Showing posts with label မီဒီယာ. Show all posts
Showing posts with label မီဒီယာ. Show all posts

Sunday, February 10, 2008

ဒေါင်းတို့ပြောသော မီဒီယာပုံပြင်များ (၃) - ညပ်ခိုင်


ဝဖိုင့်ဖိုင့် အဆီပြန်သောမျက်နှာနှင့် ဆံပင်ကို ဆီမပြတ်လိမ်းထားတတ်သည်။ မည်းသော မျက်နှာတွင် အချိုင့် အခွက်တွေနှင့်။ လက် ကောက်ဝတ်မှာ ဆင်ထားသော ရွှေဟမ်းချိန်းကြီး၊ ရွှေလက်စွပ် ပြူးတူးပြဲတဲကြီးနှင့် အုန်းဆံကြိုး ရွှေဆွဲကြိုးကြီး တပြောင်ပြောင်နှင့်။ ရွှေ ဟမ်းချိန်းကြီးကို မြင်သာအောင် အင်္ကျီလက်ရှည်ကို အမြဲခေါက်ဝတ်၏။ ရွှေဆွဲကြိုးကို မြင်အောင် ရင်ဘတ်ကြယ်သီးကို အမြဲဖြုတ်ထား သည်။ ခြုံကြည့်လိုက်ပါ။ အပြင်မှာ မြင်သူရော၊ ယခု စာဖတ်သူကပါ ကားပွဲစားလား၊ ကန်ထရိုက်လားဟု ထင်ကြပေမည်။




မဟုတ်ပြီ။ အနှီ အဆီပြန် ပွဲစားရုပ်နှင့် ချီးထုပ်ဟု သမုတ်ခြင်းခံရသူကား ကျွန်ုပ်တို့၏ ဇာတ်လိုက်ရှော်ကြီး “မြတ်ခိုင်”တည်း။ သို့သော် လည်းတဲ့ ပေါ့လေ၊ ညပ်ခိုင် ဆိုလို့ ဂျကားအပီဘူး..အဲလေ စကားမပီဘူး မထင်ကြပါနဲ့။ အချောင် ကြားညပ်ထဲကနေ နေရာယူသွားပြီး စားပေါက် ခိုင်သွားသောကြောင့် “ညပ်ခိုင်”ဟု အမည်သညာပေးလိုက်သည်။

သြော်..ညပ်ခိုင်..ညပ်ခိုင်။ ဒင်းသည်ကား တကယ်တွင် ခေသူကား မဟုတ်ပေ။ “ငဖွကြီး”ဟုသော အမည်တစ်လုံးဖြင့် မြန်မာ Yellow စာ နယ်ဇင်းလောကတွင် နေသူတည်း။ (Yellow စာနယ်ဇင်းဆိုသည်မှာ ဆယ်လစ်ဗရစ်တီများ၏ အညှီအဟောက်သတင်းများ၊ နာမည်ကြီး ဖြစ်ချင်သူ မိန်းကလေးတို့ ဖင်ကော့ ရင်ကော့နှင့် ဓာတ်ပုံအရိုက်ခံ ဖော်ပြရာ ဂျာနယ်၊ မဂ္ဂဇင်းများ ဟူလို။ ဤကား မြန်မာပြည် Context)

ရဲလိုး စာနယ်ဇင်း ပညာကိုလည်း အထင်မသေးနှင့်။ မရှင်းမရှင်း ဖြစ်နေသော မင်းသားနှင့် မင်းသမီးကို “သီးခြား” အင်တာဗျူးပြီး “တစ် မျက်နှာတည်း”တွင် ပူးတွဲဖော်ပြခြင်း၊ “ချော်လဲသော” မင်းသမီးကို “မီးယပ်ဆရာဝန်ကြီးက” အထူးကြပ်မတ် ကူးသပေးခြင်းကဲ့သို့သော အဓိပ္ပာယ် နှစ်ခွထွက်သည့် ခေါင်စဉ်တပ်တတ်ရခြင်း၊ မိန်းမဘ၀မှ ယောင်္ကျားဘ၀သို့ ပြောင်းသွားသူ အကြောင်းအား “လက်ကုန်နှိုက်၍” တင်ပြလိုက်ခြင်း စသောယုတ်မာသည့် အဓိပ္ပာယ်ထွက်အောင် ဖွတတ်ရခြင်း၊ စသည်စသည်ဖြင့် ပြောကုန်နိုင်ဖွယ် အတတ်ဆန်းတို့ ဗြန်း ဗြန်းကွဲအောင်ပါသတည်း။

ညပ်ခိုင်သည် အကယ်စင်စစ် န.အ.ဖ ကို ဆန့်ကျင်လိုသူတည်း။ ခင်ညွှန့်လက်ထက်တွင် မထိတထိ သတင်းဖော်ပြသဖြင့် ဘိုမှူးအေး ထွန်း (စာပေဖက်ဆစ်မှူးဟောင်း) ရုံးတွင် ကန်တော့ပွဲနှင့် တောင်းပန်ရခြင်း စသည်တို့လည်း ရှိဖူးသတတ်။ စစ်အုပ်စုကိုလည်း မျက်မုန်း ကျိုးပေ၏။ သို့သော် ယခုမူကား ဘယ်သို့ဘယ်ပုံ ဆိတ်လစိ ဟိုဒီပြေးကပ်သလို အလွယ် ဘက်ပြောင်းလေသနည်း။ ရှင်းအံ့။ ခင်ညွှန့်လက် ထက်တွင် ညပ်ခိုင်သည် ထုတ်ဝေခွင့်ထပ်မကျ။ သတင်းဂျာနယ် မဂ္ဂဇင်း ရွှေခေတ်တွင် ညပ်ခိုင်သည် သူ၏ ဖေတော့မောင်တော့ ဂျာနယ် အစား သူရိုသေ ရှင်ရိုသေ လုပ်ချင်၏။ ထိုသို့သောအခိုက် ခင်ညွှန့်အပြုတ်၊ စာပေဖက်စစ်ရုံးသည် ပြည်ထဲရေးမှ ပြန်ကြားရေးလက် အောက် အရောက်၊ အိညှက် အိညှက် ဂျပုကျော်ဆန်းလေနဲ့ အမိ၊ သူ့ကိုယ်သူ ဂျာနယ်လစ်ထင်နေသော စာပေဖက်ဆစ်မှူးသစ် ဇာတ်မင်း သားလိုလို ဘာလိုလိုအကောင် မရဲတရဲတင့်ဆွေနှင့် အတွေ့မှာ broke back journalist ဖြစ်ရှာလေသတည်း။ (broke back ဆိုတာ မသိ ရင် လက်တို့ပြီး မေးကြ။ ကျုပ်တည်တည့် ဘာသာပြန်ထည့်လိုက်ရရင်တော့ F င်ရိုး F င်ခံလို့ပဲ။)

စာနယ်ဇင်းသမားတို့ကို အမြဲစိန်ခေါ်နေသော ပြဿနာဖြစ်သည့် “စစ်အုပ်စုနှင့် ပေါင်းပြီး ဘုရားထူးကာ အခွင့်ထူးခံမည်လော”၊ “ဖာသိဖာ သာနှင့် မကပ်မဖားဘဲ မှန်တာကိုလုပ်၍ အဖိအနှိပ်ခံနေမည်လော” ဟုသော Option နှစ်ခုတွင် သူ့ဆရာ အထောက်တော်လှအောင်ကဲ့သို့ ပင် များစွာအူမ မတောင့်နိုင်သော ညပ်ခိုင်သည် သီလမစောင့်နိုင်ဘဲ စစ်အုပ်စုကို ဘုရားထူးကာ ဖင်ပေးပေါင်းရသည့်ဘ၀ကို ရွေးခဲ့လေ သတည်း။

အဖွ၊အပွတွင် မြတ်ခိုင်လောက် တော်သည့်ကောင်ကား မရှိပြီ။ သတ်သတ်လွတ်စားသော မြတ်ခိုင်သည် အညှီအဟောက်သတင်းကို အနံ့ ခံရာတွင် ခွေးထက်ကောင်း၏။ အရက်မသောက်သော မြတ်ခိုင်သည် မော်ဒယ်လ် လက်သစ်မလေးများ၏ ကိုယ်ရနံ့နှင့် မူးမူးနေ၏။ လူ တွင်ကျယ်လုပ်တတ်သော ညပ်ခိုင်သည် ဒုက္ခိတအဖြစ် တွန်းလှည်းနှင့် နေနေရသည့် မယားကို သေအောင် ကြောက်ရ၏။ “သေလျှင် ပြီး ပြီ”ဟု စာတမ်းချိတ်ထားသော ညပ်ခိုင်သည် ဘာအလုပ်မဆို ဒုက္ခိတ မိန်းမကြီးပြီးမှ ပြီး၏။ ထိုမိန်းမမှာ မြတ်ခိုင်၏ နောက်မိန်းမဖြစ်သည်။ ဟိုခေတ် နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်၏ မိန်းမဖြစ်သည်။ သူနဲ့ လိုက်ပြေးပြီးခါမှ ကားအက်ဆီးဒင့်ကြောင့် ခြေထောက် တစ်ချောင်း ဟိုသင်းပြုလိုက်ရပြီး ဒုက္ခတဖြစ်သွား၏။

ညပ်ခိုင်တွင် ဖအေ့ခြေရာနင်းမည့် သားတစ်ကောင်ရှိ၏။ ဇေယျာမြတ်ခိုင် တွင်သတည်း။ ဘာကောင်မှ မဟုတ်ခင်ကပင် (အခုလည်း ဘာ ကောင်မှ မဟုတ်သေးပါ။) တာမွေဗလီထိပ်က ဟော်တယ်၌ ဖာသည်မတွေခေါ်လာ၊ ပြဿနာတက်ပြီး မြတ်ခိုင်သားကွဆိုပြီး လူပါးဝခဲ့ သည့်ကောင်။ (ဒါပေမယ့် ဟော်တယ် မန်နေဂျာက မြတ်ခိုင်ဆိုတာ ဘာကောင်မှန်းမသိပါ။) ခုလည်း မိန်းမကို ဟိုတစ်ယောက်၊ ဒီတစ် ယောက် ယူသည့်ကောင်။ ၀က်သားဒုတ်ထိုးတွေ နင်းကန်စားပြီး ၀က်ပုံပေါက်နေသည့်ကောင်။ သောက်ချိုးကတော့ မပြေချေ။ သူတို့သား အဖနှစ်ယောက်တူသည့် အချက်ကား ပွဲဟေ့ဆိုလျှင် ကင်မရာကြီးတကားကားနှင့် လူလုံးပြတတ်ခြင်း၊ ပရိတ်သတ်၏ အမှတ်မထင်သော အပြုအမူများကို ဓာတ်ပုံခိုးရိုက်ခြင်းနှင့် ဖွန်ကြောင်ခြင်းတို့ ဖြစ်လေသည်။ (အတည်မပြုရသေးသော သတင်းအရ မြတ်ခိုင်တို့သားအဖ သည် မိန်းမတစ်ယောက်တည်းကို မယားလုပ်မိရက်သား ဖြစ်နေသည်ဟု ဆို၏။)

ညပ်ခိုင်အကြောင်း ပြောမယ်ဆိုရင် ကိုစောဝေနှင့်ကိစ္စကို ထည့်မပြောလျှင် ဒီစာအဆုံးသတ်၍ ရမည်မဟုတ်။ ကိုစောဝေသည် ထိုကဗျာ ကို ပုံနှိပ်ထုတ်ဝေရန် ရေးသည်မဟုတ်။ ရေးထားတာကိုလည်း မြတ်ခိုင်ကို ပေးတာမဟုတ်။ မြတ်ခိုင်က အမှတ်တရဆိုပြီး အတင်းတောင်း ထားလိုက်ခြင်းသာ ဖြစ်သည်။ ပြီးတော့ မြတ်ခိုင်သည် မထိတထိ သူ့စောက်ကျင့်အတိုင်း နားလှည့်ပါးရိုက် လုပ်လိုက်ရာမှ အလည်လွန် တဲ့ဘီး ချီးသင့်သွားခြင်းဖြစ်သည်။ PoFP ကို သူလုပ်တဲ့ ဂျာနယ်တွေ ယူလာခဲ့စမ်းပါ။ ဘယ်နေရာမှာ ဘာကြောင့် ဘယ်လိုလုပ်သလဲဆို တာကို ရှင်းပြလိုက်ချင်စမ်းသည်။ ပြောရလျှင် ညပ်ခိုင်သည် Ethics လုံးဝမရှိ။ စောင့်စည်းမှုဆိုတာ လုံးဝမရှိ။ ဖွဖို့ဆိုလျှင် ဘာဖြစ်ဖြစ် လုပ်မည့်သူ။ ခုလည်း သူလုပ်ပြီး ကိုစောဝေက ဓားစာခံဖြစ်သွားသည်။ ခုလည်း “အချစ်” ရပ်ထားရလို့ နောက်တစ်စောင် ထပ်ထုတ်မည် တဲ့။ စာပေဖက်ဆစ်လောကမှာ ဒီလို လွယ်လွယ် လုပ်၍ ရရိုးထုံးစံ မရှိ။ မြတ်ခိုင် ဘောမဖြစ်နေ၍သာ ရသည်ဆိုတာတော့ ပြောနေစရာမ လို။ ဘာဖြစ်ဖြစ် ညပ်ခိုင်သမိုင်းကား အမည်းစက်စွန်းရုံမက သမိုင်းတစ်ခုလုံး ကတ္တရာအိုးထဲ ကျလေပြီ။ ချဉ်ဖတ်ကြီးလုံးလုံးဖြစ်လေပြီ။ စာပေသမားတွေက ကျဉ်သွားပြီ၊ ချဉ်သွားပြီ။ နင်သွားပြီ။

ကြည့်နေ၊ ဘယ်နေ့မှာ စာသမားတွေ ချောင်းရိုက်တာ ခံရမလဲဆိုတာ။ စာသမား၊ ကဗျာသမားဆိုတာ ကလောင်နဲ့ထိုးမရရင် မူးမူးနဲ့ ချောင်းရိုက်မယ့်လူတွေ။ မြတ်ခိုင် လူတောတိုးရဲနေသေးရင် ကြိုက်သလိုပြော။ အဆီပြန်တဲ့ မျက်နှာကြီးကတော့ န.အ.ဖနဲ့ ပေါင်းကတည်း က သောက်ရှက်ရှိတော့မှာ မဟုတ်ဆိုတာတော့ အားလုံးသိပြီး ဖြစ်ကြပေလိမ့်မည်။

ယောဆရာနှင့် PoFP

အပြည့်အစုံသို့ ..

Sunday, January 13, 2008

ဒေါင်းတို့ပြောသော မီဒီယာပုံပြင်များ (၂) - မရဲတရဲတင့်ဆွေ

ပေါင်ဒါ ရိုက်ထားသလို ဖြူဖတ်ဖြူယော် ဖောသွပ်သွပ် မျက်နှာ၊ မို့မောက်သော မျက်ခွံနှင့် တိုက်ပုံအဖြူ ၀တ်လေ့ရှိသော အနှီဘဲကြီးသည် စင်တော်ကောက် မင်းသားဘ၀ မရောက်ခဲ့ရဘဲ အရွယ်ထောက်၍ ဖအေခန်း ၀င်ရိုက်နေရသော သရုပ်ဆောင်နှင့် ဆင်၏။ စည်းစိမ်ရစ် သဖြင့် အစ်နေသော မျက်ခွံမှာ စကားပြောနေရင်း အိပ်တော့မလား ထင်ရ၏။ အတန်းကျယ်သော အခန်းတွင်းရှိ သူ၏ စားပွဲခုံနောက်တွင် စစ်ဝတ်စုံနှင့် စစ်ဦးထုပ် ချိတ်ထား၏။ ကိုယ်ပေါ်မှာကား အရေခြုံရန် အလို့ငှာ တိုက်ပုံအင်္ကျီဝတ်ထားလေရာ ဖောသွပ်သွပ် မသာကို ပိတ် ဖြူအုပ်သည့်အလား ကျက်သရေ ကင်းနေတော့သည်။ ထိုထက် ကျက်သရေ ယုတ်သည်ကား ခုံတလုံးဖြင့် အခန်းရှေ့မှာထိုင်ပြီး ခွေးတစ်ကောင်၏ အလုပ်ဖြစ်သော ဟောင်ခြင်း၊ ဟောက်ခြင်းကို လုပ်နေသည့် အပေါက်စောင့် လူခွေးတည်း။



မရဲတရဲတင့်ဆွေ


ဖောသွပ်သွပ် မသာပုံလူကား စာပေ ကင်ပေတိုင်မှူး၊ နောင်ဘ၀တွင် အကန်း၊ အပင်းဖြစ်မည့် တင့်ဆွေတည်း။ ၄င်းသည် နွဲ့တဲ့တဲ့ရှိလှ၍ ယခင်က စစ်ပညာ ဂျာနယ်တွင် တာဝန်ပေးခြင်း ခံရ၏။ သိတော်မူကြသည့်အတိုင်း လုပ်ပိုင်ခွင့်ရှိလျှင် ခွေးခြစ်သည့် ကုတ်ရာကိုပင် ပို့စ် မော်ဒန်လုပ်ပြီး စင်တင်ချင်သည့် အကျင့် ဆိတ်ဘိုတို့မှာ ရှိလေ၍ မောင်တင့်ဆွေကလေးလည်း ရဲရင့်တင့်ဆွေ အမည်ခံကာ စာရေး သတတ်။

သို့သော် စာပေလောကသားတို့က မရဲတရဲတင့်ဆွေဟု အမည် ပြောင်းပေးကြလေသည်။ ကြောက်တတ်တာ တုန်နေ၍ဖြစ်သည်။ အပေါ် က သူ့ထက် ဘောတစ်လကြီးတွေကို ကြောက်ရတာ ဖြစ်သည်။ စစ်ကျောင်းမှာ သုံးနှစ်လောက် ဦးနှောက် ခြစ်ထုတ်ခံထားရသည့် ဆိတ် ဘို ပေါက်စတွေသည်ပင် ချီးဘရိန်း ဖြစ်နေလျှင်၊ မရဲတရဲတင့်ဆွေကဲ့သို့သော ဆိတ်ဘို အရည်ကျွတ် အရိုးရင့်တို့မှာ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။ ချီးထက်ချီးဘရိန်းသာတည်း။

စကားပြောလျှင်.. `ကိုယ်တို့ ဂျာနယ်လစ်တွေက…ကိုယ်တို့ ဂျာနယ်လစ်တွေက…´ စာနယ်ဇင်း လူရာဝင်ချင်ရှာသည်ကိုး။ သန်းထွဋ္ဋ် အောင်၏ အလဲဗင်း မီဒီယာအုပ်စုက ထုတ်သော အင်တာနေရှင်နယ် အလဲဗင်းတွင် နောက်ကျော အတွင်းဖုံးမှာ ကြည့်ကြ။ မရဲတရဲ တင့်ဆွေ ရေးသော အရည်မရ အဖတ်မရ တရုတ်ဘောမျှော် ပေါ်လစီတွေကို နိုင်ငံရေး သုံးသပ်ချက်ဟု အမည်တပ်ကာ ရေးသည်ကို (၇) ရက်သားသမီး စိတ်မချမ်းသာဖွယ်ရာ တွေ့ရလတ္တံ။

`စာပေ ကင်ဖက်ဆစ်.. အဲလေ..စာပေ စိစစ်ရေးသာ မရှိရင် မင်းတို့တွေ ပရမ်းပတာတွေ ဖြစ်ကုန်မယ်။ စာပေစိစစ်ရေးက စာနယ်ဇင်း လောကကို ထိန်းကွပ်ပေးနေတာ..´ စသဖြင့်လည်း နွေခေါင်ခေါင် မိုးကြိုးပစ်မည့် ၀ါးလုံးထဲ လသာသော ပေါက်ကရ စကားများကိုလည်း ၄င်း၏ ကမ္ဘာအခန်းငယ်ထဲမှ ရွာကျယ်လုပ်ကာ ပြောတတ်သေး၏။ (၄င်းတို့၏ ထင်တလုံးကို ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် မျက်မှောက် ချွတ်သော်လည်း မကျွတ်တန်ရာ။ သံဝေဂယူကြကုန်။)

သူကိုယ်သူ ရဲရင့်တင့်ဆွေဟု မှည့်ကတည်းက သတ္တိမရှိတာကို ရဲဆေးထည့်တာ ထင်ရှားသည်။ ထစ်ကနဲဆို ဂွတိုကျော်ဆန်းထံ ပြေးပြီး လျှင် `အဘ.. ဒီကောင်တွေကို ထုတ်ဝေခွင့် ပိတ်လိုက်ရမလား၊ ဒီကောင်တွေကို ဖမ်းလိုက်ရမလား´ဆိုပြီး မြှားဦး ကိုယ့်ဘက်မလှည့် အောင် မိန်မလိုမိန်းမရ လုပ်တတ်၏။ သူပဲ Pass ပေးပြီး ဂျာနယ်ထွက်လာ၍ ပြဿနာတက်လျှင် သူကအရင်လွတ်အောင်ရုန်း၏။ ဂွတို ခြေသလုံးကို ပြေးဖက်၏။ သြော် ခက်ပါဘိ မောင်တင့်ဆွေကလေးနှင့် သူ၏လက်ထောက် စာပေစိစစ်ရေးမှူး ကောင်မကြီးအပေါင်းတို့ ရယ်။ (မိန်းမတွေချည်းပဲမို့ ဗဟုကိန်းဖြင့် `ကောင်မကြီးအပေါင်း´ဟု ဆိုလိုက်သည်။)



ဒေါ်ခင်မျိုးမြင့်၊ ဌာနစု ၅ စာပေဖက်ဆစ်မှူး

စာပေစိစစ်ရေးမှာ လက်ထောက် စာပေစိစစ်ရေးမှူး အဖြစ် လင်တရူးအပျိုကြီး၊ နကန်း တလုံးမသိဘဲ မှော်ဘီဆရာသိန်းကို မှော်ဘီလိုက် ခေါ်ခိုင်းတတ်သည့် မိန်းမတွေသာ ခန့်ထား၏။ ယောင်္ကျား လူတော်တွေဆို သူတို့ပြောသမျှ လိုက်လုပ်မှာ မဟုတ်ဘူးလေ။ ယင်းတို့က ဆ ရာတော် ဘုရားကြီးများ၊ ပါမောက္ခ ဆရာကြီးများ၊ ဒိတ်ဒိတ်ကြဲ ပညာရှင်များ၏ စာများကို သုတ်သင် (ပါဠိသက်ဖြင့် ပြောရလျှင် `သုဓ်သင်´) တည်းဖြတ်ကြလေကုန်၏။ သြော်… ကြားလို့မှ မတော် စင်ပေါ် ခွေးတက်သလိုပါပဲ။



ဒေါ်ကြည်ကြည်၊ ဌာနစု ၃ စာပေဖက်ဆစ်မှူး

တင့်ဆွေအရင် အေးထွန်းတော့ သွားရှာပြီ။ မသဒ္ဓါရေစာတွေ နင်းကန်မြိုဆို့ပြီး ခုချိန်များကျတော့ ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်ဝံ့ဖြစ် နေပြီ။ စာနယ်ဇင်းသမားတွေ ပို့သသော မေတ္တာနှင့်ပင် ကလနာတိုက်ဖို့ လုံလောက်ပေ၏။



ယခင် စာပေဖက်ဆစ်သမား အေးထွန်းသည် ငါတကောသမား။ ယခုတင့်ဆွေက ကြောင်ချေး။ လူပုံက ပျော့ပျော့နှင့်။ သွားမစမ်းနှင့်။ မောင်အေးထွန်းကို အာခံသည့် မြတ်ခိုင်ပင် သူနဲ့တွေ့မှ ပျော့သွားသည်။ ဘယ်လို ဆွယ်လိုက်သည်မသိ။ ဂျာနယ်လစ်ကလည်းဖြစ်ချင်။ မိန်းမလို မိန်းမရကလည်းနိုင်။ ရှုံ့ချည် နပ်ချည်ကလည်းတတ်။ စစ်ချီး ဘရိန်းကနေလည်း မရုန်းနိုင်။ ထိုင်ခုံ လှုပ်ရင်လည်း ကြောက်။ ဤကား သဘောက်မသား မရဲတရဲတင့်ဆွေကို ဇာတ်လုပ်လှန်၍ ပြဆိုရာ အခန်းတည်း။

ယောဆရာ
ဓာတ်ပုံ-မိုးမခ၊ မဇ္ဈိမ

အပြည့်အစုံသို့ ..

Tuesday, December 18, 2007

ဒေါင်းတို့ပြောသော မီဒီယာပုံပြင်များ (၁)

တနေ့သ၌ ကိုကို(စက်မှု)ဆိုသော တရုတ်သွေးစပ် စာနယ်ဇင်းသမား တယောက်သည် ရှိသတတ်။ ကိုကို(စက်မှု)သည် မင်းတပြားကြီးသန်းရွှေ၏ ပြည်တော်ဝယ် အလွန်သတင်းမွှေးသော ခုနှစ်ရက်ဒေး ဂျာနယ်ကြီးကို ဦးစီးတည်းဖြတ်ကာနေလေ၏။ အကျယ်မချဲ့ပြီ။ လိုရင်းကို အောက်ဆိုက်ကားဖြင့် သွားကြစို့။
တရံရောအခါ ပြည်သူတို့၏ နားမျက်စိသဖွယ်ဖြစ်သော ယင်းနံပတ်ဝမ်းဂျာနယ်ကြီးသည် မမြဲပြန်သဖြင့် ကွဲရန် အကြောင်းဖန်လာလေ၏။ ယင်းသို့ရောအခါ၌ မာဂျေအမည်ရှိ ဗိုလ်ပြုတ်သည်၎င်း၊ သောင်းစုငြိမ်းအမည်ရှိ စီးပွားရေးသမားသည်၎င်း၊ ကိုကို(စက်မှု)သည်၎င်း အကျယ်အကျယ်မပါလိုတော့သဖြင့် ရှယ်ယာခွဲကြရလေသတည်း။


ဤနေရာ၌ မာဂျေ၏ ဂျာနယ်တိုက်တည်ထောင်ခြင်းကို၎င်း၊ သောင်းစုငြိမ်း၏ မီဒီယာထောင်ခြင်းကို၎င်း ချန်လှပ်ခဲ့အံ့။ (နောင်တွင်သတိပေးတော်မူကြပါက အကျယ်ရေးပါမည်။)

ကိုကို(စက်မှု)သည် ရှယ်များခွဲရခြင်း၊ လူတော်ဂျာနယ်လစ်သွေးသစ်များကို ဆုံးရှုံးရခြင်း စသည့် အလီလီသောဒုက္ခတို့ကို ဖြတ်သန်းခဲ့သတတ်။ ဤသို့ဖြင့် ရန်ကုန်မီဒီယာဟု လူသိများသော မီဒီယာကို ဆိပ်ကမ်းသာလမ်းရှိ အတန်ပင်မြင့်သော တိုက်ခုနှစ်ထပ်မြောက်ဝယ် ဖလားဝါးသတင်း၊ ရန်ဂုန်အချိန် စသော ဂျာနယ်တို့ဖြင့် ရန်ဂုန်မီဒီယာဂလုကိုတည်ထောင် လုပ်ကိုင်လျှက်ရှိရာမှ ပြန်ကျားရေးဝန် ကြောင်တောင်ဆန်း၏ အရိပ်မှ မလွတ်ကင်းသဖြင့် ကရွတ်ကင်းလျှောက်ရသည့် သဘောက်ဂျာနယ်လစ် စာရင်းဝင်ကာ ကိုကို(ဖျက်မှု)ဟု တွင်သတတ်။ ကြောင်တောင်ဆန်းနှင့် သတင်းစာရှင်းလင်းပွဲတွင်၊ တင်ထွန်းဦး၊ မြတ်ခိုင်၊ ဇန်ဇန်တို့နှင့် အတူ အတိုင်အဖောက်လုပ်ခြင်းအားဖြင့် သွင်းကုန်ပါမစ်တချို့လည်း ရသတတ်၊ ဂျာနယ်ကိုလည်း လည်ပတ်ဖို့ အသက်ရှုချောင်လာသတတ်။


ဆေးနှင့် အင်ဂျင်နီယာဝင်မှ တော်သည်ဟု အထင်မှားရောဂါရောရှိသော မြန်မာပြည်၌ ကိုကို(ဖျက်မှု) သည် လူတော်စာရင်း ၀င်လေသည်။ သို့သော် အရည်အချင်းရှိပြီး မန်းနီးမရှိလျှင် လူရာမ၀င်ပြန်သောမြန်မာပြည်၌ ကိုကို(ဖျက်မှု) လိုလူမျိုးသည် ရပ်တည်ရန်ခက်ပြန်လေသည်။ ဤသို့ သောင်းစုငြိမ်းနှင့်ကွဲ၊ မာဂျေနှင့် ခဏပေါင်းပြီး တဖန်ပြဲလေသော ကိုကိုသည် မည်သို့လျှင် စက်မှုမှ ဖျက်မှုသို့ မရွေ့လျောဘဲ နေနိုင်အံ့နည်း။ ကြောင်တောင်ဆန်း၏ ကလူ၏သို့ မြှူ၏သို့ကို အူမ မတောင့်ဘဲ မည်သူသီလစောင့်၍ တင်းခံနိုင်ရာသနည်း။ အပျက်ပျက်နှင့် သင်းကွဲဖြစ်နေသော ကိုကို(ဖျက်မှု) ကိုကား အပျိုဖြန်းကလေးကဲ့သို့ ပို၍ သိမ်းသွင်းလွယ်သတတ်။

ဤနေရာ၌ ကိုကို(ဖျက်မှု)၏ တစ်ခုသောအငြင်းပွယ် သတင်းကျင့်ဝတ်ကိစ္စကို ချန်ခဲ့မည်။ သူများရေးတာကို ကြောင်တောင်နှိုက်ဖူးသော ကိစ္စဖြစ်ပြီး အတန်အတွင်းကျသဖြင့် အခြားသော ကာယကံရှင်တို့ကို ငဲ့ရကား မပြောပြီ။ ဟိုဟာဒီဟာတွေကို အပိုအဆာမပြောဘဲ ကိုကို(ဖျက်မှု)ဘာလုပ်သလဲဆိုတာ စာပုဒ်တွေ အသာနှုတ်ကာ ကြည့်အပ်၏။

ယနေ့Information Age ဟု တင်စားခေါ်ဝေါ်ရသည့် သတင်းခေတ်ကြီးတွင် သတင်းအချက်အလက်များသည် အဟုန်ပြင်းစွာဖြင့် ပြည်သူလူထုအကြား တိုးဝင်လျက်ရှိနေရာ ယင်းသတင်းအချက်အလက်များ မှန်ကန်စွာဖြင့် ပြည်သူအကြား တင်ပြနိုင်ရေးသည်လည်း ကောင်း၊ ပြင်ပ၌ထွက်ပေါ်နေသော မဟုတ်မမှန်ကောလာဟလသတင်းများကို ပြန်လှန်ချေဖျက်နိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံတော်၏လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပြင် နိုင်ငံတော်၏မူဝါဒများကို ပြည်သူအကြား မှန်ကန်စွာရှင်း လင်းတင်ပြနိုင်ရေးအတွက်သည်လည်းကောင်း သတင်းစာရှင်းလင်းပွဲများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး ယခုသတင်းစာ ရှင်းလင်းပွဲများသည် ယခင်ဆယ်စုနှစ်များထက် ပိုမိုပွင့်လင်းမှုများရှိလာခဲ့ပြီးနောက် ပြည်သူကို ယနေ့မြန်မာနိုင်ငံတော်တွင် ဖြစ်ပေါ်နေသော အနေအထားများကို ပကတိတင်ပြလာနိုင်ခဲ့သည်။ ထို့ကြောင့် ပြည်သူလူထုကို ယခုထက်ပို၍ သတင်းအချက်အလက်များ ပေးနိုင်ရန် သတင်းစာရှင်းလင်းပွဲများကို အမြဲတမ်းပြုလုပ်နေရန်လိုအပ်ကြောင်း မြန်မာနိုင်ငံရှိ သတင်းသမားများက သုံးသပ် ပြောကြားလိုက်သည်။
(သတင်းခေတ်ကြီးတွင် ရှေ့တန်းသို့ ပိုမိုရောက်လာသော သတင်းစာရှင်းလင်းပွဲများ) မှ


နေပြည်တော်၊ အမျိုးသားညီလာခံက ချမှတ်ညှိနှိုင်းပြီးဖြစ်သော အခြေခံမူများအား ပြန်လည်ပြင်ဆင်ညှိနှိုင်းရန် လုံးဝမဖြစ်နိုင်ကြောင်းနှင့် ချမှတ်ပြီးသော အခြေခံမူများအတိုင်းသာ အဆင့်(၃) ဖြစ်သောဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ်ကြီးအား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သတင်းထုတ်ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးချုပ်ကျော် ဆန်းက ပြောကြားလိုက်သည်။
(အခြေခံမူများအား ပြန်လည်ပြင်ဆင်ညှိနှိုင်းမည်မဟုတ်ဘဲ ချမှတ်ပြီးသည့် အတိုင်းသာဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲသွားမည်) မှ

ဖိုးသောကြာ(ခေတ်+မိုး) ဆိုသော ရှမ်းစပ် သတင်းစာဘိုးအေဆရာကြီးလည်း ကိုကို(ဖျက်မှု)ထံတွင် ပုံမှန်ရေးသတတ်။ ခေတ်မည်သည်ကား ဗမာ့ခေတ်သတင်းစာ၊ မိုးမည်သည်ကား မိုးကြိုးသတင်းစာ၊ ထို နှစ်ခုသော သတင်းစာကြီး၌ အတီတေကာလက လုပ်ခဲ့ဖူးရကား ခေတ် ပလပ် (+) မိုး မည်၏။ နေ၀င်းလက်ထက်၌လည်း ထောင်ကျဖူးသတတ်။ သို့သော်ငြားလည်း ၂၀၀၀ ကျော်နှစ်ဝန်းကျင် ဂျာနယ်တွေခေတ်ကောင်းချိန်တွင် စာပြန်ရေးရာမှ မည်သို့ဓာတ်ကူးသည်မသိ၊ နွားအဖွဲ့(န.အ.ဖ)ကို မြှောက်လုံးပင့်လုံးလေးများနေ ပွဲထွက်လာသတတ်။ ထို့ကြောင့် ကျွန်ုပ်တို့ ဖိုက်တင်းဒေါင်း၏ ပုံပြင်ဇာတ်လမ်းတွဲတွင် ဖိုးသောက်ကြာ ဟု ခေါ်မှ ကောင်းမည်။
အနှီဘိုးတော်ကြီး ဘာလိုဖားလုံးထွင်သနည်း၊ ကြည့်ကြစို့။

နိုင်ငံတော်အစိုးရရဲ့ ကြေညာချက် ၁/၂၀၀၇နဲ့ ၂/၂၀၀၇ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဒီကနေ့သတင်းမီဒီယာတွေမှာ လူထုက သိချင်တာတွေကို သတင်းပညာနဲ့ သတင်းဖော်ပြပေးနေရာမှာ (ဖိုးသောကြာကိုလည်း သတင်းစာဆရာ တစ်ဦးအနေနဲ့ ရန်ကုန်တိုင်းမ်ဂျာနယ်က အင်တာဗျူးလုပ်ခဲ့ပြီး ဖော်ပြပေးခဲ့တော့ နိုင်ငံနဲ့လူထုအကျိုးစီးပွားကိုသာ သတင်းစာဆရာအနေနဲ့ ဦးတည်ဖြေကြားခဲ့ပါတယ်) ဖိုးသောကြာ မြင်သိဖတ်မိတာတွေ ကြားနေရတဲ့ သတင်းနဲ့ဆောင်းပါး တွေထဲက "ချွန်တွန်း" "အတို့အထောင်"သဘောတွေကိုတော့ ရိုးစင်းတဲ့လူထုက သိဖို့၊ မြင်တတ်ဖို့လိုပါတယ်။ သိမှလည်း ရှောင်တတ်ပြီး အမှန်ကို အမှန်အတိုင်း သိနိုင်ကြမှာပါ။
(ချွန်တွန်းမီဒီယာမဖြစ်အောင်အတို့အထောင်လက်ရှောင်) မှ


ရန်ဂုန်မီဒီယာကို ကြံ့ဖွတ်/စွမ်းရှင် ဘဘာဂေါ်တွေက လင့်ခ်ကြသလို၊ ဖိုးသောက်ကြာ၏ ဖားလုံးကလေးများ တချွင်ချွင်မြည်သော ဆောင်းပါးကိုလည်း ရဲတွန့် စသူတို့က ၀မ်းသာအားရ ဖော်ပြကြသတတ်။ အနှီဖိုးသောက်ကြာကား အသက်ကြီးပြီ။ ဘယ့်နှာကြောင့် သေခါနီးမှာ ဂုဏ်ပြုခံချင်ပါလိမ့်။ အတိတ်ကို လှန်သော် နေ၀င်းလက်ထက် ထောင်ချခံရစဉ် ထောင်ထဲတွင် မစင်ရေများဖြင့် လောင်း၍ စိုက်သော ဟင်းသီးဟင်းရွက်များကို ရေမဆေးဘဲ ဖိုးသောက်ကြာကို စာခိုင်းခဲ့ဖူး၏။ ထို့ကြောင့် န.အ.ဖ ဗိုင်းရပ် စွဲကပ်ခဲ့ပြီး မဖားရ မနေနိုင်သော ရောဂါသည် ဤအသက်အရွယ်၌ ထလာသတည်းဟု မကြည်သာဖွယ်သော မီဒီယာအကြောင်း ပထမပိုင်းကို ဖော်ကောင်လုပ်သည့် ဒေါင်းတို့၏ ပုံပြင်ပြီးဆုံးသတည်း။

အပြည့်အစုံသို့ ..

Saturday, December 15, 2007

မြန်မာစာနယ်ဇင်းလောကနှင့် စာပေဖက်ဆစ်ရုံး

မြန်မာစာနယ်ဇင်းလောကသည် န.အ.ဖ၏ စနစ်တကျ ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှု၊ စာဖတ်ပရိတ်သတ်၏ Demand အခြေအနေ (ရုပ်ပိုင်း၊ စိတ်ပိုင်း) တို့ကြောင့် ငါးသလောက်ပေါင်းစားမလား၊ မစားဘူးလား (သို့) `ပေါင်းစားမလား´၊`ခွာပြီးအသတ်ခံမလား´ဆိုသည့်အခြေအ နေကို ရောက်နေပေပြီ။


ရှင်းပြပါမည်။ န.အ.ဖ၏ စနစ်တကျဖိနှိပ်မှုဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှု (Mental Torture) ဆန်ပါသည်။ စာသမားတွေက စိတ် နှင့် အလုပ်လုပ်ရသည်။ စိတ်ကိုညှဉ်းပန်းချက်ကား အလွန်ဆိုးသည်။


ပင်ပင်ပန်းပန်း ရေးထားသော ဆောင်းပါးကို ဆင်ဆာဖြတ်သည်ဆိုပြီး ပိတ်လျှင် မောတာ အဖတ်တင်သည်။ ရေးပြီးသား စာအုပ်လိုက်ကို ပိတ်လျှင်မူ စာရေးဆရာ၊ ဂျာနယ်လစ်အဖို့ ချိသွားဖို့သာရှိသည်။ နကန်းတလုံး မသိဘဲ သူတို့သာ ဆင်ဆာမလုပ်ပေးလျှင် မြန်မာစာနယ် ဇင်းလောကကြီး ပရမ်းပတာ ဖြစ်တော့မည်ဟု အထင်ရောက်နေသော စစ်ဘိုစာပေစိစစ်ရေးမှူးနှင့် အောက်က အရပ်သား လက်ထောက် စာပေစိစစ်ရေးမှူးတွေက လာတွေ့ပါဟု ရာဇသံနှင့်ခေါ်လျှင် မသွားအပ်သော ပစ္စန္တရစ်အရပ်ကို သွားရသည်နှင့်တူသည်။ အလုပ်များချင် ဟန်ဆောင်နေသော စာပေဖက်ဆစ်မှူးနှင့် အဖားလွန်နေသော အခန်းရှေ့က အစောင့်၏ ငါသိငါတတ် နားကလောစရာစကားကို ကြား နာရသည်မှာ ၀ဋ္ဋ်ကြွေးဟုဆိုသော်ရ၏။

မြန်မာစာရေးဆရာ၊ ဂျာနယ်လစ်တွေသည် မရင့်ကျက်သေး၊ မှားနိုင်သည်၊ ထို့ကြောင့် သူတို့က စိစစ်ပေးရပါသည်တဲ့၊ စာပေလွတ်လပ် ခွင့်ပေးလျှင် ပရမ်းပတာတွေ ဖြစ်လာမည်ဆိုပဲ။ သူတို့ကိုပဲ ကျေးဇူးတင်ရမလိုလို စာပေဖက်ဆစ်မှူးပြောပုံက။ သူတို့တွေကို ဦးနှောက်အ ဆေးခံရသည် (Brain Wash) လို့ မပြောသင့်။ ဦးနှောက်အလဲခံထားရသည် (Brain Change) ဟု ပြောရမည်။

စာပေဖက်စစ်မှူးလက်အောက်က အရပ်သား စာစစ်မှူးတွေမှာ မိန်းမတွေချည်းဖြစ်သည်။ တယောက်သော ယောင်္ကျားစာစစ်မှူးမှာ လည်း မိန်းမတောထဲမှာ အခြောက်တပိုင်းဟု ဆိုကြသည်။ ထိုမိန်းမစာစစ်မှူးတွေသည် တကယ့်အကျော်အမော် ပညာရှင်တွေရေးတာကို စိစစ်၊ ဖြတ်တောက်သတဲ့။ စဉ်းစားသာကြည့်ကြပါကုန်။ ကိုရီးယားမင်းသားနှင့် ဂျာနယ်မူကြမ်းထဲက မင်းသား၊ မင်းသမီးတွေရဲ့ အတင်း အဖျင်း လောက်သာ စိတ်ဝင်တစား ဦးဦးဖျားဖျားဖတ်လေ့ရှိသည့် ထိုမိန်းမတွေ၊ သွားတွေ့ရင် သူတို့မျက်နှာက အာရပ်စော်ဘွားရဲ့ ၁၂ ယောက် မြောက် မယားငယ် မျက်နှာထားနှင့်။

စာပေစိစစ်ရေးသာဆိုတယ်၊ စည်းဘောင်မရှိ၊ အမြင်ကပ်လျှင်လည်းဖြတ်၏၊ မျက်နှာချိုသွေးပြီး ဆရာ၊ ဆရာမ မခေါ်လျှင်လည်း ဖြတ်၏၊ ပွဲစားကတဆင့် လက်သိပ်ထိုးပြီး ငွေမပေးလျှင်လည်းဖြတ်၏၊ သီတင်းကျွတ်မှာ သောင်းဂဏန်းတန်လောက် ကန်တော့လက်ဆောင်ပေး မထားလျှင် စာရင်းတို့ပြီး ဖြတ်၏၊ ဘာတွေကိုဖြတ်သနည်း။ သူသူငါငါ အလုအယက် ဖော်ပြချင်သည့် သတင်းမျိုး၊ တပင်တပန်းရေးရတဲ့ ဆောင်းပါးတွေကို ဖြတ်၏။

နောက်ဖြတ်တောက်နည်း ရှိသေး၏။ နားမလည်လျှင်လည်းဖြတ်သည်။ ဘာရေးထားလည်း မေးရမှာ ရှက်လို့ထင်သည်။ ပွဲစားနှင့် ငွေပေး ပြီး မ၀င်လျှင် ဂျာနယ်စောစောမကျ။ စာအုပ်ထုတ်ဝေခွင့် စောစောမကျ။ စာရေးထားသည်။ လာဘ်ပေးလာဘ်ယူမှုရှိက တိုင်ကြားနိုင် သည်တဲ့။ လာမပေးနဲ့၊ မယူပါ။ ပွဲစားကတဆင့်ပေးမှ ယူသည်။

ထို့ကြောင့် စာနယ်ဇင်းသမားတွေက ပြောကြသည်။ မြန်မာပြည်ကို ၀င်တိုက်ရင် စာပေဖက်ဆစ်ရုံးကို အရင်ဗုံးကြဲရမည်တဲ့။ လူအများ ဖတ်မည့်စာ၊ သတင်း၊ ဗဟုသုတကို လူတစ်စုက စစ်အုပ်စုကို အကာအကွယ်ပေးရေးအတွက် ဖြတ်တောက်ပိတ်ဆို့နေခြင်းသည် အဘယ် လောက် အကုသိုလ်များပြီး၊ ငရဲရလိမ့်မည်ဆိုသည်မှာ တွေးကြည့်ကြပါကုန်။ ဖြတ်တောက်တားဆီး နှိပ်ကွပ်ပြီး အသိဥာဏ်ကို ပိတ်ဆို့ ခြင်း၊ ပေါ်လစီဆောင်းပါး (မအူပင်ခြင်ကြားတို့ ဘာတို့ ရေးတာမျိုးပေါ့) များ၊ လံကြုတ်သတင်းများ အတင်းထည့်စေပြီး အ၀ိဇ္ဇအမှောက် အမိုက် ရောက်အောင် လောင်တိုက် သွင်းနေခြင်းတို့ဖြင့် စာပေဖက်ဆစ်တသင်းတို့ ဘ၀ပြောင်းလျှင်ကား သူတို့ ငရဲပြည်ကို သွားဖို့မလို၊ ငရဲပြည်က သူတို့နဲ့နီး ရွေ့ပြောင်းလာဖို့ ရှိပေသည်။

မပြီးသေး။ ဆက်ရေးမည်။ မျှော်….
ယောဆရာ

အပြည့်အစုံသို့ ..