံးရဲ့ တရားခံက ဘယ်သူလဲ။ စေတနာဆိုတာ အရမ်းအ ရေးကြီးပါတယ်။ ယုံကြည်မှု ဆိုတာကို သေနတ်နဲ့ချိန်ပြီး၊ တုတ်နဲ့ရွယ်ပြီး တောင်းယူလို့ မရပါဘူး။ ယုံကြည်လောက်မှ ယုံမှာပါ။ တိုင်းရင်း သား စည်းလုံး ညီညွတ်ရေးလို့ media တွေမှာ ဘယ်လောက် ကုန်းအော်အော်၊ သူတို့ကို ကျီးလန့်စာစား ဘ၀မျိုးနဲ့ နေရအောင် ဒုက္ခအ မျိုးမျိုး ပေးနေတဲ့၊ ပြည်သူလူထု အားလုံးကို ရန်သူသဖွယ် ငါတို့ကို ဆန့်ကျင်မဲ့လူတွေ ဆိုတဲ့အမြင်နဲ့ ဆက်ဆံတဲ့ အမူအကျင့်မျိုးတွေကို စပြောင်းပစ်လိုက်ပါ။ တိုင်းပြည် အုပ်ချုပ်တာ စစ်မြေပြင်တစ်ခုမှာ စစ်တိုက်တာမျိုးနဲ့ မတူပါဘူး။ လူတိုင်းမှာ အတိုင်းအတာဆိုတာ ရှိတယ် ဆိုတာကို သဘောပေါက်စေချင်ပါတယ်။ အချိန်မလွန်ခင် တိုင်းပြည်မျက်နှာကို ကြည့်ပြီး သေချာစဉ်းစား လုပ်ကြဖို့ဘဲ ပြောချင်ပါတယ်။ ခင်ဗျားတို့ အမူအကျင့်တွေ ပြောင်းရင် ကျနော်တို့ကစပြီး ခင်ဗျားတို့ကို နွေးထွေးစွာ ကြိုဆိုမှာပါ။ အကောင်းဆုံးကတော့ ခင်ဗျားတို့လာ တဲ့ barrack ကိုခင်ဗျားတို့ အေးအေးဆေးဆေး ပြန်ပြီး ကိုယ့်အလုပ်ကို ကိုယ် ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်လုပ်သင့်တယ် ဆိုတာပါဘဲ။

'မောင်အောင်'

အပြည့်အစုံသို့ ..

Sunday, February 3, 2008

ရမ္ဘိုကို ရမ္ဘိုလို နေပါစေ

ခေတ်ပေါ်ရောဂါလို့ ပြောရမလား။ ကျနော်တို့ ဆရာတော်တော်များများ ရမ်ဘို ဓါတ်ရှင်ကား အကြောင်း ရေးကြတယ်။ ကျနော် ကတော့ အစကတည်းက ရေးဖို့ အစီအစဉ်လဲ မရှိဘူး၊ သဘောထား ပေးဖို့လဲ စိတ်မပါဘူး။ ရမ်ဘို ဓါတ်ရှင်ကနေ ကျနော်တို့ မြန်မာနိုင်ငံ အတွက် ဘာရနိုင်မလဲ ဆိုတာပါတော့ မဝံ့မရဲ တွေးကြည့်မိတာတော့ ရှိတာပေါ့လေ။

ကျနော် သိသလောက်တော့ ဂျိမ်းစဘွန်းဓါတ်ရှင်တွေ၊ ရမ်ဘိုဓါတ်ရှင်တွေ ဆိုတာကလဲ မင်းသားခံရ၊ ပြန်ချ၊ ဇာတ်သိမ်းတော့ လူဆိုးတွေ အကုန်သေ ဆိုတဲ့ ပက်တန်(pattern) တွေပဲ ဇာတ်ကွက် ဇာတ်ကြောင်းနဲ့ နေရာသာပြောင်းသွားတာ ရှိတာကိုး။ ဒါပေမဲ့ စတုတ္ထမြောက် ရမ်ဘို ဇာတ်လမ်းတွဲကတော့ ကျနော်နေတဲ့ နိုင်ငံအကြောင်းပါတယ် ဆိုတော့ ဘာပဲဖြစ်ဖြစ် ပြူးပြဲ ကြည့်လိုက်မိပါတယ်။ သိတ်တော့လဲ မထူးပါဘူး။ ရမ်ဘို့ပါစပ်က “လေးစားပါတယ်” ဆိုတဲ့ မြန်မာသံထွက်တာက လွဲလို့ ပေါ့လေ။

အဲဒီ နောက်ဆက်တွဲ ပြဿနာတွေက ရမ်ဘိုကို ချီးကျူးကျ၊ ရှုံ့ချကျ ဆိုတဲ့ အကွဲအလွဲအသံ တွေ တသီကြီးထွက်လာတာကို တွေ့ရ တယ်။ ဒါကလဲ လူတိုင်း ကိုယ့်ခံစားချက်ကို လွတ်လွတ်လပ်လပ် ဖော်ထုတ်တဲ့ အခွင့်အရရေးကြတာဖြစ်တယ်။ ကျနော် တော်တော်လဲ အံ့သြတယ်။ ဘာလို့ ရမ္ဘိုကို ရမ္ဘိုလို မမြင်နိုင်ပါလိမ့် ဆိုတဲ့ အတွေးမျိုးလဲ တွေးမိတယ်။

တချို့က လူတွေက ရမ်ဘိုကြောင့် ဗမာစစ်တပ်ရဲ့ ဆိုးဝါးရက်စက်မှုကို ကမ္ဘာက သိမယ်။ အနည်းဆုံးတော့ ပြည်ပရောက် မြန်မာတွေရဲ့ စိတ်ထဲ ကိုယ့်တိုင်းပြည်ရဲ့ ဆိုးဝါးမှုတွေ ကို ရမ်ဘိုက သယ်ဆောင်လာပေးမယ်လို့ မျှော်လင့်တယ်။ ရေးတယ်။ တချို့က ရမ်ဘိုဟာ အ ကြမ်းဖက်မှုတွေ၊ သွေးထွက်သံယိုတွေ တသီကြီးနဲ့ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ပိုကျစေတယ် ဆိုတာမျိုးတွေးတယ်၊ ရေးတယ်။ အဲဒီထဲမှာ နိုင်ငံရေးပညာရှင်တွေ၊ အနုပညာသမားတွေ ပါတယ်။

ရမ်ဘိုဓါတ်ရှင်တွေဟာ အပျော်ကြည့် သက်သက်လို့ ကျနော်က မြင်နေတော့ နှစ်ဘက်လုံး ကို ကျနော့ အနေနဲ့ အကြွင်းမဲ့ မထောက်ခံနိုင် ဘူး။ ရမ်ဘိုဓါတ်ရှင် အပေါ်မှာ ကျနော်မျှော်လင့်တာ စင်ကာပူ OBP အဖွဲ့ရဲ့ လှုပ်ရှားမှုမျိုးက လွဲလို့ဘာမှ မမျှော်လင့်ပါဘူး။ ရမ်ဘိုဓါတ်ရှင် အကြောင်းပြပြီး လူအင်အားပြတဲ့ လှုပ်ရှားမှုမျိုးပေါ့။ ပြည်တွင်းမှာဆိုလဲ နိုင်ငံရေးလုပ်သူတွေ ရဲ့မင်္ဂလာဆောင်တွေ၊ အလှူတွေမှာ ပဲ ဒီလို ရှာကြံပြီး အင်အားပြနေရတာ နှစ်ပေါင်းမှ မနည်းတော့ပဲ။

ဒီထက်ပိုပြီး ကျနော့် အနေနဲ့တော့ ဘာမှလဲ မမျှော်လင့်ဘူး။ ဖြစ်လာလိမ့်မယ်လို့လဲ မယုံကြည်ဘူး။ ရမ်ဘိုကြောင့် မြန်မာပြည်အကြောင်း ကမ္ဘာက သိမယ်လို့ မျှော်လင့်ရအောင်လဲ ရမ်ဘိုဓါတ်ရှင်ဟာ ဘယ်တော့မှ သမိုင်းကြောင်းနဲ့ တခမ်းတနား ရိုက်တာမျိုး မဟုတ်ဘူး။ သူ့ ရန်သူဖြစ်မဲ့ လူတွေရဲ့ရက်စက်မှုသက်သက်ကိုပဲ ရိုက်ပြတာမျိုး ဖြစ်တယ်။ ဒါမှ မင်းသားဂုဏ် တက်မှာကိုး။ နောက် တစ်ခုက တကယ် စိတ်ဝင်စားတဲ့ ကမ္ဘာလူထုအနေနဲ့ မြန်မာစစ်တပ်ရဲ့ ဆိုးဝါးမှုအကြောင်းကို ရမ်ဘိုဓါတ်ရှင် ကြည့်မှ မဟုတ်ပါဘူး။ စက်တင်ဘာ ကာလ မှာတုန်းက BBC,CNN စတဲ့ ကမ္ဘာ့ သတင်း ဋ္ဌာနကြီးတွေက သတင်းတွေကို နားထောင်ရုံနဲ့ သိမှာပါ။ ကျနော် အလုပ်လုပ်နေတဲ့ နိုင်ငံမှာ လဲ ရမ်ဘိုရုံတင်နေတာပဲ။ ကျနော့ ရုံးကလူတွေ စက်တင်ဘာတုန်းက မေးတဲ့ မေးခွန်းမျိုး ရမ်ဘိုဓါတ်ရှင်ကို အကြောင်းပြုပြီး ခုထိအမေး မခံရသေးဘူး။ သူတို့အနေနဲ့ ရမ်ဘိုဓါတ်ရှင်ဆိုတာ အပျော်ကြည့်သက်သက်ကို။ ဂျိမ်းစဘွန်းတို့၊ ရမ်ဘိုတို့ဆိုတာ စမြုံ့ပြန် ရလောက် အောင် တန်းမှ မရှိပဲ။

ရမ်ဘိုကို မထောက်ခံလို့တော့ ပြဿနာတွေ မတက်ကြပါနဲ့။ တံဆိပ်တွေ မကပ်ကြပါနဲ့။ ကျနော်တို့ တော်လှန်ရေးကြီးနဲ့ ရမ်ဘိုနဲ့လဲ ဘာလို မှ မပတ်သက်ပါဘူး။ ရမ်ဘိုဓါတ်ရှင်ရဲ့ ဗမာပြည်ဆိုတဲ့ နေရာမှာ တခြားတိုင်းပြည်တစ်ခုခု ဖြစ်ခဲ့ရင်လဲ ကျနော်ကတော့ ဒီတိုင်းပဲရှိ လိမ့် မယ်။

ရမ်ဘိုအပေါ်မှာ တကယ် အသုံးချသွားနိုင်တာ၊ အမှန်အတိုင်း ချဉ်းကပ်သွားနိုင်တာ ကျနော် ခုထိသိသလောက်တော့ စင်ကာပူက လူစုပဲ ရှိသေးတယ်လို့ မြင်ပါတယ်။ စုပေါင်းရုပ်ရှင်ကြည့်တဲ့ အလုပ်ကို လုပ်ဖြစ်အောင် ဦးဆောင်သွားတဲ့ OBP နဲ့ စင်ကာပူက ရဲဘော်တွေကို ဒီနေရာက အလေးပြုလိုက်ပါတယ်။

ရမ်ဘိုကို တောက်ခံသူ၊ မထောက်ခံသူတွေ ကြားက ပြဿနာဆိုတာလဲ အဓိက အကြောင်းအရင်းကတော့ ရမ္ဘုိကို ရမ္ဘိုထက္ပိုၿပီး မျှော်လင့်တဲ့ ပြဿနာက စတာပါ။ ဦးရမ်ဘိုကြီးကြောင့် ကမ္ဘာက မြန်မာကို ပိုသိမယ်လို့ ကျနော်တော့ မယုံကြည်သလို၊ ဒီဓါတ်ရှင်ကို ကြည့်ပြီး ကျနော်တို့ တိုင်းပြည်ကို မကောင်းလဲ မြင်မှာမဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ရမ္ဘိုကို ရမ္ဘိုလိုပဲ ၾကည့္မွာ ဖြစ်တဲ့ အတွက်ဖြစ်ပါတယ်။ ကျနော်တို့အားလုံးလဲ ရမ္ဘိုကို ရမ္ဘိုလိုပဲ ပေးနေလိုက်ရအောင်။ ။

မိုးထက်နေ

အပြည့်အစုံသို့ ..

Thursday, January 3, 2008

လွတ်လပ်ရေးနေ့ ဆုမွန်

လွတ်လပ်ရေးနေ့လို့ သတ်မှတ်ထားတဲ့ နေ့ရက်တစ်ရက်ကို ရောက်လို့လာပြန်ပါပြီ။ ကျွန်မတို့ရခဲ့တဲ့ လွတ်လပ်ရေးဟာ ဖခင်ဗိုလ်ချုပ် မွေးဖွားပေးခဲ့တာပါ။ ကျွန်မတို့ငယ်စဉ်က သမိုင်းစာအုပ်ထဲမှာ ဗိုလ်ချုပ်ရဲ့ ပုံရိပ်လွှာတွေဟာ ဒီလောက် မပျောက်ပျက်သေးသလို ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေဟာ ဒီလောက် ပါးရှားသွားအောင် ဖိအားပေးတာကို မခံခဲ့ရသေးပါဘူး။ လွတ်လပ်ရေးနေ့၊ အာဇာနည် နေ့ဆိုတာနဲ့ ဗိုလ်ချုပ်ကို သတိရကြတာ ဓမ္မတာပါ။

လွတ်လပ်ရေးဆိုတာကို နှစ်ပိုင်းခွဲမြင်ရင် ကောင်းမယ်ထင်ပါတယ်။ နယ်ချဲ့အုပ်ချုပ်တာကို တွန်းလှန်ခဲ့လို့ လွတ်လပ်ရေးရတာ။ ဒါကတော့ ထွေထွေထူးထူး ရှင်းပြစရာမလိုပါဘူး။ ဗိုလ်ချုပ်လက်တွေ့ ပြခဲ့ပြီးသားပါ။ ခု..နယ်ချဲ့ မရှိလို့ လွတ်လပ်ရေးရပြီလို့ဆိုလို့၊ ရပြီထင်ရ ပြန်တော့ ဗိုလ်ချုပ်ကိုလုပ်ကြံပြီး အာဏာသိမ်းခဲ့တဲ့ နေ၀င်းကြောင့် လွတ်လပ်ရေးဟာ အနှစ်သာရမပြည့်စုံခဲ့ရဘူး။ တိုင်းတပါးသား မအုပ်ချုပ်တော့တာနဲ့ ဒီနိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံလို့ပြောလို့ရနိုင်ပေမဲ့ ဒီနိုင်ငံထဲကတိုင်းသူပြည်သားတွေ လွတ်လပ်ရေးရတယ်လို့တော့ မပြောနိုင်သေးပါဘူး။ လွတ်လပ်ရေးရဲ့ အနှစ်သာရတွေကို ခံစားနေရတယ်လို့ မပြောနိုင်သေးပါဘူး။

ခုကျွန်မတို့ တိုင်းပြည်ဟာ လွတ်လပ်ရေးအသီးအပွင့်ကို တိုင်းသူပြည်သား တိုင်းရင်းသားတွေက ခံစားခွင့်မရှိဘဲ လူတစုက ဖိနှိပ်ဗိုလ်ကျတာကို ခံနေရပါတယ်။ ဒီလူတွေဟာ တိုင်းပြည်ကို သစ္စာဖောက်ခဲ့တဲ့ လူများရဲ့ ကျေးကျွန်တွေဖြစ်ခဲ့သလို ယနေ့တိုင်လဲ တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်ကာ ဖျက်ဆီးဖို့ ကြိုးစားဆဲဖြစ်တယ်။ ဗိုလ်ချုပ် တိုက်ယူပေးခဲ့တဲ့ လွတ်လပ်ရေးဟာ ပြည်သူပြည်သားရဲ့လက်ထဲကို ယနေ့တိုင် မရောက်သေးဘူးလို့ ပြောရမှာပါ။ ဒါဟာလဲ ကျွန်မတို့ခေတ် ပြည်သူပြည်သားတွေ သတ္တိ၊စာရိတ္တ၊ညံ့ဖျင်းနိမ့်ကျသွားအောင်၊ ပညာ ဥာဏ်ကို ယိုယွင်းချွတ်ချုံကျသွားအောင် စနစ်တကျ ချိုးဖဲ့ခံရခြင်းတွေကြောင့် ယခုတိုင် ဘာမဟုတ်တဲ့စစ်အစိုးရ အုပ်ချုပ်ခြင်းကို ခံနေ ရတာဖြစ်ပါတယ်။

စစ်အစိုးရဟာ ကျွန်မတို့ပြည်သူတွေရဲ့ အားနည်းချက်တွေကို သိပါတယ်။ ဒါကြောင့်လဲ ဒီအချိန်ထိ ဖိနှိပ်နိုင် နေသေးတာပါ။ လူတစုနဲ့ တိုင်းပြည်ကို လွတ်မြောက်အောင် ဘယ်သူမှ မလုပ်နိုင်ပါဘူး။ နအဖ သစ္စာခံတွေလဲ မတတ်သာလို့ လုပ်ရသည့်တိုင် ကိုယ်တိုင် ဒုက္ခတွေ နဲ့ တခြားပြည်သူတွေကို ကိုယ်ချင်းစာကြည့်ပြီး လုပ်နိုင်တဲ့ ဘောင်အတွင်းက တိုင်းပြည်အတွက် လုပ်စေချင်ပါတယ်။ အမှန်တကယ် လွတ်လပ်ရေးရဲ့ အသီးအပွင့်တွေကို ပြည်သူပြည်သားတွေ အကုန်စားသုံးကြရတဲ့ အချိန်ကျရင် တပ်၊ ရဲ၊ ထောက်လှမ်းရေး အစရှိသည် ဖြင့် ယခု လက်ရှိလူတွေလဲ ခံစားကြရမှာပါ။ ကျွန်မတို့ချင်း မုန်းတီးစွာ တိုက်ခိုက်နေကြမှာထက် မတရားမင်း (နအဖ ထိပ် ပိုင်းအဖွဲ့ဝင် တွေ)ကို ဖယ်ရှားပြီး ကျွန်မတို့တွေ ချစ်ချစ်ခင်ခင် တိုင်းပြည်ကို တည်ဆောက်ကြရရင် အကျိုးရလဒ် ကောင်းကို ရနိုင်မှာဖြစ်သလို ပြည် သူတွေကော၊ ယနေ့ နအဖဘက်ကလူတွေပါ ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်ရကြမှာပါ။ ရန်လိုမုန်းထား တိုက်ခိုက်နေရတာ ပင်ပန်းလွန်းလှပါတယ်။ မတရားမင်းကို တက်ညီလက်ညီ ဖြုတ်ချလိုက်ရင် ကျွန်မတို့တွေအကုန်လုံး ငြိမ်းချမ်းသာယာစွာနဲ့ နိုင်ငံတော်သစ်ကြီးဆီကို ချီတက်နိုင်မှာဖြစ်သလို ဘယ်သူ့အတွက်မှလည်း အကျိုးယုတ်တော့မှာမဟုတ်ပါ။

ဗိုလ်ချုပ်ပေးခဲ့တဲ့အမွေကို ကျွန်မတို့တမျိုးသားလုံး ဆက်ခံဖို့ကောင်းပါပြီ။ လုယူခြင်းခံရတဲ့ ကျွန်မတို့ပိုင်လွတ်လပ်ရေးအတွက် ကျွန်မတို့ တိုက်ပွဲဝင်သင့်ပါပြီ။ ဒီလိုဘဲနေလိုက်ကြရင် ကျွန်မတို့ပြည်သူတွေ လွတ်လပ်ရေးဆိုတာကို လက်လွတ်ဆုံးရှုံးရမဲ့ အခြေအနေမျိုးကို ရောက်နေပါပြီ။ ကျွန်မ စာသိပ်မရေးတတ်ပါ။ အဆုံးပြောချင်တာကတော့ ကျွန်မတို့အတွက် ဖခင်ဗိုလ်ချုပ်တိုက်ယူပေးခဲ့သော လွတ်လပ် ရေးအသီးအပွင့်ကို ကျွန်မတို့ ပြည်သူတွေ ခံစားနိုင်စေရေးအတွက် တညီတညွတ်ထဲ ယနေ့မလွတ်မလပ်သည့်နေ့မှသည် အမှန်တကယ် လွတ်လပ်ရေးနေ့သို့ အမြန်ဆုံးချီတက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ယနေ့ပြုလုပ်မည်ဖြစ်သော နအဖ လွတ်လပ်ရေးနေ့ အခမ်းအနားများကို ကန့်ကွက်ပါသည်။

ဗိုလ်ချုပ်ပေးခဲ့တဲ့ လွတ်လပ်ရေး လူတိုင်း အမြန်ဆုံးခံစားနိုင်ပါစေ။

မသန်းရွှေ

အပြည့်အစုံသို့ ..

Monday, December 31, 2007

ဘုံရန်သူ(သို့) ရန်သူစစ်-၂ (သို့) ကျနော်တို့ပါတီ

အမှန်တကယ် တိုင်းပြည် ကောင်းရာကောင်းကြောင်း အကျိုးရှိတာကို မြင်လိုသူတိုင်းဟာ ခုချိန်မှာ NLD မကောင်းကြောင်း ပြောနေမှာ မ ဟုတ်ပါဘူး။ ပြောတဲ့လူဟာ စစ်အစိုးရဘက်က လူဘဲလို့ အကြမ်းသတ်မှတ်လို့ ရပါတယ်။ ဘာမှန်းမသိသေးတဲ့ အခြေအနေ တရပ်မှာ ဘယ်ပါတီကမှ အချင်းချင်းချဦးမှာ မဟုတ်ဘူး။ လက်တွဲပြီး စစ်အစိုးရကို တိုက်ဖို့သာ အာရုံထားကြမှာပါ။ ခုစစ်အစိုးရဟာ မဆီမဆိုင် ဥာဏ်တိမ်စွာနဲ့ ကိုယ့်အထုပ်ကိုယ် ဖြည်ပြပြီးတိုက်လာတဲ့အတွက် အတော်လေး ၀မ်းသာမိပါတယ်။ ဂွတိုကျော်ဆန်းကလဲ ဘာတလုံးမှကို နားမလည်တဲ့ သဘောရပါတယ်။ ဘာလို့လဲ ဆိုတော့ NLDကို သူတို့ ဘယ်လောက်ကြောက်လဲ ဆိုတာကို ဖော်ပြလိုက်လို့ပါ။ အဓိကထား ပြီး ပယ်ပယ်လယ်လယ်ကို အပုတ်ချတဲ့လုပ်ရပ်က သက်သေပြနေပါတယ်။

စစ်မိစ္ဆာတွေရဲ့လုပ်ရပ်တွေကို မခံနိုင်လို့ လူတွေက တွန်းလှန်နေကြတာပါ။ ငတ်ပြတ်နေတဲ့လူတွေ ၊ အနှိပ်စက်ခံနေရတဲ့လူတွေ၊ သတ် ဖြတ် စော်ကားခံနေရတဲ့ သံဃာတော်တွေအတွက်၊ ဖျက်ဆီးခံနေရတဲ့ နိုင်ငံအတွက် မခံမရပ်နိုင်လွန်းလို့ ဘယ်သူ့ ပယောဂမှ မပါဘဲ တိုက်နေကြတယ်ဆိုတာကို အရင်သိထားပါ။ ကြိုက်တဲ့လူကို အပုပ်ချပါ။ ဒါလူတစ်စုအတွက် တိုက်နေတဲ့ တိုက်ပွဲမဟုတ်ဘူး။ NLD အ တွက် တိုက်ပွဲဝင်နေတာ မဟုတ်ဘူး။ ကျုပ်တို့ဟာ လူမျိုး၊ ဘာသာ၊ သာဿနာအတွက် တိုက်ပွဲစည်းထဲကို ၀င်လာကြတဲ့ပြည်သူတွေပါ။ NLD အဖွဲ့ဝင်တွေကို လိုက်သမနေတာဟာ အလကား လိုက်ညှင်းဆဲနေတာ သက်သက်ဘဲ ဖြစ်လိမ့်မယ်။ လူတွေကတော့ တိုက်ပွဲကို ရပ်တော့မှာ မဟုတ်ဘူး။ ပုံမှန် အခြေအနေတခုမှာ ဒီလူတွေ ပေါ်မလာပါဘူး။ စစ်အစိုးရရဲ့ လူမဆန်လွန်းတဲ့ လုပ်ရပ်တွေကြောင့် ဒီလူ တွေအကုန်လုံးဟာ ဒီတိုက်ပွဲထဲကို ၀င်လာခဲ့ကြတာ။ ဒီလူတွေ အကုန်လုံးက နိုင်ငံရေးပါတီတွေ စည်းရုံးလို့၊ အနောက်မျှော်တဲ့ လူတွေ ချည်းပါလို့ ပြောချင်သလား။ အဲဒီလူတွေ စည်းရုံးထားလို့ပါလို့ ပြောချင်သလား။ ဒီ Blog လောကမှာရှိတဲ့ လူတွေအကုန်လုံးက ဦးနှောက် ပါတဲ့ လူတွေချည်းဘဲ။ လူတွေကို မင်းတို့လို မှတ်မနေနဲ့ ကွဲ့။ အားလုံးက ဥာဏ်ရှိတယ်။ စဉ်းစားတတ်တယ်။

တကယ်ဆို ခင်ဗျားတို့နဲ့ တိုက်နေတဲ့ ကျုပ်တို့ဟာ ကိုယ့်ထမင်း ကိုယ်စားပြီး တိုင်းပြည်အတွက် မခံနိုင်လွန်းလို့ စားရိတ်ကုန်၊ ဇလုံပွန်း လုပ်နေကြရသူတွေပါ။ Blog ပေါ်ရေးလို့လဲ ဘယ်သူမှ ဘာမှမပေးပါဘူး။ စဉ်းစားကြည့်စမ်းပါ။ အကျိုးဆိုတာတော့ မပြောနဲ့တော့ ကိုယ့် ထမင်း ကိုယ်စားပြီး သီးသန့် အနားယူချိန်လေးကို ပေးပြီး လုပ်နေကြရတယ်။ တော်လှန်ရေးပြီးဆုံးရင် ကျုပ်တို့က လူမသိသူမသိ ပျောက်သွားကြမှာဖြစ်သလို လက်ရှိမှာ ကျုပ်တို့မလုပ်လဲ တာဝန်သိတဲ့ ပြည်သူတွေက လုပ်နေဦးမှာဘဲ။ဒီလူထုနဲ့ တိုက်လို့ ခင်ဗျားတို့ တသက် မဟုတ်ဘူးဗျ။ ခင်ဗျားတို့မြေး၊ တီ၊ တွတ်၊ ကျွတ် သေတဲ့အချိန်ထိတောင် နိုင်မှာ မဟုတ်ဘူးဆိုတာသာ မှတ်ထားလိုက်ပါ။
မနိုင်တဲ့အပြင် ခင်ဗျားတို့ သေတပန်သက်တဆုံး ပြည်ဖျက်သားအဖြစ် သားစဉ်မြေးဆက် အရှက်တရားထဲက ရုန်းထွက်နိုင်မှာ မဟုတ် ဘူး။ ဂဋ္ဌုန်ဦးစောမြေး ခင်ဗျားတို့ သိမှာပေါ့။ ရုပ်ရှင်တောင် ရိုက်သေး။ အနှီပုဂ္ဂိုလ်လေးသာ အဲဒိအကြောင်း လူသိရှင်ကြား ဖွင့်ပြောရင် ဘယ်နားမှ ရိုက်ရမယ် မထင်ဘူး။ ကိုယ့်ခေါင်း ကိုယ်ဘဲရိုက်နေရလိမ့်မယ်။ ခုဟာ လူတွေက မသိကြလို့။ သူ့ မလဲ ဒီလောက် ဂုဏ်ယူစရာ ကောင်းတဲ့ အဘိုးတယောက်ရှိတာ ဘယ်ဖွင့်ပြောချင်ပါ့မလဲ။ အဲဒါလေးကိုသာ နမူနာယူကြပါ။ ခင်ဗျားတို့ ဒီအချိန်နောက် မဆုတ်ရင် နောင်ခင်ဗျားတို့ သားစဉ်မြေးဆက် ကိုယ့်အမျိုး ကိုယ်မဖော်ရဲအောင် အရှက် ရနေလိမ့်မယ်ဆိုတာ စေတနာနဲ့သတိပေးလိုက်ပါရစေ။

ခင်ဗျားတို့ စစ်အစိုးရဟာ ကိုယ်ကိုးကွယ်တဲ့ ဘာသာ၊ သာဿနာကို ဖျက်ဆီးမှတော့ ကျန်တာဆို ပိုဆိုးမပေါ့။ ဒီလိုလူတွေ ဆက်အုပ်ချုပ် မှတော့ ခင်ဗျားတို့ သားစဉ်မြေးဆက် အဲဒိထဲမှာ ခွေးဆက်ဖြစ်မယ်ဆိုတာ မှတ်ထားပါ။ နိုင်ငံခြား လွှတ်လိုက်ရင်လဲ ကိုယ့်သားမြေးခမျာ ကိုယ့်ကြောင့် သူတပါး အမြင်ကပ်ခံရတာနဲ့ ချောင်းရိုက်ခံရမှာ စိုးရိမ်ရတာနဲ့ ဒုက္ခရောက်ရလိမ့်မယ်။ ခင်ဗျားတို့ နွားအဖွဲ့ကဂျိုကုပ် သား သမီးတွေကတော့ ကိုယ်ရံတော်တွေနဲ့ ဗျား။ ခင်ဗျားတို့ သားသမီးတွေဘဲ ခံရလိမ့်မယ်။ မောင်မောင်ဖားတို့ရေ။ ကိုယ်ရံတော်ဆိုတာ AISA မှာပြောတာနော်။ West ဘက်ကတော့ အထင်သေးလွန်းလို့နဲ့ တူတယ်ဗျ။ ခင်ဗျားတို့ ဂျိုကုပ်သားသမီးတွေ လေးဘက်ထောက်၊ မိ ကျောင်းသွား၊ ခွေးတိုးပေါက်ကနေ အဖေနာမည်ရင်း မဖော်ရဲဘဲ အဖေ၊ အမေတွေကောက်မွေးစားပြီး အဖေမပေါ်ဘဲမွေးတဲ့ ကလေးလို
ဝင်နေရတော့ ကိုယ်ရံတော် မတတ်နိုင်ရှာဘူး။

အော်.. ထပ်ပြောလိုက်ဦးမယ်။ ၀ါသနာပါရင် NLD တင်မက မြန်မာပြည်က ရှိသမျှ နိုင်ငံရေး အဖွဲ့အစည်းတွေကို ရစရာမကျန်အောင် လိုက်အပုတ်ချလိုက်ဦး။ လုံးဝဂရုမစိုက်ဗျ။ ခင်ဗျားတို့ ဂွတိုကျော်ဆန်းကို ပြောလိုက်ဦး။ ဦးနှောက်ပျက်နေသလားလို့။ ခင်ဗျားတို့  ဆိတ်ဗိုလ်ချုပ်ကြီးတွေကို သေချာရှင်းပြလိုက်ပါ။ ခုထဲက သံဃာတော်တွေကို တောင်းပန်ဝန်ချပြီး ကောင်းကောင်းမွန်မွန် သံဃာတွေ ဆန္ဒကို စေတနာမှန်နဲ့ အကောင်အထည် ဖော်ပေးလိုက်ရင် သက်သာလိမ့်မယ်။ အချိန်လွန်မှဆိုရင် သေလို့မှ သရဏဂုံတင်ပေးမဲ့ သံဃာ မရှိ ဖြစ်လိမ့်မယ်။ သံဃာရတနာကို စော်ကားလို့ ကောင်းကျိုးချမ်းသာ ရတယ်ဆိုတာ ရာဇ၀င်မှာ မရှိခဲ့ဘူး။ သိုဟန်ဘွားကို နမူနာယူကြ ကွဲ့။ မင်းကြီးရန်နောင်လို သာဿနာကို ကာကွယ်မဲ့ ပုဂ္ဂိုလ်တွေဟာ ခေတ်တိုင်းမှာ ရှိနေမှာဘဲ။ သံဃာရတနာဆိုတာ ခေတ်အဆက် ဆက်က ဒို့ပြည်သူတွေရဲ့ ကိုးကွယ်ရာ။ ကိုးကွယ်နေတဲ့အထဲ ခင်ဗျားတို့ လဲ ပါနေကြတာဘဲ။ နအဖတည်မြဲရေးအတွက် ကြိုးပမ်းနေသူ တိုင်းဟာ နအဖရဲ့ သံဃာသတ်ကံကို သွယ်ဝိုက်သောနည်းနဲ့ ဆက်ခံရလိမ့်မယ်။ သံဃာတွေကို ဒုက္ခပေးနေတဲ့ စစ်အစိုးရကို တည်မြဲ အောင် ကြိုးပမ်းနေတာဟာ သံဃာတွေကို ဒုက္ခရောက်အောင် ကြိုးပမ်းနေတာနဲ့ အတူတူဘဲလို့ မှတ်ပါ။ ကျုပ်တို့ကို လိမ်လို့ အားမရသေး ရင် ကိုယ့်ကိုကိုယ် သာဿနာဖျက်တဲ့ကောင် မဟုတ်ဘူးကွလို့ မာန်တင်းလိမ်ပြီး ဆက်သာ လုပ်ကြပေတော့ဗျာ။

နောက်ဆုံး တစ်ခုပြောချင်တယ်။ ခင်ဗျားတို့  နွားအဖွဲ့ ဘက်က ရေးနေတဲ့ လူတွေအကုန်လုံးကိုပါ။ ရုရှားကလူတွေ (အထူးသဖြင့် ဘုရင့် နောင်(ချစ်စု၊ ပုရစ်ကောင်၊ ဘုရင့်နွား၊ ဘိုရူးဟောင်) နဲ့ နေလင်းမောင်တို့ အပေါင်းအပါတွေ) ကိုလဲပြောချင်ပါတယ်။ ခင်ဗျားတို့ ကြိုက် တဲ့လူကို အပုတ်ချပါ။ နအဖရဲ့ ဘုန်းတော်ဘွဲ့တွေ ရေးပါ။ ရေးချင်တာတွေရေးကြ။ ခင်ဗျားတို့စာတွေ အကုန်လုံးဟာ ပြည်သူတွေရင်ထဲ ကို မပြောနဲ့၊ မျက်စိထဲမြင်တာနဲ့ တံထွေးထွေးခံရမဲ့ အမျိုးအစားထဲဘဲ ပါနေလိမ့်မယ်။ ခင်ဗျားတို့နွားအဖွဲ့ဟာ အကြီးဆုံးအမှား တခုကို ကျူးလွန်မိတဲ့အတွက် ပြည်သူတွေကို ဘယ်လိုမှ မစည်းရုံးနိုင်တော့ဘူး။ သူ့ လူသူတောင် စည်းရုံးနိုင်တော့မယ် မထင်ဘူး။ ပြည်သူတွေ ရဲ့ ရင်ထဲမှာ စော်ကားခံနေရတဲ့ သံဃာတော်တွေအတွက် နာကျဉ်နေတာ ၊ သတ်ဖြတ်ခံရတဲ့ သံဃာတော်တွေအတွက် နှလုံးသွေး ထိ ခိုက်ရတာ ၊ သာသနာကို ဖျက်ဆီးခံရတဲ့အတွက် ယူကြုံးမရ ဖြစ်နေရတာ၊သာသနာတော်အတွက် ငါတို့တွေ စွန့်စားရမယ်ဆိုတာ ၊ သံ ဃာတော်တွေကို ညှင်းပန်းနှိပ်စက်နေတဲ့ စစ်မိစ္ဆာတွေကို ရှင်းလင်းရမယ်ဆိုတာ သွေးထဲမှာ ပြည့်နှက်နေပြီ။ ရင်ထဲမှာမဆန့်တော့ဘူး။

မင်းတို့ ခွေးတွေပစ်တဲ့ ကျည်ဆန်တွေဟာ ငါတို့ရဲ့ရင်ကနေဖောက်လို့ ကျောက ထွက်ရင်ထွက်မယ်။ ငါတို့ပြည်သူတွေရဲ့ နာကျည်းမှု တွေကို မတားဆီးနိုင်တော့ဘူး။ သာသနာအတွက် အသက်စွန့်မဲ့ မင်းကြီးရန်နောင်တွေကို မဟန့်တားနိုင်တော့ဘူး။ အာဇာနည် သံဃာ တော်ကျခဲ့သွေးကို ပြန်သုတ်ပစ်ဖို့ မဖြစ်နိုင်တော့ဘူး။ ( ပြည်သူတွေအတွက် အသက်ပေးသွားတဲ့ အာဇာနည် သံဃာတော်တို့ကို တပည့် တော် ဒီနေရာကနေ ရှိခိုးပါတယ် အရှင်မြတ်တို့။ အရှင်ဘုရားတို့ အသက်သွေးနဲ့ ပေးသွားတဲ့အမွေကို တပည့်တော်တို့ အသက်နဲ့ ဆက် ပြီးယူပါ့မယ် အရှင်မြတ်တို့) ဗုဒ္ဓဘာသာနိုင်ငံကွ။ ငါတို့ အရိပ်တောင် မနင်းရဲတဲ့ သံဃာတွေကို မင်းတို့ ခွေးအစိုးရမို့ကွာ။ ခွေးတောင် သံ ဃာတော်တွေကို ကိုက်ချင်မှ ကိုက်ဦးမယ်။ ငါတို့မှာ သံဃာတော်တွေ စော်ကားခံရတာ ကြားရတိုင်း၊ နွားတွေဝှေ့ သတ်ခံရတာ ကြားရ တိုင်း၊ ငါတို့ သာသနာ ညှင်းဆဲခံရတာ ဖတ်မိတိုင်း ယောင်္ကျားတန်မဲ့ မျက်ရည်ကျရတယ်။

နအဖစစ်အစိုးရဟာ ငါတို့ပြည်သူအားလုံးရဲ့ ဘုံရန်သူစစ်စစ်ဖြစ်တယ်။ နအဖကို အားပေးနေတဲ့ လူတိုင်းဟာ မြန်မာပြည်သားလို့ အမည် နာမအောက်မှာ ရှိနေတဲ့ ပြည်တွင်း ပြည်ပက လူတွေအားလုံးရဲ့ ဘုံရန်သူစစ်စစ် ဖြစ်တယ်။ အဲဒိဘုံရန်သူကိုတိုက်ဖို့ ပြည်သူတွေ လက်တွဲ ထားတာကို နာမည် မတပ်ချင်စမ်းပါနဲ့ကွာ။ ငါတို့ဟာ ပြည်သူဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ့်အတွက်အကျိုးကို မမျှော်ကိုးဘဲ လက်ချင်း ယှက်ထားကြတဲ့ ပြည်သူတွေပါ။ ငါတို့ဟာ နိုင်ငံရေးအဖွဲ့အစည်း တစ်ရပ်မဟုတ်ဘူး။ ငါတို့တွေ စကားမပြောကြပါဘူး။ ငါတို့ရင်ဘတ်က အမာရွတ်တွေက စကားပြောကြတာပါ။ ငါတို့လက်တွေက စစ်သား လက်လောက် အားရှိချင်မှရှိမယ်။ ရင်ဘတ်တွေထဲက နှလုံးသွေး တွေနဲ့ ငါတို့လက်တွေကို ဖြုတ်မရအောင် ကော်အဖြစ် လိမ်းထားကြတယ်။

တပ်ကလူတွေ သစ္စာအဓိဋ္ဌာန်ရွတ်သလို ငါတို့သွေးတွေက ကမ္ဘာမကြေရွတ်နေတယ်။ ဘုရားစင်ရှေ့က ဖြတ်လျှောက်မိတိုင်း မိစ္ဆာတွေ အတွက် ယိမ်းနွဲ့ပါးဓားကို သွေးနေကြတယ်။ ငါတို့တွေဟာ ငါတို့သာဿနာအတွက်၊ တိုင်းပြည်အတွက်၊ ငါတို့ပြည်တွင်းမှာ နှိပ်စက်ခံနေ ရတဲ့ လူမျိုးစုတွေအတွက် ဘယ်တော့မှ ရပ်တန့်တော့မှာ မဟုတ်ဘူးဆိုတာ မှတ်ထားပါ။ သာဿနာဖျက်တဲ့လူ မြန်မာပြည်သူတွေရဲ့ ဘုံ ရန်သူ မဖြစ်ချင်ဘူးဆိုရင် နအဖနောက်လိုက်ခွေး မလုပ်ကြပါနဲ့တော့။ ကျုပ်တို့ပြည်သူတွေရဲ့ ဘုံရန်သူဟာ ပြည်သူတွေရှိနေသမျှ ချေ မှုန်း ခံရလိမ့်မယ်။ ပြည်သူမှမရှိတော့လဲ ခင်ဗျားတို့ဘဲ လယ်စိုက်ပြီး နွားအဖွဲ့ကို ဆက်အလုပ်အကျွေး ပြုကြပေတော့။

အော် .. ထပ်ပြောဦးမယ်နော်။ NLD မကလို့ ကြိုက်တဲ့လူကိုဆော်..၊ အရာမရောက်ဘူးဆိုတာသာ မှတ်ထား။ ဒါရွေးကောက်ပွဲမဟုတ်ဘူး။ စစ်အစိုးရက လူတွေကိုဒုက္ခပေးတာ၊ တိုင်းပြည်ကိုဖျက်နေတာ၊ သံဃာတွေကို စော်ကားနေတာ၊ သတ်နေတာတွေကို ကို မခံနိုင်လွန်းလို့ ပြည်သူတိုင်း တိုက်နေတဲ့ ပြည်သူ့တိုက်တဲ့ပွဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ကြည့်ပါ.........။

လူစိတ်ရှိသေးတယ်ဆိုရင် ၊ ရတနာသုံးပါးကို ကိုးကွယ်နေသေးတယ်။ ဒါမှမဟုတ် မြန်မာပြည်မှာ ညှင်းဆဲခံနေရတဲ့ ဘာသာတွေကို ကိုး ကွယ်နေတယ်ဆိုရင်၊ ကိုယ့်ကိုကိုယ် ကိုယ့်မိသားစုဝင်တွေကို ပြည်သူလို့ သတ်မှတ်တယ်ဆိုရင် ပြည်သူတွေရဲ့တိုက်ပွဲထဲကို ၀င်မပါချင် သည့်တိုင် နှောက်ယှက်မှုတွေ မပြုလုပ်သင့်ပါတော့ဘူးလို့ဘဲ ပြောလိုက်ပါရစေ။

လေးစားလျှက်,
နေနတ်နွယ်

အပြည့်အစုံသို့ ..

Saturday, December 29, 2007

ရန်သူစစ် (သို့) ဘုံရန်သူ

ကျနော် လတ်တလောမှာ မြင်နေရတာတွေကတော့ ကျနော်တို့စုပေါင်းလုပ်လိုက်တဲ့ Blog တခုကြောင့် ရန်သူတွေ ကြံရာမရဖြစ်ပြီး မဆီ မဆိုင် NLD ကို ဆော်နေတာပါ။ တကယ် စည်းလုံးမှုရဲ့ ရလဒ်ကို တွေ့မြင်ရတာတော့ ရန်သူဆိုတာ အနား မကပ်ရဲလောက်အောင် ဖြစ်လာတဲ့ အထိပါ။ ကိုလျှာရှည့် Blog နဲ့ ကိုမောင်ဒိုင်း Blog ကိုဘဲ အဓိကထားပြီး ၀င်နေကြပါတယ်။

တကယ် စိန်ခေါ်ထားတဲ့ နေရာကို မသီရဲတာကို တော်တော်ကို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ ဘုရင့်နောင်(ဘိုရူးဟောင်) ကတော့ သူမှမရှိရင် ကျနော်တို့ cbox စောင့်တွေ ပျင်းပြီး အိပ်ပျော်သွားမှာစိုးလို့ ချွင်းချက်နဲ့ လက်ခံ ထားပါတယ်။ သူ့ရဲ့ အရှက် မရှိပုံလေးတွေနဲ့၊ ၀ဲစားပုံလေးတွေ၊ ရုရှားမှ စစ်ဗိုလ်တဦးရဲ့ အဆင့်အတန်းလေးတွေကို အများသူငှာ လေ့လာနိုင်စေရန်အတွက် သီးသန့် ချွင်းချက် ပေး ထားတယ်ဆိုလည်း ရပါတယ်။ ဒါကိုပဲ သူ့ မှာ လူလူသူသူ ထင်ပြီး ကျနော်တို့ကို ဆဲရတာ၊ စကားနာထိုးရတာ အမော။ ကိုယ့်ကိစ္စနဲ့ ကိုယ် သူ့ကို ပေးဟောင်ထားတယ်ဆိုတာ မသိရှာဘူး။ အဲတော့ ကျနော်တို့ ဒေါင်းကွင်းလာ ပရိသတ်များ နားလည်ခွင့်လွှတ်ပေးဖို့ ပထမဦးစွာ တောင်းပန်ပါရစေ။

မလာရဲတဲ့ အကြောင်းအရင်းကတော့ နှစ်မျိုးရှိမယ်လို့ ထင်ပါတယ်။ ပထမ တစ်ချက်ကတော့ ၁၂ရာသီ အစောင့် ရှိနေလို့ ပါ။ ကျနော်တို့  တာဝန်ကျ အစောင့်တွေအပြင် အားပေးလိုသူ မျိုးချစ် ပုဂ္ဂိုလ်တို့ကလည်း အားတဲ့အချိန်တိုင်းမှာ လာစောင့်ပေးနေလို့ ဖြစ်မယ် ထင်ပါ တယ်။ ဒီတော့ လူလစ်မှ ၀င်ဟောင်ရဲတဲ့ ခွေးတွေဘ၀က အတော်ကို ဆိုးနေတဲ့ သဘောပါ။ လက်ရှိလည်း Blog လောကထဲမှာ စောင့် ကြည့်ခံရတဲ့ Blog ပေါင်းများစွာ ပေါ်ပေါက်လာခြင်းဟာ ကျနော်တို့ကို သူတို့ ပုံမှန်ဟောင်နည်းနဲ့ ဟောင်မရတော့ဘူးလို့ ဂွတို ကျော်ဆန်း က သတ်မှတ် လိုက်လို့ ဖြစ်ပါလိမ့်မယ်။ ဒါကျနော်တို့ BLogger ညီအကို မောင်နှမအားလုံးရဲ့ အောင်မြင်မှု ဖြစ်သလို ရှေ့ပိုင်းက အား ကြိုမာန်တက် ဟောင်ခဲ့သူအားလုံး တကယ် ခွေးဖြစ်တော့မယ်ဆိုတာကို ပြနေတာပါ။ လက်ရှိလည်း အသစ်အသစ်သော အမည်နာမတွေ ပြောင်းလို့ တိုက်ခိုက်လာ ကြပါတယ်။ သဘောကတော့ ရှေ့က Nick တွေက ခွေးတောင်မှ ခွေးဝဲစားဖြစ်ပြီး အစာ ငတ်သေလုနီးနီး ဆို တာကို ပြနေတာပါ။

ဒုတိယ တစ်ချက်ကတော့ ဒေါင်းကွင်းဟာ ချွင်းချက်နဲ့ လက်ခံထားတဲ့ ဖွတ်ပဒတ်၊ ဆိတ်ဘိုတို့ မှအပ ကျန်လူများကို ရောက်တတ် ရာရာ ပြောချင်းကို ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ ရိပ်မိတယ်ထင်ပါ့။ ဆရာကြီးတွေ အနားတောင် မကပ်ရဲတာကို သူရဲကောင်းဆန်စွာ တွေ့ရပါ တယ်။ ကျနော်တို့ဟာ သာမန်လူတွေပါ။ သူတို့ ဘာကို ကြောက်သလဲတော့မသိ။ ခုထိ ကျနော် မသိတာတွေကို ကျနော့် Blog မောင်နှမ တွေကို အမြုပ်ထွက်အောင် မေးရတုန်းပါ။ သူတို့ ကိုယ်တိုင်လည်း တချို့ကိစ္စတွေမှာ ထင်တယ်လို့ ဘဲပြောကြပါတယ်။ သဘောကတော့ သူတို့လည်း အကုန်မသိဘူးဆိုတဲ့ သဘောပါ။ ဟုတ်ကဲ့ လူတစ်ယောက်က ဘယ်လိုလုပ် အကုန် သိနိုင်ပါ့မလဲဗျာ။ ဒါပေမယ့် ကျနော်တို့ အကုန်လုံးသိတာ တစ်ခုတော့ တူညီစွာရှိ ကြတယ်။ လူတိုင်းလည်း သိကြတယ်။ အဲဒါ စစ်အစိုးရ မိုက်ရိုင်းတဲ့ အကြောင်း၊ လူမဆန်တဲ့ အကြောင်း၊ သာသနာဖျက်နေတဲ့ အကြောင်း။ ဒါကို သိကြားမင်းတောင် လာလျှောက်လဲချက် ပေးလို့မရပါဘူး။ ဒါကို လျှောက်လဲချက် ပေးချင်တဲ့ လူတွေကတော့ မျိုးမစစ်လို့ အပြောခံရဖို့ပဲ ရှိပါတယ်။ ဒါကိုလည်း ကောင်းကောင်း သဘောပေါက်သွားပြီထင်တယ်။ မပြော ကြတော့ဘူး။

အဲဒီတော့ အကြံကုန် ဂဠုန် ဆားချက်လုပ်ပြီး NLD ကို မဲလာပါတယ်။ မဲသာမဲ၊ မောင်နေနတ်နွယ်က ပြောချင်ပါသေးတယ်။ ဒို့တွေက ဒီမို မဟုတ်ပါဘူးဆို ဘယ်နှစ်ခါ ပြောရမှန်းကိုမသိဘူး။ မှတ်ကိုမထားဘူး။ ခင်ဗျားတို့ ဟာခင်ဗျားတို့ ပြောချင်ရာ ပြောနေ။ ကျနော်တို့ကအေး ဆေး။ ထပ်ပြောဦးမယ်။ ဒို့တွေမှာ ပုဂ္ဂိုလ်ရေး အလွန်အကျွံ ကိုးကွယ်မှုမရှိဘူး။ ဒို့တွေ ကိုးကွယ်တာ ရတနာသုံးပါး (ဘုရား၊ တရား၊ သံ ဃာ၊ နားမလည်မှာစိုးလို့) ပဲရှိတယ်။ တစ်ပါတီ အာဏာရဖို့ ဒီတိုက်ပွဲကို ဆင်နွဲနေတယ် ထင်တာ ခွေးပစ်လို့ ၀က်မစားတဲ့ အတွေး အခေါ် ပဲ။ တိုင်းပြည်အတွက် တိုက်နေတာကွဲ့။ ပုဂ္ဂိုလ်ရေး တစ်ဦး တစ်ယောက်အတွက် မဟုတ်ဘူး။ တက်လာမယ့် ပါတီအာဏာရလို့ ဒီလို လုပ်လည်း ငါတို့က တိုက်နေဦးမှာပဲ။ ငါတို့ဟာ ပြည်သူတွေထဲက ပြည်သူတွေကို စာနာတဲ့ နိုင်ငံရေးသမားမဟုတ်တဲ့ လူတွေကွ။ စစ်အ စိုးရ ပြုတ်ဖို့က အဓိကပဲ။ ဒီအချိန်မှာ NLD ကိုလည်း ဝေဖန်စရာ မလိုသေးဘူး။ ဘုံရန်သူက ဒို့ရှေ့မှာ ထင်းထင်းကြီး ရှိနေတယ်။ ဒို့ ဘုံရန် သူကို အရင်တိုက်ရလိမ့်မယ်။

ဒါလောက်မှ မတွေးတတ်တာ နအဖ ဘက်တော်သားကလွဲရင် မရှိဘူးထင်တယ်။ နအဖ ဘက်တော်သား မဟုတ်ဘူးဆိုလည်း ညအိပ်ရာ ၀င်တိုင်း နဖူးပေါ်လက်တင်ပြီး စဉ်းစားဦး။ ခုခွေးခြေကုပ်ရပြီး သေနတ်နဲ့ မိုးနေတဲ့ စစ်အစိုးရကို အရင်ရှင်းရလိမ့်မယ်။ ခွေးသား တွေက လွဲပြီး ဘယ်သူမှ မလိုချင်တဲ့ စစ်အစိုးကို အပြီး အရင်တိုက်ပါ။ ပြီးမှ NLD ကိုတိုက်ပါလို့ ပြောလိုက်ချင်ရဲ့ နအဖ ဘက်သားမဟုတ်ဘူး ပြောသူတို့ရေ။

လေးစားလျှက်
နေနတ်နွယ်

PS: ဒီလောက် လျှောက်လဲချက် ပေးမရတဲ့ ကိစ္စကြီးတွေကို လိုက်လုပ်နေတဲ့လူတွေ နားလည်သွားပြီလို့ ကျနော်ယူဆပါတယ်။ အမှန် တွေဖြစ်တယ်လို့ လက်ခံလို့လည်း ဆက်မတိုက် ကြတော့တာပေါ့လေ။ နားလည်တယ်ဆိုလည်း ခွေးဇာတ် မခင်းသင့်တော့ပါဘူး။ ခင်ဗျား တို့တွေ ထမင်းရည် တပုလင်း ၈၀ ပေးသောက်နေရတဲ့ လူတွေကို သနားတတ်သင့်ပါပြီ။ တနပ်စား ကြံမဲ့အစား ခင်ဗျားတို့သာ တကယ် တိုင်းပြည်အတွက် အားထုတ်မယ်ဆိုရင် ကျုပ်တို့ ချွေးတွေနဲ့ ရထားတဲ့ ပိုက်ဆံထဲက ခင်ဗျားတို့ကို ကျုပ်တို့ ပေးနိုင်ပါတယ်။ တယောက် $1 ပေးမယ်ဆိုတောင် ခင်ဗျားတို့ သန်းကြွယ်သူဌေး ဖြစ်နိုင်ပါတယ်။ နှစ်ပြား တပဲနဲ့တော့ တိုင်းပြည်ကို ချောက်ထဲကျအောင် တွန်းချနေ တာ မသင့်လျှော်ပါဘူး။

တိုင်းပြည်အတွက် တကယ် အလုပ်လုပ်ရင် ခင်ဗျားတို့ အောက်ကျနောက်ကျခံပြီး တောင်းစရာတောင် မလိုပါဘူး။ ပြည်သူတွေ မေတ္တာနဲ့ ပေးတဲ့ လက်ဆောင်နဲ့တင် ခင်ဗျားတို့ ချမ်းသာနိုင်ပါတယ်။ တကယ်ဆို ကျုပ်တို့တွေဟာ ကိုယ့်ထမင်း ကိုယ်စားပြီး တိုင်းပြည်အတွက် မ ခံနိုင်လွန်းလို့ အလုပ် လုပ်နေကြရသူတွေပါ။ Blog ပေါ်ရေးလို့လည်း ဘယ်သူမှ ဘာမှမပေးပါဘူး။ ပြည်တွင်းက လူတွေဆို ကျုပ်တို့ ကို တောင် သိပါ့မလား။ ခင်ဗျားတို့ BLog တွေကတော့ ပြည်တွင်းမှာ ပွင့်နေကြတယ်။ လူလည်းသိတယ်။ ခင်ဗျားတို့ လုပ်နိုင်တယ်။ လုပ်ကြ ပါလို့ တိုက်တွန်းပါရစေ။

စဉ်းစား ကြည့်စမ်းပါ။ ကျနော်တို့က လူမသိသူမသိ ပျောက်သွားကြမှာပါ။ အကျိုးဆိုတာတော့ မပြောနဲ့တော့။ ကိုယ့်ထမင်း ကိုယ်စားပြီး ပြဿနာတွေကို ရင်ဆိုင်ပြီး လုပ်နေကြရတယ်။ ခင်ဗျားတို့ကတော့ ပြည်သူကို ကယ်တင်ဖို့ စွမ်းအားရှိပါလျှက် အကျိုးရလဒ်ကောင်းတွေ ရနိုင်ပါလျှက်နဲ့ ဘာမဟုတ်တဲ့ ကြောင်စာလောက် အစာကို မက်မနေပါနဲ့တော့။ ဘာမှ ဖြစ်မလာဘူး ဆိုရင်တောင် လုပ်ဖို့ကောင်းတဲ့ ကိစ္စ မဟုတ်လား။ နအဖပြုတ်လို့ ဘာမှကောင်းကျိုး မရနိုင်ဘူးထင်တဲ့ လူတွေအတွက်ပါ။ ပြည်သူက မေတ္တာနဲ့ ချီးကျုးဂုဏ်ပြုတာနဲ့ စားလို့ ရနိုင်တာကို ပြည်ဖျက်ပြီး ထမင်း မစားချင်ပါနဲ့လို့ တိုက်တွန်းပါရစေ။

အပြည့်အစုံသို့ ..

Sunday, December 23, 2007

ရာဇ၀င်ထဲမှာ နေပြည်တော်ကို ထားရစ်ခဲ့တော့

XYZ ရေးသည်

ယခုရက်ပိုင်းမှာပဲ ထိုင်းအာဏာသိမ်းစစ်တပ်ကတော့ ကတိအတိုင်းပဲ ရွေးကောက်ပွဲပြုလုပ်ပေးခဲ့ပါပြီ။ ကျနော့် စိတ်ထဲမှာတော့ လွန်ခဲ့တဲ့ ၉၀ ရွေးကောက်ပွဲကိုပဲ မြင်ယောင်နေမိပါသေးတယ်။ လူထုရဲ့ဆန္ဒနဲ့ လက်နဲ့ ရေးတာကို ခြေထောက်နဲ့ နင်းခြေဖို့ကြိုးစားနေတဲ့ စစ်ဖိနပ် တွေဟာလည်းသက်ဆိုးငင်သံနဲ့အတူ ၀င်သက်ထွက်သက်ကို အလုအယက်ရှိုက်နေဆဲပေါ့။

ကျနော်တို့ မြန်မာနိုင်ငံဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ သမိုင်းမှာ အပြန်အလှန် ရှိခဲ့ကြပါတယ်။ သမိုင်းတစ်လျှောက်မှာလည်း ကျနော်တို့ဟာ အိမ်နီးချင်း အယုဒ္ဓယကို ယိုးဒယားဆိုပြီး ပြောင်းလဲခေါ်ဝေါ်နိုင်ခဲ့တဲ့သူတွေပါ။ သမိုင်းစဉ်တစ်လျှောက်မှာ ဒီနေ့ချိန်ခါလောက် မြန်မာ ပြည်ဟာ အစစရာရာ ခေတ်နောက်ကျနေတာမျိုး ရှိမယ်မထင်ပါ။ ပညာရေးအစ ကျန်းမာရေးအဆုံး နည်းပညာ အကုန်လုံးမှာ ခေတ် နောက်ကျနေပါပြီဆိုတာ ဘယ်သူမှ ငြင်းမရတဲ့ အမှန်တရားပါ။ ဒါတွေကို ဘယ်သူဘယ်ဝါကြောင့်ဆိုပြီး ဆင်သေကို ဆိတ်သရေနဲ့ ဖုံး ကွယ်ချင်တဲ့ လုပ်ရပ်တွေဟာ တကယ့်တိုင်းပြည်ကို ချစ်မြတ်နိုးတယ်ဆိုတာတွေရဲ့ လူတွေရဲ့လုပ်ရပ်မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ အုပ်ချုပ် ရေး ဆိုတာ ပြည်သူအများစု အကျိုးကို ကိုယ်စားပြုနိုင်စွမ်းရှိရပါမယ်။ ဒီလိုမရှိဘူးဆိုရင်တော့ ဘာဖြစ်လို့ ကိုယ်နဲ့မထိုက်တန်တဲ့ ဒီအုပ် ချုပ်ရေး နေရာ ဆက်လက်ဖက်တွယ်နေမလဲ။ ကိုယ်နဲ့ မသက်ဆိုင်တဲ့ နေရာကနေ မိမိနဲ့ သက်ဆိုင်တဲ့ စစ်တန်းလျားဆိုတာကို ပြန်သွားဖို့ မေ့လျော့နေပြီလား။ ဒါမဟုတ် တိုင်းပြည်တစ်ခုလုံးကို စစ်တန်းလျား ကဲ့သို့ သဘောထားနေတာလား။ ကိုယ့်ရဲ့လုပ်ရပ်က အဖြေပေး ပါလိမ့်မယ်။

ဒီနေ့ မြန်မာနိုင်ငံကတော့ အိမ်နီးချင်းနိုင်ငံတွေ အတွက် လိုအပ်တဲ့သစ်၊ ကျောက်မျက်နဲ့ သဘာဝဓါတ်ငွေ့တွေကို ကုန်ကြမ်းအဖြစ်နဲ့ ဆက်သနေတဲ့ နိုင်ငံအဖြစ်ရောက်မှန်းမသိ ရောက်နေခဲ့ပါပြီ။ ဒါတွေကို လွတ်လပ်တဲ့ လူ့ဘောင်သစ်ကိုဖော်ဆောင်နေတဲ့လူတွေကို အ ပြစ်ဖို့ဦးမလား။ ကျနော်တို့တွေဟာ PTTE လိုအဖွဲ့အစည်းမျိုးမှာ သွားပြီး ကျနော်တို့ဆီက ဓါတ်ငွေ့ကို ၀ယ်ပါဟု စာချုပ်ချုပ်ခဲ့သူတွေ မဟုတ်ပါ။ နအဖရဲ့လွဲမှားတဲ့ macro-management တွေကြောင့် တိုင်းပြည်ဟာ စုတ်ပြတ်သတ်ခဲ့ရပါပြီ။ ဘယ်လောက်ပဲ ပိတ်ဆိုတယ် ဆိုဦးတော့ ဆန်စပါးထွက်တဲ့တိုင်းပြည်တစ်ခုမှာ ပြည်သူတွေ ထမင်းတစ်လုပ်အတွက် အသဲအသန် ရှာစားနေရတယ်ဆိုတာ တစ်ခုခု တော့ မှားနေပြီဆိုတာ အထင်အရှားပါ။

မလိုအပ်ပဲ ကုန်ကျနေတဲ့အကျိုးမဲ့ ဖြုန်းတီးမှုတွေကို ပြည်သူတွေရဲ့ ထမင်းလုပ်အဖြစ် ဖန်တီးပေးနိုင်ပါတယ်။ ပကတိအခြေအနေတွေကို မျက်ကွယ်ပြုပြီး ကိုယ်တိုင်တည်ဆောက်ထားတဲ့ virtual world ထဲမှာ၊ မဟုတ်ကို အဟုတ်ထင်တဲ့ လူတွေအတွက်တော့ တကယ့် ကမ္ဘာ ကိုမျက်ဝါးထင်ထင်သိတဲ့အချိန်မှာ သိပ်နောက်ကျလို့နေမယ်ဆိုတာ အကြွင်းမဲ့ သံသယ ရှိစရာ မလိုပါဘူး။ အသိဥာဏ်ရှိတဲ့ လူတိုင်း စဉ်း စားကြည့်ရင် သိသာပါတယ်။ ကုန်ကြမ်းရောင်းပြီး ကုန်ချောကိုဈေးကြီးကြီးနဲ့ ပြန်ဝယ်သုံးနေရတယ်ဆိုကတည်းက ဘယ်လောက် မှား ယွင်းတဲ့ စီမံခန့်ခွဲမှုဖြစ်နေပြီလဲဆိုတာ။ ဘယ်သူ့ကိုမှ အားမကိုးပါဘူးဆိုပြီး အော်နေချိန်မှာ ဆရာတင်ထားတဲ့ တရုတ်၊ ရုရှား၊ အိန္ဒိယ တို့ ကတော့ အနောက်နဲ့ အလွမ်းသင့်အောင် ပေါင်းပြီးလုပ်စားနေတယ်။ ဒါတွေဟာ ဘယ်သူမပြု မိမိမှုပါ။ သန်းရွှေခေါင်းဆောင်တဲ့ နအဖ စစ်အာဏာရှင်တစ်စုရဲ့ ကိုယ်ကျိုးစီးပွားလေးကိုပဲ ကွက်ကွက်ကလေးကြည့်ပြီး လုပ်နေတဲ့ ညံ့ဖျင်းလွန်းလှတဲ့လုပ်ရပ်ပါ။

ဘယ်လောက်ပဲ ကိုယ့်ကိုယ်ရပ်တည်ပါတယ်ပြောပြော၊ ကုန်ကြမ်းတွေကို အောက်ဈေးနဲ့ရောင်းပြီး ကုန်ချောတွေကိုဈေးကြီးပေးပြန်ဝယ် တာကို ဘယ်လိုမှ လွတ်လပ်တယ် မဆိုနိုင်ပါဘူး။ ကြီးကျယ်မြင့်မြတ်ခြင်းဆိုတာတွေကို ရာဇ၀င်ထဲမှာပဲ ခဏထားခဲ့ပါ။ ပြင်ပကမ္ဘာရဲ့ အ ခင်းအကျင်းတွေကို တစ်ချက်တော့ လေ့လာဖို့လိုပါလိမ့်မယ်။ နအဖ ဆန့်ကျင်သူတွေကြောင့် ပိတ်ဆို့မှုတွေ ဖြစ်နေရတယ်ပြောရင်တော့ မရီရတဲ့ ပြက်လုံးတစ်ခုလို့ပဲပြောရတော့မှာပါပဲ။ မိမိကိုယ်တိုင်ရဲ့ နိုင်ငံတကာစာမျက်နှာမှာ မ၀င်ဆံ့မှုကို ဖုံးကွယ်ဖို့ကြိုးစားတဲ့ ခပ်ညံ့ညံ့ ပျက်လုံးတစ်ခုပါပဲ။ လီကွမ်ယုလို လူမျိုးက "စောက်ထုံ" တွေလို့ လူသိရှင်ကြား ပြောဆိုခဲ့ပြီးချိန်မှာတောင် စင်္ကာပူကို ဆေးကုမပျက် ဈေးဝယ်မပျက်တဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ဘ၀မှာ အရှားပါးဆုံးဆိုတာ အရှက်တရားနဲ့ ဂုဏ်သိက္ခာပဲ ဖြစ်ပါလိမ့်မယ်။ တိုင်းပြည်ပိုင် အမွေအနှစ်၊ သဘာဝသယံဇာတတွေကို ဈေးဈေးပေါနဲ့ ထုတ်ရောင်းပြီး တစ်ဘ၀စာ ချမ်းသာရေး စင်္ကာပူက ဘဏ်တွေမှာ အလုအယက် ဖြည့်နိုင်ရေး တွေဆိုတာကို ဦးတည်နေတဲ့ စီမံချက်တွေဟာ တိုင်းပြည်အတွက်ကောင်းဖို့မရှိပါ။ ဒါတွေကို မျက်ကွယ်ပြုပြီးငြင်းနေတဲ့ လူတွေရဲ့ ဦး နှောက်နဲ့ အသိဥာဏ်အဆင့်အတန်းကတော့ တစ်ခုခုမှားယွင်းနေပြီဆိုတာ သိပ်ကိုသေချာလွန်းနေပါပြီ။

ကြီးကျယ်မြင့်မြတ်ခြင်း ဆိုတာ ထမင်းရည်သောက်ပြီး အသက်ဆက်နေရတဲ့ လူတွေအဖို့ နေ့ခင်းအိပ်မက်သာသာပဲ ဖြစ်နေပါလိမ့်မယ်။ ဒါမှမဟုတ်လည်း သူတို့လက်လှမ်းမမှီတဲ့ တန်ဖိုးကြီးပစ္စည်းတစ်ခု ဖြစ်နေပါလိမ့်ဦးမယ်။ စတုတ္တမြန်မာနိုင်ငံတော်ရဲ့ အဖဟာ ဗိုလ်ချုပ် အောင်ဆန်းပါ။ အာဏာရူးသန်းရွှေမဟုတ်ပါဘူး။ လူသန်းပေါင်းများစွာ ငတ်ပြတ်နေချိန်မှာ ဇေယျာသိရိဗိမာန်က လူတစ်ချို့ကတော့ ရှန် ပိန်ပုလင်းတွေကို ဖောက်နေတဲ့ မြင်ကွင်းကို မြင်ရတာ အရုပ်ဆိုးအကျည်းတန်လွန်းလှပါတယ်။ ထမင်းတစ်နပ်စားလောက်ရုံ ငွေကြေး ကို တောင်းဆိုနေကြတဲ့ အသက်ကြီးရွယ်အိုတွေကို မြင်လိုက်တိုင်း ဒါငါတို့ နဲမဆိုင်ပါဘူး ပြောကြဦးမလား။ ဒါတွေကို မသိချင်ယောင် ဆောင်နေတဲ့ လူတွေရဲ့ အမှန်တရားကို မြတ်နိုးတဲ့စိတ် ရိုးသားမှုကို အခြေခံတဲ့ စိတ်ထားဆိုတာကို အံ့သြမိပါတယ်။ ပေါင်မုန့်မရှိ ကိတ် မုန့်စားစေဆိုသလိုပဲ ထမင်းရည်မရှိ ဒန်ပေါက်စားစေ ဆိုပြီးပြောဆိုမယ့် လူတန်းစားသစ်တစ်ရပ်ကတော့ ကျနော်တို့ မျက်စိအောက်မှာပဲ ရှိနှင့်နေခဲ့ပါပြီ။ Animal Farm ကြီးထဲမှာ သူများတွေထက် ပိုလို့ ညီမျှတဲ့တိရိစ္ဆာန်တွေ ပေါ်ပေါက်ခဲ့လေပြီ။ ငါတို့သည် ပြည်သူတွေ အ တွက်ဆိုပြီးဖြစ်ရမဲ့နေရာမှာ ပြည်သူတွေဟာ ငါတို့အတွက်ဆိုတာကို မသိသာဖြည့်၊ တနည်း သိသိသာသာနဲ့တစ်ဖုံ သာယာနေတဲ့ လူသား တွေ မြန်မာပြည်မှာ ထွက်ပေါ်နေတာ အပြိုင်းအရိုင်းပါပဲ။ ဗိုလ်ချုပ်ရဲ့ ရိုးသားမှု တည်ကြည်မှု ဂုဏ်ဒြပ်တွေကို နင်းခြေဖို့ ၀န်မလေးတဲ့ လူ တွေဟာ အာဏာရူးဘ၀ကို ခံမင်နေကြလေရဲ့။ အရူးတကာ့ထဲမှာ အဆိုးဆုံး အာဏာရူး ဆိုတာကို မက်မက်စက်စက်ရှိခဲ့ကြပြီ။ စွန့်လွှတ် အနစ်နာခံခြင်းဆိုတာကို မသိကျိုးကျွံပြုတတ်နေခဲ့ပြီ။ အိမ်မက်ကနေ နိုးထဖို့ အချိန်တန်နေပါပြီ။

ထိုင်းစစ်တပ်ဟာ ပြည်သူလူထုနဲ့ တဖြည်းဖြည်းနီးစပ်လာချိန်မှာ မြန်မာစစ်တပ်ကတော့ ပြည်သူတွေနဲ့ တဖြည်းဖြည်းဝေးကွာ လာနေခဲ့ပြီ ဆိုတာ အထင်အရှားပါ။ နေပြည်တော်က လက်တစ်ဆုပ်စာ ဗိုလ်ချုပ်တွေရဲ့တပ်ဆိုတာကို အလွဲသုံးမှုကြောင့်ဆိုတာ အထင်အရှားပါပဲ။ ဒါကြောင့် ပြည်သူတွေနဲ့ လက်တွေ့ကျကျ နီးနီးစပ်စပ် နီးနီးကပ်ကပ်ဖြစ်ဖို့ဆိုရင်တော့ ရာဇ၀င်ထဲမှာ နေပြည်တော်ကို ထားရစ်ခဲ့တော့လို့ ပဲ ပြောရတော့မှာပါပဲ။

XYZ

အပြည့်အစုံသို့ ..

Saturday, December 22, 2007

ဂျပန်နိုင်ငံမှ တာဝန်ရှိသူများမှ နအဖကို အမှန်အတိုင်းသိမြင် ထုချင်လျှက်ရှိ

ဂျပန်သမင်းသမီးနှင့် မြန်မာကြံ့ဖွတ်လူငယ် ခေါင်းဆောင်တို့ JAPAN - ASEAN လူငယ်များ တွေ့ဆုံပွဲတွင် ပြောကြားသော သမိုင်းဝင်စကားများအား သတင်းဆောင်းပါ ရေးသားရာတွင် သာဂီနွယ်အမည်ခံ အုပ်စုတို့ အချိန်မရသောကြောင့် မေ့ကျန်ခဲ့သည်များ၊ တမင်ချန်ထားခဲ့သည်များကို ဖြည့်စွက်တင်ပြလိုက်ပါသည်၊

ဂျပန်မင်းသမီးက မြန်မာကြံ့ဖွတ်ကိုယ်စားလှယ်များအား ဤသို့ပြောကြားခဲ့သည်။ ပြောကြားရာတွင် “မြန်မာနိုင်ငံတွင် ဂျပန်သတင်းထောက်တစ်ဦး မတော်တဆ၊ တမင်သတ်သဖြင့် သေဆုံးမှုနှင့် ပတ်သတ်၍ မြန်မာ့တပ်မတော်၏ သဘောထားအမှန်ကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်လိုက်ရကြောင်း၊ မြန်မာပြည်သို့ သွားရောက် လည်ပတ်မည့် ဂျပန်ခရီးသွားများ ခရီးစဉ်များ ဖျက်သိမ်းနေရုံ၊ အထောက် အပံ့ တချို့ရပ်ဆိုင်းရုံမှအပ မြန်မာပြည်သူများအပေါ် ဂျပန်များက စိတ်ကွက်နေလိမ္မည်ဟု မယူဆစေလိုကြောင်း၊ မတော်တဆ တည့်တည့်ပစ် လိုက်၍ မရှုမလှ သေဆုံးမှုကြောင့် ဂျပန်နှင့် မြန်မာပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုများကို လုံးဝထိခိုက်စရာမရှိကြောင်း၊ ပိုမိုဖိအားပေးရန်သာရှိကြောင်း ဂျပန်-မြန်မာဆက်ဆံရေးသည် ရှေးယခင်ကတည်းက ကောင်းမွန်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ဂျပန်-မြန်မာ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲတွင်းနက်နေသော မြန်မာပြည်သူများ ဘ၀ကို မြှင့်တင်ရေးအတွက် ဆက်လက်ဖိအားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း” ကို ပြောကြားခဲ့ပါတယ်။

မြန်မာကြံ့ဖွတ်လူငယ်အဖွဲ့ခေါင်းဆောင်မှလည်း ..
“ယခုလို ဂျပန်နိုင်ငံ၏ ဘုရင့်သမီးတော်မှ မြန်မာပြည်သူများနှင့် သန်းရွှေအစိုးရ အပေါ် အမြင်ရှင်းလင်းခွဲခြားစွာနှင့် မြင်တတ်သည့်အတွက် အထူးပင် မလုံမလဲဖြစ်ရပါကြောင်း၊ ဂျပန်-မြန်မာ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြံ့ဖွတ် မသမာ လူငယ်များမှ တက်ကြွစွာ အောက်ကလိအာ သွားမှာဖြစ်ပါကြောင်း၊ ဂျပန်-န.အ.ဖ ဆက်ဆံရေးအား ရုပ်လုံးပေါ်စေရန်အတွက် အနောက်မီဒီယာများနှင့် ပြည်ပရောက် န.အ.ဖ ဆန့်ကျင်ဖက်နိုင်ငံရေး အင်အားစုများနှင့် ထိုင်း-မြန်မာနယ်စပ်မှ ဧရာဝတီကဲ့သို့ မီဒီယာများနှင့် ဂျပန်နိုင်ငံ တွင် လည်း တာဝန်ခံအယ်ဒီတာ အဖြစ်ဆောင်ရွက်နေသော မောင်စိုးချိန် ဦးစီးသည့် သစ္စာမဂ္ဂဇင်း နှင့် ဂျာနယ်များမှ အစရှိသည်တို့မှ မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံသား သတင်းထောက်သေဆုံးမှုအား ဖော်ကောင်လုပ် ရေးသားထုတ်လွှင့် နေပြီး ဂျပန်-န.အ.ဖ ချစ်ကြည်ရေးကို ဇာတိ ရုပ်ပေါ်အောင် အမှန်အတိုင်းသိအောင် လုပ်မှုများပင်ရှိကြောင်း၊ အခြေအနေမှန်ကို ဖုံးဖိရန် မိမိတို့ သန်းရွှေပိုင်သတင်းစာများဖြစ်သော ကြေးမှုံ၊ မြန်မာ့အလင်းသတင်းစာများတွင်လည်း အတူးတလည် လိမ်ညာ ဖော်ပြခဲ့ပြီးဖြစ်ကြောင်းကို ဂျပန်နိုင်ငံ တာဝန်ရှိသူများမှ သိရှိသည့်အတွက် အထူးပင် ၀မ်းမြောက်ကြောင်း။

ဂျပန် ဘုရင့်သမီးတော်မှပြန်လည် ပြောကြားရာတွင် ..
“ မီဒီယာဆိုသည်မှာ ယခုလိုပင် ဖော်ကောင်လုပ် ရေးသားသည်မှာ မဆန်းပါကြောင်း နှင့် ဂျပန်နိုင်ငံတွင် မြန်မာကြံ့ဖွတ်လူငယ်ခေါင်းဆောင် ပြောသော “သစ္စာမဂ္ဂဇင်း နှင့် ဂျာနယ် ” ကို မသိကြောင်း၊ ထို့အပြင် ကြေးမှုံ မြန်မာ့အလင်းဆို ပိုလို့ပင် မသိကြောင်း သန်းရွှေပိုင် မီဒီယာများသည်လည်း ယုံတမ်းစကားများကိုသာ လိမ်လည် ရေးသားနေမည်ကို မိမိယုံကြည်မိကြောင်း နှစ်နိုင်ငံချစ်ကြည်ရေးအတွက် မည်သည့် အခက်အခဲများရှိစေ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးအတွက် မိမိတို့အနေဖြင့် အထူး ဦးစားပေးလုပ်ဆောင်သွားမည် ဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။

၎င်းနေ့မှာပင် ညစာ စားပွဲအပြီးတွင် ဂျပန်နိုင်ငံမှ Minister of State For Gender Equality and Social Affair မှ မစ္စ yo ko ka Mi Ka Wa မှလည်း ညပိုင်းတွင် မြန်မာကြံ့ဖွတ်လူငယ်ခေါင်းဆောင်အား အလွတ်သဘော သီးခြားတွေ့ဆုံပြီး ဂျပန်ဘုရင့် သမီးတော် ပြောကြားသလို ပင် (၁၅) မိနစ်ခန့် ဂျပန်-န.အ.ဖ ဆက်ဆံရေးနှင့် ပတ်သတ်ပြီး မည်သည့် အနှောက်အယှက်များရှိစေ မပျက်မယွင်းအောင် ဖိအားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာလူမျိုးများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေများအား နားလည်သဘောပေါက်ပြီး စာနာပါကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ မြန်မာကြံ့ဖွတ်လူငယ်ကလည်း အခုလိုမြန်မာပြည်သူများ ဆင်းရဲတွင်း နက်နေသည်ကို စာနာနားလည်ပေးသည့်အတွက် န.အ.ဖ၊ ကြံ့ဖွတ်တို့ ကိုယ်စား အထူး ဆက်လက်တာဝန်မဲ့နေမည်ဖြစ်ပါကြောင်း။
ယခုမြန်မာလူငယ် ပြောကြားခဲ့သော စကားများသည် မိမိရင်တွင်းခံစားချက်များ ဖြစ်လိမ့်မည်ဟု သတင်းထောက်များက အလွတ်သဘောမေးမြန်းရတွင်လည်း အဆိုပါမြန်မာ လူငယ်မှ ရိုးသားပွင့်လင်းစွာ အခုကဲ့သို့ဖြေကြားသွားခဲ့ပါသည်။
နေပြည်တော်မှအထစ်အငေါ့ မဖြစ်ရလေအောင် စာစီပေးလိုက်သည်ကို အလွတ်ကျက်ထားရုံမှအပ ကျွန်တော့်ရင်ထဲက စကားများပင်ဖြစ်ကြောင်း ပြောကြားခဲ့လေသည်။

ထို့အပြင် မြန်မာလူငယ် မှ မစ္စ yo ko ka Mi Ka Wa ကို နောက်နှစ်ကျင်းပမည့် Japan ASEAN လူငယ်တွေ့ဆုံပွဲအခမ်းအနားတွင် ဂျပန် မင်းသမီးအား သတင်းဓါတ်ပုံတွင်ပါသည့် မင်းသမီးထိုင်ခုံနောက်ခံ ရွှေပြားကြီးအား စိန်ကွပ်လိုက်ပါက အထူးတင့်တယ်လှပလာမည် ဖြစ်ကြောင်း အကြံပြုရာ မစ္စ yo ko ka Mi Ka Wa ဂျပန်မင်းသမီးဆိုသော်လည်း ဂျပန်ပြည်သူ ကြည်ဖြူသမျှသာ ခံစားခွင့်ရှိကြောင်း၊ မြန်မာပြည်အိမ်ရှေ့မင်းသမီးကဲ့သို့ ခရစ်စမတ်သစ်ပင်သဖွယ် စိန်မကွပ်နိုင်သည်ကို နားလည်ပေးစေလိုကြောင်း ရိုးသားပွင့်လင်းစွာ ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

အနှစ်ချုပ်တော့-----------
နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တရားမ၀င် အချုပ်အချာအာဏာများကို မတရားသိမ်းပိုက် လုပ်ဆောင်နေရသော တာဝန်မဲ့ သူများ နှင့် နိုင်ငံတကာမှ အဆင့်အတန်းရှိရှိ တာဝန်ရှိ လူကြီးများမှ မြန်မာနိုင်ငံရေး ကိုနားလည်ပြီး အပြုသဘောဆောင်သော ဆက်ဆံရေး များကို ထူထောင်လျှက် ရှိနေပါသည်။ ဒါကို ပြည်တွင်းက ငဖား၊ သခင်အားရ ကျွန်ပါးဝ နိုင်ငံတိုးတက်ရေးကို ဘန်းပြ လုပ်ဆောင် နေ ကြသော ဖွတ်၊ ပဒတ်များအနေဖြင့် မည်သို့ပင် တစ်ယောက်တစ်ပေါက် စည်းလွတ်ဝါးလွတ် ပြောဆိုနေသည်မှာ အမှန်တရားများ မဟုတ်ဘဲ လေထဲ တဲအိမ်ဆောက်နေခြင်းသာ ကြောင်းတင်ပြလိုက်ရပါသည်။

ပြောင်ရှည်

အပြည့်အစုံသို့ ..

Thursday, December 20, 2007

ရုရှက စစ်ဗိုလ်ငယ်များအတွက် ကျနော်ပြောချင်တဲ့စကားများ

ကျနော်တို့ရဲ့ ဒေါင်းကွင်း၊ ကိုလျှာရှည်ရဲ့ဘလော့ဂ်တို့ကို လာလာပြီး ကျနော်တို့ကို ရန်စ၊ မခံချင်အောင်ပြော လုပ်နေတဲ့ စစ်ဗိုလ်ငယ်လေး တွေကို ကြည့်ရင်း သူတို့ရဲ့ အနာဂတ်ကို သူတို့ သုံးသပ်ဖို့လိုနေပြီလို့ ကျနော်တော့ ပြောချင်တော့တာပါဘဲ။ လူဆိုတဲ့ သတ္တ၀ါမှာ တဏှာ၊ မာန၊ ဒိဌိနဲ့ ငါစွဲတော့ မကင်းကြဘူးပေါ့။ ငါမှန်တယ်ဆိုတဲ့ အစွဲကို ကိုလင်းနောင်ပြောသလို ကျနော်တို့ မာန်တက်ပြီးလည်း မပြောရပါဘူး ဗျာ။ ဒါပေမဲ့ သူများကို စွပ်စွဲနေတဲ့ ကိစ္စတွေကို ခင်ဗျားတို့ကိုယ်တိုင်များ ဖြစ်နေတာလားလို့ရော ပြန်စဉ်းစားမိရဲ့လားဗျာ။ ကျနော်တစ်ဦး ချင်း အနေနဲ့ကတော့ စနစ်ဆိုးတစ်ခုကို ဆန့်ကျင်ချင်တာဘဲ။ ကျနော် ခင်ဗျား မျက်နှာကို ရဲရဲကြီး ကြည့်ပြီးပြောလိုက်မယ်ဗျာ။ တိုင်းပြည် မှာ အခု အုပ်ချုပ်နေတဲ့လူတွေဟာ မင်းဆိုးမင်းညစ်တွေပဲ။ ကျနော် အကျိုးအကြောင်းနဲ့ ပြောနေတာပါ။

အခု ခင်ဗျားတို့လူကြီးတွေဟာ တိုင်းပြည်မျက်နှာကိုလည်း မကြည့်၊ စစ်တပ်မျက်နှာကိုလည်း မကြည့်ဘဲ ကိုယ်ချမ်းသာရေး ဒို့အရေး လုပ်နေကြတယ်ဆိုရင် ခင်ဗျား ငြင်းမလား။ ခင်ဗျား တို့အထဲက တစ်ယောက်က ပြောတယ်။ သူလုပ်တာ သူခံရမယ်တဲ့။ ထားလိုက်ပါတဲ့။ ထားလို့ မရဘူးဗျ။ နေ၀င်းလုပ်ခဲ့လို့ မြန်မာပြည်ကြီး ၁၉၈၇ ခုနှစ် မှာ ကမ္ဘာမှာ တိုးတက်ဖွံ့ဖြိုးမှု အနှေးဆုံးနိုင်ငံတခုအဆင့်ကို ရောက် ခဲ့ရတယ်။ ခုလာပြန်ပြီ။ ခင်ဗျားတို့ ခေါင်းဆောင် ကြီးလုပ်လို့ လူတွေငတ်နေပြီဗျ။ မလိုအပ်ဘဲ ဆင်းရဲတဲ့ နိုင်ငံတစ်ခုဘ၀ရောက်ရတာ၊ ကမ္ဘာမှာ မြန်မာဆိုပြီး မျက်နှာမပြ၀ံ့ကြရတဲ့ အဖြစ်ကို ရောက်ရတာကို ဘာလို့ ကျနော်တို့က ထားလိုက်ရမှာလဲ။

လူတွေငတ်လို့ ဘုန်းကြီးတွေကဘာသာရေးခေါင်းဆောင်တွေပီပီ အန္တရာယ်ကင်း အောင် ပရိတ်ရွတ်တာ။ အဲဒါကိုလည်း သူတို့ အာဏာ လက်လွှတ်ရတော့မှာပဲလို့ ကြောက်ပြီး ဘုန်းကြီး အတုဆို ကိုယ့်ဘာသာကိုယ်လိမ်ပြီး ရိုက်သတ်၊ လူဝတ်လဲ၊ ထောင်ချတွေ လုပ်တော့ တာ။ ပြောရမှာပဲ။ ဒီမိုကရေစီ လိုချင်တယ်ဆိုတာလည်း ဒါဘဲ။ အစိုးရဆိုတာ ပြည်သူတွေက ဒီအလုပ်တွေမလုပ်ချင်လို့ လုပ်ချင်တဲ့ နိုင်ငံ ရေးသမားတွေကို ပါတီဖွဲ့ခိုင်း၊ ကြိုက်တဲ့သူမဲပေးပြီး ကိုယ့်တိုင်းပြည်ကောင်းအောင်လုပ်ဖို့ ရွေးချယ်ရတာဗျ။ ဒီတခါရွေးတဲ့ပါတီက သိပ်မ ဟန်ရင် နောက် ၄ နှစ်ဆို မဲမပေးရုံဘဲ။ နောက်တပါတီကို တက်ခိုင်းလို့ရတယ်။ အာဏာကို ကိုယ့်အမေလင်ပိုင်ပစ္စည်းလို ဆုပ်ကိုင်ထား လို့မရဘူးဗျ။ အခုတော့ သေနတ်ရှိတာနဲ့ပဲ လူတွေကို ပြန်ပေးဂိုဏ်းလို အနိုင်ကျင့် ဗိုလ်ကျနေတာ။ အဲဒီလို လူတွေကို မဝေဖန်နဲ့လို့ ပြော တာ ခင်ဗျားတို့အလွန်လား၊ ကျနော်တို့အလွန်လား။

ခင်ဗျားတို့လူကြီးတွေ အာဏာသိမ်းတာ ၁၉၈၈ ကတည်းက။ ကောင်းတာလုပ်ချင်ရင် ခုအချိန်မှာ ဒေါ်စုဆိုတာကို လူတွေမေ့နေလောက် ပါပြီ။ ခင်ဗျားတို့ တကယ် တိုင်းပြည်ကောင်းကျိုးသာ လုပ်မယ်ဆိုရင် NLD ဆိုတာလဲ ဘယ်သူမှ ဂရုမစိုက်တော့ပါဘူး။ လူသန်းပေါင်း ၅၀ ကျော်တောင်းဆိုနေတာ ကောင်းတဲ့အစိုးရ၊ သူတို့ရဲ့ အခြေ ခံလူ့အခွင့်အရေးတွေကို ကာကွယ်ပေးမဲ့ အစိုးရပါဗျာ။ ဒီမိုကရေစီဆိုတာကို လူတော်တော်များများ နားသိပ်မလည်ကြပါဘူး။ အနီးဆုံးပဲပြောရအောင်ပါဗျာ။ ၁၉၆၂ ခုနှစ်တုံးက နှစ် ၂၀ အတွင်း ငါတို့နိုင်ငံ ဗမာပြည် ရန်ကုန်မြို့လို တိုးတက်အောင်လုပ်ရမယ်ဆိုခဲ့တဲ့ စင်္ကာပူနိုင်ငံဟာ အခု အရှေ့ တောင်အာရှမှာ ထိပ်ဆုံးက ဖြစ်နေပြီ။ ကျနော်တို့သူငယ် ချင်းတစုက ဆေးလိပ်မသောက်ရလို့၊ ဘာလို့ညာလို့ ဆိုပြီး မကျေမနပ် ဖြစ်တတ်ကြပေမဲ့ သူ့နိုင်ငံသူ၊ နိုင်ငံသားအတွက်တော့ အခြေခံလူ နေမှုဘ၀ ဖူဖူလုံလုံရှိအောင် လုပ်ပေးထားနိုင်တာပဲ။ သာမန်ပြည်သူလူထု အများစုလိုချင်တာ ထမင်း၀၀စား၊ နေမကောင်းရင် ဆေးခန်း သွားဆေးကုနိုင်လောက်ရုံ၊ ကလေးရှိရင်လည်း ကလေးတွေ မပူမပန် ပညာသင်ရရုံ လုပ်ပေးနိုင်တဲ့၊ ကိုယ့်အခွင့်အရေးတွေကို မတရား မချုပ်ချယ်တဲ့၊ အဲ.. ရေလာ၊ မီးလာအောင်တော့ အစွမ်းအစရှိတဲ့ လုပ်ပေးနိုင် တဲ့အစိုးရလောက်ပါပဲ။ ခင်ဗျားတို့ အခုကောင်းမယ်ဆိုရင် ကျနော်တို့ အခုလက်ခံပါတယ်။ အနည်းဆုံးတော့ ၂ နာရီ လောက်ဝေးတဲ့ စင်္ကာပူလောက် မတိုးတက်ရင်နေပါစေ။ ဟိုဘက်အိမ်၊ ဒီဘက် အိမ်လိုဖြစ်နေတဲ့ မိနစ် ၄၀ လောက်ပဲဝေးတဲ့ ထိုင်းနိုင်ငံအဆင့်လောက်တော့ တိုးတက်ချင်မိတယ်။ ခင်ဗျားတို့ကော မဖြစ်ချင်ဘူးလား။ ထိုင်းမှာ ဖမ ဆိုရင် ဟင်ကနဲလှည့်ထွက်သွားတာ ဦးအောင်ဇေယျကြောင့်ထက် ဗိုလ်သန်းရွှေတို့ကြောင့်လို့ပြောရင် ခင်ဗျား ယုံနိုင်ပါ့မ လား။ (`ဖမ´ဆိုသည်မှာ ထိုင်းလို `ဗမာ´ဟု ဆိုလိုသည်။)

ခုအချိန်မှာတော့ ဗမာပြည်ကြီးအကြောင်း ကောင်းတာပဲပြောပါဆိုရင် မပြောတာပဲ ကောင်းပါတယ် ဆိုတဲ့အဆင့်ကို ရောက်နေခဲ့တာ ခင်ဗျားတို့ ကာကွယ်ပြီး ဆဲပေးနေတဲ့ လူတစုကြောင့်ပဲလို့ ကျနော်ပြောရင် ကျနော့် အလွန်လားဗျာ။ တိုင်းပြည်ကြီးကို တကယ်ကောင်း မွန်လာအောင် ပြန်လည်တည်တောင်ဖို့ ကျနော်တို့ စဉ်းစားဖို့သင့်ပြီ။ ဘာအရင်းအမြစ်မှ မရှိတဲ့ ကုန်းတွင်းနိုင်ငံ၊ လာအိုတို့လို နိုင်ငံမျိုး တွေ၊ ကမ္ဘောဒီယားလို ပိုပေါ့ကြောင့် လူသန်းချီသေပြီး တိုင်းပြည်ပျက်ခမန်း ဖြစ်ခဲ့ရတဲ့ နိုင်ငံ တွေရဲ့ တိုးတက်မှုအဆင့်က ကျနော်တို့ ထက် ပိုသာနေတယ်ဆိုတာကတော့ မြန်မာလူမျိုးတွေအနေနဲ့ ရန်ဖြစ်နေကြရုံ ငါတကောကောနေကြရုံနဲ့ မဖြစ်တော့ဘူးဆိုတာကို သတိ ပေးနေတာတွေပါ။ ကျနော်တို့ အားလုံး ကိုယ့်နိုင်ငံထက် ကိုယ့်လူမျိုးထက် ဒီငွေမက်၊ အာဏာမက်ပြီး နိုင်ထက်စီးနင်း ပြုကျင့်နေတဲ့ လူ ရမ်းကားတစုကို ပိုချစ်သင့်ပါသလား။ သူတို့အကျိုး စီးပွားတွေကို စစ်တပ်တခုလုံးကရော ကာကွယ်ပေးနေစရာလိုလို့လား။ ပြန်စဉ်းစား ကြစေချင်ပါတယ်။

မောင်အောင်

အပြည့်အစုံသို့ ..

Wednesday, December 19, 2007

ကျနော်ပြောချင်တဲ့ လက်ရှိအခြေအနေများ

မှတ်ချက် ။ ။`ဒီစာကတော့ လူငယ်တစ်ယောက်ရဲ့ရင်ထဲက ခံစားချက်တွေလို့ မှတ်ယူစေချင်ပါတယ်´ ဟု စာရေးသူက ၀န်ခံထားသည့် အတိုင်း လက်ရှိနိုင်ငံရေး၊ တက်ကြွလှုပ်ရှားသူများ နှင့် ဘလော်ဂါများ အပေါ် လူငယ်တစ်ယောက်၏ ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေး ထားသော အမြင်ဖြစ်ပါသည်။ ဖတ်ရှု ဆွေးနွေးသင့်သည်ဟု ယူဆ၍ တင်လိုက်ပါသည်။
(PoFP)

လူကြီးတွေဆိုတာ ကောင်းကင်ကကြယ်တွေနဲ့ တူပါတယ်။ လူငယ်ဆိုတဲ့ ပင်လယ်ခရီးသွားတွေကို လမ်းပြပေးနိုင်တဲ့လူတွေပါ။ လူငယ် တွေဆိုတာ ကြယ်တံခွန်နဲ့ တူပါတယ်။ တခါတရံကောင်းကင်ကို ဖြန့် ကျက်ပြီးလင်းစေနိုင်တဲ့အစွမ်းရှိပါတယ်။ (the richest man in Babylon ထဲမှကူးချပါသည်။) ခု..ကျနော်လုပ်နေတဲ့ဟာတွေနဲ့ ပတ်သက်လို့ ကျနော့်မှာ ရည်ရွယ်ချက် အခိုင်အမာရှိပါတယ်။ ယုံကြည်မှုနဲ့ လုပ်ခဲ့နေတာပါ။ လုပ်ခဲ့သလို အောင်မြင်မှုဆိုတာကိုလည်း ကျနော် လက်ဆုပ်လက်ကိုင်ပြနိုင်ပါတယ်။

ကျနော် တော်တော်စိတ်မကောင်းဘူးဗျာ။ လူကြီးတွေက လူငယ်တွေမှားတာကို နားလည်ပေးပြီး ရှင်းပြသင့်တာရှင်းပြဖို့ သင့်တာပါ။ လက်တွဲကူဖို့ပါ။ ဒေါသနဲ့ ဆီးတွယ်တာမျိုးတော့မလုပ်သင့်ပါ။ ကျနော်ဆို စပိုင်ခေါင်းစဉ်နဲ့ အလွတ်ကြီး ဘန်းခံခဲ့ရဘူးပါတယ်။ မဖြစ်သင့် တဲ့ကိစ္စတွေပါ။ ကိုယ့်လူ ကိုယ်ပဲမွေးမယ်ကွာ၊ မင်းတို့ ပါစရာမလိုဘူးဆိုလဲ ကျနော်တို့ မပါရုံကလွဲပြီး ဘာမှမတတ်နိုင်ပါ။ ကျနော်တို့ လူ ငယ်တွေကလည်း တတ်သိနားလည်တဲ့ လူကြီးတွေ၊ ရှေ့ဆောင်ပုဂ္ဂိုလ်တွေကို လေးစားပြီးသားပါ။ ဒါပေမယ့် လာဆဲရင်တော့ ကိုယ့် အတ္တနဲ့ ကိုယ်မို့ ငြိမ်ခံနိုင်မယ်မထင်ပါဘူး။ မေတ္တာနဲ့ နားချရင်၊ ပြောပြရင်၊ သင်ပေးရင် လေးလေးစားစား နာယူကြမှာပါ။ ဒါမှလည်း နောင် တချိန်မှာ ခုရှိနေတဲ့ ရှေ့ဆောင်ပုဂ္ဂိုလ် တွေလို ပုဂ္ဂိုလ်မျိုးတွေထွက်ပေါ်လာနိုင်မှာပါ။ အယူအဆတွေ အများအပြားရှိတဲ့ ဒီလောကထဲမှာ မှားယွင်းမှုရှိနေတဲ့လူငယ်တွေကို လူကြီးတွေက မေတ္တာနဲ့  လက်ကမ်းကြိုပြီး ထက်မြက်တဲ့ ခွပ်ဒေါင်းပျိုတွေဖြစ်လာအောင် ကူညီသွန် သင်ပေးဖို့ မေတ္တာရပ်ခံချင်တာပါ။

နောက်မြန်မာတွေကို တခုပြောချင်ပါတယ်။ ပုဂ္ဂိုလ်စွဲသိပ်ကြီးတာကိုပါ။ မေးရင် အဆဲခံရမလားမသိ။ ခုချိန် ရှေ့ဆုံးက ဦးဆောင်နေသူ မရှိတော့ရင် ကျနော်တို့ လှုပ်ရှားမှုတွေကို ရပ်ပစ်မှာလား။ ရပ်မယ်ပြောတဲ့လူရှိရင်တော့ တခွန်းဘဲ ပြန်ပြောလိုက်မယ်။ ခင်ဗျားတို့ လိုလူ တွေရှိနေလို့ ခုထိတိုင်းပြည်ရွာပျက်နေတာ။ လက်ရှိ ခေါင်းဆောင်ကိုလေးစားတယ်။ ကျနော်တို့ရဲ့ခေါင်းဆောင်အဖြစ်လည်း အသိအ မှတ်ပြုတယ်။ တွေ့ရင်ထိုင်ကို ရှိခိုးဦးမှာ။ ဒါပေမယ့်ကျနော့် ရည်ရွယ်ချက်ဟာ တသမတ်ထဲ သူ့ဆီက မျှော်လင့်မထားဘူးဗျ။ ခေါင်း ဆောင် တစ်ယောက်ထဲကို အားကိုးပြီး လျှောက်အော်နေတဲ့ ခင်ဗျားတို့ဟာ သူ့ကိုလေးစားနေကြတာလား။ သူဘဲလုပ်လိမ့်မယ်ဆိုပြီး မ သေမချင်း အလုပ်လုပ်ခိုင်းနေကြတာလား။ သူအခု ဦးဆောင်မှု မပေးနိုင်ဘူး။ ကိုယ့်ဟာကိုယ် ဦးဆောင်ရလိမ့်မယ်။ သူ့ကိုချစ်ရင်သူ့ လမ်းစဉ်ကို ရအောင် အကောင်အထည် ဖော်ရလိမ့်မယ်။ ဒါကို ကျနော်တို့ နားလည်ထားဖို့ လိုတယ်ထင်ပါတယ်။

ခေါင်းဆောင်ကို လေးစားတယ် ချစ်ခင်တယ်ပြောပြီး သူ့ ချည်း အလုပ်လုပ်ခိုင်းနေတာကတော့ လေးစားတာထက် ခေါင်းရှောင်ချင်တဲ့ စိတ်များတာပါ။ ခေါင်းဆောင်ရွေးပြီး လုပ်စားနေတာပါ။ တကယ်လေးစားတယ်။ တကယ်ယုံကြည်တယ်ဆို နောက်ဆုံးကျနော်တို့ အ သက်ပေးတိုက်ရသည့်တိုင် တာဝန်ကျေရလိမ့်မယ်။ ကျနော် ဒီမိုမဟုတ်ဘူး။ သဘောက တစုံတယောက် အမည်အောက်မှာ ဒီမိုအမည် ခံနေတဲ့ လူမဟုတ်ဘူး။ ဒါပေမယ့် ဒေါင်းအလံအောက်မှာ တိုက်ပွဲဝင်နေသူတော့ ဟုတ်တယ်။ ရှင်းရှင်းလေး။ အားကိုးရာ မရှိတော့ ရင် လည်း ကျနော်ကတော့ လုပ်သင့်တယ်ထင်တာ ဆက်လုပ်နေမှာဘဲ။ ချစ်ခင်တယ်၊ လေးစားတယ်၊ တန်ဖိုးထားတယ်ဆိုရင် သူမရှိလဲ သူ့ ဆန္ဒကို ဆက်အကောင်အထည်ဖော်ပေးရမယ်။ သူ့ ကိုချည်း အလုပ်လုပ်ခိုင်းဖို့ မဟုတ်ဘူးထင်တယ်။ ခုလည်းခေါင်းဆောင် မရှိရင် အ လုပ်မလုပ်တတ်သလိုဖြစ်နေတဲ့ မြန်မာအကျင့်ကြောင့် ပြဿနာတွေ များနေရတယ်။

ခုလဲ ကျနော်ကြည့်နေတယ်။ ခေါင်းဆောင်တွေ သိပ်မွေးကြသကိုး။ အားတိုင်း မွေးနေကြတယ်။ ခင်ဗျားတို့ ကောဘာလုပ်ပြီးပြီလဲ။ ဥပမာ ပြောမယ်။ ကိုနစ်နေမန်း အလုပ်လုပ်တယ်။ ရှေ့ဆောင်ဖြစ်တယ်။ ကျနော်သိတယ်။ သူကျနော်တို့ဆီမှာ ခေါင်းဆောင်လာလုပ်ချင်လား။ မဲခွဲစရာမလိုဘူး။ ချက်ခြင်းဖြစ်တယ်။ သူဘယ်လောက်အောင်မြင်သလဲ။ ကျနော်သိတယ်။ ကျနော့်ကို ဒီတိုက်ပွဲထဲဝင်မပါဖို့ ရာဇသံပေး သွားတဲ့ အကိုဟာ နိုင်ငံရေးစိတ်ဝင်စားတာမဟုတ်ဘူး။ သို့သော် နစ်နေမန်းဆိုတာကိုတော့ သူသိတယ်။ ကိုနစ်နေမန်း ဘယ်လောက် အောင်မြင်လဲဆိုတော့ အဲလောက် အောင်မြင်တယ်။ သူ့ကို ကျနော်လေးစားပါတယ်။ ဒါပေမယ့် သူအောင်မြင်တာက တကိစ္စ၊ ကျနော်တို့ လုပ်နိုင်တာ လုပ်ဖို့ရှိတာ တကိစ္စဆိုတာ ရှင်းရှင်းလင်းလင်းနားလည်ဖို့လိုတယ်။

ကိုယ်တွေကျတော့ကော လုပ်စရာလိုတယ်လို့ မမြင်ဘူးလား။ သူကရှေ့ဆောင်နေတယ်။ ကိုယ်က တတ်နိုင်သမျှ လိုက်လုပ်ရမယ်။ ငေး ကြည့်ပြီး ဘေးကထိုင်ပြောနေလို့ကတော့ ခင်ဗျားတို့ ကိုနစ်နေမန်းကိုလည်း လေးစားရာ မကျဘူး။ ခိုင်းစားနေရာဘဲ ကျနေတယ်။ လေး စားတယ်ဆိုတဲ့သဘောနဲ့ ပုဂ္ဂိုလ်ဆိုတဲ့ သဘော ရောမထားဖို့လိုတယ်။ လေးစားရင် လိုက် လုပ်ပါ။ ဒါမှ အမှန်တကယ် လေးစားရာကျလိမ့် မယ်။ ကျနော်အခု ကျနော်တတ်နိုင်တဲ့အလုပ်ကို လုပ်နေတယ်။ ဒါရှေ့ကပုဂ္ဂိုလ်တွေကို လေးစားကြောင်း ပြပြီးသားလို့ ကျနော်ယုံကြည် တယ်။ သူတို့ ကိုလေးစားလို့၊ ယုံကြည်လို့ သူတို့လမ်းစဉ်ကို လိုက်နေတာလေ။

ကျနော်ဟာ ရည်ရွယ်ချက်နဲ့ ဒီတိုက်ပွဲထဲကို ၀င်ပါခဲ့တာပါ။ နှစ်ခုရှိပါတယ်။ တစ်ခုက မဟုတ်တာ လျှောက်ပြောနေတဲ့လူတွေကို စိန်ခေါ် နှိပ်ကွပ်ဖို့ ပါ။ ရှင်းရှင်းပြောရရင် အဲလိုလူတွေ နေစရာမရှိအောင်လုပ်ဖို့ပါ။ နောက်တစ်ခုက Blogger တွေ ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင် ကြတဲ့အခါ.. ကိုယ်ကလည်းတထောင့်တနေရာက တတ်နိုင်သလောက်ဝင်ပါဖို့ပါ။ ဒုတိယတခုမှာ ပြောစရာရှိပါတယ်။ မင်းကဘာကောင်မို့လဲလို့ပါ။ ဟုတ်ကဲ့ ...ဘာ ကောင်မှ မဟုတ်ပါဘူး။ တတ်နိုင်သလောက် ကြိုးစားပေးချင်တဲ့ စိတ်စေတနာလေးနဲ့ပါ။

ဒီလူတွေကို တိုက်ထုတ်ရာမှာ အကျိုးပြုပေးနိုင်မဲ့နေရာကို ကျနော်နဲ့ ယုံ ကြည်ချက် တူတဲ့လူတွေ စုပေါင်း လုပ်ဆောင်နေပါတယ်။ (သူ များတွေလုပ်တာပါတယ်။ ကျနော်ကစာရေးတာကလွဲရင် မလုပ်တတ်ပါ။)ပြီးတာနဲ့ ဇော်မျိုးတို့ သိကြားမင်းတို့ စတဲ့လူတွေ နာဖို့ ရှိပါတယ်။ ဒီမှာ ဒေါင်းကွင်းဆိုတာရှိတယ်။ အဲဒီမှာ ငြင်းခုန်ဆွေးနွးကြဖို့ အားလုံးကိုကျနော်တို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျနော်တို့ ဘက်က ခွပ်ဒေါင်း ပျိုတွေ အကုန်လုံးကို ပါဝင်ကူညီဖို့ မေတ္တာရပ်ခံချင်ပါတယ်။

အဲဒီနေရာလေးကနေ ကျနော်တို့ ညီအကိုမောင်နှမတွ ဆက်လက်တိုက်ပွဲဝင်သွားပြီးတစ်နေ့မှာ အောင်မြင်ကိုအောင်မြင်မယ်လို့ ယုံကြည် ထားပါတယ်။ အကူအညီ ပေးနေတဲ့ ညီအကိုမောင်နှမ အားလုံးကိုလည်း အထူးဘဲကျေးဇူးတင်ရှိပါတယ်။ အများကြီး ရှယ်ကိုတင်ထိုက် တယ်လေ။ သူတို့ချည်း လုပ်ကြတာ။ ကျနော်က စာရေးတယ်။ တောင်ပြော၊ မြောက်ပြော ပြောတယ်။ ဒါဘဲလုပ်တာ။ ကျန်တာမှ မလုပ် တတ်ဘဲ။:D တခြား တခြားသောညီနောင်တို့ကိုလည်း ၀ိုင်းကူညီပေးကြပါလို့ ဒီနေရာကဘဲ မေတ္တာရပ်ခံသွားပါရစေ။

ကျနော်တို့မှာ ခုလိုအပ်နေတာက ဦးဆောင်မှု လိုပါတယ်။ ညီညွတ်ဖို့ လိုပါတယ်။ တကယ် ဘာမှဖြစ်မလာရင် ဖြစ်အောင်လုပ်ဖို့အဖွဲ့တွေ လိုပါတယ်။ သူတို့လုပ်တာတောင် ဘာမှမဖြစ်တာ ငါတို့ လုပ်တော့ကော... အင်း.. ဆိုတဲ့စကားမတော့ မပြောစေချင်ဘူးဗျာ။ မြန်မာပြည် ထဲကလူတွေကို ရှက်ဖို့ ကောင်းပါတယ်။ နိုင်အောင် တိုက်ရလိမ့်မယ်။ ဒါကို လူတိုင်းသိပါတယ်။ မြောက်ကိုရီးယားလိုဖြစ်သွားရင် တိုက် နိုင်ဖို့ မလွယ်တော့ဘူး။ ခုအခွင့်ကောင်းမှာ ကျနော်တို့ တညီတညွတ်ထဲတိုက်သင့်တယ်။ တယောက်တပေါက် လုပ်နေမဲ့အစား တိတိကျ ကျ ရည်ရွယ်ချက်တွေနဲ့ လုပ်သင့်တယ်။ Blog တစ်ခုထဲလုပ်လို့ အရာရောက်တာတယ်ဆိုတာ စစ်အစိုးရက အယားတောင် ပြေမှာမဟုတ် ဘူး။ နဂိုထဲကအရှက်ရှိတာမှမဟုတ်တာ။ :( Blogger တွေညီညွတ်ရင် လုပ်နိုင်တဲ့ အတိုင်းအတာ အများကြီး ပိုကျယ်ပြန့်လာမယ်လို့ ကျနော်ယုံကြည်တယ်။

ဒုတိယတစ်ခုကို ပိုအလေးထားတဲ့ စိတ်ကျနော့် မှာရှိခဲ့ပါတယ်။ ပြန့်ကျဲပြီး တိုက်ခိုက်နေတာထက်စာရင် စုစည်းပြီးတိုက်ခိုက်တာ အများ ကြီး ပိုအကျိုးရှိမှာပါ။ ကျနော်တို့ တကယ်ညီညွတ်နိုင်ရင် စစ်အစိုးရ မီဒီယာတွေအပြင် အခြားနေရာတွေကိုပါ ဖိအားပေးနိုင်လိမ့်မယ်လို့ ကျနော်ယူဆပါတယ်။ ဒါကြောင့်လည်း ကြိုးပမ်းခဲ့တာပါ။ အားလုံးကို မေတ္တာရပ်ခံချင်တာကတော့ လက်လှမ်းမှီသလောက် အလျဉ်းသင့် သလို တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းကြပါ။ အခုလည်းတချို့သန်ရာသန်ရာ သီရိလင်္ကာရောက် မြန်မာရဟန်းတော်များ၊ နယ်ခြားမဲ့ မြန်မာ ဘလော်ဂါ စသည်ဖြင့် လုပ်ကြတာ ထိရောက်တာကို တွေ့နိုင်ပါတယ်။ ရည်ရွယ်ချက်ရှိရှိ ညီညီညာညာ စနစ်တကျတိုက်ပွဲ ၀င်ကြပါလို့ ကျနော် ဆန္ဒပြုလိုပါတယ်။ အဲလိုမှအဟုတ်ရင် ဒီလိုဘဲ အထင်အမြင်မှားပြီး ကိုယ့်အချင်းချင်း ချနေကြဦးမှာပါဘဲ။ သေသေချာချာ တွေ့ ဆုံဆွေးနွေးပြီး တခုခုကို ရည်ရွယ်ချက်နဲ့ လူအင်အား၊ စိတ်ဓာတ်အင်အားသုံးပြီး ၀ိုင်းတိုက်ကြဖို့ပါ။

ဒိထက်ကြာရင် ဒိထက် သွေးအေးသွားတော့မယ်။ အဝေးရောက်အစိုးရဆိုတဲ့ လူတွေကိုလည်း ကြည့်နေပါတယ် (ကျနော့်နဲ့သာ သက် ဆိုင်ပါသည်။) ဖိအားပေးရင်လည်း ၀ိုင်းပေးနိုင်မှအကျိုးရှိမှာပါ။ လုပ်သင့်တာတွေအများကြီးပါ။ တယောက်နဲ့ တယောက်မယုံလည်း မ ယုံတဲ့ အတိုင်းအတာထဲကဘဲ လုပ်ကြရလိမ့်မယ်။ ကျနော်နဲ့ လက်ရှိ အလုပ်လုပ်နေသူတွေဟာ ကျနော့်ငယ်ပေါင်းတွေမဟုတ်ဘူး။ ဒီ လောကထဲမှာမှ တွေ့ဘူးတဲ့လူတွေပါ။ အချို့ကလွဲရင် အမည်အရင်းတွေတောင် မသိကြပါဘူး။ မယုံတာကို အတင်းယုံဖို့ မတိုက်တွန်း ပါဘူး။ သို့သော် မယုံတဲ့ သံသယရိပ်ကြီးမိုးထားပြီး ဘာမှမလုပ်နိုင် ဖြစ်နေတာတော့ မဟုတ်သေးဘူးဗျ။

ဒီအတိုင်းဆက်သွားရင် လူမော်ရေးသလို နံပြားခွေးစားမဲ့ အဖြစ်နဲ့ ကြုံရတော့မယ်။ ကိုဇာဂနာပြောသလို ပရုတ်ဆီစည်းဝိုင်းထဲမှာ လှည့် ပတ်ကိုက်နေတဲ့ အခြေအနေက လွတ်မြောက်နိုင်အောင် သတ္တိဇွဲနဲ့ အနာခံ ဖောက်ထွက်ရလိမ့်မယ်။ စပိုင်ဆိုတဲ့ သတ္တ၀ါတွေကို အုပ်စု လိုက် ခုတ်ထွင်ရှင်းလင်းပစ်ရမယ်။ Internet ပေါ်က ဒီမိုကရေစီဟာ မြန်မာပြည်ကို လွတ်လပ်အောင် မစွမ်းဆောင်နိုင်ပါဘူး။ Internet ပေါ်က စည်းကမ်းတကျ စစ်ဆင်ရေးကသာ မြန်မာပြည်ကို ဒီမိုကရေစီ ဆောင်ကျဉ်းပေးနိုင်လိမ့်မယ်။

ညီအကို၊ မောင်နှမများအားလုံး သွေးရင်းသားရင်းစိတ်နဲ့ ညီညွတ်နိုင်ပါစေလို့ အထူးဆုတောင်းလျှက်ပါခင်ဗျာ။
လူငယ်မာန်နဲ့ လူငယ်တို့ရဲ့ဟန်ကို နားလည်မယ်လို့ ယုံကြည်မိပါတယ်။

လေးစားလျှက် ,
နေနတ်နွယ်

အပြည့်အစုံသို့ ..

Tuesday, December 18, 2007

မဟော်သဓာ၊ ကိုတာ နဲ့  လိုသလို ရွတ်ဆိုခြင်း

လာပြန်ပြီနောက်တစ်မျိုးလို့ပဲ ပြောလိုက်ချင်တော့တယ်။ ကျနော်ပဲ မျက်စိစွေနေသလား။ တမင်တကာ အလွဲတွေကြီး လုပ်နေသလား။ ဝိဇ္ဇာတွေ ထွက်ခါနီးလို့ အရူးစခန်းဝင်သလို ရူးချင်ဟန်ဆောင်နေသလား။ ခင်းဗျားတို့ပဲဝိုင်း စဉ်းစားကြပါဦး။ စီဗောက်မှာ အလံရှုးတွေ တရုန်းရုန်းနဲ့ ဘလော့ဂ်မှာ ရေးထားတဲ့ စာတွေဖတ်ပြီး ဝေခွဲမရတာလေးတွေပါ။

ပထမဆုံးက စာရေးဆရာကိုတာရေးတဲ့ ဖြန့်ထွက်တွေးခေါ်ခြင်း စာအုပ်ကြီးကိုင်ပြီး ခပ်တည်တည် ဘောင်ခတ်ပေးတဲ့ကိစ္စပါပဲ။ နအဖနဲ့ ဒီမိုကရေးစီ ဘက်တော်သားတွေဟာ တစ်ဖက်နဲ့တစ်ဖက် အပြုတ်တိုက်ရေး လုပ်နေတဲ့အတွက် အဲဒီဘောင်ထဲမှာ ပိတ်မိနေကြတယ် ဆိုတဲ့ အချက်နဲ့  စစ်မြှူလိုက်တယ်။ ဆက်ဖတ်မှ အပြုတ်တိုက်ရေးကနေ နှစ်ဘက်လုံး အမြင်ပြောင်းပြီး ဘယ်တော့မှ လမ်းမှန်ရောက်မှာမဟုတ်တဲ့ မြေပုံ စာရွက်စုတ်ကြီး ကိုင်ဖို့  တွေးခိုင်းမှန်းသိရတော့တယ်။ တကယ်တော့ ဒီမိုကရေစီလိုလားသူ အများစုက စစ်တပ်ကို အပြုတ်တိုက်ရေး လုပ်မနေတာ သေချာပါတယ်။ ကျနော်တို့ တကယ်တိုက်ထုတ်ချင်တာ စစ်တပ်တစ်ခုလုံးကို အမှောင်ထဲ ဆွဲခေါ်နေတဲ့ နအဖ ဗိုလ်ချုပ်ဆိုတဲ့ လူအနည်းစုပါ။ ကဲ ထားပါတော့၊ သူရေးထားသလို ဒီဘက်က အပြုတ်တိုက်ချင်တဲ့ ဘောင်ကို ကျော်ပြီး တွေးမယ်။ နအဖ ဘက်ကရော ဒီမိုကရေစီ ကို လမ်းပြမြေပုံ ပါမှ ရောက်မယ်ဆိုတဲ့ ဘောင်ကို ကျော်ပြီးတွေးဖို့ ရေးပါလား ကိုယ့်ဆရာရယ်။ လမ်းပြမြေပုံလည်း မပါပဲ ဖြန်တွက်တွေး ကြည့်ရအောင်လေဗျာ။

နောက်တစ်ချက်က တိုင်းပြည် ရှေ့ရေး ကောင်းဖို့ အတွက် Win-Win Solution ရှာဖို့ တိုက်တွန်း ထားပါတယ်။ ပညာရှင်တွေလိုတော့ အဲဒီဟာ ဘယ်တုန်းက ခေတ်စားလာတယ် ဘယ်နေရာတွေ သုံးတယ်ဆိုတာ ရွတ်မပြနိုင်ပေမဲ့ ကျနော်တို့ မြန်မာမှာ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ ဆိုတဲ့ စကားက အဲဒီ အခေါ်အဝေါ် မပေါ်ခင် တော်တော်စောစော ကတည်းက ရှိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းက နေရာတကာ သုံးမရတာသေချာပါတယ်။ ရည်းစားလုဘက်နှစ်ယောက် အဲဒီ နည်းသုံးမရဘူး။ ဘုရားနဲ့ မာရ်နတ် အဲဒါသုံးမရဘူး။ နအဖ သာ အဲဒီနည်း တကယ်သုံးချင်ရင် ဒီလောက်နှစ်တွေ အကြာကြီးဖြစ်လာမှာ မဟုတ်တာသေချာတယ်။ အာဏာရှင်နဲ့ ဒီမိုကရေစီကြားမှာ Win-Win Solution ကို ဘယ်တော့မှ အသက်သွင်းလို့ ရမှ မဟုတ်ဘူး။

နောက်ဆုံးတစ်ခု ကတော့ ထုံးစံအတိုင်း မဟော်သဓာ သားတရားစီရင်ခန်းကို လိုသလို စွဲသုံးပါရော။ မိခင်အရင်းက ကလေးနာမှာစိုးလို့ အလျှော့ပေးလိုက် တယ်။ မဟော်သဓာက မိခင်အစစ်နဲ့ ဘီလူးမကို ခွဲခြားပေးလိုက်နိုင်တယ်။ သူပြောချင်တာတော့ တပ်မတော်ဆိုတဲ့ ဘီလူးမကို ဒီမိုကရေစီ ဆိုတဲ့ မိခင်အရင်းက တိုင်းပြည်မနာအောင် လျှော့ပေးလိုက်ဆိုတဲ့ အဓိပ္ပါယ်လိုနားလည်ပါတယ်။ ဒါပေမဲ့ ပုံပြင်ထဲမှာ မဟော်သဓာသတို့သားက ဘီလူးမက ကလေးကို ဘာမှ မလုပ်ခင် မိခင်ရင်းလက်ထဲ ပြန်ထည့်ပေးခဲ့တာကိုးဗျ။ ဒီ နအဖ နဲ့ ပြည်သူကြား ဘယ်မလဲ မဟော်သဓာ။ နောက် ကပ်ဖဲ့ပြောရမယ်ဆို တပ်မတော်သာအမိ တပ်မတော်သာ အဖ လို့ အော်နေတဲ့လူတွေကပဲ မိခင် အရင်းနေရာနေပေါ့ဗျား။ မဟော်သဓာလည်း ရှိမှာမှ မဟုတ်တာ။ အတိုက်အခံတွေ လက်ထဲကိုပဲ ဘီလူးပြောပြော သဘက်ပြောပြော ပြောချင်တာပြောပြီး တိုင်းပြည် ကို အသာတကြည်ပေးလိုက်ပါလား။ တိုင်းပြည်မနာအောင်ပြောပါတယ်။ ဒါပေမဲ့ ပြည်သူသာအမိ၊ ပြည် သူသာအဖကို ဇောက်ထိုးလုပ်တဲ့ လူတွေက အာဏာလက်မဲ့ မနေရဲဘူး ဆိုတာသိပြီးသားပါ။

သူ့ဒီဆောင်းပါဖတ်ပြီးမှပဲ သူ့ရပ်တည်ချက်ကို သဘောပေါက်တော့တယ်။ သူဟာ လိုအပ်ရင် စစ်တပ် မကောင်းတာလည်း ရေးမယ်။ ဒီမိုကရေစီ ဘက်သားတွေ မကောင်းတာလည်း ရေးမယ်။ သူ့အပြောအတိုင်းဆိုရင်တော့ ဖြန့်ထွက်တွေးခေါ်မယ်ပေါ့လေ။ လမ်းပြမြေပုံကို မထိခိုက်သမျှ ဖြန့်ထွက်တွေးပြပါလိမ့်မယ်။ ဇာနည်၊ အေးလွင်လက်သစ်လား၊ မြက်ခင်းသစ် အွန်လိုင်းဗားရှင်းလား ဆိုတာတော့ ဆက်စောင့် ကြည့်လိုက်ဦးမယ်ဗျာ။ သူ့လေနဲ့ ဆိုရင်တော့ ဖြန့်ထွက်တွေးကြည့်မိတာလေး ဝေငှလိုက်တာပါပေါ့ဗျာ။

ဒြန္ကြီးဇိုး

အပြည့်အစုံသို့ ..