ကျွန်… ဆိုတဲ့ ဝေါဟာရ အသုံးအနှုံးကို ကြားဘူး ဖတ်ဘူးတာက ကြာပါပြီ..။ အခုမှမဟုတ်…။
ဘုရား မပွင့်မီကတည်းက`ကျွန်´ဆိုတဲ့စကားလုံး၊ ဝေါဟာရ၊ လူတတန်းစား တစ်ရပ်ရှိခဲ့တာ …. သိကြတာဘဲ..။
ဘုရားရှင် ပွင့်တော်မူပြီး နောက်ပိုင်းမှာလည်း ဘုရားကျောင်းကန်၊ ကျောင်းဝင်းတွေမှာ ဘုရားကျွန်တွေ ရှိခဲ့တာ ကျုပ်သိပါတယ်.....။ ခေတ်စကားနဲ့ဆို ဂေါပကပေါ့။ ဒါပေမယ့် ယခုခေတ် ဂေါပကတွေကတော့ ဘုရားကျွန် မဟုတ်၊ …..ဘယ်သူ့ ကျွန်လဲ ဆိုတာတော့ ကျုပ် သိတာပေါ့။ ထားလိုက်။
ပြောချင်တာက ဂေါပကတွေ မဟုတ်ပါဘူး…..ဘုရားကျွန်ဆိုတဲ့ စကားနဲ့ ပါတ်သက်ပြီး ပါလာတာ။
ကျုပ် ဒီ`ကျွန်´စကားကို ဘလော့ဂ်တွေမှာ၊ စီဘောက်တွေမှာ တွေ့နေရတာ ကြာပြီ…..။
စစ်အာဏာရှင် အုပ်စုတွေက တစ်ဘက် အတိုက်အခံ အုပ်စုတွေနဲ့ ပြည်ပမှာ နေထိုင်သူ တော်တော်များများကို ``တိုင်းတစ်ပါးမှာ ကျွန်ခံနေရတယ်´´လို့ ပြောတတ်ကြတယ်….။
အဲဒါ တော်တော် အမြင်ကျဉ်းတဲ့၊ သေးသိမ်တဲ့ စကားဘဲ။ ဒီခေတ်မှာ ဒီစကားကို သုံးပြီးပြောနိုင်တာ မြန်မာပြည် နဲ့ တစ်ချို့ အာဏာရှင် နိုင်ငံတွေမှာဘဲ ရမယ်…။ စင်္ကာပူ၊ ဂျပန်၊ ဥရောပနဲ့ အနောက် နိုင်ငံတွေမှာတော့ ဆောရီးဘဲ..။
ပြည်ပမှာ နေထိုင်တဲ့ သူတွေကို အုပ်စုခွဲရင်…အကြမ်းဖျဉ်းအားဖြင့်
၁။ (က) မိမိတတ်ထားတဲ့ ပညာ၊ ဘွဲ့လက်မှတ်နဲ့ တူတူတန်တန်နေရာမှာ အလုပ်လာလုပ်သူ
(ခ) ပညာတော်သင်ထွက်ရင်း အလုပ်လုပ်ကိုင်သူ
(ဂ) မိမိနိုင်ငံတွင် အလုပ်အကိုင် ရှားပါးမှုကြောင့် ထိုင်း၊ မလေး၊ စင်္ကာပူ၊ ကိုရီးယားနိုင်ငံများတွင် တရားဝင်၊ တရားမ၀င် သွားရောက် အလုပ် လုပ်ကိုင်သူ
၂။ ငွေကြေး အရင်းအနှီးဖြင့် အလုပ်လာလုပ်သူ
၃။ (က) နိုင်ငံရေး ခိုလှုံခွင့်ဖြင့် ရောက်ရှိပြီး အလုပ် လုပ်နေသူ (ပြည်တွင်းမှာ နေထိုင် မရ လောက်အောင် စစ်အစိုးရ ယုတ်မာမှုကြောင့် ဒုတိယနိုင်ငံမှ တစ်ဆင့် ထွက်လာသူ)
(ခ) ရွာကိုဖျက်ဆီး၊ ပေါ်တာဆွဲ၊ လူသတ်ခြင်းကြောင့် ဒုက္ခသည် စခန်းမှ တတိယနိုင်ငံတွင် အခြေချသူ
ဒါတွေဘဲ ရှိတယ်..။
ကျုပ်က ၃(က) အုပ်စုက…နေတာက နော်ဝေ။ အလုပ်က ပန်းချီ၊ ဒီဇိုင်းနဲ့ ကွန်ပြူတာဂိမ်း ရေးဆွဲသူ…။
ကျုပ်အပါအ၀င် ပြည်ပ ထွက်လာသူ အားလုံးမှာ အလုပ်ကိုယ်စီ ရှိကြတယ်….အလုပ်၊ အလွှာ အသီးသီးမှာ၊
ကျုပ်အလုပ်က တစ်နေ့ ၇ နာရီ (သို့မဟုတ်) ၈နာရီ..။
အလုပ်မှာ အော်ငေါက် ခိုင်းစေ ပြောဆိုတာ တစ်ခုမှမရှိ။ ကော်ဖီ အတူသောက်၊ နေ့လည်စာ အတူစား၊
ဂိမ်း အတူကစား၊ ထိုင်ရတာ ညောင်းရင် အလုပ်ရှင် စားပွဲပေါ် ခြေထောက်တင်လို့ ရသေးတယ်…….။
တနာရီ ခရိုနာ ၁၅၀ (၁ဒေါ်လာ=၆ ခရိုနာ)၊ ကျုပ် တစ်လ ၁၆ ရက်လုပ်တာ။ ၁၆၇၀၀ ခရိုနာ။
မောင်ရင်တို့ရတာ တစ်လ ဒေါ်လာ ၂၅၀။ အင်း….ကျုပ် ပြုံးမိတယ်….သနားပြုံးလေးပါ။
ဒါတောင် ကျုပ်က နော်ဝေမှာနော်…အမေရိကန်၊ အင်္ဂလန်၊ စင်္ကာပူဆို နော်ဝေထက် ငွေကြေးနှုံး ပိုမြင့်တယ်။
သူတို့ဆို မောင်ရင်တို့ကို ကျုပ်ထက်တောင် ပိုသနားနေမှာ…သေချာပဗျာ။
ကျုပ်တို့နေတဲ့ တိုင်းပြည်တွေမှာ လူ့ အခွင့်အရေး ရှိတယ်၊ အလုပ်သမား အခွင့်အရေးရှိတယ် မောင်ရင်….။
အလုပ်သမားကို အော်လို့မရဘူး၊ အလကား ခိုင်းလို့မရဘူး… ၊ လူတစ်ယောက်ကို ကျွန်လို ပြောဆို ခိုင်းစေခွင့် မရှိဘူး။ မောင်ရင် လေ့လာ လိုက်ဦး…။
သူများတွေက မောင်ရင်တို့ကို ပြန်မပြောတာ၊ မရေးတာ…လက်ညောင်း မခံချင်လို့၊ …….ကျုပ်ဘဲ….. ရေးနေတာ…ဘာလို့လည်းဆိုတော့ ကျုပ်က ငယ်ငယ်တည်းက စောင်းတီးတာဝါ သနာရှိလို့…….
အခုစာရေးတာတောင် ကိုလျှာရှည်တို့က ဝေဖန်နေဦးမှာ ကျွဲပါးစောင်းတီး .. လို့။
ကဲ…. မရဲဘဲ ကျွဲပြဲစီးလိုက်ဦးမယ်…..ဘာလို့လဲဆိုတော့ ကျုပ် အခု ကျွဲကို အင်တာဗျူးမလို့…။
ကဲ….မောင်ရင်တို့ ပြောတဲ့ `ကျွန်´ ဆိုတဲ့ ဝေါဟာရကို အနက်ဖွင့်ကြည့်ရင်….
၁။ ခိုင်းသမျှ မငြင်းရဲဘဲ လုပ်ပေးရသူ
၂။ ကိုယ်မှန်သော်လည်း ပြန် မပြောရဲသူ
၃။ အစားအစာကိုလည်း ပေးသလောက်၊ ကျွေးသလောက်ဘဲ စားရသူ
၎။ ဆင်ပေးသမျှ အ၀တ်အစားမျှသာ ၀တ်ရသူ
(ဥပမာ စစ်ယူနီဖောင်းလိုပေါ့၊ တစ်ရောင်တည်း၊ တစ်ပုံစံတည်း)
၅။ သခင်ရဲ့ အသက်စည်းစိမ် အိုးအိမ်ကို ကာကွယ်ရသူ
၆။ သခင်ခိုင်းရင် ဘိနပ် ဖုန်သုတ်ပေးရသူ
၇။ သခင်ကခိုင်းရင် အသက်အန္တရာယ် ရှိသော်လည်း၊ အသေခံလုပ်ရသူ
ကဲ…ထားပါ ဒီ( ၇ ) ချက်ဘဲ။ ကျုပ်မေးပြီ မောင်ရင်တို့ …. အဲဒီ အချက် တွေကို ဆန့်ကျင်ပြီး….
မောင်ရင်လုပ်ရဲလား* .....
ပြန်ပြောရဲလား*……
ပြည်ပမှာ နိုင်ငံရေး၊ ဒီမိုအရေးတွေကြောင့် ရောက်ရှိနေထိုင်ပြီး အလုပ်လုပ်နေတဲ့
ကျုပ်တို့မှာတော့ ဒီ(၇)ချက်က လွတ်မြောက်နေတယ်……။
ကျုပ်တို့တွေကို ကျွန်လို့ ပြောရင်တော့ …..ဒီစာကိုဖတ်ပြီး `မှန်´ ကြည့်လိုက် မောင်ရင်တို့ …….
မကြောက်နဲ့ ရဲရဲကြည့်……`ကျွန်´ ဆိုတဲ့ ဝေါဟာရကို နားလည်သွားမယ်…..။
ဒီကြားထဲကမှ ပြောချင်သေးရင်လည်း ပြော….။ ကျုပ်.. ထပ်မပြောတော့ဘူး၊ စာလည်း ထပ်မရေးတော့ဘူး။
ပြုံးနေလိုက်မယ် မောင်ရင်တို့……..သနားပြုံးလေးပေါ့…။
သနားပြုံးလေးနော်…..မသေမချင်းမှတ် ။ ။
စစ်ဟိန်း
Thursday, August 21, 2008
“ ကျွန် ”
Posted by
Paradise of Fighting Peacocks
@
Thursday, August 21, 2008
Subscribe to:
Post Comments (Atom)













4 comments:
ဒီလို ချက်နဲ့လက်နဲ့ ပြောတာတောင်မှ ဟောင်ချင်နေသေးရင် အဲဒီကောင် တွေက်ု စစ်ခွေးလို့ခေါ်တာ မမှားတော့ဘူး...ရှက်တတ်ရင် လဲသေ ဖို့ကောင်းတယ်...
ကိုစစ်ဟိန်းရေ
ကျွန်ဆိုတဲ့ဝေါဟာရကို အစ်ကိုရှင်းပြတော့ ပိုနားလည်သွားတယ်..။
သူတို့ က အလုပ်သမားဆိုတဲ့ အဓိပ္ပါယ်နဲ့ ကျွန်ဆိုတဲ့ အဓိပ္ပါယ်တောင် ကောင်းကောင်းမသိတဲ့ကောင်တွေ..။
ဒီကောင်တွေ သန်းရွှေကျွန် ဖြစ်မှန်းမသိဖြစ်တာတောင် မသိဘူးနဲ့ တူတယ်..။ သနားစရာ..။
သဘောကျသဗျာ၊ ကျုပ်လဲဘဲ အဲဒီကျွန်ဘ၀နဲ့၂၇ နှစ်လုပ်ပြီးမှ အမြင်မှန်ရ လို့ ထွက်လာတာ။ ကျွန်ဘ၀ကလွတ်မြောက် ပြီ၊
မြန်မာပြည်သူတွေလဲ မြန်မြန်လွတ်စေချင် ပါပြီ၊
ဒီလို ရေးတတ်သူတွေ ဒေါင်းကွင်းမှာ တွေ့ရတာ ၀မ်းသာမိတယ်။ များများ ရေးပါဗျာ။
Post a Comment