Wednesday, February 6, 2008

ရှေ့ဆက်ခြေလှမ်း


ဘဝများစွာ စုတ်ပြတ်သတ်ပြီး
ငိုညည်းသံတွေ ပန်းလိုပွင့်ဖူးနေတယ်....

ပြည်သူတွေရဲ့ ရှိုက်သံတွေကြားမှာ
"နအဖ ဒိဌိ" ပျော်မြူးစွာ မွေးဖွားလာတယ်....

"သူခိုး"လူဟစ် "နအဖ"အဖြစ်ကို
ကမ္ဘာအ၀ှမ်းမှ ဆန့်ကျင်ကြ၏....

ပြည်သူတိုင်း ကြွေးကြော်မှုသည်
"နအဖ ဒိဌိ အလိုမရှိ"......

ဗမာ့ကမ္ဗည်းမှာ သွေးချောင်းစီးပြီး
ပြည်သူ့အရိုး ကျောင်းသားအရိုး
သံဃာအရိုး အရိုးတောင်လိုပုံခဲ့ပြီ....
ရက်စက်ပေစွ နအဖ ......

ခွေးမွေးတဲ့ "သူခိုး" လူမဆန်အမျိုးး "နအဖ"ကို
မနှေးမြန်စွာ သုတ်သင်ရမယ်.......

ထို့ကြောင့်......

ပြည်တွင်း ပြည်ပ မြန်မာများ
"နအဖ အစိုးရ" ရှုံ့ချထား......

ကြောက်စိတ်များကို ဖျောက်ဖျက်ကာ
တွဲလက်များကို ဆုပ်ကိုင်ပါ......

လာဟေ့သွားစို့ တိုက်ပွဲသို့
နအဖအစိုးရ ဖြုတ်ချဖို့
အမိမြန်မာပြည် လွတ်မြောက်ဖို့.......

အာဇာနည်များကို ဂုဏ်ပြုစို့
အောင်ဆန်းစုကြည် လွတ်မြောက်ဖို့
ဒီမိုကရေစီရရှိဖို့.....

ရှေ့တစ်လှမ်းတိုးကာ ဟစ်ကြွေးစို့
ငါတို့ ဆန္ဒ "အောင်မြင်"ဖို့ .......

သူရိန်

2 comments:

Anonymous said...

ကိုသူရိန်ရေ....
ဆရာကြီးဇော်ဂျီ နဲ့ ဆရာမင်းသုဝဏ်ကိုတောင် သတိယမိတယ်...။

Thway Ni said...

ကိုသူရိန့် ကဗျာက တကယ့်ဒေါင်းသွေး ရဲရဲတောက် အသံနဲ့ပါပဲဗျာ ။