ဒေါင်းတို့လည်း သူများနိုင်ငံရေးဆိုတော့ ကိုယ်လဲ ဘာလဲပေါ့ နိုင်ငံရေး။ ဒေါင်းအိုးဝေတို့ ကြားသမျှကို နားဝမသက်သာလို့ ပြောရပြန်ပေါ့။ အနှီဆရာကြီးတို့က နိုင်ငံရေးဟာ မကောင်းဘူးဆိုတဲ့ ပေါ်ပြူလာ တံဆိပ်ကပ်ရမှာ ၀ါသနာပါသကိုးဗျ။
ကိုင်း..... မှန်းစမ်းဟ ဘာတုန်းနိုင်ငံရေး။
နိုင်ငံရေးဆိုတာ ရှေးဟောင်းဂရိမြို့ပြနိုင်ငံတွေကနေ သက်ဆင်းလာတဲ့ ကိစ္စပေါ့။ အဲ့ဒိအပြင် သူ့အရင်က နိုင်ငံရေးမရှိဘူးလားဆိုတော့ ရှိပေမပေါ့။ ဂရိတို့က အယူဝါဒရေးရာတွေနဲ့ တွင်ကျယ်အောင် လုပ်လာခဲ့တော့ ဂရိကိုပဲ ပြေးပြီးကြည့်မိတာပါ။ ကိုင်း..ဂရိတို့ ဘယ်လို ပြောလဲကြည့်ရအောင်။
နိုင်ငံရေးမှာ နှစ်မျိုးရှိပါတယ်။ Theoretical ရယ် Practical ရယ်ပါ့။ အဲ .. သီအိုရီဆိုတာကတော့ အယူဝါဒရေးရာ ဆရာကြီးတွေပေါ့။ ဒီ နေရာမှာ ကွန်မြူနစ် အကြောက်လွန်ရောဂါ စွဲကပ်နေတဲ့ ဆရာကြီးတွေလည်း အယူဝါဒ ပိုင်ပုံရပါတယ်။ ဘာလို့ဆိုတော့ကာ ကွန်မြူနစ် မကောင်းကြောင်း ဆီမန်းမန်းသလို ရွတ်တုန်းကိုး။ ထားတော့။
နောက်တစ်မျိုး Practical ပိုင်းပါ။ လက်တွေ့နိုင်ငံရေးပေါ့။ အလွယ်ရေးလိုက်တာပါ ရှင်းအောင်။ လက်တွေ့နိုင်ငံရေးဆိုတာက အင်္ဂလိပ် လို ဒီလိုပြောပါတယ်။ “ Practical politics is the way we conduct our everyday lives and express our existence.” ခပ်ရှင်းရှင်း ဆိုရရင်တော့ကာ ဈေးရောင်းတာလည်း နိုင်ငံရေး။ ရေ၊ မီးမမှန်တာလဲ နိုင်ငံရေး၊ ဆေးရုံမှာ ဆေးမရှိတာလည်း နိုင်ငံရေးပေါ့။ အယူဝါဒ တွေ ဘာတွေ မကိုင်စွဲပဲ လက်တွေ့ကျကျ ကျနော်တို့ လူသားတစ်ဦး တစ်ယောက်ယောက်ရဲ့ ဖြစ်တည်မှုနဲ့ ရပိုင်ခွင့်ကို ဖော်ပြနေတဲ့ နိုင် ငံရေးအသွင်ပါ။ ဒါကြောင့် ကျနော်တို့ လူသားတစ်ယောက်ရဲ့ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန် ကျေပြွန်ဖို့ဆိုရင်တော့ နိုင်ငံရေးမှာ အ နည်းနဲ့ အများတော့ ပါဝင်ပတ်သက်ရပါလိမ့်မယ်။ ဒါမှလည်း ကျနော်တို့ ရသင့်ရထိုက်တဲ့ လူ့အခွင့်ရေးဆိုတာကို အရယူနိုင်မှာပဲ ဖြစ်ပါ တယ်။ ကျနော်တို့ အများစု ပါဝင် ပတ်သက်နေကြရတာလည်း လက်တွေ့နိုင်ငံရေးပါ။ လက်တွေ့နိုင်ငံရေးဟာ လက်ရှိနိုင်ငံအရေးနဲ့ တည့်တည့်ကြီး ပတ်သက်နေသမို့ ဒေါင်းတို့ကလည်း တာဝန်ကျေပြွန်ရပေတာပေါ့။
ဒီလောက်ဆိုရင်တော့ ကျတော် ကျမတို့သည် နိုင်ငံရေးနဲ့ ပတ်သက်မှု မရှိပါဘူးတို့၊ အရောင်အသွေးမဲ့တဲ့ ကာလာဘလိုင်းတို့၊ နိုင်ငံရေး သမားဆိုတာ ခပ်ညံ့ညံ့လိုလို ပြောလေ့ပြောထရှိနေတဲ့ အနှီဆရာကြီးတွေလည်း .. ဘာလဲဟဲ့..နိုင်ငံရေးဆိုတာ ရေးတေးတေး မြင်ပြီထင် ပါတယ်။ ဒါ .. ဒေါင်းတို့ သိတဲ့ နိုင်ငံရေးပါ။ အဲ .. စည်းကမ်းရှိသော နိုင်ငံရေးတွေ ဘာတွေဆိုပြီးတော့ သေပြည်တော်က နအဖ သာသ နာဖျက် မိစ္ဆာတွေရဲ့ ထွင်လုံးတွေတော့ မလုပ်ပါနဲ့လား။ နိုင်ငံရေးဟာ နိုင်ငံရေးပါ။
ဒါကြောင့် ဒေါင်းတို့ကတော့ ကိုယ်နားလည်တဲ့ လက်တွေ့ နိုင်ငံရေးပဲလုပ်ပါတယ်။
Mg XYZ

0 comments:
Post a Comment