Saturday, January 12, 2008

ဆေးကြောလှည့်ပါ နှစ်သစ်ရေ ..

ဟောင်းနွမ်းတဲ့
ပင့်သက်တစ်ခုကို မှုတ်ထုတ်
နှာခေါင်းထဲကို
လေအချို့မောင်းသွင်း
နှစ်သစ်ရဲ့ နွေဦးဆီကို
မထူးခြားသလို
လမ်းလျှောက်လာခဲ့တယ်။
အရင်ကလမ်းကို
တစ်ခါပြန်မလှမ်းချင်တော့ဘူးကွာ။

သွေးဆာတဲ့ စစ်ဖိနပ်ရာတွေ
ပိုင်ရှင်မဲ့ သင်္ကန်းလေးတွေ
ဝါးရင်းတုတ်ရဲ့နေ့ရက်တွေ
ဆာလောင်ခဲ့ရတဲ့ မနက်ဖြန်တွေ
လူရှင်သင်္ချိုင်းက မာန်ကြိတ်သံတွေ
ဓါးပြတိုက်ခံခဲ့ရတဲ့ လူ့အခွင့်အရေးတွေ
…………………… တွေ
…………………… တွေ ... ။

သင်္ကြန်မိုးရေ
ဒါတွေ ပြောင်တလင်းခါအောင်
မင်းဆေးပေးနိုင်မလား။

အိပ်မက်ထဲမှာ
အာလာဒင်ရဲ့ မီးခွက်စောင့်ဘီလူးနဲ့တွေ့ ခဲ့တယ်
သူ့မျက်နှာက သတင်းစာတိုင်းရဲ့မင်းသားကြီးလိုလို
တောင်းတဲ့ဆု သုံးခုပြည့်စေမယ်တဲ့။
ဒါပေမဲ့
တင်းပုတ်နဲ့ လိုက်ထုတယ်
မဖြစ်နိုင်တာ ဆုတောင်းမိလို့တဲ့ …………။
သုံးပွင့်ဆိုင်ဆွေးနွေးရေး။
လောင်စာဆီဈေးနှုန်း ကျဆင်းရေး။
၂၄ နာရီ ရေ မီး ရရှိရေး။
ဒိန်း………………။
အား…………………………………..........။

ချစ်ရတဲ့ ဧပရယ်ရေ…။
ဖြစ်နိုင်ရင်လေ
နှစ်သစ်တန်ခူးမှာ
တမျိုးထူးရအောင်
ဝါကြန့်တဲ့မင်းအဆင်းနဲ့
နူးညံ့တဲ့မင်းအပြုံး
ပင်စည်တစ်ရုံလုံးဖုံးအောင်
တစ်တိုင်းပြည်လုံးပြုံးအောင်
ပွင့်ပေးခဲ့ပါ။ ။

လူမော်

10 comments:

* In Search of Truth * said...

အတင်းပြောလိုက် ၊ ကဗျာရေးလိုက်နဲ့ တကယ်ကို လက်တွေ့ကျကျ လုပ်နေတာပဲ . . . တော်လိုက်တာဗျာ။ အရမ်းကောင်းတဲ့ ကဗျာပဲဗျာ။ ဆောရီး။ အဲလောက်ပဲ မြှောက်တတ်ပါတယ်။ နောက်ပိုင်းမှာ မျက်ကန်းဝါဒီတွေ လာပြီး မြှောက်ပါမယ်။ စောင့်နေပါခင်ဗျာ

Anonymous said...

ငါအဲဒါတွေပဲ လုပ်တာလို့ ထင်နေလို့ လား။
ဒါပေမဲ့ မင်းကြတော့ကော်
သူများဘလောခ့်မှာ လိုက်ပြီး ချီးပေါက်
အ၇ည်မ၇ အဖတ်မ၇comment တွေလိုက်ပေး..။
မင်းကြည့်၇တာ နေ့ ပေးနဲ့ အလုပ်လုပ်နေသလိုဘဲ။
ငါေ၇းတာကို ဝေဖန်နိုင်တယ်။ဝေဖန်တဲ့ comments တွေကိုလည်း ငါတို့ မဖျက်ဘူးဘူး။
မြှောက်ပြော၇မယ်လို့ ငါတို့ ဘယ်တုန်းက မှ မခိုင်းဘူးပါဘူး။
မင်းသာ မင်းဘလော့်မှာ မဖြစ်ညစ်ကျယ်ပိုစ့်တင်ပြီး
သူများဘလောခ့် cboxတွေမှာ လိုက်ကြေငြာတာ၇တာ။
(ငါတို့ဘလော့်ကို အဲဒီလိုတစ်ခါမှ မကြေငြာဖူးဘူး)
မင်းသာ မင်းဘလောခ့်မှာ မင်းကိုမြှောက်ပြောတဲ့ commentတွေ ဘဲ လက်ခံနေတာ။
မင်းသာ သူများCbox မှာ လိုက်ပြီး လျောက်အော်၊ ၇န်ဖြစ်၊ ဆဲဆိုနဲ့ ၊လူကြီးလူကောင်းမဆန် ပြုမူနေတာ။

ဒီမှာညီလေး ညစ်ပတ်တဲ့ လုပ်ဇာတ်တွေနဲ့ 
စုတ်ပြတ်အောင် မပုတ်ခတ်နဲ့ 
မင်းပါးစပ်က မယုတ်ပတ်နဲ့ 
မှန်တယ်ထင်၇င် ဆက်လုပ်ပါ
စိတ်ဓါတ်တော့ မယုတ်ညံ့နဲ့ 
ပ၇ိသတ်ကို မပုတ်ခတ်နဲ့ ...။(မျက်ကန်းဝါဒီတို့ ဘာတို့  မပြော၇ဘူးကွယ့် လေးစား၇တယ်)

ကိုစိုင်းစိုင်းခမ်းလှိုင်အား ဒီစာသားအတွက် ကျေးဇူးတင်လျက်...........

ကိုလျှာရှည် said...

မာမီမျိုး ..
ဒီတစ်ခါ စာရေးသူ ဘယ်သူဆိုတာ သေချာဖတ်တယ် ပေါ့ ဟုတ်လား..၊
နေနတ်နွယ်ပြောသလိုပဲ၊ .. ခင်ဗျား နှယ်.. အတင်းတုပ် ချင်ဇောတွေ၊ သူများ ပုပ်ခတ်ချင်တဲ့ ဇောတွေ တယ်များ နေသကိုး ..၊ အရှက်ကတော့ ကွဲပြီးရင်း ကွဲ..ပဲ ..။
နောက်ဆိုရင်၊ သူများရေးတာကို အတင်း သိပ်ပြောချင် တယ်ဆိုလဲ၊ ဘယ်သူ ဘယ်ဝါရေးတယ်ဆိုတာ အရင်ဆုံး နှစ်ခေါက်လောက် သေချာပြန်ဖတ် .. ဟုတ်ပလား။
ပြီးတော့ မှ ထိုင် တုတ် ..
စိတ်မဆိုးပါနဲ့ဗျာ ..
ကြုံတုန်းလေးမို့ ဆုံးမတာပါ။

Thway Ni said...

"ဓါးပြတိုက်ခံခဲ့ရတဲ့ လူ့အခွင့်အရေးတွေ"

ဒါတွေပြန်ရဖို့ ကျနော်တို့ ဆက်တိုက်ပွဲဝင်ကြတာပေါ့

* In Search of Truth * said...

ကိုလူမော်တို့ ကိုချိုကျိုးတို့
ကျနော် အတင်းပြောတာ ဟုတ်မဟုတ် သေချာစဉ်းစားပါဦး။ ကိုလူမော် မတူမတန် လက်တွေ့ကျကျဆိုတဲ့ စကားကြီးပြောခဲ့လို့ အရှက်ကွဲသလို ထပ်ကွဲနေဦးမယ်ဗျ။ အစ်ကိုတို့လုပ်တဲ့ လုပ်ရပ်မေ့နေပြီလား? ကျနော်၊ ကို Oppositeyes နဲ့ ကိုသာကီနွယ်တို့လို ဘလော့တွေမှာ အမေနှမတွေနဲ့ ချိုကျိုးတပည့်ပီပီ အဆင့်အတန်းမရှိဆဲတာတွေ။ အရေမရ အဖတ်မရ comment တွေရေးခဲ့တာတွေ။ အခုရှုံးတော့မှ အသံက တမျိုးပြောင်းသွားတယ်။ ကဲကျနော်အခုလုပ်နေတာ ဥာဏ်မရှိတဲ့သူတွေကို ကလေးတစ်ယောက်ကို အနိုင်ကျင့်သလို ကျင့်နေတာဗျ။ အဲဒါ အနိုင်ကျင့်တယ်လို့ခေါ်တယ်ဗျ။ ကိုချိုကျိုးဆိုရင် အရင်တုံးက မြှောက်တဲ့ သူတွေနဲ့ ကာကွယ်မယ့် တပည့်တွေ အများကြီး အခုဆို တစ်ယောက်ထဲ ရူးပေါပေါကြီး ဖြစ်နေပြီဗျ။ အနိုင်မကျင့်စေချင်ရင် ခြေတောက်ဖက်ပြီး တောင်းပန်ပါခင်ဗျာ။ အားနာရင် စဉ်းစားပါ့မယ်။

ဇော်မျိုး

ကိုလျှာရှည် said...

ခွီး ခွီး လို့သာရယ်လိုက်ချင်တယ် မာမီရယ်။
ကိုယ့်စိတ်ထဲရှိတာ လျှောက်ပြောတတ်တဲ့ အကျင့်လေး တွေ လျှော့ပါဦးလား ဟရို့...။

ကဲ ကဲ ပြောလိုက်ပါ့မယ်။ သူခိုးကဘယ်တော့မှ ခိုးတယ် လို့ ၀န်မခံဘူးတဲ့ဗျာ။ မာမီမျိုးလဲ လူလိမ် ဆိုတော့ လိမ်တယ်လို့ ဘယ်ဝန်ခံမလဲဗျာ။ အရေးကြီးတာက ကျုပ်တို့အားလုံး အလိမ်မခံရဖို့ရယ်၊ လူလိမ်ဆိုတာ ဖေါ် ထုတ်နိုင်ဖို့ရယ်ပဲပေါ့။

ဆက်သာလိမ် မာမီရေ..
လိမ်နိုင်လွန်းတဲ့ အရည်အချင်းကိုတော့ ခင်ဗျားကို မချီး ကျူးပဲ မနေနိုင်ပါဘူး။

ကြားဖူးတဲ့ စကားလုံးလေးတွေက တယ်မှန်တာပဲ။
ဒညင်းသီးက အီးတပြန်၊ သူခိုးက လူပြန်ဟစ်ဆိုတာ။
မနာနဲ့နော်။ .. စိတ်လဲ မဆိုးနဲ့၊ ကျနော် မာမီမျိုး မဆဲတတ်ဘူးလို့လဲ ဗြောင်မငြင်းနဲ့။

နအဖ ကောင်းစားဖို့ ကျနော်တို့ လူလိမ်နှစ်ယောက် ကြိုးစားနေရပါတယ်ဆိုရင်တော့ လက်ခံပေးမယ်ဗျ။

Anonymous said...

Thank you, ko lu maw, for the poem.

Kaung Kin Ko said...

ကဗျာလေးအရမ်းကောင်းတယ်ကိုလူမော်ရေ။ အာလာဒင် ပါတဲ့ အပိုဒ်လည်း အရမ်းမိုက်တယ်။

Anonymous said...

ကိုကောင်းကင်ကိုတို့ က လည်းမြှောက်..
လူတိုင်းကလည်း comments တွေပေး..
ဒီကြားထဲ ခွေးကလည်းဟောင်......
လူမော်တော့ ဘယ်လိုနေ၇မှန်းတောင်မသိဘူး အကိုေ၇..။


မျက်စိကိုမှိတ်နားကိုပိတ်ကာ
အိပ်ပါတော့မည် စိတ်မှတ်၇ည်သည်..
ဇော်မျိုးသူခိုး နံပြားချီ....။

Anonymous said...

no need to reply him, forget it, leave him alone, but for u good bro , keep on