တော်ရာမှာနေစမ်း
လူသွမ်းတို့ရယ်။
ချောင်ထဲမှာ အသာငြိမ်ကာ
ကလိန်တဲ့ ဥာဏ်
မြောင်းထဲကဟန်နဲ့ 
ရန်စောင်ကာ blog တကာလျှောက်မရေးနဲ့
ဒီကွင်းက မင်းတို့အတွက်ကွဲ့။
အမြင်တွေစောင်းနေရင်
ဒေါင်းကွင်းကို ဖြတ်ခဲ့
အပေါင်းအသင်းတို့
မြောင်းတွင်းက အော်မနေနဲ့။
မြွေ၊ဖားတွေနဲ့တကွ
အဲဗျ၊ တိုက်ကြက်လို့လည်း ဆိုကြတယ်
ယှဉ်သာမယ်ထင်လား
အစဉ်အလာကို ပြန်ပြောင်းကြည့်
ခွပ်ဒေါင်းကို နိုင်ရိုးမရှိကွဲ့။
ပလီပလာနဲ့
မသတီစရာစကားတွေ
ငါတို့မကြားလို၊
သမိုင်းဖျက်ချင်တဲ့
သရဲ၊ သဘက် ရွာနာတွေ
ညှာတာမယ်မထင်နဲ့
မြင်သာအောင်ဝင်ခဲ့ကြ။
ဗျောက်သောက်ဖြစ်နေတဲ့ဦးနှောက်ကို
ဖောက်သောက်ပစ်လိုက်မယ်။
ဒေါင်းနေရာသန့်သန့်ရှင်းရှင်းကို
မြောင်းတကာနင်းနေတဲ့ကောင်တွေ
ပုတ်ဟောင်နေတဲ့ ခွေးသေကောင်စတိုင်နဲ့ 
ယောင်တောင်တောင်လာမရှုပ်နဲ့
ဒို့မှာ chat စောင့်ရှိတယ်ကွဲ့။
အစဉ်အလာသမိုင်းကို
ရာဇ၀င်ရိုင်းအောင် မရူးကြနဲ့
ကိုယ်တိုင်ရေးသမိုင်းကိုင်ပြီး
ခပ်ချာချာဦးနှောက်နဲ့
ရှင်းဝံ့ရင်လာခဲ့ကြ
ဒေါင်းကွင်းကလူတွေဆိုတာ
မြောင်းတွင်းက မင်းတို့အသင်းအပင်းတွေလို
ခေါင်းအတွင်းထဲ ဘာမှမရှိတဲ့ကောင်တွေမဟုတ်ဘူးဟေ့။
ဒေါင်းနဲ့ ဒဲ့တိုးခွပ်ချင်တဲ့
မျိုးမစစ်တိုက်ကြက်ချာချာတွေ
သံချပ်ကာဝတ်ပြီး တက်လာခဲ့ဟေ့
ဒေါင်းအလံအောက်မှာ
မြေကမ္ဘာကိုတောင် ပြောင်းပြန်လှန်မယ့်
ကဒေါင်းနဲ့ခွပ်ဒေါင်း
နှစ်မျိုးစလုံးစောင့်နေတယ်။
နေနတ်နွယ်
Friday, December 14, 2007
ဒေါင်းကွင်း
Posted by
Paradise of Fighting Peacocks
@
Friday, December 14, 2007
Labels: ကဗျာထဲကတော်လှန်ရေး
Subscribe to:
Post Comments (Atom)













1 comments:
ကဒေါင်းနဲ့ခွပ်ဒေါင်း
နှစ်မျိုးစလုံးစောင့်နေတယ်။
Good, very good , some more pls
Post a Comment