ကျနော် လတ်တလောမှာ မြင်နေရတာတွေကတော့ ကျနော်တို့စုပေါင်းလုပ်လိုက်တဲ့ Blog တခုကြောင့် ရန်သူတွေ ကြံရာမရဖြစ်ပြီး မဆီ မဆိုင် NLD ကို ဆော်နေတာပါ။ တကယ် စည်းလုံးမှုရဲ့ ရလဒ်ကို တွေ့မြင်ရတာတော့ ရန်သူဆိုတာ အနား မကပ်ရဲလောက်အောင် ဖြစ်လာတဲ့ အထိပါ။ ကိုလျှာရှည့် Blog နဲ့ ကိုမောင်ဒိုင်း Blog ကိုဘဲ အဓိကထားပြီး ၀င်နေကြပါတယ်။
တကယ် စိန်ခေါ်ထားတဲ့ နေရာကို မသီရဲတာကို တော်တော်ကို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ ဘုရင့်နောင်(ဘိုရူးဟောင်) ကတော့ သူမှမရှိရင် ကျနော်တို့ cbox စောင့်တွေ ပျင်းပြီး အိပ်ပျော်သွားမှာစိုးလို့ ချွင်းချက်နဲ့ လက်ခံ ထားပါတယ်။ သူ့ရဲ့ အရှက် မရှိပုံလေးတွေနဲ့၊ ၀ဲစားပုံလေးတွေ၊ ရုရှားမှ စစ်ဗိုလ်တဦးရဲ့ အဆင့်အတန်းလေးတွေကို အများသူငှာ လေ့လာနိုင်စေရန်အတွက် သီးသန့် ချွင်းချက် ပေး ထားတယ်ဆိုလည်း ရပါတယ်။ ဒါကိုပဲ သူ့ မှာ လူလူသူသူ ထင်ပြီး ကျနော်တို့ကို ဆဲရတာ၊ စကားနာထိုးရတာ အမော။ ကိုယ့်ကိစ္စနဲ့ ကိုယ် သူ့ကို ပေးဟောင်ထားတယ်ဆိုတာ မသိရှာဘူး။ အဲတော့ ကျနော်တို့ ဒေါင်းကွင်းလာ ပရိသတ်များ နားလည်ခွင့်လွှတ်ပေးဖို့ ပထမဦးစွာ တောင်းပန်ပါရစေ။
မလာရဲတဲ့ အကြောင်းအရင်းကတော့ နှစ်မျိုးရှိမယ်လို့ ထင်ပါတယ်။ ပထမ တစ်ချက်ကတော့ ၁၂ရာသီ အစောင့် ရှိနေလို့ ပါ။ ကျနော်တို့  တာဝန်ကျ အစောင့်တွေအပြင် အားပေးလိုသူ မျိုးချစ် ပုဂ္ဂိုလ်တို့ကလည်း အားတဲ့အချိန်တိုင်းမှာ လာစောင့်ပေးနေလို့ ဖြစ်မယ် ထင်ပါ တယ်။ ဒီတော့ လူလစ်မှ ၀င်ဟောင်ရဲတဲ့ ခွေးတွေဘ၀က အတော်ကို ဆိုးနေတဲ့ သဘောပါ။ လက်ရှိလည်း Blog လောကထဲမှာ စောင့် ကြည့်ခံရတဲ့ Blog ပေါင်းများစွာ ပေါ်ပေါက်လာခြင်းဟာ ကျနော်တို့ကို သူတို့ ပုံမှန်ဟောင်နည်းနဲ့ ဟောင်မရတော့ဘူးလို့ ဂွတို ကျော်ဆန်း က သတ်မှတ် လိုက်လို့ ဖြစ်ပါလိမ့်မယ်။ ဒါကျနော်တို့ BLogger ညီအကို မောင်နှမအားလုံးရဲ့ အောင်မြင်မှု ဖြစ်သလို ရှေ့ပိုင်းက အား ကြိုမာန်တက် ဟောင်ခဲ့သူအားလုံး တကယ် ခွေးဖြစ်တော့မယ်ဆိုတာကို ပြနေတာပါ။ လက်ရှိလည်း အသစ်အသစ်သော အမည်နာမတွေ ပြောင်းလို့ တိုက်ခိုက်လာ ကြပါတယ်။ သဘောကတော့ ရှေ့က Nick တွေက ခွေးတောင်မှ ခွေးဝဲစားဖြစ်ပြီး အစာ ငတ်သေလုနီးနီး ဆို တာကို ပြနေတာပါ။
ဒုတိယ တစ်ချက်ကတော့ ဒေါင်းကွင်းဟာ ချွင်းချက်နဲ့ လက်ခံထားတဲ့ ဖွတ်ပဒတ်၊ ဆိတ်ဘိုတို့ မှအပ ကျန်လူများကို ရောက်တတ် ရာရာ ပြောချင်းကို ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ ရိပ်မိတယ်ထင်ပါ့။ ဆရာကြီးတွေ အနားတောင် မကပ်ရဲတာကို သူရဲကောင်းဆန်စွာ တွေ့ရပါ တယ်။ ကျနော်တို့ဟာ သာမန်လူတွေပါ။ သူတို့ ဘာကို ကြောက်သလဲတော့မသိ။ ခုထိ ကျနော် မသိတာတွေကို ကျနော့် Blog မောင်နှမ တွေကို အမြုပ်ထွက်အောင် မေးရတုန်းပါ။ သူတို့ ကိုယ်တိုင်လည်း တချို့ကိစ္စတွေမှာ ထင်တယ်လို့ ဘဲပြောကြပါတယ်။ သဘောကတော့ သူတို့လည်း အကုန်မသိဘူးဆိုတဲ့ သဘောပါ။ ဟုတ်ကဲ့ လူတစ်ယောက်က ဘယ်လိုလုပ် အကုန် သိနိုင်ပါ့မလဲဗျာ။ ဒါပေမယ့် ကျနော်တို့ အကုန်လုံးသိတာ တစ်ခုတော့ တူညီစွာရှိ ကြတယ်။ လူတိုင်းလည်း သိကြတယ်။ အဲဒါ စစ်အစိုးရ မိုက်ရိုင်းတဲ့ အကြောင်း၊ လူမဆန်တဲ့ အကြောင်း၊ သာသနာဖျက်နေတဲ့ အကြောင်း။ ဒါကို သိကြားမင်းတောင် လာလျှောက်လဲချက် ပေးလို့မရပါဘူး။ ဒါကို လျှောက်လဲချက် ပေးချင်တဲ့ လူတွေကတော့ မျိုးမစစ်လို့ အပြောခံရဖို့ပဲ ရှိပါတယ်။ ဒါကိုလည်း ကောင်းကောင်း သဘောပေါက်သွားပြီထင်တယ်။ မပြော ကြတော့ဘူး။
အဲဒီတော့ အကြံကုန် ဂဠုန် ဆားချက်လုပ်ပြီး NLD ကို မဲလာပါတယ်။ မဲသာမဲ၊ မောင်နေနတ်နွယ်က ပြောချင်ပါသေးတယ်။ ဒို့တွေက ဒီမို မဟုတ်ပါဘူးဆို ဘယ်နှစ်ခါ ပြောရမှန်းကိုမသိဘူး။ မှတ်ကိုမထားဘူး။ ခင်ဗျားတို့ ဟာခင်ဗျားတို့ ပြောချင်ရာ ပြောနေ။ ကျနော်တို့ကအေး ဆေး။ ထပ်ပြောဦးမယ်။ ဒို့တွေမှာ ပုဂ္ဂိုလ်ရေး အလွန်အကျွံ ကိုးကွယ်မှုမရှိဘူး။ ဒို့တွေ ကိုးကွယ်တာ ရတနာသုံးပါး (ဘုရား၊ တရား၊ သံ ဃာ၊ နားမလည်မှာစိုးလို့) ပဲရှိတယ်။ တစ်ပါတီ အာဏာရဖို့ ဒီတိုက်ပွဲကို ဆင်နွဲနေတယ် ထင်တာ ခွေးပစ်လို့ ၀က်မစားတဲ့ အတွေး အခေါ် ပဲ။ တိုင်းပြည်အတွက် တိုက်နေတာကွဲ့။ ပုဂ္ဂိုလ်ရေး တစ်ဦး တစ်ယောက်အတွက် မဟုတ်ဘူး။ တက်လာမယ့် ပါတီအာဏာရလို့ ဒီလို လုပ်လည်း ငါတို့က တိုက်နေဦးမှာပဲ။ ငါတို့ဟာ ပြည်သူတွေထဲက ပြည်သူတွေကို စာနာတဲ့ နိုင်ငံရေးသမားမဟုတ်တဲ့ လူတွေကွ။ စစ်အ စိုးရ ပြုတ်ဖို့က အဓိကပဲ။ ဒီအချိန်မှာ NLD ကိုလည်း ဝေဖန်စရာ မလိုသေးဘူး။ ဘုံရန်သူက ဒို့ရှေ့မှာ ထင်းထင်းကြီး ရှိနေတယ်။ ဒို့ ဘုံရန် သူကို အရင်တိုက်ရလိမ့်မယ်။
ဒါလောက်မှ မတွေးတတ်တာ နအဖ ဘက်တော်သားကလွဲရင် မရှိဘူးထင်တယ်။ နအဖ ဘက်တော်သား မဟုတ်ဘူးဆိုလည်း ညအိပ်ရာ ၀င်တိုင်း နဖူးပေါ်လက်တင်ပြီး စဉ်းစားဦး။ ခုခွေးခြေကုပ်ရပြီး သေနတ်နဲ့ မိုးနေတဲ့ စစ်အစိုးရကို အရင်ရှင်းရလိမ့်မယ်။ ခွေးသား တွေက လွဲပြီး ဘယ်သူမှ မလိုချင်တဲ့ စစ်အစိုးကို အပြီး အရင်တိုက်ပါ။ ပြီးမှ NLD ကိုတိုက်ပါလို့ ပြောလိုက်ချင်ရဲ့ နအဖ ဘက်သားမဟုတ်ဘူး ပြောသူတို့ရေ။
လေးစားလျှက်
နေနတ်နွယ်
PS: ဒီလောက် လျှောက်လဲချက် ပေးမရတဲ့ ကိစ္စကြီးတွေကို လိုက်လုပ်နေတဲ့လူတွေ နားလည်သွားပြီလို့ ကျနော်ယူဆပါတယ်။ အမှန် တွေဖြစ်တယ်လို့ လက်ခံလို့လည်း ဆက်မတိုက် ကြတော့တာပေါ့လေ။ နားလည်တယ်ဆိုလည်း ခွေးဇာတ် မခင်းသင့်တော့ပါဘူး။ ခင်ဗျား တို့တွေ ထမင်းရည် တပုလင်း ၈၀ ပေးသောက်နေရတဲ့ လူတွေကို သနားတတ်သင့်ပါပြီ။ တနပ်စား ကြံမဲ့အစား ခင်ဗျားတို့သာ တကယ် တိုင်းပြည်အတွက် အားထုတ်မယ်ဆိုရင် ကျုပ်တို့ ချွေးတွေနဲ့ ရထားတဲ့ ပိုက်ဆံထဲက ခင်ဗျားတို့ကို ကျုပ်တို့ ပေးနိုင်ပါတယ်။ တယောက် $1 ပေးမယ်ဆိုတောင် ခင်ဗျားတို့ သန်းကြွယ်သူဌေး ဖြစ်နိုင်ပါတယ်။ နှစ်ပြား တပဲနဲ့တော့ တိုင်းပြည်ကို ချောက်ထဲကျအောင် တွန်းချနေ တာ မသင့်လျှော်ပါဘူး။
တိုင်းပြည်အတွက် တကယ် အလုပ်လုပ်ရင် ခင်ဗျားတို့ အောက်ကျနောက်ကျခံပြီး တောင်းစရာတောင် မလိုပါဘူး။ ပြည်သူတွေ မေတ္တာနဲ့ ပေးတဲ့ လက်ဆောင်နဲ့တင် ခင်ဗျားတို့ ချမ်းသာနိုင်ပါတယ်။ တကယ်ဆို ကျုပ်တို့တွေဟာ ကိုယ့်ထမင်း ကိုယ်စားပြီး တိုင်းပြည်အတွက် မ ခံနိုင်လွန်းလို့ အလုပ် လုပ်နေကြရသူတွေပါ။ Blog ပေါ်ရေးလို့လည်း ဘယ်သူမှ ဘာမှမပေးပါဘူး။ ပြည်တွင်းက လူတွေဆို ကျုပ်တို့ ကို တောင် သိပါ့မလား။ ခင်ဗျားတို့ BLog တွေကတော့ ပြည်တွင်းမှာ ပွင့်နေကြတယ်။ လူလည်းသိတယ်။ ခင်ဗျားတို့ လုပ်နိုင်တယ်။ လုပ်ကြ ပါလို့ တိုက်တွန်းပါရစေ။
စဉ်းစား ကြည့်စမ်းပါ။ ကျနော်တို့က လူမသိသူမသိ ပျောက်သွားကြမှာပါ။ အကျိုးဆိုတာတော့ မပြောနဲ့တော့။ ကိုယ့်ထမင်း ကိုယ်စားပြီး ပြဿနာတွေကို ရင်ဆိုင်ပြီး လုပ်နေကြရတယ်။ ခင်ဗျားတို့ကတော့ ပြည်သူကို ကယ်တင်ဖို့ စွမ်းအားရှိပါလျှက် အကျိုးရလဒ်ကောင်းတွေ ရနိုင်ပါလျှက်နဲ့ ဘာမဟုတ်တဲ့ ကြောင်စာလောက် အစာကို မက်မနေပါနဲ့တော့။ ဘာမှ ဖြစ်မလာဘူး ဆိုရင်တောင် လုပ်ဖို့ကောင်းတဲ့ ကိစ္စ မဟုတ်လား။ နအဖပြုတ်လို့ ဘာမှကောင်းကျိုး မရနိုင်ဘူးထင်တဲ့ လူတွေအတွက်ပါ။ ပြည်သူက မေတ္တာနဲ့ ချီးကျုးဂုဏ်ပြုတာနဲ့ စားလို့ ရနိုင်တာကို ပြည်ဖျက်ပြီး ထမင်း မစားချင်ပါနဲ့လို့ တိုက်တွန်းပါရစေ။

5 comments:
ဒီမိုကရေစီ လိုချင်ပါတယ် ဆိုတဲ့ကောင်တွေ ယုတ်မာ ချက်ကတော့ ကမ်းကုန်တယ်ဘုရင့်နောင် ဆိုတဲ့ နံမည်ကို ကိုယ့်ဘာသာယူပြီး ကိုယ့်ဘာသာဆဲ ၊ ပြီးတော့ ရုရက ရိုးရိုးတန်းလာပြောတဲ့ စစ်ဗိုလ် ကပဲ ဆဲသလို လုပ်ကြံရေးနေနတ်နွယ် ဆိုတဲ့ ပုဂ္ဂိုလ်ရေ ဘုရင့်နောင် ဆိုတဲ့ အမည်ကို ခင်ဗျား(သို့) ခင်ဗျား လူတွေထဲက ကျုပ် မရှိတုန်း ယူသုံးပြီးဆဲ ၊ ပြီးတော့ ကျုပ်ကပဲ ဆဲသလိုလို နဲ့ လုပ်ကြံပြီးရေးခင်ဗျား အကြံ ဒါအကုန်ပဲလား၊ စိတ်ဓါတ် အောက်တန်းကျလှချညိလားဗျာ။ခင်ဗျားတို့သာ အော့ပို့စစ်အိုင်း၊ ရဲထွန်း၊သာကီနွယ် တို့ ဘလော့တွေထဲမှာ နံမည် အမျိုးမျိုးနဲ့ မိုးမွှန်နေအောင်ဆဲနေတာ လူတိုင်း အသိပါ၊ ရုရှကလူတွေ က ခင်ဗျားတို့လို အတင်းပြောပြီး လိုက်ဆဲ နေတဲ့ အခြောက်တွေ မဟုတ်ပါဘူးနော်
ဟေ့ anonymous, မင်းက ဘုရင့်နောင်ဆိုတဲ့ ခွေးလေ ခွေးလွင့် ရေးတာ မဟုတ်ဘူးလို့ ငြင်းရအောင် မင်းကိုယ်တိုင်က ဘုရင်နောင်ဆိုတဲ့ ခွေးလေ ခွေးလွင့်လား။ မင်းတို့ကောင်တွေက ခပ်တည်တည်နဲ့ ဟုတ်တယ်၊ မဟုတ်ဘူး ငြင်းရအောင် ဘာမှ သက်သေရှိတာ မဟုတ်ဘူး။
ဘုရင်နောင်ကို ပြောလိုက် သူ id ယူထားတဲ့ အကောင့်အစစ်နဲ့ comment မှာ လာရေးလို့ ပြောလိုက်။ ဘယ်သူမှ သူများအကောင်နဲ့ ရေးလို့ မရဘူး။ (ကိုယ် အသုံးမကျလို့ email ကို heck ခံလိုက်ရရင်လည်း ခံပေါ့ကွာ။)
နောက် တစ်နည်းက မင်းတို့ သူများနာမည် အလွဲသုံး၊ မသုံး သေချာချင်ရင် password ပါတဲ့ cbox တွေမှာ သွားရေးကြ။ နာမည်တွေကို တစ်ခါပဲ ယူလို့ရတဲ့ cbox မှာ သွားရေး။ ကိုထိုက်တို့၊ ကိုနစ်တို့၊ ကိုမိုးသီးတို့ ဆီဗောက်တွေမှာ သွားရေး။
မင်းတို့တွေ ရေးချင်ရင် ကိုထိုက်ကို အဲဒီနာမည်တွေ control လုပ်ပေးဖို့ ငါ request သွားလုပ်ထားပေးမယ်။ သူက မဆဲဖို့တော့ မေတ္တာရပ်ခံလိမ့်မယ်။ ဒါပေမယ့် ဆဲလဲ သူက ဘယ်သူကိုမှ ဘမ်းတာ မတွေ့ဖူးသေးဘူး။ ဘယ်လိုလဲ ဘုရင်နောင် comment မှာရေးမလား၊ cbox မှာ ရေးမလား။
ကိုxyz တို့ သဘောတူပါသလား။
ပုရစ်ကောင် အမှန်လားဟေ့။ ကြိုက်တဲ့ အချိန်လာရှင်းလို့ ရတယ်။
၁။ ပုရစ်နုံက မနက်က လာမဆဲဘူးဆိုရင် ပုရစ်နုံ အိုင်ဒီက ဒီမှာလာဆဲသွားတာ ဘယ်လို သိတာလဲ?
၂။ ဘာကြောင့် ကိုနေနတ်နွယ်ကို တပ်အပ်သေချာ ကြီး မဟုတ်တန်းတယား စွပ်စွဲ နိုင်တာလဲ?
၃။ ပုရစ်နုံ မျက်စိနဲ့ ဆဲနေတာကို မြင်လျက် သိရက်နဲ့ ဘာကြောင့် နှုတ်ဆိတ်နေတာလဲ ?
၎။ ဆိတ်ဘိုချင်းတူရင်တောင် သတ္တိမရှိတယ့် ပုရစ်နုံက အိုင်ပီအမျိုးမျိုးလှည့်သုံး ပြီးဝင်နေတယ့်အတွက် အစစ်လား အတုလားဆိုတာ ဘယ်လိုမှ ခွဲလို့မရနိုင်ပါ။ ဒါကတော့ ဘယ်သူမပြု မိမိမှုပါ။ အစကတည်းက ပုရစ်နုံဖက်က ရိုးသားမယ် တည်ကြည်မယ်ဆိုရင် ခုလိုဖြစ်လာစရာမရှိပါဘူး။
ကျိုးကြောင်းဆီလျော်တယ့် ချဉ်းကပ်မှုလေးနဲ့ လာပါ ပုရစ်နုံ ဒီမှာ လူတွေပဲရှိတယ် နွားမရှိဘူး။
နွားတွေ့ချင်ရင်တော့ ကြပ်ပြေးသွား နွားကမှ စောက်ထုံနွားတွေရှိတယ်။
ကိုမင်းသန့်ပြောတယ့် အတိုင်းပါပဲ ပုရစ်နုံ သတ္တိရှိရင် အိုင်ဒီတစ်ခုသတ်သတ်မှတ်မှတ်ဝင်လို့ရတယ့်နေရာကို သွားပေါ့။ ခုလို သောက်ချိုးမပြေတယ့် ပုံစံနဲ့ဆိုရင်တော့ ဘယ်သွားသွားအပြောလွတ်မယ်တော့မထင်ပါဘူး။
ဟေးး----နင်တို့တပ်မတော်သားတွေ
နင်တို့တွေရော---ဘာတွေလုပ်နေကြလဲ----ဘယ်သူအတွက်လဲ----------
ဘယ်သူအတွက်လဲ----------
ဘယ်သူအတွက်လဲ----------
နင်တို့ကအတင်းမပြောဘူးပေါ့--ဒါဆိုဒီမှာဘာလာအော်နေတာလဲ
နင်တို့ေ၇ာနိုင်ငံထဲကလူတွေ--လူစဉ်မီနေနိုင်အောင်--နိုင်ငံအတွက်ဘာလုပ်နိုင်ကြပီလဲ--
ငါလူလိုမေးတာ---နင်လူမှန်ရင်လူလိုဖြေဟေ့-----
မှန်မှန်လဲဖြေနော်----ပြီးတော့--လူယုတ်မာအစိုး၇ပြုတ်ကျအောင်--ငါတို့ဘာတွေလုပ်သင့်သလဲဟ------
နင့်မှာအကြံကောင်းတွေရှိပုံရတယ်---ပြောပြသင်ပေးသွားပါဦးဟာ---
ဟုတ်ပါတယ်--ငါတို့ကနင်ပြောသလိုညံ့ပါတယ်----ကဲ
ဘေးကဘုပြောနေမယ့်အစား---တို့နိုင်ငံအတွက်---တို့တွေကိုသင်ပေးစမ်းပါဟာ----တို့ကလူစိတ်ရှိတဲ့ကျေးဇူးရှင်တွေဆို---ထိုင်ကန်တော့မှာဟ--
မခိုင် - ငါမေးတာဆက်ဆက်ဖြေပါဟာ--
ငါစောင့်နေမှာနော်
Post a Comment