အခုဆိုရင် နအဖဟာ တိုင်းပြည်ကို စစ်အာဏာရှင် စနစ်အောက်ကို ရောက်ဖို့အတွက် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ ခုလို ကြိုးပမ်းနေချိန်မှာ ကျနော်တို့ မျိုးချစ်ပုဂ္ဂိုလ်တွေအနေနဲ့ ဒီအတိုင်း ရပ်ကြည့်နေဖို့ မသင့်တော်ပါဘူး။ ဘာလုပ်ရင် အကောင်းဆုံး ဖြစ်မလဲဆိုတာ စဉ်းစားဖို့ လိုပါတယ်။ အားလုံးရဲ့ အကြံပေး ညွှန်ပြချက်ကိုလဲ ကျနော်တို့မှ ကြိုဆိုနေမှာ ဖြစ်ပါတယ်။ ကျနော်တို့ ငပြောင်များအဖွဲ့မှ (အဲလေ) ညီအကိုများအဖွဲ့ အနေနဲ့ စဉ်းစားဆုံးဖြတ်ထားတာ တခုကို ရိုးသားစွာ တင်ပြပါရစေ။ ကျနော်တို့ အနေနဲ့ အစီအစဉ်တခု တင်ဆက်မှာ ဖြစ်ပြီး ဆန္ဒဖော်ထုတ်ပွဲလေး တခုကို ကျင်းပမှာ ဖြစ်ပါတယ်။ အစီအစဉ် အသေးစိပ်ကိုတော့ လုံခြုံရေးအရ သိုဝှက်ထားရမှာ ဖြစ်ပြီး အမြည်းမျှသာ တင်ပြနိုင်မှာ ဖြစ်ပါတယ်။ ကြော်ငြာဟု မယူဆစေလိုပါ။ အလွယ်တကူ နားလည် သဘောပေါက်စေရန် လိုရင်းတိုရင်း ဖော်ပြပေးခြင်း မျှသာ ဖြစ်ပါတယ်။
T-Shirt ... backpack .. hat အစရှိသော အမှတ်တရပစ္စည်း ရောင်းချရင်း ဆန္ဒထုတ်ဖော်ပွဲကို ကျင်းပပါမည်။ ၂၀၁၀ အမှီရောင်းမည် လူတိုင်းမှာ ထိုပစ္စည်းများ ရှိနေနိုင်စေရန် တတ်နိုင်သမျှကြိုးစားမှာ ဖြစ်ပါသည်။ ထိုပစ္စည်းများ အပေါ်၌ ကိုပုည designတွေ ပါမှာ ဖြစ်ပြီး ကိုကောင်းကင်ကိုရဲ့ ကဗျာ ပါမှာ ဖြစ်ပါတယ်။။ ကိုဒိုင်းရဲ့ motto လေးတွေ ထည့်သွင်းပေးဦးမှာ ဖြစ်ပြီး ကျနော်များရဲ့ ဂေါက်သိုင်းဆရာကြီး ရဲ့ ဖလော်တွေ ပါမှာ ဖြစ်ပါတယ်။ မည်သည့် ပစ္စည်း ၀ယ်သူကိုမဆို ကိုလျှာရှည့်ရဲ့ ပြဇာတ်စုစည်းမှု e-bookများကို CDများနှင့် အလကား ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။ ကျနော်များရဲ့ တဦးတည်းသော မိန်းကလေး အဖွဲ့ဝင် ဖြစ်သော ဆရာမ ပုတုကွေးက မော်ဒယ်လျှောက်ပြမှာဖြစ်ပြီး လူမော်မှ "ရွှေပြည်တော် မျှော်တိုင်းဝေး" သီချင်းနဲ့ ဧည့်ခံမှာ ဖြစ်ပါတယ်။ ၀င်ကြေး $30 သာ ကျမှာ ဖြစ်ပြီး ပစ္စည်းတခုကို $15 သာ ကျသင့်မှာ ဖြစ်ပါတယ်။ တိုင်းပြည်ကြီးလွတ်မြောက်ဖို့ အရေးအတွက် ဒါနပြုရာလဲရောက် အလဟဿ လှူရာလဲ မရောက်အောင် ကျနော်တို့မှ စီစဉ်ထားခြင်း ဖြစ်ပါတယ်။
--------------------------------------------------------------------------------
ဗျာ ................
တော့ကီတို့ ဘာလုပ်မလဲ ဟုတ်လား။ အဖေပေးတဲ့ ကျောင်းစားရိတ်ကို ဖျောပြီး တိုင်းပြည်အတွက် အရင်းထုတ်မယ်ဗျာ .... အရင်းထုတ်မယ်။ အားလုံးကလဲ အားတက်သရော အားပေးကြပါတယ်။ အပိုင်းအလိုက် တာဝန်ယူကြမှာ ဖြစ်ပြီး ရသမျှ အကျိုးအမြတ်ကို ကျနော်မှ စီမံခန့်ခွဲမှာ ဖြစ်ပါတယ်။ ကျနော့် အရင်းဖြစ်တဲ့ ကျောင်းစားရိတ်ကို ပြန်ယူထားလိုက်ပြီး သကာလမှာတော့ ကျနော်မှ မြန်မာပြည်အတွက် တာဝန်ယူကာ ထောက်ပံ့မှာ ဖြစ်ပါတယ်။ ( ကာရာအိုကေဆိုင်များမှ အနော့်ညီမလေးများအတွက်။ ) ညီနောင်များကို တိုက်ခန်းငှားပေးမှာ ဖြစ်ပြီး လုပ်ငန်းဆောင်တာတွေ ဆက်လုပ်ကိုင်နိုင်ဖို့ အကူအညီပေးမှာ ဖြစ်ပါတယ်။ (တယောက်ခန်းမှာ အကုန်စုအိပ်ကြပေါ့။) စားရေးအတွက်ပါတာဝန်ယူမှာ ဖြစ်ပြီး ညီနောင်အသစ်များအတွက် စီမံထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ( ဆန်ကြမ်းနဲ့ ငါးပိရည်ဗျာ။ တတ်နိုင်တယ်။ မရှိတော့လဲ ရန်ပုံငွေ ထပ်ရှာတာပေါ့။ ) ၂၀၁၀အတွက် ထောက်ပံ့ရေးမှာလဲ တာဝန်ယူမှာပါ။ (မြန်မာပြည်ထဲက ကမ်ပိန်းပဲ မြန်မာငွေ ၂သိန်းလောက်နဲ့ နှစ်ပွဲလောက်ဖြစ်အောင် ကြည့်လုပ်တာပေါ့။) UN နဲ့ တကွ အခြား နေရာများကို ဆက်သွယ်ရာမှာ အသုံးပြုဖို့ အတွက်လဲ ကျနော်တို့ ရန်ပုံငွေ ထားရှိမှာ ဖြစ်ပါတယ်။ ( အီးမေးလ်က တံဆိပ်ခေါင်းကပ်ရတဲ့ ခေတ်ရောက်တော့မယ်။ ပြီးတော့ ကျုပ်တို့က DHL သုံးတာဗျ။ ) အရေးကြီး ဧည့်သည်တော်များ လာရောက်လျှင် အသုံးပြုဖို့အတွက်လဲ ရန်ပုံငွေထားရှိမှာ ဖြစ်ပါတယ်။ ( မိန်းမ ၊ ဆွေမျိုးလာရင် ကုန်ဦးမှာလေ။ ) အလုပ်ကိစ္စနဲ့ နိုင်ငံကြီးများကို သွားလာဖို့အတွက် ကုန်ကျစားရိတ်တွေကိုလဲ ဒီထဲက ပေးမှာ ဖြစ်ပါတယ်။ ( အဖွဲ့ဝင်တချို့က သူတို့သာ အသုံးမကျတာလေ။ သူတို့ မိန်းမတွေက နိုင်ငံကြီးတွေမှာ ဟန်ကျနေပြီ။ သူတို့သွားဖို့လာဖို့။ )
ဒီလောက်ဆို ကျနော်များရဲ့ အစီအစဉ်ကို နားလည်သဘောပေါက် ပေးနိုင်ဖို့ မျှော်လင့်ပြီး လူကြီးမင်းတို့ရဲ့ နိုင်ငံအတွက် ထက်သန်စွာ လှူဒန်းမဲ့ စေတနာကို စောင့်မျှော်နေပါတယ်။
ထာဝရ တိုင်းပြည်အပေါ် သစ္စာစောင့်သိသွားမဲ့
တော့ကီ
----------------------------------------------------------------------------------------------------------
PS: အနော်တို့ ညီအကိုတွေကို ခွေးတွေ ၀ိုင်းကိုက်နေဒယ်ကြားလို့ ပြန်လာတာ။ ဟိုဖက်ကဟာ ပိတ်လိုက်ပြီ။ စနေနံကောင်က ရွာမှာ အရိုးထုတ်တော့မယ်တဲ့။ အနော့်ကိုပဲ ခိုင်းဖို့လောက်သိတဲ့ သောက်ပိန်းကလဲ မိန်းမကံကို မကောင်းရှာပါဘူး။ (အော်ချက်ထုတ်တာ။)
ကျုပ်တို့ ဘယ်သူ့ကို ပြောချင်လဲဆိုတာ သိတဲ့လူတွေ မဟုတ်တာ လုပ်မယ် မကြံနဲ့။ ကြံချင်ရင်လဲ ကျုပ်တို့ကို အားနာ ... ရေးရတာ လက်ပြတ်တော့မယ်။ အမှတ်ကို မရှိဘူး။ ခွေးရူးလိုလိုက်ကိုက်မယ် မကြံနဲ့။ ကျုပ်တို့က ခွေးရိုက်တုတ်သိုင်းကျွမ်းတာ သိတယ်ဟုတ်။ ပျော်လို့ရေးနေတာ ဟတ်ဖူး။ တမင်ရေးရအောင်လဲ ခင်ဗျားတို့အခွက် မပြောနဲ့ အထီးလေးလား ၊ အမလေးလားတောင် သူများပြောလို့ သိရတာ။ လူတွေ လာလာပြောလွန်းလို့ အားနာပါးနာနဲ့ ရေးနေရတာ။ ခင်ဂျားတို့ အနော်တို့ကို သတ်ချင်နေတာ သိတယ်။ နောင် ခင်ဂျားတို့လဲ ပြည်သူတွေ ၀ိုင်းသတ်တာ မခံရအောင်နေကြ။ ဒါဆို ကျနော်တို့လဲ လက်ညောင်းသက်သာမယ်။ ခင်ဗျားတို့လဲ အေးချမ်းမယ်။ လူသောက်မြင်ကပ်အောင် မလုပ်ကြနဲ့။ ခင်ဗျားတို့ လုပ်နေတာ နိုင်ငံရေး။ ဒါလောက်မှ မသိရင်လဲ တခွန်းပဲပြောမယ်။ ရေမရှိတဲ့ ချောင်းမှာ နှာခေါင်းဖော်သေလိုက်။ တကယ်ကို မရေးချင်တော့ပါဘူးဗျာ။ အကုသိုလ်များ လွန်းလွန်းလို့ပါ။ အေးအေးနေကြစမ်းပါ။ စနေနံသုံးလုံး လဒက request လုပ်ထားတာ နောက်တခု ရေးပေးရဦးမယ်။ ပြီးလို့ ရေးစရာ မရှိရင် အနော်လဲ ဖွန်ကြောင်ရဦးမယ်။ အားနေတာ မဟုတ်ဘူးဗျ။ နားလည်ထား။
တော်သေးပြီ။
Saturday, June 20, 2009
၂၀၁၀ အမှီ လုပ်ကြမည်
Posted by
တော့ကီ
@
Saturday, June 20, 2009
0
comments
Labels: ဖဲ့စာ
Thursday, August 21, 2008
“ ကျွန် ”
ကျွန်… ဆိုတဲ့ ဝေါဟာရ အသုံးအနှုံးကို ကြားဘူး ဖတ်ဘူးတာက ကြာပါပြီ..။ အခုမှမဟုတ်…။
ဘုရား မပွင့်မီကတည်းက`ကျွန်´ဆိုတဲ့စကားလုံး၊ ဝေါဟာရ၊ လူတတန်းစား တစ်ရပ်ရှိခဲ့တာ …. သိကြတာဘဲ..။
ဘုရားရှင် ပွင့်တော်မူပြီး နောက်ပိုင်းမှာလည်း ဘုရားကျောင်းကန်၊ ကျောင်းဝင်းတွေမှာ ဘုရားကျွန်တွေ ရှိခဲ့တာ ကျုပ်သိပါတယ်.....။ ခေတ်စကားနဲ့ဆို ဂေါပကပေါ့။ ဒါပေမယ့် ယခုခေတ် ဂေါပကတွေကတော့ ဘုရားကျွန် မဟုတ်၊ …..ဘယ်သူ့ ကျွန်လဲ ဆိုတာတော့ ကျုပ် သိတာပေါ့။ ထားလိုက်။
ပြောချင်တာက ဂေါပကတွေ မဟုတ်ပါဘူး…..ဘုရားကျွန်ဆိုတဲ့ စကားနဲ့ ပါတ်သက်ပြီး ပါလာတာ။
ကျုပ် ဒီ`ကျွန်´စကားကို ဘလော့ဂ်တွေမှာ၊ စီဘောက်တွေမှာ တွေ့နေရတာ ကြာပြီ…..။
စစ်အာဏာရှင် အုပ်စုတွေက တစ်ဘက် အတိုက်အခံ အုပ်စုတွေနဲ့ ပြည်ပမှာ နေထိုင်သူ တော်တော်များများကို ``တိုင်းတစ်ပါးမှာ ကျွန်ခံနေရတယ်´´လို့ ပြောတတ်ကြတယ်….။
အဲဒါ တော်တော် အမြင်ကျဉ်းတဲ့၊ သေးသိမ်တဲ့ စကားဘဲ။ ဒီခေတ်မှာ ဒီစကားကို သုံးပြီးပြောနိုင်တာ မြန်မာပြည် နဲ့ တစ်ချို့ အာဏာရှင် နိုင်ငံတွေမှာဘဲ ရမယ်…။ စင်္ကာပူ၊ ဂျပန်၊ ဥရောပနဲ့ အနောက် နိုင်ငံတွေမှာတော့ ဆောရီးဘဲ..။
ပြည်ပမှာ နေထိုင်တဲ့ သူတွေကို အုပ်စုခွဲရင်…အကြမ်းဖျဉ်းအားဖြင့်
၁။ (က) မိမိတတ်ထားတဲ့ ပညာ၊ ဘွဲ့လက်မှတ်နဲ့ တူတူတန်တန်နေရာမှာ အလုပ်လာလုပ်သူ
(ခ) ပညာတော်သင်ထွက်ရင်း အလုပ်လုပ်ကိုင်သူ
(ဂ) မိမိနိုင်ငံတွင် အလုပ်အကိုင် ရှားပါးမှုကြောင့် ထိုင်း၊ မလေး၊ စင်္ကာပူ၊ ကိုရီးယားနိုင်ငံများတွင် တရားဝင်၊ တရားမ၀င် သွားရောက် အလုပ် လုပ်ကိုင်သူ
၂။ ငွေကြေး အရင်းအနှီးဖြင့် အလုပ်လာလုပ်သူ
၃။ (က) နိုင်ငံရေး ခိုလှုံခွင့်ဖြင့် ရောက်ရှိပြီး အလုပ် လုပ်နေသူ (ပြည်တွင်းမှာ နေထိုင် မရ လောက်အောင် စစ်အစိုးရ ယုတ်မာမှုကြောင့် ဒုတိယနိုင်ငံမှ တစ်ဆင့် ထွက်လာသူ)
(ခ) ရွာကိုဖျက်ဆီး၊ ပေါ်တာဆွဲ၊ လူသတ်ခြင်းကြောင့် ဒုက္ခသည် စခန်းမှ တတိယနိုင်ငံတွင် အခြေချသူ
ဒါတွေဘဲ ရှိတယ်..။
ကျုပ်က ၃(က) အုပ်စုက…နေတာက နော်ဝေ။ အလုပ်က ပန်းချီ၊ ဒီဇိုင်းနဲ့ ကွန်ပြူတာဂိမ်း ရေးဆွဲသူ…။
ကျုပ်အပါအ၀င် ပြည်ပ ထွက်လာသူ အားလုံးမှာ အလုပ်ကိုယ်စီ ရှိကြတယ်….အလုပ်၊ အလွှာ အသီးသီးမှာ၊
ကျုပ်အလုပ်က တစ်နေ့ ၇ နာရီ (သို့မဟုတ်) ၈နာရီ..။
အလုပ်မှာ အော်ငေါက် ခိုင်းစေ ပြောဆိုတာ တစ်ခုမှမရှိ။ ကော်ဖီ အတူသောက်၊ နေ့လည်စာ အတူစား၊
ဂိမ်း အတူကစား၊ ထိုင်ရတာ ညောင်းရင် အလုပ်ရှင် စားပွဲပေါ် ခြေထောက်တင်လို့ ရသေးတယ်…….။
တနာရီ ခရိုနာ ၁၅၀ (၁ဒေါ်လာ=၆ ခရိုနာ)၊ ကျုပ် တစ်လ ၁၆ ရက်လုပ်တာ။ ၁၆၇၀၀ ခရိုနာ။
မောင်ရင်တို့ရတာ တစ်လ ဒေါ်လာ ၂၅၀။ အင်း….ကျုပ် ပြုံးမိတယ်….သနားပြုံးလေးပါ။
ဒါတောင် ကျုပ်က နော်ဝေမှာနော်…အမေရိကန်၊ အင်္ဂလန်၊ စင်္ကာပူဆို နော်ဝေထက် ငွေကြေးနှုံး ပိုမြင့်တယ်။
သူတို့ဆို မောင်ရင်တို့ကို ကျုပ်ထက်တောင် ပိုသနားနေမှာ…သေချာပဗျာ။
ကျုပ်တို့နေတဲ့ တိုင်းပြည်တွေမှာ လူ့ အခွင့်အရေး ရှိတယ်၊ အလုပ်သမား အခွင့်အရေးရှိတယ် မောင်ရင်….။
အလုပ်သမားကို အော်လို့မရဘူး၊ အလကား ခိုင်းလို့မရဘူး… ၊ လူတစ်ယောက်ကို ကျွန်လို ပြောဆို ခိုင်းစေခွင့် မရှိဘူး။ မောင်ရင် လေ့လာ လိုက်ဦး…။
သူများတွေက မောင်ရင်တို့ကို ပြန်မပြောတာ၊ မရေးတာ…လက်ညောင်း မခံချင်လို့၊ …….ကျုပ်ဘဲ….. ရေးနေတာ…ဘာလို့လည်းဆိုတော့ ကျုပ်က ငယ်ငယ်တည်းက စောင်းတီးတာဝါ သနာရှိလို့…….
အခုစာရေးတာတောင် ကိုလျှာရှည်တို့က ဝေဖန်နေဦးမှာ ကျွဲပါးစောင်းတီး .. လို့။
ကဲ…. မရဲဘဲ ကျွဲပြဲစီးလိုက်ဦးမယ်…..ဘာလို့လဲဆိုတော့ ကျုပ် အခု ကျွဲကို အင်တာဗျူးမလို့…။
ကဲ….မောင်ရင်တို့ ပြောတဲ့ `ကျွန်´ ဆိုတဲ့ ဝေါဟာရကို အနက်ဖွင့်ကြည့်ရင်….
၁။ ခိုင်းသမျှ မငြင်းရဲဘဲ လုပ်ပေးရသူ
၂။ ကိုယ်မှန်သော်လည်း ပြန် မပြောရဲသူ
၃။ အစားအစာကိုလည်း ပေးသလောက်၊ ကျွေးသလောက်ဘဲ စားရသူ
၎။ ဆင်ပေးသမျှ အ၀တ်အစားမျှသာ ၀တ်ရသူ
(ဥပမာ စစ်ယူနီဖောင်းလိုပေါ့၊ တစ်ရောင်တည်း၊ တစ်ပုံစံတည်း)
၅။ သခင်ရဲ့ အသက်စည်းစိမ် အိုးအိမ်ကို ကာကွယ်ရသူ
၆။ သခင်ခိုင်းရင် ဘိနပ် ဖုန်သုတ်ပေးရသူ
၇။ သခင်ကခိုင်းရင် အသက်အန္တရာယ် ရှိသော်လည်း၊ အသေခံလုပ်ရသူ
ကဲ…ထားပါ ဒီ( ၇ ) ချက်ဘဲ။ ကျုပ်မေးပြီ မောင်ရင်တို့ …. အဲဒီ အချက် တွေကို ဆန့်ကျင်ပြီး….
မောင်ရင်လုပ်ရဲလား* .....
ပြန်ပြောရဲလား*……
ပြည်ပမှာ နိုင်ငံရေး၊ ဒီမိုအရေးတွေကြောင့် ရောက်ရှိနေထိုင်ပြီး အလုပ်လုပ်နေတဲ့
ကျုပ်တို့မှာတော့ ဒီ(၇)ချက်က လွတ်မြောက်နေတယ်……။
ကျုပ်တို့တွေကို ကျွန်လို့ ပြောရင်တော့ …..ဒီစာကိုဖတ်ပြီး `မှန်´ ကြည့်လိုက် မောင်ရင်တို့ …….
မကြောက်နဲ့ ရဲရဲကြည့်……`ကျွန်´ ဆိုတဲ့ ဝေါဟာရကို နားလည်သွားမယ်…..။
ဒီကြားထဲကမှ ပြောချင်သေးရင်လည်း ပြော….။ ကျုပ်.. ထပ်မပြောတော့ဘူး၊ စာလည်း ထပ်မရေးတော့ဘူး။
ပြုံးနေလိုက်မယ် မောင်ရင်တို့……..သနားပြုံးလေးပေါ့…။
သနားပြုံးလေးနော်…..မသေမချင်းမှတ် ။ ။
စစ်ဟိန်း
Posted by
Paradise of Fighting Peacocks
@
Thursday, August 21, 2008
4
comments
Sunday, July 13, 2008
ဆော်ကြမယ် .. လှော်ကြမယ် ..
“ ဟုတ်ကဲ့.. အခုအချိန်ကစပြီး ဆော်ကြမယ်၊ လှော်ကြမယ် စတင်ဖွင့်လှစ်လိုက်ပါပြီ။ စီစဉ်တင်ဆက်သူများမှာ ဆိုရင်ဖြင့် အပျိုအချော အလှ မကျန် အသေချတဲ့၊ ကိုစောရတေဇနဲ့ ဘယ်သူတွေ ဘာပဲပြောပြော၊ အသက်ခန္ဓာ မကြွေသေးတဲ့ ၀က်သန္တာမြွေပွေး (အာ .. ယောင်လို့) .. မ၀က်သန္တာခွေတို့ ဖြစ်ပါတယ်။ ”
စောရတေဇ ။ ။ ဟုတ်ကဲ့ ကျွန်တော်ကတော မြန်မာနိုင်ငံသာမက အမေရိကားမှာပါ ၀က်ဝက် ကွဲထင်ရှားတဲ့ ငို့ဘ စီးလိုက် ပွါးလိုက် ခိုးလိုက် လုပ်ငန်းရှင် စောရတေဇ ဖြစ်ပါတယ်ခင်ဗျာ။
မ၀က်သန္တာခွေ ။ ။ ကျမကတော့ဖြင့် စိန်စီသောဝက်မဆိုပြီး Youtube ကနေ တစ်ကမ္ဘာလုံးမှာ ထင်ရှားခဲ့တဲ့ ခင်သန္တာခွေဖြစ်ပါတယ်ရှန်။
စောရတေဇ ။ ။ “ ဒီဆော်ကြမယ် လှော်ကြမယ် အစီအစဉ်ရဲ့ စည်းကမ်းချက်များကို တဆိတ် လောက် သိပါရစေလား မ၀က်သန္တာ ခွေရေ။
မ၀က်သန္တာခွေ ။ ။ ဟုတ်ကဲ့ စည်းကမ်းချက် အနေနဲ့ဆိုရင် ဖေဖေဂျိုကုတ်ကြီးရဲ့ဖားတော်ဘွဲ့ကို အသေအကြေ အတော်ဆုံးဖားတဲ့သူက သာလျှင် ဆုများနဲ့ ထိုက်တန်စွာ ချီးမြှင့်ခြင်းခံရမှာ ဖြစ်ပါတယ်။
စောရတေဇ ။ ။ ဟုတ်ကဲ့ ..၊ ဘာဆုများပါဝင်ပါသလဲ မသန္တာခွေ။
မ၀က်သန္တာခွေ ။ ။ ဟုတ်ကဲ့ပါရှင်၊ ဆုများအနေနဲ့ ပထမဆုအဖြစ် ဆိတ်ဗိုလ်လောင်းများ ဖြစ်ပါက ငါရအဂတိဂုဏ်ထူးကို ချီးမြှင့်မှာဖြစ်ပြီး သာမာန်လူ ဖြစ်ပါက သီရိပျံချီ သူခိုးကြီးများဘွဲ့ ကို ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒုတိယဆု အနေနဲ့ကတော့ ငရဲကြီးရှစ်ထပ်ကို တံခါးမရှိ ဓါးမရှိ ၀င်ခွင့်ရတဲ့ ပါမစ်ပေးမှာ ဖြစ်ပြီး တတိယဆု အနေနဲ့ ဘုန်းကြီးတုတွေကို နှိမ်နင်းကာ အင်းစိန်သွင်းခဲ့တဲ့ ၀ါးရင်းတုတ်ကို ချီးမြှင့်မှာ ဖြစ်ပါ တယ်။ လာဆိုသူများ အားလုံး လက်ချည်းဗလာ မဖြစ်ရလေအောင် နှစ်သိမ့်ဆုရှင် အားလုံးကို ကျမကိုယ်တိုင် အသုံးတော်ခံမယ်လို့ စိတ် ကူးထားပါတယ်။
စောရတေဇ ။ ။ အလွန့်အလွန် ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့ နှစ်သိမ့်ဆုမဟုတ်လား မသန္တာခွေ။
စောရတေဇ ။ ။ ဒါနဲ့ သီချင်းဆို ကောင်းမကောင်း ဘယ်လို အမှတ်ပေးကြမလဲ၊ တစ်ဆိတ်လောက် ပရိသတ် သိပါရစေလား ။
မ၀က်သန္တာခွေ ။ ။ ဒိုင်လူကြီးများကတော့ ပရိသတ် ကိုယ်တိုင်ပဲဖြစ်ပြီး ပစ်ပေါက်တဲ့ ခဲ၊ ရေဘူးခွံ၊ ဖိနပ်စုတ် အရေအတွက် အနည်းအ များအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိမှာ ဖြစ်ပါတယ်။
စောရတေဇ ။ ။ သမာသမတ် အကျဆုံးပါဘဲခင်ဗျာ။
မ၀က်သန္တာခွေ ။ ။ ဟုတ်ကဲ့ရှန့်။ ဒီအစီအစဉ်ကို ၀ိုင်းဝန်း ကူညီ ထောက်ပံ့ပေးနေတာကတော့ ပြည့်အကျိုးတော်ဆောင် သေပြည်တော် ပိုင် ဂျိုကုတ်မှူးကြီးသန်းခွေ၏ ဖွတ်ကြံ့ အော်ဂနိုက် ဇေးရှင်းနဲ့ ဂုံးမအို မယ်မယ်ကျိုင်ရဲ့ အ၀ါရောင်ဝတ် ငါးစိမ်းသည်များ အသင်းအဖွဲ့တို့ ဖြစ်ပါတယ်။
စောရတေဇ ။ ။ မ၀က်သန္တာခွေရဲ့ ဒယ်ဒီကြီးနဲ့ မာမီကြီးတို့ပဲ ဆိုကြပါတော့။
မ၀က်သန္တာခွေ ။ ။ ဟုတ်ကဲ့ .. ပြည်သူ့ ချဉ်ဖတ်တော် မြန်မာ့ကျက်သရေဆောင် တော်ဝင် မိသားစုဖြစ်ပါတယ်ရှင်။
စောရတေဇ ။ ။ အ၀ီစိသွားဖို့ မြေကြီးထဲ တော်တော်ဝင်နေတဲ့ မိသားစုတွေပေါ့နော်။
မ၀က်သန္တာခွေ မျက်နှာကြီးညိုလျက်….။
မ၀က်သန္တာခွေ ။ ။ ကဲ .. ကဲ အပြောင်အပျက်တွေလျှော့ပြီး အစီအစဉ်ကို စလိုက်ကြရအောင်။ ပထမဆုံး တင်ဆက်မဲ့ သူကို ကိုစောရတေ ဇကပဲ စင်ပေါ်ကို ခေါ်ပေးပါလားဟင်။
စောရတေဇ ။ ။ ပထမဆုံး ဖျော်ဖြေမဲ့ တေးသံရှင် ညီငယ်လေးကတော့ ဇရပ်ပျက်မှာ အပျက်ပျက်နဲ့ နှာခေါင်း သွေးထွက်ခဲ့ရတဲ့ မောင် စွေစောင်းဖြစ်ပါတယ်။ ညီလေးစွေစောင်း စင်ပေါ်ကြွပါ။
စင်ပေါ်မှ စုတ်တီးစုတ်ချာနှင့် သုတ်မနိုင်တဲ့ ပုံပေါက်သော ချာတာတာ ငနဲတစ်ကောင် စင်ပေါ်တက်လာလေသည်။
စောရတေဇ ။ ။ ညီလေးနာမည် ဘယ်လိုခေါ်ပါသလဲ။
စွေစောင်း ။ ။ ခုနက ကျနော့်ကို စင်ပေါ်တက်ဖို့ ခေါ်လိုက်တာ ခင်ဗျား မဟုတ်ဘူးလား။ ဒါနဲ့တောင် နာမည်မေးချင်သေးတယ်။ ရူးများနေသလား။ (ဆိတ်ဗိုလ်လေသံနှင့်)
စောရတေဇ ။ ။ ဟတ်အကောင်။ သောက်စကားမများနဲ့။ ငါလူးကုမ္ပဏီပိုင်ရှင်နော်။ အာဏာပိုင်တွေနဲ့ လူးနေတဲ့ သူကွ။ မင်းဘာဖြစ် သွားချင်တုန်း၊ မင်းဘာရချင်တုန်း။ အကုန်လုံး လုပ်နိုင်တဲ့ တေဇကွ .. နော်။
သကောင့်သား မျက်ခွက် မျက်လှည့်ပြသလို ချက်ချင်းပြောင်းသွား၏။
စွေစောင်း ။ ။ အာ .. အတိုကလည်း တားတားက နောက်တာပါဂျာ။ ချိတ်ချိုးနဲ့နော်။
မ၀က်သန္တာခွေ ။ ။ သောက်ကောင်စုတ်၊ အချိုးက အမျိုးမျိုး။ ရော့ .. ဒါ Mic နင်ဆိုချင်တာဆို။ ငါတို့တော့ ပရိသတ်ကြီးရဲ့ အကဲဖြတ်မှာ ကြောက်တယ်၊ စင်အောက်ကနေ စောင့်နေမယ်။
ယိုင်နဲ့နဲ့ စင်ကလေး လှုပ်ခါသွားအောင်ပင် တင်ဆက်သူနှစ်ယောက် ကဆုန်စိုင်းကာ စင်ပေါ်မှ ဆင်းပြေးလေသည်။
စွေစောင်း ။ ။ ကျနော် အခု သီဆိုမဲ့ သီချင်းကတော့ `စွန့်သွားလို့သေဘီ´ ဖြစ်ပါတယ်။ နားသောက ဆင်ကြပါခင်ဂျာ။ (ကိုယ့်ကိုကိုယ် မိတ်ဆက် ပေးလိုက်ရတယ်။ အဟွန့် .. ရှက်လိုက်တာ)
အမှောင်ယံတွေအလယ်မှာ
နေ့စဉ်ရှင်သန်နေထိုင်လာ
ဒီလိုရန်ကုန်မြို့ထဲကို
တစ်ချိန်မှာ မင်းလေးရောက်လာခဲ့
နီယွန်အရောင်တွေ
ရန်ကုန်မြို့မှာ အမြဲဖြာချင်လည်းလေ
ကြက်ဆူသီးဖို့ စောင့်နေ
တို့ဘ၀တွေ ဂွမ်းဂွမ်း သွားပြီလေ။
ဒီမြို့ကို စွန့်သွားတော့ ပျော်သည်။
ကြက်ပြေးကို အပြေးလေး လာခဲ့တော့
တို့အဖြစ်ကို မကြည့်စမ်းနဲ့သေဘီ။
ဟိုမို စီနီယာတွေ လက်အောက်မှာ လွတ်လမ်းတော့
မမြင်နိုင်ပါသေဘီ။
နင်နဲ့ ငါဘ၀တော့ ညခြားဘီ။
လူဖြစ်ဖို့ မျှော်လင့်ညခြင်းတွေ အရောင်တွေဖျော့တော့လို့
သေဘီ…………။
သီချင်းပြီးပြီးချင်း ပရိသတ်များ၏ အကဲဖြတ်သံများမှာ တဖုန်းဖုန်းနှင့် ယိုင်နဲ့နဲ့စင်ပင် ယိမ်းထိုး လှုပ်ခါသွားလေသည်။ ခွက်စုတ်၊ ဖိနပ်စုတ် များမှာ စင်ပေါ်တွင် သဲသဲလှုပ်မျှ ရှိလေတော့၏။ အကဲဖြတ်သံစဲတော့မှ…..
`ဖြောင်းဖြောင်းဖြောင်း´ မ၀က်သန္တာခွေနှင့် စောရတေဇတို့ လက်ခုပ်တီးကာ စင်ပေါ်ပြန်တက်လာလေသည်။
မ၀က်သန္တာခွေ ။ ။ ပရိသတ်ရဲ့ သောင်းသောင်းဖြဖြအားပေးမှုကို ရရှိတာပါဘဲလား မောင်လေးစွေစောင်းရေ။
စွေစောင်း ။ ။ နိုင်ငံတော်အကြီးအကဲရဲ့ စေတနာတွေပါဗျာ။ (လားလားမျှ .. မဆိုင်)
မ၀က်သန္တာခွေ ။ ။ ဒီလောက် အဖားကောင်းပုံနဲ့ ငါ့မောင်စွေစောင်း တပ်ကို ဆုပိုက်ပြီး ပြန်ရပါစေလို့ မမတို့ ဆော်ကြမယ် လှော်ကြမယ် ၀ိုင်းတော်သားတွေက ဆုတောင်း ပေးလိုက်ပါတယ် မောင်လေးရေ။
စွေစောင်း ။ ။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ မမ။ နှစ်သိမ့်ဆုမပါရင် အကုန်ယူမှာပါ မမ။
မ၀က်သန္တာခွေ ။ ။ ကဲ .. နောက်တစ်ယောက် အုံးဂွမ်မျိုးဆက်လေး ဘယ်သူများ ဖြစ်မတုန်းရှန်။
စောရတေဇ ။ ။ ဟုတ်ကဲ့ .. နောက်တစ်ယောက် ဘယ်သူလဲဆိုတာ မပြောခင် ကြော်ငြာလေး ..
ဝင်ပါရစေနော်။
ထိုအခိုက် စလိုးလေးနဲ့ တီးသံလေး ကြားလိုက်ရသည်။
`ဗြောင်လိမ်..ဗြောင်လိမ် .. ဗြောင်လိမ် .. ဗြောင်လိမ် .. ဗြောင်ဗြောင်´ အစရှိတဲ့ ရှစ်နာရီထိုး သီချင်းအလိုက်ကလေးနဲ့ … အတူ
စောရတေဇ ။ ။ အခု .. ကျွန်တော့် လက်ထဲမှာ ကိုင်ထားတာကတော့ စားသမျှ အားဖြစ် ဗိုက်ဝ ခွန်အားတိုးစေတဲ့ UN ဘီစကစ် ဖြစ် ပါတယ်။ လူမျိုးးမရွေး ဘာသာမရွေး စားသုံးနိုင်ပြီးတော့၊ လက်ဘက်ရည်နဲ့ ဖြစ်စေ ကော်ဖီနဲ့ဖြစ်စေ တွဲဖက်သုံးဆောင် နိုင်ပါတယ်။ ပင် ရင်းကုမ္ပဏီ လိပ်စာကတော့ ဂျိုကုပ်လဒူကြီးပန်းသေ၊ ဘိုဂျုပ်ရူးကြီး သန်းရွှေရဲ့ သေပြည်တော်၊ မရဏ လမ်းအမှတ် (၀) ဖြစ်ပါတယ်။
မ၀က်သန္တာခွေ ။ ။ ဟုတ်ကဲ့ပါရှန်၊ အဲဒီ ခွန်အားဖြည့် ဘီစကစ်များကို ၀ယ်ယူသုံးဆောင်ရာမှာ အတုအပ ဆင်တူရိုးမှားများကိုလည်း အထူးသတိပြု ၀ယ်ယူအားပေးတော် မူကြပါရှင်။
စောရတေဇ ။ ။ ဟုတ်ကဲ့ပါခင်ဗျာ။ အမြို့မြို့ အနယ်အနယ်ရှိ ကြံ့ဖွံ့ရုံးများနဲ့ တိုင်း တပ်ရင်းအသီးသီးရှိ စစ်ဂိုဒေါင်များမှာ လက်လီ လက်ကား ၀ယ်ယူ ရရှိ နိုင်ပါတယ် ။ ဖုန်း အမှတ်ကတော့ ၀၀-၀၀၀၀၀ ဖြစ်ပါတယ် ဆိုတဲ့အကြောင်း သတင်းကောင်း ပါးအပ်ပါတယ် ခင်ဗျာ။
မ၀က်သန္တာခွေ ။ ။ ကဲ .. ကြော်ငြာပြီးတော့ နောက်တစ်ယောက်ကို စင်ပေါ်အရောက်တင်ကြပါစို့ လား အစ်ကိုရေ။
စောရတေဇ ။ ။ ဟုတ်ကဲ့ နောက် တစ်ယောက်ကတော့ဖြင့် ပန်းဆိုးတန်း ကုန်းကျော်တံတားအောက်က ကုလားနဲ့တွေ့လို့ သွက်ချာပါဒ လိုက်သွားတဲ့ မာမီမျိုးဖြစ်ပါတယ်။ မာမီမျိုး စင်မြင့်ပေါ် ကြွပါခင်ဗျာ။
တဒေါက်ဒေါက်နှင့် ခုံဖိနပ်ဖြင့် လမ်းလျှောက်သံ ကြားလိုက်ရပြီးနောက် စင်ပေါ်သို့ ကနွဲ့ကလျ၊ မိတ်ကပ်အပေါစား ရေမွှေးအပေါစား နှင့် တရုတ်သရဲအလား ကားတားကားတား ဖြင့် မာမီမျိုး ရောက်လာပါတော့သည်။
စောရတေဇ ။ ။ မင်္ဂလာပါ၊ ပရိသတ်ကို မိတ်ဆက်ပေးပါဦး မာမီ။
မာမီမျိုး ။ ။ ဟတ်ကဲ့ ..၊ ကိုကို မောင်မောင် အများစုကတော့ များကို မျိုးမျိုးလို့ ခေါ်ကြပါတယ်။ အမေရိကန်ဘေးက နိုင်ငံမှာ နေပြီး ဘေးထိုင် ဘုပြောရင်း လူတောမတိုးတော့တာနဲ့ ခု နံပြားရောင်းတဲ့ အလုပ်ဘဲ လုပ်နေပါတယ်။ ဟောဒီက ဦးတေဇတို့ လုပ်တဲ့ ပွဲကို များ.. ဖိတ်လို့ များမှာ မအားတဲ့ကြားကဘဲ လာရောက် ချီးမြှင့်ပေးတာပါ။
မ၀က်သန္တာခွေ ။ ။ ဟဲ့ .. သူများအခြောက်တွေက ရှောက်သီး ဆေးပြားရောင်းတာ နင်ကဘာလို့ နံပြားရောင်းရသလဲ။
မာမီမျိုး ။ ။ အော် .. ရှောက်သီး ဆေးပြားရောင်းတဲ့ အခြောက်တွေပေါင်းပြီး များကို အနိုင်ကျင့်ကြတာမို့ သူတို့ကို ကြောက် ပြီး သူတို့မလုပ်တဲ့ နံပြားအော်ဒါ လိုက်ရတာပါရှင်။
မ၀က်သန္တာခွေ ။ ။ အခြောက်အချင်းချင်းတောင် ကြောက်ရသတဲ့။ မမြင်ဘူးပေါင်တော်။ ဧကန္တ နင်က ထူးပြီး ပလိစိချောက်ချက်လုပ် လွန်းလို့ ဖြစ်မယ်။ ပလီစိအခြောက်ပေါ့။
မာမီမျိုး ။ ။ ဟုတ်ပါဘူး မမခွေရဲ့။ သူတို့ အခြောက်တွေက ၀ိုင်းကြိတ်လိုက်ရင် များလုပ်စားလို့ မရအောင် ဖြစ်သွားမှာပေါ့ လို့။ ဒင်းတို့က နေကောင်းတာ မကောင်းတာ သိတာမဟုတ်ဘူး ဇွတ်တွေ.. ဟင့် ။
စောရတေဇ ။ ။ ဟုတ်ပါပြီ မာမီရယ်။ ကဲ .. ဆိုစရာရှိတာ မြန်မြန် ဆိုပေတော့။( ဆောင့်ကြီး အောင့်ကြီးနှင့်)။
မာမီမျိုး ။ ။ မာမီက အော်ရတာကို ဖေးဘရိတ်ဖြစ်၊ အဲလေ၊ အော်တာနေးတစ်ဆို သိပ်ကြိုက်တာ။ ကျားပေါက်ရဲ့ အားလုံး ဖြတ်ပစ်မယ် ဆိုတဲ့ သီချင်းလေးကို ကိုယ်ပိုင်ဟန်ပြုထားတာလေး ဆိုပါရစေနော် .. နော်။
စောရတေဇ ။ ။ နားသောတဆင်ပါရစေလား။ (စကားစဖြတ်ပြီးရောဆိုတဲ့ပုံစံ)
ဝက်သန္တာခွေနဲ့ စောရတေဇတို့လည်း ပရိသတ်အားပေးသံကို သိပြီးသားဖြစ်တဲ့အတွက်ကြောင့် ပြောပြောပြီးချင်း စင်ပေါ်ကနေ ၀ရုန်း သုန်းကား ဆင်းပြေးကာ လုံခြုံတဲ့နေရာ ၀င်နေလိုက်၏။
' ရေလည်း ဖြတ်မယ် မီးလည်ဖြတ်မယ်
အင်တာနက်လည်းဖြတ်ပစ်မယ်
မင်းတို့ မဖြတ်ရင် UN ဖြတ်လို့
ငါ့ဘ၀ပျက်တော့မယ်
နံပြားရောင်းပြီးတော့ မသေရင်
အိတ်စ် (AIDS) ဖြစ်သေမယ်
ငါဖြတ်မှရလိမ့်မယ် ဒါဆိုဒါဘဲ။
ဗမာတွေ ဒုက္ခနဲ့အသားကျနေပြီလား
ကြာလာရင် ငါထောလိမ့်မယ် .. အွတ်။
မာမီမျိုးခမျာ ဆုံးအောင်ပင် မဆိုလိုက်ရရှာ။ ပျံဝဲလာသော ဖိနပ်စုတ် တပြုံတမကြီးကို ရှောင်ရှားရင်း စင်ပေါ်မှ ကြမ်းကျွံကျ၏။ ဆုရသည် မရသည် အပထား။ မာမီမျိုးတွင် ဒူးပြဲရာများနှင့်အရှိုးရာများကား ဦးစွာ ရရှိလေတော့သည်။
စောရတေဇ ။ ။ ကိုယ့်ဖာသာ နေရင်အကောင်းသား ဆုရချင်လို့ ၀င်ပြိုင်ကာမှ ကွဲရှာတယ်။ ခွိခွိ။
မာမီမျိုး ။ ။ ရဘူးနော် ကိုကိုတေ၊ များကို တာဝန်ယူရမယ်။ များကို တာဝန်ယူရမယ်။
စောရတေဇ ။ ။ ငါ့မှာ တာဝန်မယူဘဲပစ်ထားတဲ့ မော်ဒယ်လေးတွေတောင် အများကြီး၊ နင့်လို မဖြတ်မဖေါက် မချုပ်တဲ့၊ အခြောက်တု ကိုတော့ ..... ထွီ …။
မာမီမျိုး ။ ။ စက်ရက်လိုက်တာ စက်ရက်လိုက်တာ။ ရုပ်ကိုက မလိုတစ်မျိုး လိုတစ်မျိုး လုပ်မဲ့ရုပ်။
ဟု မြည်တမ်းလျက် စင်မြင့်ပေါ်မှ ထော့ကျိုးးထော့ကျိုးဖြင့် ဆင်းသွားရှာရလေသည်။
မ၀က်သန္တာခွေ ။ ။ ကဲ .. ကိုတေဇရေ၊ မာမီမျိုးရဲ့ ဖြတ်ပြီးရင်းဖြတ် တင်ဆက်မှု အပြီးမှာတော့ တစ်ပြည်လုံးရဲ့ မေတ္တာခံ ဒက်ဒီ ဂျိုကုတ် မှူးကြီးသန်းခွေရဲ့ ချစ်လှစွာသော မြေး.. ရတာ .. နာ ဖိုးလပြည့်လေးရဲ့ အောင်မြင်လှစွာသော အသံနဲ့ တင်ဆက်မှာဖြစ်ပါတယ်။ ကဲ..ပြည်သူ့အချစ်တော်လေး စင်မြင့်ပေါ်သို့ ကြွပါရှန်။
နားထောင်နေသော ပရိသတ်ကြီးမှာ ဆူညံအုံကြွစ ပြုလာလေသည်။
ထိုအခိုက် အနီရဲရဲကို ၀တ်ဆင်ထားပြီး၊ ဆေးသမားရူပကာရှိကာ၊ ဥပဓိရုပ် လားလားမျှမရှိသော၊ တစ်နေကုန် ထိုင်ကြည့်တောင်၊ ငါးပြား ဖိုးမှ ကြက်သရေ မရှိရှာသည့် အတုအယောင် ဥာဏ်ကြီးရှင်လေးသည် မျောက်မူးလဲဟု ပြည်သူပေးသော အမည်နာမနှင့် လျော်ညီစွာ ထင်ပေါ် ကျော်ကြားသည့်အတိုင်း စင်ပေါ်ကို ကျွမ်းပစ်ကာ ၀င်လေတော့သည်။
စောရတေဇ ။ ။ အသာလုပ်ပါ မူးလဲရယ် ငါတို့ စင်လေးပြိုသွားမှ လုပ်စားစရာမရှိဘူးဖြစ်နေမယ်။
မူးလဲ ။ ။ မပူပါနဲ့ အန်ကယ်ရယ်၊ ဘိုးဘိုးက လက်ဖျစ်တစ်ချက် ခေါက်တာနဲ့ ဘိလပ်မြေတွေအိမ်ရှေ့ရောက် အင်ဂျင်နီယာတွေ ဒူးထောက်ကုန်မှာ။
လူထု ပရိသတ်ကြီး ပွက်လောရိုက်လာလေပြီ။ တစ်ဦးချင်းစီ၏ လက်ထဲတွင် အုတ်ခဲကျိုးများ….။ အတော်ဘဲပေါ့။ ခုနက ပြောသွားတာ၊ ဘိလပ်မြေတွေ၊ အင်ဂျင်နီယာတွေ အသင့်ဆိုဘဲ။
စောရတေဇ ။ ။ သားရယ် ဘိလပ်မြေတွေက တံတားဆောက်တုန်းက ဘတ်ထားတဲ့ ဟာတွေပါ။ ဒူးထောက်မှာပေါ့ အင်းစိန်ကို အ လည် မရောက်ချင်လို့နေမှာပေါ့ မူးလဲရယ်။
မူးလဲကတော့ မိုက်ခွက်အသင်ကိုင် ဆိုမယ်ဆိုတာချည်းဘဲ။
မူးလဲ ။ ။ အခုဆိုမည့် သီချင်းကတော့ … အွတ် !! .. ။
ဘယ်အရပ်က ပျံဝဲလာသည် မသိသော အုတ်ခဲကျိုးတစ်လုံး။ နောက်မှ ကပ်လိုက်လာသော ဇလုံအစုတ်များ၊ အတွင်းခံအထုတ်များ၊ အန် ဖတ် အထုတ်များ သောသောညံသွားသည်။ စင်ပေါ်မှ မျောက်မူးလဲ သာမက စောရတေဇနှင့် ၀က်သန္တခွေတို့မှာကား ဒီတစ်ကြိမ်မတော့ ရှောင်ချိန်လေးပင် မရလိုက်ပါတကား။
ဖြစ်… တစ်တစ် .. ၀ရုန်း.. ဒိုင်း.. ဒိုင်း..။
ကျောက်ခဲများ အမှိုက်များ မည်မျှများသွားသည်မသိ။ ယိုင်နဲ့နဲ့ ကြမ်းကျွံသွားသော စင်ကြီးမှာ ဒီတစ်ခါတော့ အနိစ္စသဘောနဲ့ ကိစ္စချော ကာ မြေကြီးပေါ်သို့ အပြီးပြိုကြလေတော့သည်။
ထိုအခါတွင်မှ လူများက လက်ခုတ်လက်ဝါးတီးကာ သောင်းသောင်းဖြဖြ အားပေးကြကုန်လေသည်။
ထိုအခိုက် ကျိုးပဲ့နေသော လော်စပီကာမှတဆင့် ကျောက်ခဲပုံအောက်က မျောက်မူးလဲ၏အသံကို ကြားလိုက်ရလေသည်။
`ပရိတ်သတ်ရဲ့အကဲဖြတ်အားပေးမှုကို အများဆုံးအပြင် သူများထက်စံချိန်သစ်တင်ကာ မြန်မြန်ဆန်ဆန်ရရှိခဲ့လို့ ဒီဆုတွေ အားလုံးကို ကျနော်ဘဲ အပိုင်သိမ်းလိုက်ပါပြီ ခင်ဗျား။´
ပြီး၏။
လူမော် ရေးသားတင်ဆက်သည်။
Posted by
Paradise of Fighting Peacocks
@
Sunday, July 13, 2008
0
comments
Labels: ဖဲ့စာ, ရယ်ရယ်မောမော
Wednesday, December 26, 2007
လူ့ငနွားများ မှတ်သာထား (အဆက်)
စီဘောက်တကာလိုက်ပွား
ငရဲလားမဲ့ မာမီဇော်
လူမရှိမဲ့အချိန်နော်
အသင့်စောင့်ကာ အသာချောင်း..
ခွေးကောင်းလိုတောင် မလုပ်ဝံ့
စုတ်ပဲ့လွန်းပေါ့ .. လဒကြီးရေ
အညာအရွှီးတွေနဲ့ ချီးဝင်ပေါက်
မင်းကား အခြောက်ကြီး။
သူတပါးပိုစ့်နဲ့ 
မဟုတ်တရုတ်လုပ်
သူများဦးနှောက်ဖောက်စား
ရဲရဲမဖားတော့တဲ့
ကျွဲငကြွားစွေစောင်းနှယ်
သေကြောင်းတော့မကြံပါနဲ့
သနားစရာပေါ့ကွယ်..။
သူ့ တပည့်ငစိုင်းလေး
စစ်ဗိုလ်ဘ၀ကို
အားပါးတရရေးရှာတယ်
အားလုံးသိထားသပေါ့..
အမှတ်မကောင်းတော့
စစ်ထဲ ဂျောင်းသွားတာများ
ငပွားလာလုပ်နေတယ်။
ဒီမှာ .. မင်းတို့ဟာလေ..
နောင်တခေတ်၏ ငကြောင်စစ်သည်တွေမို့
အိုး..ဟိုး ..“ထွီ” ကနဲတောင်
မထွေးချင်တော့ပေါင်လကွယ်။
(၁) လပိုင်း (၈) ရက်ကို
လက်ချိုးကာ ထိုင်စောင့်
သတ္တိရှင် မရဲတရဲထွန်းခမျာ
ဒူးတုန်အောင်ကြောက်
ရှူရှူးပေါက်ကာတုန်နေရှာပေါ့
ဟိုကနောက်တာ ဖြစ်နိုင်ပါတယ်ကွယ်။
အကောင်ကြီးသလောက်
သောက်သုံးမကျ
ပြောမရ .. ဆိုမရ ..
ဘလောခ့်မှာ အလိမ်အညာသာပြ
ငကျော်ဆန်းသာ သူ့ဆရာပေါ့
သဘောက်မသား သာကီငနွား
ပြောသမျှလုပ်
ခိုင်းသမျှ ပိုစ့်တင်
မင်းဖင်ကိုမင်း သနားသင့်တယ်..။
[သူတို့ပထွေးတွေကို ဖင်မြှောက်မြှောက်ပြီး ရှိခိုးရလို့ .. ဖင်ကခေါင်းထက်မြင့်နေတာကို သနားပါလို့ ပြောချင်တာပါ။]
စီဘောက်မှာလာမညှော်နဲ့ 
ဆော်ဖို့ အစောင့်နဲ့ကွဲ့
သတ္တိရှိရင်လာစမ်း
တပွဲတလမ်း
အကဲမစမ်းနဲ့
ထွက်မပြေးကြေးပေါ့…။
ကဲ..ကြာတယ် နွားတို့ရေ..
မင်းတို့ရဲ့အမိုက်ဇာတ်
တစ်ခန်းရပ်ရအောင်
ဘုံသာယာကို
ကြုံရာနဲ့သာလာခဲ့ကြ..
ငါတို့စောင့်နေတယ်...။
ပုံ / လူမော်
Posted by
Paradise of Fighting Peacocks
@
Wednesday, December 26, 2007
2
comments
Labels: ဖဲ့စာ, ရယ်ရယ်မောမော












