Sunday, December 16, 2007

က၀ိလိမ်

ကမ္ဘာကျော်ဘော်လုံးသမား ဒေးဗစ်ဘက်ခမ်းတစ်ယောက်.. ဗိုလ်ချုပ်မှူးကြီးသန်းရွှေမြေး ဖိုးလပြည့်က သူ့ကိုမြင်ဖူးချင်တယ်ဆိုလို့ မြန်မာပြည်ကို အလည်အပတ်သွားရင်း မြန်မာပြည်နာမည်ကြီး သုဝဏ္ဏ ဘော်လုံးကွင်းတွင် ဘောအစွမ်းပြလေရာ ဘယ်ခေါက်ညာခေါက် နည်းစနစ်အသစ်တွေကို ချဲ့ထွင်ပြီး ပညာသားပါပါနဲ့ ကြိုးစာပမ်းစား ကန်ပြလေရာ၊ ကွင်းထဲကမြက်တွေ လွင့်ခနဲ လွင့်ခနဲ အတော် ကြည့်ကောင်းလေသည်။ ထိုပွဲသို့တပ်ချုပ်ကြီး ကိုယ်တိုင် တက်ရောက် ကြည့်ရှုအားပေးပြီးသကာလ ဒေးဗစ်ဘက်ခမ်းကိုခေါ်ပြီး ဤသို့ ပြောလေ၏။

“ မင်းလိမ်တာပညာသိပ်မပါဘူးကွယ်...၊ မြက်ပဲပါတယ် ..၊ ငါလိမ်ရင်မြေပါပျောက်တယ် ” တဲ့။

ကိုပြောင်ရှည်

0 comments: