အနက်ရှိုင်းဆုံး ဓါးတစ်ချောင်းနဲ့
ဘဝတစ်ဆုံး
လက်ကုန်ထိုးချလိုက်တယ်
ကြီးကြီး ကျယ်ကျယ် ပြောပြီး
အိပ်မက်ဟောင်း တစ်ခုကို
ဖုန်ခါ၊ ပေါ်လစ်သုတ်
အစွံ ထုတ်ချင်တဲ့
အရောင်း ဈေးသည်လို
အတွေးအခေါ်မျိုးနဲ့ကောင်
လူစည်ပြီ ဆိုရင်
ဘင်ကလေး ထုတ်တီးပြီး
ပခြုပ်ထဲက အဆိပ်မရှိတဲ့မြွေကို
အလမ္ပါယ်ပြ
ငါကွ လို့ကြွေးကြော်တတ်တဲ့ကောင်
မင်းတို့ နင်းဘို့လမ်းကို
ငါ့နှလုံးသားနဲ့ ခင်းထားပါတယ်တဲ့
အစရှိတဲ့
စကားလုံး တွေနဲ့ကစား
ဘုရားတောင်
မှန်မှန် မရှိခိုးတတ်တဲ့ကောင်
မရဲပဲနဲ့ ကျွဲပြဲကလည်း စီးချင်သေး
ကံဇာတာဂြိုလ် မစီးပဲနဲ့တောင်
ကိုယ်အမြီးကို လန့်ပြီးခုန်နေတတ်တဲ့ကောင်
ချစ်သော မိတ်ဆွေများ ခင်ဗျာ
ကမ္ဘာမြေကြီးက သီးပွင့်သမျှအထဲ
ပဒိုင်းသီး တွေလဲ ပါခဲ့တာပဲ
မောင်ဖုန်းမြင့် ကိုယ်တိုင်ကလည်း
ပဒိုင်းသီးခပ်ကြီးကြီးတစ်လုံးဖြစ်တယ်
ရွေးချယ်မှုမှန်ကန်ဘို့ဆိုတာ
တံခါးတွေကို တွန်းဖွင့်ပစ်လိုက်ရုံပါပဲ
အထက်မြက်ဆုံး ဓါးတစ်ချောင်းဖြစ်ဖို့
သင်ကိုယ်တိုင်သွေးဖို့လိုတယ်
ဓါးသွားပေါ်က
ပျားရည်စက်တွေကိုတော့
မတပ်မက်မိလိုက်စေနဲ့။ ။
မောင်ဖုန်းမြင့်ထံမှ ကူးယူဖေါ်ပြပါသည်။
Monday, September 8, 2008
မာယာပြပွဲ
Posted by
Paradise of Fighting Peacocks
@
Monday, September 08, 2008
2
comments
Labels: ကဗျာအတွေး
Thursday, August 21, 2008
“ သူပုန် ”
သူပုန်
အဘွားရဲ့မောင် ...
အဘိုးလေးပေါ့ ...။
သူရတံဆိပ် ရင်မှာထိုးလို့
ဝန်ကြီးမျိုးဟေ့ဆိုပြီး ......
တွေ့သမျှတူသား ...
စစ်သားဘဲဖြစ်ရမတဲ့။
အဘွားရဲ့သား ....
ထမင်းစားရင်တောင်
ပုံစံနဲ့ကျွေးတဲ့ ကျုပ်အဖေလေ....
သားတွေကို သူ့ လိုဘဲ
စစ်ထဲဝင်ရမတဲ့ ...။
ပန်းချီဆွဲ ကဗျာရေးတဲ့ ကျုပ်ကိုတောင်...
ခပ်ပျော့ပျော့ကောင်တဲ့ ...။
ကျုပ်တို့က မျိုးဆက်သစ်တွေပါ...
၈၈ မှာ ကျုပ်သောင်းကျန်းတော့
အဘိုးလေးနဲ့အဖေ ..
အမျက်ချောင်းချောင်းထွက်ပြီး ..
နာမည်ပန္နက်တယ် ....
မျိုးဂုဏ်ဖျက်တဲ့
မိသားစုထဲက သူပုန်တဲ့။
ကျုပ်ကတော့... ပုန်ကန်မယ် ...
မြန်မာပြည်မှာမွေးတယ်
ဂေါတမဘုရားကိုးကွယ်တယ်
မဂ္ဂင်ရှစ်ပါးကို လေးစားတယ် ...။
တခုတော့ ပြောချင်တယ်...
အဘိုးလေးစစ်တပ်...
မဂ္ဂင်ရှစ်ပါး မနာကြားသမျှ
အဖေတို့စစ်တပ်..
မဂ္ဂင်ရှစ်ပါး မကျင့်ကြံသမျှ.....
မင်းကျင့်တရားဆယ်ပါး ပါယ်ရှားသမျှ
တစ်ပြားမှ မလျှော့
ကျုပ်ကတော့ ......
သူပုန် ရေးချ သူပုန်ဘဲ ...။
သစ်နက်ဆူး
(ဒီကဗျာလေးဖြင့် .. အဘိုးလေးနှင့် အဖေအား ဝေးတစ်မြေမှ ဦးချပူဇော် ပုန်ကန်လိုက်ပါ၏)
Posted by
Paradise of Fighting Peacocks
@
Thursday, August 21, 2008
1 comments
Labels: ကဗျာထဲကတော်လှန်ရေး, ကဗျာအတွေး
Thursday, July 24, 2008
အတင်းပြောတတ်သူများ
ဝေါကနဲ အန်ချလိုက်တယ် ...
အာရုံ နောက်ကျိလွန်းလို့
အရေ မရ၊ အဖတ် မရ
စကားလုံးတွေ ထောင်းလမောင်း ထလို့
ပြောမပြီး၊ ဆိုမပြီး
နားတွေလဲ ငြီးလာပြီ.....။
ဘယ်တုန်းက ဘာဖြစ်တာ
အဲ့ဒီမှာ .. ငါက .. ဘာပေါ့
ဘယ်သူတွေ၊ ဘာမှ မလုပ်ခင်
ငါက အရင် ဘာလုပ်ခဲ့တယ်ပေါ့ ..
ငါ့ထက် ကောင်းတဲ့သူတောင်
ငါ့လောက် ကောင်းတော့မှာ မဟုတ်လို့
ဘယ်ဘဝမှာ ဖြစ်ဖြစ်
ငါက၊ ငါပဲ ဆက်ဖြစ်နေမှာလေ ....။
ဝေဒ ၃ ပုံ ကို အာဂုံ ဆောင်နိုင်ခဲ့သူ
ပလေတိုရဲ့ ကြက်တူရွေးလို
လေပြင်းများ တိုက်ခတ်နိုင်သူ
ဇာတ်တော်ထဲက ပရဗိုဇ်ကြီးလို
ခါးပတ်ကြီးကြီးကို ဝမ်းမှာပတ်
ဗိုက်ပေါက်ထွက်မှာ ကြောက်နေတတ်သူ .....။
ကန်နာဗာရိုး စတိုင်ထုတ်...
စကားလုံးတွေနဲ့ အလုပ်ရှုပ်နေလိုက်တာ .......။
ငါတို့အသင်း ဂိုးသွင်း ခံနေရတာ
နှစ်ပေါင်း ၂၀ ကျော် ကြာပြီ ..........။
မောင်ဖုန်းမြင့်
“ အတင်းပြောတတ်သူများ ” ကဗျာအား ဤနေရာမှ ကူးယူဖေါ်ပြထားခြင်း ဖြစ်ပါသည်။
Posted by
Paradise of Fighting Peacocks
@
Thursday, July 24, 2008
0
comments












