Thursday, December 20, 2007

MMED Watch မှအကြောင်းကြားစာ

ဒီဇင်ဘာဒုတိယပတ်မှ စတင်ပြီး MMED Watch ၏ လိပ်စာကို အလွဲသုံးစားပြု၍ မသမာသော အင်တာနက်သုံးစွဲသူအချို့က အောက်ပါ စာများကို ဘလော့ဂ်များ၏ စီဘောက်များ၌ လိုက်လံဖြန့်လျက်ရှိပါသည်။

MMedwatch: (http://mmedwatch.isgreat.org)လူကြီးမင်းတို့၏ cbox အတွင်းသို့ ကျွန်တော်များ mmed watch သူတောင်းစား ဂိုဏ်းမှ တာဝန်ယူ လိုက်လံဆဲဆိုနေမည် ဖြစ်ကြောင်း အသိပေးသည်။

၁) MMED Watch သည် မိမိ၏အမည် အစလေးလုံး (MMED) အပြင် Watch မှ W ကိုလည်း Capital Letter ဖြင့်သာရေးပါသည်။ အသေးဖြင့် မရေးပါ။

(၂) MMED Watch သည် ငွေရေးကြေးရေးနှင့် မပတ်သက်သော သဘောတူရာ၊ ၀ါသနာတူရာ လူငယ်များ စုစည်းထားသည့် Blogger Team တစ်ခုသာဖြစ်ပါသည်။

(၂) စက်တင်ဘာတော်လှန်မတိုင်ခင်ကလေးတွင် စတင်ခဲ့သော MMED Watch သည် စက်တင်ဘာရွှေရောင် တော်လှန်ရေးကာလ အ တွင်း ရဲဘော်ရဲဘက် ဘလော့ဂ်များသို့ အကြောင်းကိစ္စဖြင့် အကြိမ်အနည်းငယ် သွားရောက်သည်မှအပ စီဘောက်များ၌ လျှောက်ပြော ခြင်း၊ ရေးခြင်း (လုံးဝ၊ လုံးဝ) မလုပ်ပါ။

(၃) ဘလော့လိပ်စာကို Blogspot မှ Wordpress (isgreat.org) သို့ပြောင်းပြီးကာလနောက်ပိုင်း မည်သည့် စီဘောက်တွင်မှ သွားမ ရေးပါ။

(၄) ဤသို အမည်အလွဲသုံးစားလုပ်၊ အထင်လွဲမှားစေရန် ပြုမူခြင်းသည် MMED Watch တွင် ကြံ့ဖွတ်/စွမ်းရှင် ဘလော့ဂ်များကို စာရင်း တင်ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်ရာ မည်သူမည်ဝါဟု ခန့်မှန်းနိုင်ပါသည်။ မြန်မာ့အရေးလှုပ်ရှားသူ ဘလော်ဂါများကို နှောက်ယှက် နေသော Pro-Junta ဘလော်ဂါများ ယခုရက်အတွင်းငြိမ်နေခြင်းသည်လည်း ဆက်စပ်နေသည်ကို MMED Watch က စောင့်ကြည့် သတိပြုမိပါသည်။

(၅) ဤသို့ အကျိုးအကြောင်းမဲ့၊ အဓိပ္ပာယ်မရှိစကားများကို ဘလော့ဂ်တကာလည်၍ MMED Watch ကပြောမည်မဟုတ်ကြောင်း လည် ပတ်သူ၊ ဖတ်ရှုသူများသိပြီးဖြစ် အထွေအထူးပြောရန်မရှိပါ။

(၆) ကိုနစ်နေမန်၊ ကိုထိုက်၊ ဆုံဆည်းရာ၊ မျိုးချစ်မြန်မာ၊ ဆရာမမေငြိမ်း၊ ကိုလျှာရှည်၊ BBw/oB, PoFP စသည့် စီနီယာ၊ ဂျူနီယာ ဘ လော်ဂါအားလုံးနှင့် MMED Watch တို့ မေးလ်ဖြင့် အချိတ်အဆက်ရှိပြီးဖြစ်၍ စီဘောက်၌ သွားအော်ရန် အကြောင်းမရှိပါ။ MMED Watch ကလည်း အကြောင်းရှိလျှင် အီး မေးလ်ဖြင့်သာ ဆက်သွယ် အကြောင်းပါသည်/မည်။ ထို့ကြောင့် ရဲဘော်ရဲဘက် မိတ်ဆွေဘ လော့ဂ်များ MMED Watch ဖြင့် မဖွယ်မရာရေးပါက ဘန်းပစ်နိုင်ပါသည်။ ဘန်းထားနိုင်ပါသည်။

(၇) ကြံ့ဖွတ်/စွမ်းရှင် ဘလော်ဂါအမှိုက်များကြောင့် မိတ်ဆွေ ဘလော်ဂါများ အနှောက်အယှက်ဖြစ်ရပါက တောင်းပန်ပါသည်။
MMED Watch

0 comments: