ခေတ်ကြီးကိုက…..
သိက္ခာတွေ ဇီးရိုးနဲ့
မိစ္ဆာတွေကြီးစိုးတဲ့ခေတ်။
ကမ္ဘာမှာ ဘိတ်ဆုံးနဲ့
အရာရာ ဆိတ်သုဉ်းတဲ့ခေတ်။
ပြက်လုံးတွေကို
အရှက်မဲ့ဆိုပြပြီး
သေနတ်နဲ့ ဗိုလ်ကျတဲ့ခေတ်။
ခွပ်ဒေါင်းတွေပြေးတဲ့လမ်းမှာ
သွေးတွေ စေးထန်းနေတဲ့ခေတ်။
သမင်မွေးရင်း ကျားစားရင်းနဲ့
ကြယ်တွေ မျိုးတုံးတဲ့ခေတ်။
ကိုယ့်တအိမ်လုံးမီးလောင်နေတာတောင်
မမြင်ချင်ယောင်ဆောင်ထားရတဲ့ခေတ်။
အသည်းငယ်တဲ့ လိပ်ကလေးလို
ကိုယ့် အတ္တအခွံလေးထဲမှာ
ခေါင်းလေးတဲ့ အသာဝှက်ထားရတဲ့ခေတ်။
ငါတို့အားလုံး
စားဝတ်နေရေးဆိုတဲ့ မြစ်ထဲမှာ
ရေနစ်နေရတဲ့ခေတ်။
ကောင်းကင်ကို
Thursday, December 27, 2007
ခေတ်
Posted by
Paradise of Fighting Peacocks
@
Thursday, December 27, 2007
Labels: ကဗျာထဲကတော်လှန်ရေး
Subscribe to:
Post Comments (Atom)













7 comments:
အလေးပြုပါ၏ ။ ကောင်းကင်ကို။
ဇွဲသမားတွေ
ပဲကုလားပဲစား၇တဲ့ခေတ်
အဖားအယားတွေ
`ခါး ´ကားတဲ့ ခေတ် (ခါးကားလာတယ်ဆိုသည်
် မှာ ၀ လာသည်ကို ဆိုလိုသည်)
ငွေပေး၇င်
နှမတောင်ပေးမယ်ဆိုတဲ့ခေတ်
သံဃာကို
ပြန်ကာ၇ဲတဲ့ ခေတ်
ဥပဒေကို
သေ၇ပင်လို (ကြက်ပေါင်ကွင်း)
လျော့တင်းလို့ ၇တဲ့ခေတ်
အစိုး၇က
သူခိုးဓါးပြဖြစ်တဲ့ခေတ်
ဒီခေတ်ကြီးလူဖြစ်၇
တို့ ဘ၀မှာ
ဆိုးရွားလှချည်လား...။
အလေးပြုပါ၏ ။ ကောင်းကင်ကို။
Ko Kaung Kin Ko,
I like this poem. It direct hit my heart. keep going man ....
ရေတက်ငါးစင်ရိုင်းရဲရဲတောက်ကြီးများကျန်းခန်.သာလို.မာပါလေစ
၂၀၀၇ ခုနှစ်ကြီးလဲကုန်တော.မယ်ခည။ဒီတနှစ်အတွင်းဆင်ဘယ်နှကောင်လောက်ဖမ်းပြီးပီလဲခည.ဇလီဖားတုံး
ဘယ်နှတုံးလောက်သွားကြားထိုးခဲ.ပီလဲဆိုတာနှစ်ချုပ်ရှင်းတန်းလေးလုပ်သုံးသပ်ပီးမစားရ၀ခမန်းလေးတွေအင်တာဗျူးလေးတွေအနှစ်ချုပ်လေးတွေလုပ်ကြပါဦးခည။
ကြောင်ချေးတို.ကတော.၂၀၀၈ ခုနှစ်မြန်မာနိုင်ငံလုံးဆိုင်ရ်ာလမ်းဘေးဈေးသယ်များသမဂကိုအောင်အောင်မြင်မြင်နဲ.ဖွဲ.စည်းလိုက်ပါပီခညတော်လှန်ရေးကိုအားဖြည်.ပေးမယ်ခည။လမ်းစဉ်မူဝါဒအနေနဲ.လဲရှေးလွန်လေပီးသောအခါကရဲရဲတောက်ကြီးများရဲနည်းနာနိသ၁ယတွေအတိုင်းပဲ..
၁။အခါကြီးနေ.ကြီးများတွငမစားရ၀ခမန်းလေကြီးမိုးကြီးကြေညာချက်များထုတ်ပြန်ခြင်း
၂။သံရုံးသံဆိုင်များအားလက်ရှိပြည်တွင်းအခြေအနေများအားရှင်းလင်းပြောပြခြင်း
၃။အသုဘအိမ်များအလှူအတန်းများကျင်းပပြုလုပ်ရာနေရာတိုင်းတွင်အကောက်ကောက်ခြင်းဖဲဒိုင်ကိုင်ခြင်းအလှူရှင်
ငြိုငြင်ပီးမောင်းထုတ်သည်.အခြေအနေသို.ရောက်ရန်ကြိုးစားအားထုတ်ခြင်း
၎။ဈေးကျောင်းကားဂိတ်ဆိုက်ကားဂိတ်ဇရပ်.စသည်.လူစည်ကားရာနေရာများတွင်ဟုတ်သော်ရှိမဟုတ်သော်ရှိ
လူထုရေ.မှရဲရဲ့တောက်တိုက်ပွဲဝင်မည်ဟုပြောဆိုစည်ရုံးခြင်း.လိုအပ်ပါကလူထုဧ။်ရှေ.မှအသေခံမည်ဟုပြောဆို
စည်းရုံးခြင်း
၅။သတင်းဌာနများနှင်.အင်တာဗျူးခြင်း ဆင်ဖမ်းပီကျားဖမ်းပီဟုဝါဒဖြန်.ခြင်းလိုအပ်ပါကအင်တာဗျူးနေစဉ်အတွင်းနှာသံတ၀က်ရှိုက်သံတ၀က်ဖြင်.မျက်ရည်ခံထိုးပြခြင်း
စသည်.ဘိုးတော်ဘေးတော်ဦးရီးတော်ဒွေးတော်နောင်တော်အဖွဲ.အစည်းများတစိုက်မတ်မတ်ကျင်.သုံးခဲ.သော
ဆုတ်ပိးရင်းဆုတ် ပြေးပီးရင်းပြေး ကွဲပီးရင်းကွဲ အော်ပိးရင်းအော် တောင်းပိးရင်းတောင်း ၀ါဒများကိုဆံချည်တမျှင်မှအလွဲမခံပဲဆက်လက်ရ်ျဆက်ခံကျင်းသုံးသွားမည်ဟုဆုံးဖြတ်ခဲ.ကြပါသည်။
အရေးတော်ပုံ မနက်ဖန်(သို.)ဘယ်သောအခါ.....သာဓု သာဓု သာဓုပါခင်ဗျာ။။။
ကြောင်ချေး
ဌာနပေါင်းစုံတာဝန်ခံ
မြန်မာနိုင်ငံလုံးဆိုင်ရာလမ်းဘေးဈေးသယ်များသမဂ ၂၀၀၈
မြန်မာနိုင်ငံ။
ခွေးချေးဆိုတယ့် အမိယုတ်သား
နအဖအပင်းဆို့တာပဲ စားမနေနဲ့ လူတွေကိုလဲ နဲနဲကြည့်။ မင်းပထွေးတွေ အလိုကျ သိပ်လုပ်ပြမနေနဲ့။ အချိန်တန်ရင် မြောင်းထဲရောက်မယ့် ၀ဲစား ကိုယ့်အမေကိုယ်သနားဦး။ မွေးထားတာလူ တိရစ္တာန်ဇတ်ခင်းမနေနဲ့။ လူဆိုတာ မှားတာ မှန်တာ သိရတယ်။ တကမ္ဘာလုံးက စောက်ထုံ ဘွဲ့ပေးထားတယ့်လူတွေကို ဘုရားထူးမနေနဲ့။ စာမတတ်ပေမတတ် မြန်မာစာကိုအရင် မှန်အောင်ပေါင်း။ မင်းပထွေးတွေ တရုတ်ကုလားရုရှား အောက်ဆွဲဖြစ်နေတာ လူတိုင်းသိတယ်။ အသံကောင်းဟစ်မနေနဲ့။ ပြောရင်းနဲ့ပဲ ၂၀၀ရ စက်တင်ဘာလှုပ်ရှားမှုကြီးကြောင့် ကုလသမဂ္ဂမှာ နအဖ မိစ္ဆာတွေ မျက်နှာ ဆီးရွက်လောက်နဲ့ အောက်ဆွဲနေရတယ်မဟုတ်လား။ အေးနောက်ထပ်လာ ဦးမယ်။ မင်းပထွေးတွေကတော့ ပြေးဖို့လမ်းရှာနေတယ်။ အောက်ဆွဲတွေပဲ ဘာလုပ်မလဲဆိုတာ စဉ်းစားထားကြ ။ သမိုင်းစဉ်တစ်လျှောက် လူထုကို ဒုက္ခပေးတယ့် နအဖလို စစ်အာဏာရှင်တွေဟာ ပြုတ်ကျခဲ့တာချည်းပဲ။ သမိုင်းဆိုတာ မ အ အောင်သင်ရတယ့် ဒေါက်တာသန်းထွန်းပြောတာကို မှတ်ထား။ သိပ် မ အ နဲ့။
Ur poem truly depicts the current situation in Burma well.
-Thway Ni-
(Burmese Bloggers w/o Borders)
Post a Comment