နေ့ရောက်ပြီလား ညဥ့်ရောက်ပြီလား
မကွဲပြားဘူးသမီး..
ဒီနိုင်ငံမှာတော့ ..
နေ့ ညဥ့်မရှိ မှောင်အတိလေ...
လွတ်လပ်ခွင့် မရှိသမျှ
ကြည့်သမျှ မှောင်နေတာပါဘဲ..။
ဒီအမှောင်ထဲ.....
နေ့မှာလည်းကိုက်ဖြတ်စားသောက်
ညဥ့်မှာလည်းကိုက်ဖြတ်စားသောက်
မျိုးဆက်ဖြတ်နေတာလေ
တစ်စုံတစ်ယောက်ရဲ့သွေးနံ့ 
အနံ့ခံတတ်သူတွေများတယ်။
မငိုပါနဲ့ သမီးရယ်
အမေ့နို့ရည်တွေ
ခမ်းလေသမျှ ခမ်းအောင်စို့ပါ
သန်းခေါင်ထက် ညဥ့်ပိုမနက်ဘူး
တိတ်တိတ်နေပါ...ခြေသံတွေကြားတယ်
ရဲရင့်သူမဟုတ် ပညာတတ်မဟုတ်တဲ့
မြေခွေးအုပ် အူသံတွေ
ခွေးအ ခြေသံတွေ ဒီကိုလာနေပြီ ။
သမီးရယ်.......ကွယ်
နုငယ်တယ်ဆိုပေမယ့်
ဒီအဖေ ဒီအမေက မွေးမှတော့
သမီးသွေးလည်း နီစွေးမြဲပေါ့ ။
မကြောက်နဲ့ သမီး....
မြေခွေးတွေ တံခါးခေါက်နေပြီ
နေရောင်ခြည်တွေ ရယူဘို့
လွပ်လပ်ရေးတွေဆောင်ကြဉ်းဘို့
ကျေးဇူးပြုပြီး.....
အမေ့နို့ကို လွှတ်လိုက်ပါ
အမေ့နို့ကို ဖြုတ်လိုက်ပါ....
သမီးငယ်.....
အမေ့.... နို့... ကို... လွှတ်... လိုက်.... ပါ..တော့....။
သမီးရေ...
အမေ့ကို မြေခွေးတွေ ၀ိုင်းခဲကြပြီ
ခွေးအတွေ ၀ိုင်းဆွဲနေကြပြီ...
မင်းအဖေလျှောက်တဲ့လမ်း
အမေလှမ်းတော့မယ်......။
စကားတိုးတိတ် မျိုသိပ်ဆိုရင်း
နှုတ်ဆက်အနမ်းနဲ့ ကြည့်တဲ့အခါ
ဟေ့ ..
မြေခွေးတွေ ကြည့်ကြစမ်း
ငိုလည်းမငို ရယ်လည်းမရယ်
မျက်လုံးလေး ကလယ်ကလယ်နဲ့ 
၅လသား သမီးဟာ
သွားမပေါက်သေးပေမယ့်..
အံကြိတ်နေတာ သေချာတယ်....။
NZ
(မနီလာသိန်းနှင့် မိသားစုအား ဒီကဗျာဖြင့် နက်နက်ရှိုင်းရှိုင်း ဂုဏ်ပြုပါသည်)
Saturday, December 22, 2007
မြေခွေးများကို မှတ်သားခြင်း
Posted by
Paradise of Fighting Peacocks
@
Saturday, December 22, 2007
Labels: ကဗျာထဲကတော်လှန်ရေး
Subscribe to:
Post Comments (Atom)













1 comments:
အမှန်အတိုင်းဝန်ခံရရင် ကျနော် ဒီကဗျာပေါ်က ကျော်ကျော်သွားမိတယ်..မိတ်ဆွေ..။
ခွှင့်လွတ်ပါ..ခင်ဗျား ကဗျာ အရမ်းကောင်းတယ်..။
ပြည်သား
Post a Comment