Sunday, January 13, 2008

ဒေါင်းတို့ပြောသော မီဒီယာပုံပြင်များ (၂) - မရဲတရဲတင့်ဆွေ

ပေါင်ဒါ ရိုက်ထားသလို ဖြူဖတ်ဖြူယော် ဖောသွပ်သွပ် မျက်နှာ၊ မို့မောက်သော မျက်ခွံနှင့် တိုက်ပုံအဖြူ ၀တ်လေ့ရှိသော အနှီဘဲကြီးသည် စင်တော်ကောက် မင်းသားဘ၀ မရောက်ခဲ့ရဘဲ အရွယ်ထောက်၍ ဖအေခန်း ၀င်ရိုက်နေရသော သရုပ်ဆောင်နှင့် ဆင်၏။ စည်းစိမ်ရစ် သဖြင့် အစ်နေသော မျက်ခွံမှာ စကားပြောနေရင်း အိပ်တော့မလား ထင်ရ၏။ အတန်းကျယ်သော အခန်းတွင်းရှိ သူ၏ စားပွဲခုံနောက်တွင် စစ်ဝတ်စုံနှင့် စစ်ဦးထုပ် ချိတ်ထား၏။ ကိုယ်ပေါ်မှာကား အရေခြုံရန် အလို့ငှာ တိုက်ပုံအင်္ကျီဝတ်ထားလေရာ ဖောသွပ်သွပ် မသာကို ပိတ် ဖြူအုပ်သည့်အလား ကျက်သရေ ကင်းနေတော့သည်။ ထိုထက် ကျက်သရေ ယုတ်သည်ကား ခုံတလုံးဖြင့် အခန်းရှေ့မှာထိုင်ပြီး ခွေးတစ်ကောင်၏ အလုပ်ဖြစ်သော ဟောင်ခြင်း၊ ဟောက်ခြင်းကို လုပ်နေသည့် အပေါက်စောင့် လူခွေးတည်း။



မရဲတရဲတင့်ဆွေ


ဖောသွပ်သွပ် မသာပုံလူကား စာပေ ကင်ပေတိုင်မှူး၊ နောင်ဘ၀တွင် အကန်း၊ အပင်းဖြစ်မည့် တင့်ဆွေတည်း။ ၄င်းသည် နွဲ့တဲ့တဲ့ရှိလှ၍ ယခင်က စစ်ပညာ ဂျာနယ်တွင် တာဝန်ပေးခြင်း ခံရ၏။ သိတော်မူကြသည့်အတိုင်း လုပ်ပိုင်ခွင့်ရှိလျှင် ခွေးခြစ်သည့် ကုတ်ရာကိုပင် ပို့စ် မော်ဒန်လုပ်ပြီး စင်တင်ချင်သည့် အကျင့် ဆိတ်ဘိုတို့မှာ ရှိလေ၍ မောင်တင့်ဆွေကလေးလည်း ရဲရင့်တင့်ဆွေ အမည်ခံကာ စာရေး သတတ်။

သို့သော် စာပေလောကသားတို့က မရဲတရဲတင့်ဆွေဟု အမည် ပြောင်းပေးကြလေသည်။ ကြောက်တတ်တာ တုန်နေ၍ဖြစ်သည်။ အပေါ် က သူ့ထက် ဘောတစ်လကြီးတွေကို ကြောက်ရတာ ဖြစ်သည်။ စစ်ကျောင်းမှာ သုံးနှစ်လောက် ဦးနှောက် ခြစ်ထုတ်ခံထားရသည့် ဆိတ် ဘို ပေါက်စတွေသည်ပင် ချီးဘရိန်း ဖြစ်နေလျှင်၊ မရဲတရဲတင့်ဆွေကဲ့သို့သော ဆိတ်ဘို အရည်ကျွတ် အရိုးရင့်တို့မှာ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။ ချီးထက်ချီးဘရိန်းသာတည်း။

စကားပြောလျှင်.. `ကိုယ်တို့ ဂျာနယ်လစ်တွေက…ကိုယ်တို့ ဂျာနယ်လစ်တွေက…´ စာနယ်ဇင်း လူရာဝင်ချင်ရှာသည်ကိုး။ သန်းထွဋ္ဋ် အောင်၏ အလဲဗင်း မီဒီယာအုပ်စုက ထုတ်သော အင်တာနေရှင်နယ် အလဲဗင်းတွင် နောက်ကျော အတွင်းဖုံးမှာ ကြည့်ကြ။ မရဲတရဲ တင့်ဆွေ ရေးသော အရည်မရ အဖတ်မရ တရုတ်ဘောမျှော် ပေါ်လစီတွေကို နိုင်ငံရေး သုံးသပ်ချက်ဟု အမည်တပ်ကာ ရေးသည်ကို (၇) ရက်သားသမီး စိတ်မချမ်းသာဖွယ်ရာ တွေ့ရလတ္တံ။

`စာပေ ကင်ဖက်ဆစ်.. အဲလေ..စာပေ စိစစ်ရေးသာ မရှိရင် မင်းတို့တွေ ပရမ်းပတာတွေ ဖြစ်ကုန်မယ်။ စာပေစိစစ်ရေးက စာနယ်ဇင်း လောကကို ထိန်းကွပ်ပေးနေတာ..´ စသဖြင့်လည်း နွေခေါင်ခေါင် မိုးကြိုးပစ်မည့် ၀ါးလုံးထဲ လသာသော ပေါက်ကရ စကားများကိုလည်း ၄င်း၏ ကမ္ဘာအခန်းငယ်ထဲမှ ရွာကျယ်လုပ်ကာ ပြောတတ်သေး၏။ (၄င်းတို့၏ ထင်တလုံးကို ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် မျက်မှောက် ချွတ်သော်လည်း မကျွတ်တန်ရာ။ သံဝေဂယူကြကုန်။)

သူကိုယ်သူ ရဲရင့်တင့်ဆွေဟု မှည့်ကတည်းက သတ္တိမရှိတာကို ရဲဆေးထည့်တာ ထင်ရှားသည်။ ထစ်ကနဲဆို ဂွတိုကျော်ဆန်းထံ ပြေးပြီး လျှင် `အဘ.. ဒီကောင်တွေကို ထုတ်ဝေခွင့် ပိတ်လိုက်ရမလား၊ ဒီကောင်တွေကို ဖမ်းလိုက်ရမလား´ဆိုပြီး မြှားဦး ကိုယ့်ဘက်မလှည့် အောင် မိန်မလိုမိန်းမရ လုပ်တတ်၏။ သူပဲ Pass ပေးပြီး ဂျာနယ်ထွက်လာ၍ ပြဿနာတက်လျှင် သူကအရင်လွတ်အောင်ရုန်း၏။ ဂွတို ခြေသလုံးကို ပြေးဖက်၏။ သြော် ခက်ပါဘိ မောင်တင့်ဆွေကလေးနှင့် သူ၏လက်ထောက် စာပေစိစစ်ရေးမှူး ကောင်မကြီးအပေါင်းတို့ ရယ်။ (မိန်းမတွေချည်းပဲမို့ ဗဟုကိန်းဖြင့် `ကောင်မကြီးအပေါင်း´ဟု ဆိုလိုက်သည်။)



ဒေါ်ခင်မျိုးမြင့်၊ ဌာနစု ၅ စာပေဖက်ဆစ်မှူး

စာပေစိစစ်ရေးမှာ လက်ထောက် စာပေစိစစ်ရေးမှူး အဖြစ် လင်တရူးအပျိုကြီး၊ နကန်း တလုံးမသိဘဲ မှော်ဘီဆရာသိန်းကို မှော်ဘီလိုက် ခေါ်ခိုင်းတတ်သည့် မိန်းမတွေသာ ခန့်ထား၏။ ယောင်္ကျား လူတော်တွေဆို သူတို့ပြောသမျှ လိုက်လုပ်မှာ မဟုတ်ဘူးလေ။ ယင်းတို့က ဆ ရာတော် ဘုရားကြီးများ၊ ပါမောက္ခ ဆရာကြီးများ၊ ဒိတ်ဒိတ်ကြဲ ပညာရှင်များ၏ စာများကို သုတ်သင် (ပါဠိသက်ဖြင့် ပြောရလျှင် `သုဓ်သင်´) တည်းဖြတ်ကြလေကုန်၏။ သြော်… ကြားလို့မှ မတော် စင်ပေါ် ခွေးတက်သလိုပါပဲ။



ဒေါ်ကြည်ကြည်၊ ဌာနစု ၃ စာပေဖက်ဆစ်မှူး

တင့်ဆွေအရင် အေးထွန်းတော့ သွားရှာပြီ။ မသဒ္ဓါရေစာတွေ နင်းကန်မြိုဆို့ပြီး ခုချိန်များကျတော့ ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်ဝံ့ဖြစ် နေပြီ။ စာနယ်ဇင်းသမားတွေ ပို့သသော မေတ္တာနှင့်ပင် ကလနာတိုက်ဖို့ လုံလောက်ပေ၏။



ယခင် စာပေဖက်ဆစ်သမား အေးထွန်းသည် ငါတကောသမား။ ယခုတင့်ဆွေက ကြောင်ချေး။ လူပုံက ပျော့ပျော့နှင့်။ သွားမစမ်းနှင့်။ မောင်အေးထွန်းကို အာခံသည့် မြတ်ခိုင်ပင် သူနဲ့တွေ့မှ ပျော့သွားသည်။ ဘယ်လို ဆွယ်လိုက်သည်မသိ။ ဂျာနယ်လစ်ကလည်းဖြစ်ချင်။ မိန်းမလို မိန်းမရကလည်းနိုင်။ ရှုံ့ချည် နပ်ချည်ကလည်းတတ်။ စစ်ချီး ဘရိန်းကနေလည်း မရုန်းနိုင်။ ထိုင်ခုံ လှုပ်ရင်လည်း ကြောက်။ ဤကား သဘောက်မသား မရဲတရဲတင့်ဆွေကို ဇာတ်လုပ်လှန်၍ ပြဆိုရာ အခန်းတည်း။

ယောဆရာ
ဓာတ်ပုံ-မိုးမခ၊ မဇ္ဈိမ

5 comments:

Anonymous said...

ကော်မန့်တွေ မဖတ်တာကြာလို့လိုက်ဖတ်တာ၊ ဘယ့်နှယ်ဇော်မျိုးရဲ့ မိန်မကြီးလိုလိုက်ရန်တွေ့နေတာတွေနဲ့ပဲ တိုးနေပါ့လား။ ဟန်ပြပို့စ်ရေးတာကတစ်ခု ဒီဘလော့ဂ်တွေလာပြီ ရန်လိုက်ဖြစ်နေတာ မရှက်ဖူးလား။ အရပ်တကာလှည့်ရန်ဖြစ်တဲ့ မိန်းမကြီးနဲ့တူတယ်။
လူမော်ပြောသလို နေ့စားနဲ့လုပ်နေသလိုပဲ။ သူဘလော့ဂ်ထက် ဒီဒေါင်းကွင်းက ဘာရေးလဲ..ဒါပဲ အတင်းချ၊ ရန်တွေ့ဖို့စောင့်နေတယ်။
ဇော်မျိုး ခင်ဗျားပါးစပ်ဟလို့ရတာ ဒီဘလော့ဂ်တွေပဲရှိတယ်၊ မှတ်ထားနော်။ ဒီကပိတ်လိုက်ရင် ခင်ဗျား ခွက်ပျောက်ပြီ။ မပိတ်စေချင်ရင် စကားလေးပြောင်းပြောဗျ။ ခင်ဗျားက ကျော်ဆန်းမိန့်ခွန်းပြောသလို ကျက်ထားတာတဲ့ ပိုမပြောတတ်သလိုဖြစ်နေတယ်။ ကျုပ်တို့မပျင်းအောင် စကားလုံးအသစ်ရှာဦးကွ။ ဒါဆိုမဘန်းဘူး။ အပျင်းပြေရင်။ ပြီးတော့ မရွှီးနဲ့ကွ။ ထင်ရာမြင်ရာ စစ်တပ်ကလား ဘာလားတွေ လျှောက်မပြောနဲ့။ မင်း `အ´တာ လူသိတယ်။
ကြိုးစားထား ကောင်လေး၊ မင်းကို မြတ်ခိုင်တို့၊ မြန်မာသံတော်ဆင့်တို့ကို လိုင်းသွင်းသလို သွင်းထားတာပဲ။ အရိုးတော့ကိုက်ရမှာပေါ့။ အခုတော့ ဒေါင်းကွင်းလာပြီး ဒေါင်းချီးပဲ ကောက်စားနှင့်ဦး…။
ယောဆရာ

Anonymous said...

မပြောပါနဲ့တော့ဗျာ။ ပြောမနေကြပါနဲ့တော့။ ဥာဏ်မှီသလို လေး နဲ့ ခမျာ ဝင်တောနေတာ။ လူရာဝင်နိုးပေါ့။ တော်ကြာ ကျနော်တို့က လူရာသွင်း သလို ရူးရူးနှမ်းနှမ်း ထင်သွားရင် ဒုက္ခ။

* In Search of Truth * said...

သို့ ကိုယောဆရာ

ဥာဏ်အဆင့်အတန်းမှာ ကလေးတွေဖြစ်နေတဲ့ အရေမရ အဖတ်မရ အတင်းပြော မျက်ကန်း ၀ါဒီတွေကို လိုက်ပြီး အနိုင်ကျင့်နေတာဗျ။ စိတ်နာသွားလား??

သြော် ဒေါင်းကွင်းလို့ခေါ်ပြီး ဒေါင်းတံဆိပ်ယူထားတဲ့ ဒီမိုကရေစီသမားတွေက ကို့ထက်ကြီးတဲ့သူတွေကို ခွေးနဲ့ နှိုင်းတာတွေ၊ အဆင့်အတန်းမရှိ ပြောဆိုတာတွေနဲ့ အရေမရအဖတ်မရ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတော့ သိပ်ပြီးဝါသနာပါပုံရတယ်။ ဒီမိုကရေစီရသွားရင် နှစ်စဉ် သက်ကြီးကန်တော့ပွဲအစား သက်ကြီးတွေကို ထိုင်ဆဲပွဲ အဖြစ်ပြောင်းလဲ ပြစ်မလား မသိဘူးနော်? သက်ကြီးတဲ့သူကို မဆဲတတ်တဲ့ သူတွေကို အရေးယူမှာလား? ကျနော်ကတော့ အသက်ကြီးသူကို မဆဲတတ်ဘူးဗျာ :( ဒေါင်းကွင်းကြီး လူတွေစုပြီးဘာလုပ်မလဲလို့ ရင်ခုံခုံနဲ့ စောင့်ကြည့်နေတယ်။ အချိန်တွေသာကုန်သွားတယ်။ ဒီမိုကရေစီရအောင် လက်တွေ့ကျကျ လုပ်တာ၊ အကြံပြုတာ မတွေ့ရသေးပဲ ထုံးဆန်အတိုင်း နှစ်၂၀ အစဉ်အလာလေးကို ထိမ်းသိမ်းသွားတာပဲ။ သြော် ဒီမိုကရေစီသမားဆိုတာ ရှေးရိုးစွဲ အတင်းပြောတဲ့သူကို ပြောတာ ထင်တယ်။

Anonymous said...

ဒါနဲ့ နေပါဦးဗျ။
-ကိုယ့်ဘလော့ဂ်မှ ကိုယ်ရေးတာ အတင်းလား? သူများဘလော့ဂ်လာပြီးပြောနေတဲ့ ကိုဇော်မျိုးသည် အတင်းလာတုပ်တာလား? ဒါလေးကို စဉ်းစားပြီးမှ ပြောဗျ။
-မဟုတ်တာလုပ်ရင် အဆဲလည်းခံရမယ်၊ အတုပ်လည်းခံရမယ်၊ အပွတ်လည်းခံရမယ်။ ဒါနဲ့နေစမ်းပါဦး။ န.အ.ဖ ကို ပြောရင် ခင်ဗျားက ဘာကြောင့်နာနာနေရတာလဲ။ အနာပေါ်တုတ်ကျသလို ဖြစ်ဖြစ်နေတာက ဘာ့ကြောင့်လဲဗျ။ မြန်မာနိုင်ငံကောင်းကျိုးလိုလားသူဆိုရင် သန်းရွှေကို ခွေးနဲ့နှိုင်းနှိုင်း ထမိန်နဲ့အုပ်အုပ် အနေသာကြီးပါဗျာ။ ခင်ဗျားက ၀င်ဝင်နာနေတော့ `မချစ်ဘူး၊ မချစ်ဘူးနဲ့ မမလေးမင်းနဖူး ညှင်းဘယ်ကကူး´ဆိုတာလို ဖြစ်နေပြီဗျ။ မကြိုက်ပါဘူးလည်းဆိုသေး၊ ဗိုက်ကလည်းထွက်လာဖြစ်နေပြီ။
-ကျနော်က ၀င်ပြောခဲပါတယ်။ ဒါပေမယ့် မနေနိုင်လို့ ၀င်ပြောတာပါ။ ကိုဇော်မျိုးအနေနဲ့ တကယ်ပဲ မြန်မာပြည်ကောင်းကျိုးလိုလားတယ်၊ ဒီမိုကရေစီလမ်းကို ဦးတည်သွားစေချင်တယ်ဆိုရင် (၁) သူများတွေကို ဘေးထိုင်ဘုပြောမယ့်အစား၊ (၂) န.အ.ဖကို အပြေစ်တင်တဲ့အပေါ် လိုက်လံကာကွယ်နေမယ့်အစား၊ (၃) ဒါတွေကအတင်းတွေပါ၊ အရည်အဖတ်မရတွေပါလို့ပြောနေမယ့်အစား၊ (၄) အလကားဟာတွေပါဆိုပြီ အချိန်ပြည့် ဒေါင်းကွင်းမှာ လာစောင့်ဖတ်မယ့်အစား - ပြောခဲ့တဲ့ ထိုထိုကိစ္စတွေအစား ကိုဇော်မျိုးမှာ လုပ်စရာမရှိတော့ဘူးလား? ကိုယ်တိုင်ကရော ဘာမှ မလုပ်ဘဲ ပတ်မကြီးလိုက်ဖောက်နေတော့မှာလား? မေးလိုက်ချင်ပါတယ်။
-ခုပဲကော်မန့်ရေးလိုက်တာ ခုပဲပြန်တက်လာတယ်ဆိုတာကိုထောက်ရင် ကိုဇော်မျိုးဟာ အချိန်ပြည့်နီးပါး ဒေါင်းကွင်းမှာ လာစောင့်ဖတ်နေတာ ထင်ရှားပါတယ်။ အတင်းတွေဆိုရင်၊ အရည်အဖတ်မရတွေဆိုရင် ဘာလို့များ လာစောင့်ဖတ်နေပါလိမ့်။
ဒါတွေကို အချက်ကျကျမဖြေနိုင်ရင်တော့ နောက်တဆင့်စွဲချက်တင်ရပါလိမ့်မယ်။
ယောဆရာ

ကိုလျှာရှည် said...

တင်မနေနဲ့တော့ ယောဆရာရေ ..
ကျုပ်တို့ဒေါင်းကွင်းကို သူအင်မတန်ကြောက်လို့ လာ စောင့်နေတာရတာပါ။

(၁) ဘေးထိုင်ဘုပြောခြင်းဖြင့် လူတွေကိုအာရုံပြောင်း လမ်းကြောင်းလွဲစေလို့ အချိန်ကုန်အောင်၊ အဲဒါမှသူ့
ဝမ်း ၀ မှာဖြစ်လို့၊ တချက်ခုတ်၊ နှစ်ချက်ပြတ်အောင်။

(၂) နအဖ ကိုကာကွယ်နေတာထင်ရှားတဲ့ အတွက်၊ နအဖ အပြစ်ကိုဖေါ်ထုတ်သူများအား အတင်းလိုက်လံ ရန်ထောင်ပြီး၊ နအဖ ကို လိုက်ဖာနေရတဲ့ ဖာသယ် ဖြစ်နေပုံ။ (အရင်ကတော့ ဟိုလိုလိုလို၊ဒီလိုလို၊ ခုတော့ မထူးတော့ ဘူးဆိုပြီး ပေါ်တင်ကာကွယ်နေရသူ)

(၃) အတင်းသာလိုက်ပြောတတ်သူဆိုတော့၊ သူများ အမှန်တရားထိုင်ပြောတာလဲ သူ့စိတ်ထဲမယ်၊ အတင်း လို့ ပဲ မြင်နေပုံ။ (ကိုယ်နှင့်နှိုင်း၊ မရိုင်းဘူးဆိုသကိုး)

(၄) “အလကား၊ အရေမရ အဖတ်မရ” လို့ အာလျှောက် ဖွာနေပေမဲ့၊ ဒေါင်းကွင်းက ဘာရေးမလဲဆိုတာကို သိချင်ဇောနဲ့၊ တစ်ရက်မှာ (၂၄) နာရီထိုင်စောင့်နေခြင်း အားဖြင့်၊ ဒေါင်းကွင်းကို အင်မတန်ကြောက်သူ...

(မာမီနံပြားပလီပလာဇော်မျိုးမဖြေနိုင်မှာစိုးလို့ပါ၊ စိတ်တို နေပလားမသိဘူး)