သန်းရွှေဗိုလ်ချုပ်၊ အာဏာရူးလုပ်လို့ 
ငါတို့လူမျိုး၊ နိမ့်ကျနေတာ
နိုင်ငံတကာ။
တေဇသူဌေး၊ ဂုတ်သွေးစုပ်၍
နိုင်ငံ့ထုတ်ကုန်၊ အားလုံးပုံပြီး
ဖင်ခုတက်ထိုင် ၊ စေရာလက်ညှိုး
ထိုးရုံလေးနဲ့၊ အိုကေနေတာ ......
ဖယ်ရာရီဆို၊ လိတ်တက်စ်မျိုးမှ
သူ့ရဲ့သားက၊ တစ်စီးတစ်ပါတ်
ဖြုန်းနိုင်ရက်တော့
ငါတို့ပြည်သူ၊ ဘယ်မလှူနိုင်
သံဃာတွေပါ၊ သက်တော်စတေး
နိုင်ငံ့အရေးအတွက်၊ ရှေ့ကရပ်လို့
မင်းတို့ငါ့တို့ ...
ဒီအတိုင်းထိုင်ကြည့်နေရမှာလား။
နိုင်ငံအပေါ်မင်းမြင်သမျှ
ကျေနပ်နိုင်မယ်ငါမထင်ဘူး
ဒီတော့သီးခံ၊ မတော်လှန်ပဲ
နုတ်ပိတ်ရေငုံ ၊ မင်းနေနေလို့
သင့်တော်ပါ့မလားသူငယ်ချင်း။
ခွပ်ဒေါင်းမှန်ရင်၊ ငြိမ်မနေပဲ
မတရားမှု၊ တွန်းလှန်ပြုလို့
နိုင်ငံအတွက်၊ အတက်ကြွဆုံး
အင်အားစု၍၊ ငါတို့ညီညာ
တူညီစွာဖြင့်၊ လုံ့ လဖြာပြီး
အရောက်ပန်းတိုင်၊
လှမ်းနိုင်ရမယ်သူငယ်ချင်း။
ကိုတေ
Tuesday, February 5, 2008
ခွပ်ဒေါင်းအားမာန်
Posted by
Paradise of Fighting Peacocks
@
Tuesday, February 05, 2008
Labels: ကဗျာထဲကတော်လှန်ရေး
Subscribe to:
Post Comments (Atom)













2 comments:
ကိုတေ....အာပေးပါတယ်ဗျာ...။
ကဗျာတစ်ပုဒ်ဟာ...
ရင်ကိုလှုပ်နိုင်တဲ့ စွမ်းအားပါဘဲ
ကျေးဇူးတင်ပါတယ်ဗျာ။
Post a Comment