ကောင်းကင်ကိုရေးသည်။
“ ဒီမိုကရေစီ ခေါင်းဆောင်တွေပဲဖြစ်ဖြစ် ဘလော့တွေပဲ ဖြစ်ဖြစ် နအဖ ဆင်းသွားအောင် အကောင်အထည် တစ်ခုကို ချပြတာကြားဖူး ပါသလား ... ? ” တဲ့။
ကိုဇော်မျိုးမေးလိုက်တဲ့ မေးခွန်းပါ။
တော်တော် ကြောင်တဲ့ မေးခွန်းပဲ။ ကိုယ့်ဗျူဟာတွေကို ရန်သူ အကုန်သိအောင် ချပြ ရမှာလားဗျ။ သြဂုတ်၊ စက်တင်ဘာ တော်လှန်ရေး မှာ သံဃာ့ ခေါင်းဆောင်တွေနဲ့ ၈၈မျိုးဆက် ကျောင်းသားတွေရဲ့ ခေါင်းဆောင်မှုနဲ့ အင်အားကောင်းတဲ့တော်လှန်ရေး ပေါ်ပေါက်လာ တာဟာ စနစ်တကျ plan ချထားမှုနဲ့ ပြည်သူလူထုရဲ့ဆင်းရဲ ကျပ်တည်းမှု နှစ်ခု ပေါင်းပြီးပေါ်ပေါက်လာတာပါ။ လောင်စာဆီဈေး တက် သွားပြီး ကားခတွေ ဈေးတက်သွားတာကို အချိန်ကိုက် အသုံးချနိုင်ခဲ့တဲ့ ကိုမင်းကိုနိုင်တို့ရဲ့ လှုပ်ရှားမှုကနေ စတင်အခြေခံပါတယ်။
တကယ်ဆိုရင် နအဖ စီစဉ်ခဲ့တဲ့ အမေရိကန် သံရုံးရှေ့က အတုအယောင်ဆန္ဒပြပွဲ အပြီး ရက်ပိုင်းလောက်အကြာမှာ ကုန်ဈေးတန်းနားမှာ ကိုထင်ကျော်တို့ ဆန္ဒပြကတည်းက တော်လှန်ရေးရဲ့နိမိတ်တွေ ပျိုးနေပြီဖြစ်ပါတယ်။ အတုအယောင် ဆန္ဒပြပွဲကို နအဖက စီစဉ်ခွင့်ပြုပြီး ရက်ပိုင်း အကြာမှာ ပြုလုပ်လိုက်တဲ့ ကိုထင်ကျော်တို့ရဲ့လှုပ်ရှားမှုဟာ အလွန်လှတဲ့ အကွက်ဖြစ်ပါတယ်။ နအဖ လုပ်ကြံဇာတ်တိုက် ထား တာကို ပေါ်လွင်စေပါတယ်။
သိကြတဲ့အတိုင်း စက်တင်ဘာ တော်လှန်ရေးဟာ နအဖကို ပြုတ်ကျလုနီးပါး ဖြစ်စေခဲ့ပါတယ်။ စစ်အစိုးရရဲ့ ဘုရားတည်ကျောင်း ဆောက်ပြီး သူတော်ကောင်း ယောင်ဆောင်ထားတဲ့ မျက်နှာဖုံး လုံးလုံး ကျွတ်ကျသွားပါတယ်။ အရင်က တွေဝေနေတဲ့ သူတွေပါ ကျွန် တော်တို့ ဘက်ကို ပူးပေါင်း ပါဝင်လာပါပြီ။ စစ်အစိုးရ ဘယ်လိုအစားမျိုးလဲဆိုတာ နိုင်ငံတကာကလည်း ကောင်းကောင်းကြီး သိရှိသွား ပါပြီ။ ကမ္ဘာက နအဖကို ကမ္ဘာမှာ အကြမ်းကြုတ်ဆုံး အစိုးရစာရင်းဝင် အဖြစ်မြင်လိုက်ရပါပြီ။ အခု စစ်အစိုးရ အကျပ်အတည်းတွေ့ နေ တာကို ဘယ်သူမှ ငြင်းလို့ မရပါဘူး။ ဒါတွေဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ သံဃာ့ ခေါင်းဆောင်၊ ကျောင်းသား ခေါင်းဆောင်တွေရဲ့ စ နစ်တကျ ခေါင်းဆောင်နိုင်မှုနဲ့ ရဟန်းရှင်လူ ပြည်သူလူထုရဲ့ ပူးပေါင်း ပါဝင်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒါတွေကို မျက်ကွယ်ပြုပြီး “န အ ဖ ဟာ အရင်ကထက်ပိုပြီး ခိုင်မာလာပါပြီ” လို့ ကိုဇော်မျိုးဆိုနေတာကတော့……
ဆဲတာနဲ့ ပတ်သတ်ပြီးတော့ ဒီမိုကရေစီသမားအားလုံးကို ကလေးဆန်တယ်ဆိုပြီး ကိုဇော်မျိုးက ဝါးလုံးရှည်နဲ့ ရမ်းလိုက်ပါတယ်။ ဆဲတာ နဲ့ပတ်သတ်ပြီး ကျွန်တော် post တစ်ခုမှာရေးခဲ့ဖူးပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေမို့ ဆဲတဲ့လူတွေက တော့ ဘက်တိုင်းမှာရှိနေမှာပါ။ ဆဲတဲ့လူတွေကို ကြည့်ပြီး “ဒီမိုကရေစီ သမားတွေအားလုံး ဆဲတယ်၊ ကလေးဆန်တယ်၊ ဆဲတာ တစ်ခုပဲလုပ်တတ်တယ်”လို့ ကိုဇော်မျိုး တို့ လိုလူတွေ စွပ်စွဲတာကတော့ ဝါးလုံးရှည်နဲ့ ရမ်းလိုက်တာပါ။ “လူမှာ ခြေထောက်နှစ်ချောင်း ရှိတယ်။ ကျီးကန်းမှာလည်း ခြေထောက် နှစ်ချောင်းရှိတယ်။ ဒါကြောင့် ကျီးကန်း=လူ” ဆိုပြီးကောက်ချက်ချတဲ့ ဥပမာလို ရယ်စရာကောင်းတဲ့ logic ဖြစ်နေမှာပါ။ ပြီးတော့ ကာ တွန်း တွေ သရော်စာတွေနဲ့ ကမ္ဘာမှာလည်း ဆော်နေကြတာပဲ။ အဲဒါတွေကို ထောက်ပြပြီးဆဲတယ်လို့ ဝေဖန်ချင်ရင်တော့ ကမ္ဘာ့စာပေကို ပြန်လေ့လာဖို့ အကြံပေးပါရစေ။
ဒီမိုကရေစီ သမားတွေကိုပါ ကြိုးစင် တင်ရမယ်တဲ့။ ဟာသတစ်ပုဒ် ဖတ်ရသလိုပဲဗျာ။ စက်တင်ဘာတော်လှန်ရေးဟာ သန်းရွှေကို ကြိုးစင် တင်ချင်လို့ အရူးထပြီးလုပ်တဲ့ တော်လှန်ရေး မဟုတ်ဘူးဗျို့။ ရဟန်းရှင်လူ ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းလို့ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးပါ။ ဗိုလ်ချုပ်ကြီးတွေက သူ့ အကုသိုလ်ကံနဲ့ သူ သွားပါလိမ့်မယ်။ သူတို့နောက်မှာ ကပ်ပါလာတဲ့ တရားက သူတို့ကိုစီရင် ပါ လိမ့်မယ်။ သူ့ဘာသာသူ အာဏာမက်လို့ ဘုန်းကြီးတွေ၊ လူတွေကို ပစ်သတ်တာပါ။ အကြီးအကဲဖြစ်လျက်နဲ့ ကိုယ်ကျတော့ လုပ်ချင် တာတွေလုပ်ပြီးတော့မှ စိုးရိမ်စိတ်နဲ့ လူသတ်တာပါ ဆိုပြီးတော့ ခွင့်လွှတ်ပေးရမှာလား။
နအဖ စစ်တပ်လို့ မခေါ်လို့ ဘယ်လိုခေါ်ရမှာလဲ။ နအဖ ကြိုးကိုင်ထားတော့ နအဖ စစ်တပ်လို့ ခေါ်ရမှာပဲ။ တချို့သတင်းဌာနတွေ က တော့ “မြန်မာစစ်တပ် ဗမာစစ်တပ်” လို့ ခေါ်ကြတယ်။ ကျွန်တော်တို့ အဲလိုမခေါ်နိုင်ဘူး။ လက်ရှိစစ်တပ်ဟာ မြန်မာလူမျိုးတွေကို ကိုယ် စားမပြုနိုင်ဘူး။ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အထင်လွဲမှုကို မခံနိုင်ဘူး။ ဒါပေမယ့် ဒီမိုကရေစီ သမားတွေဟာ စစ်သားတွေ၊ စစ် ဗိုလ်ငယ်တွေကို သူတို့ဘာသာသူတို့ အေးအေးဆေးဆေးနေရင် ရန်သူလို့ မသတ်မှတ်ပါဘူး။ စစ်သားတွေအပါအဝင် ဝန်ထမ်းအားလုံးကို ပြည်သူအဖြစ် သတ်မှတ်ပါတယ်။ ကြိုးကိုင် ချယ်လှယ်နေတဲ့ စစ်ခေါင်းဆောင်တွေကိုသာ အဓိကရန်သူ အဖြစ်သတ်မှတ်ပါတယ်။
သတင်းတွေနဲ့ ပတ်သတ်ပြီး ပြောရရင် နအဖက အဓိကတရားခံပါ။ တရားဝင် လက်ဝါးကြီးအုပ်ထားတဲ့ သတင်းစာကြီးတွေကမှ သတင်း မထုတ်ပြန်တာ။ Blogger တွေမှာ စနစ်တကျ လေ့ကျင့်ထားတဲ့ သတင်းထောက်လည်းမရှိ ၊ အများစုက သတင်းနည်းပညာနဲ့လည်း ဝေး တော့ တခါတရံမှာ လွဲမှားမှုတွေ ဖြစ်နိုင်ပါတယ်။ ရသလောက်ကြိုးစားပြီး သတင်းတွေဖော်ပြပေးတာကိုပဲ ကျေးဇူးတင်ရမှာပါ။ ဘုန်းကြီး အလောင်းဟာ အစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ် စစ်အစိုးရကို စွဲချက်တင်ဖို့ တခြားသက်သေအထောက်အထားတွေ အပြည့်ရှိပါတယ်။ စစ်အ စိုးရရဲ့လူမဆန်တဲ့ လုပ်ရပ်တွေ အပြည့်ရှိပါတယ်။
ဒီမိုကရေစီသမားတွေကို ဝါဒတူတိုင်း ထောက်ခံပါတယ်ဆိုပြီးလည်း စွပ်စွဲထားပါသေးတယ်။ ဝါဒတူတိုင်းလည်း မထောက်ခံကြပါ။ စာ ဖတ်နာရင်တော့ သိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ အဓိက အလုပ်ဟာ နအဖ နဲ့ နအဖ လက်ဝေခံတွေကို တိုက်ဖို့ပါ။ ဒီမိုကရေစီ သမားအချင်းချင်း လှည့်ပတ်ဝေဖန်နေဖို့ ကျွန်တော်တို့မှာ အချိန်ပိုတွေ ဒီလောက်မရှိပါဘူး။ တခါတရံ အချင်းချင်း အကြံပြုတာ လောက် ပဲ လုပ်နိုင်မယ်။
ကိုဇော်မျိုးက ရန်ထောင်တာတွေ ရပ်ပါလို့တော့ ပြောတယ်။ သူများတွေကိုတော့ အတင်းပြောတယ်လို့ စွပ်စွဲတယ်။ ကိုယ်ကျတော့ သူ များကို ဘာအထောက်အထားမှ မရှိပဲ မှိုချိုးမျှစ်ချိုးရေးတယ်။ ရန်ထောင်တယ်။
ကိုဇော်မျိုးရေ၊ တစ်ခုခုကို ပြောတော့မယ်ဆိုရင် how, what, why, when, where, who ဆိုတဲ့ ‘wh’ ငါးလုံးနဲ့ ‘h’ တစ်လုံးကို ကြေ ညက်အောင် အရင်လုပ်ရပါတယ်။ မြန်မာလို ဆိုရင်တော့ “ဘ” ခြောက်လုံးလို့ ခေါ်တယ်။ ဦးနှောက်မပျင်းပါနဲ့ဗျ။ ကိုယ်ရမ်းသန်းပြောတာ တွေ လူတွေသိတဲ့ အခါ ရယ်စရာကြီးဖြစ်နေမယ်ဗျို့။
ကောင်းကင်ကို

12 comments:
လှပတဲ့ချေပခှက်။
မာမီမျိုးက ဦးနှောက်ထဲ ပိုးဝင်သွားရာကနေပြီး ခုလို သွက်ချာပါဒ လိုက်နေတာပါ ခွင့်လွှတ်လိုက်ကြပါ မာမီမျိုးကို။ ခုဆို မာမီမျိုး ဘ၀ပျက်ပြီး အရေတွေ အဖတ်လိုက်တောင်းနေရတယ်။ လမ်းကြုံရင် မာမီမျိုးကို အရေတွေအဖတ်တွေပေးလိုက်ကြပါဦးဗျာ။
to 3k , u must wirte to this fellow vigorously more & more, if not , i think he said our people ( demo-side) r so free, but what i saw him really really free, this f*****
good points...."TRUTH" will be win...
ဟားဟား လေးစားတယ် အကိုကောင်းကင်ကို :)
you win mummy myo lose ha ha ha har
သို့ ကိုကောင်းကင်ကို
မလင်းလက်ကြယ်စင်နဲ့ တခြားသူတွေကတော့ စာကို သေချာမဖတ်ပဲ အရေမရ အဖတ်မရ ထောက်ခံပေမယ့် ကျနော်အနေနဲ့ အစ်ကိုတို့ရဲ့ ထုံးတန်းအစဉ်အလာကို ဆန့်ကျင်ပြီးတော့ သေချာဖတ်ပါမယ်။ သေချာ စဉ်းစားပါမယ်။ သေချာ ဆွေးနွေးပါမယ်။ ကိုကောင်းကင်ကို ကျနော်တို့ ဆောင်းပါးဖတ်ပြီး ဒေါသထွက်သွာခဲ့တာလည်း ဆောရီးပါဗျာ။ အစ်ကိုတို့ ဒီမိုကရေစီသမားတွေက (ဒီမိုကရေစီသမား လို့ နာမည်မတပ်ခံချင်မှန်းတော့ သိပါတယ်ခင်ဗျာ။ အရေမရ အဖတ်မရ အတင်းပြောတဲ့ ဂုဏ်က တူနေလို့ အဲလိုပဲ ခေါ်လိုက်ပါတယ်) နှစ်ပေါင်း ၂၀လုံးလုံး ထောက်ခံတာတွေနဲ့ အရေမရ အဖတ်မရ မြှောက်ပေးတဲ့ စကားတွေကို အရိုးစွဲနေပြီ မဟုတ်လားခင်ဗျာ?
ပထမဆုံးပြောချင်တာကတော့ ဒီမိုကရေစီသမားတွေအားလုံး တစ်ယောက် တလေမှ လေးစားထိုက်တဲ့သူမရှိပါဘူး။ အစ်ကိုအနေနဲ့ လေးစားထိုက်တဲ့သူရှိရင် လက်ညှိုးထိုးပြပါ။ ကော်ပီနိုင်ငံရေးသမား၊ အရည်ချင်းမရှိသူနဲ့ ကိုယ့်အကြောင်းကို တောင် အမှန်အတိုင်း မပြောရဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို (အစ်ကိုတို့ကို မစဉ်းစားတတ် သူတွေမှန်းသိလို့ ဒေါ်အောင်ဆန်းစုကြည်က သူ့အကြောင်း ဖုံန်းကွယ်ထားတာနဲ့ လိမ်ညာထားတာတွေ ရှိပါတယ်။ အဲဒါ သိပါသလား? ရိုးသားစွာ ၀န်ခံပါဗျာ။ တကယ်ဒီမိုကရေစီသမားမှ မသိပါဘူးဗျာ။ သိအောင်ပြောရင်လည်း စိတ်တိုကျဦးမှာ မဟုတ်လားခင်ဗျာ? လိမ်တိုင်းယုံတဲ့ အစ်ကိုတို့ အဖြစ်ကတော့ တကယ် စိတ်မကောင်းစရာပါဗျာ) ကို လက်ညိုးမထိုးပါနဲ့ခင်ဗျာ။ ဘာမှ မလုပ်ပဲ ရခဲ့တဲ့ နူိုဘယ်ဆုကို အထင်ကြီးနေလို့လား ခင်ဗျာ? ဒီမိုကရေစီသမားပီပီ ကလေစိတ်နဲ့ နအဖ ဘက်ကို အာရုံမပြောင်းပါနဲ့ခင်ဗျာ။ နအဖမှာလည်း ဦးသန်းရွှေကစပြီး အကြီးစားအရာရှိတွေ အထိ လေးစားထိုက်တာ မရှိပါ။ ဒါပေမယ့် ကျနော်ကတော့ စစ်သားတွေ၊ လုံထိန်းတွေနဲ့ စွမ်းအားရှင်တွေကို လေးစားပါတယ်။ သူတို့ ဆန္ဒပြပွဲကိုင်တွယ်ပုံက ဒီမိုကရေစီရဲတွေထက် အရမ်းကို ညှင်သာလွန်းလို့ပါခင်ဗျာ။ ဒီမိုကရေစီကို ထိလို့ မခံချင်လဲမဖြစ်ပါနဲ့ဦးခင်ဗျာ။ အစ်ကိုတို့လို ပါးစပ်နဲ့ မပြောဘူး ကျနော် သက်သေတွေနဲ့ ပြမယ်။ ဘယ်လိုလဲ? ယောကျားပီပီ အမှန်ကို လက်ခံရဲတဲ့ သတ္တိုရှိမလားခင်ဗျာ? စိန်ခေါ်ရင်တော့ ရပါတယ်။ ကျနော်တို့ တောသားနှစ်ယောက်စလုံးက နအဖ ပိုဆိုးတယ်လို့ သက်သေရှိရင် လက်ခံဖို့ အဆင်သင့်ပါ။
စက်တင်ဘာ အရေးအခင်းကိစ္စလည်း ဓါတ်ဆီဈေးတက်လို့ ဦးမင်းကိုနိုင်တို့အဖွဲ့တွေ နအဖကို နိုင်ငံရေး အာခံမှုအနေနဲ့ လမ်းလျှောက်ခဲ့တယ်လို့ ထင်ပါတယ်။ ဒီထက်ပိုပြီး အစီအစဉ်မရှိခဲ့ဘူးထင်ပါတယ်။ နောက်မှ ပိုကျယ်ပြန့်လာတယ်လို့ ကျနော်တို့ယူဆပါတယ်။ ကျနော်ပြောတာ မှန်ပါစေလို့ ဆုတောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အစ်ကို လိုရာစွဲတွေးထားသလို ဒီမိုကရေစီသမားတွေ အစီအစဉ်ဆိုရင်တော့ ကျနော်တို့ မြန်မာတွေ ဦးနှောက်မရှိပါလားလို့ ပြောရမလို ဖြစ်နေပါတယ်။ chess ကစားတဲ့နေရာမှာ King ချကျွေးတဲ့ လူဟာ ရူးလွန်းလို့ ဆိုတာ ပြောစရာမလိုပါဘူး။ ( အဲလောက် ရူးတယ်လို့တော့ ကျနော် တို့ မြန်မာ့ဒီမိုကရေစီအဖွဲ့တွေကို အထင်မသေးပါဘူးဗျာ။ အစ်ကိုသာ အစ်ကိုတို့ ဒီမိုကရေစီသမားတွေကို အထင်သေးလို့ ပေါက်ကရတွေ စဉ်းစားတာပါ) အခုလည်းကြည့်ပါ ဒီမိုကရေစီရရှိရေးထက် ခေါင်းဆောင်တွေ ပြန်လွတ်လာရေးကို ပိုပြီး အာရုံစိုက်ရတော့မှာ မဟုတ်လား? အဲဒါကို ဒီမိုကရေစီသမားတွေရဲ့ ဦးနောက်က တကယ် မစဉ်းစားမိဘူးဆိုရင်တော့ တကယ် အံသြမိပါတယ်ခင်ဗျာ။ သူတို့လွတ်လာရင်လည်း ဇတ်လမ်းက မပြီးသေးပါဘူး။ ကော်ပီနိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် လုပ်ရဦးမယ် မဟုတ်လားခင်ဗျာ? ဘယ်တော့များ ဒီမိုကရေစီရရှိရေးကို အာရုံစိုက်ပြီးလုပ်ဖို့ စဉ်းစားကျမလဲ? နောက် နှစ် ၃၀ လား? နောက် နှစ် ၁၀၀ လား? အတင်းပြောနေတဲ့ ကိုကောင်းကင် အဲဒါစဉ်းစားမိလား ခင်ဗျာ?
နောက်ဆုံးပြောချင်တာကတော့ အစ်ကိုစဉ်းစားပုံပါခင်ဗျာ။ အတင်းပဲ ပြောနေတာများတော့ စဉ်းစားပုံက မူမမှန်ဖြစ်နေတယ် ထင်ပါတယ်။ နအဖကို နိုင်ငံတကာက သိသွားတော့ ဘာဖြစ်လာလဲ။ နအဖ ဆိုးတာ သိသွားတော့ ဒုက္ခသည်အတုတွေကို ပိုက်ဆံယူလုပ်နေသူတွေ အတွက်အကျိုးရှိပါတယ်။ NGO တွေဆီကနေ ပိုက်ဆံလိမ်ညာယူနေသူအတွက် အကျိုးရှိပါတယ်။ အစ်ကိုတို့ အရေမရ အဖတ်မရ အတင်းတုတ်ဖို့ အချက်အလက်များများရေးနိုင်ပြီး များများ ချီးကျူးခံရပါမယ်။ အမြှောက်ခံဖို့ ပဲစဉ်းစားနေသလားခင်ဗျာ? အဲလောက် အမြှောက်သိပ်ကြိုက်နေရင် မိမိအသံကို စီဒီထဲမှာသွင်းထားပြီး 24/7 ဖွင့်ထားပါလားဗျာ။
သတင်းအတုတွေကတော့ ထွက်လာတာ နအဖမှာပဲ အပြစ်ရှိတယ်ဆိုတာ လက်ခံပါတယ်။ ဒီမိုကရေစီသမားတွေ ဥာဏ်မရှိတာကို နအဖ သိရက်နဲ့ သတင်းတွေကို လိုက်ပိတ်နေတာ အပြစ်ပါပဲ။ ခေါင်းဒုတ်နဲ့ရိုက်လို့ ဦးနောက်ထွက်တယ်ဆိုတာလဲယုံ။ ဆီတင်ကားကြိတ်တာလဲ ယုံ။ ဘုန်းကြီးအလောင်းအတုလည်း ယုံ။ ၀ါဒတူတွေပြောရင် အားလုံးယုံ။ အဲလို စဉ်းစားဥာဏ်မရှိတဲ့ သူတွေကို နအဖ တိတိကျကျ အမှန်အတိုင်းပြောသင့်တာပေါ့ဗျာ။ ပိတ်ထားတော့ သတင်းအတုတွေနဲ့ ဘလော့တွေမှာ ဝေဆာနေတာပေါ့ဗျာ။ တကယ်ဆိုရင် နအဖ အစိုးရ တစ်ခုအနေနဲ့ ရက်စက်တယ်လို့ မသတ်မှတ်နိုင်ပါဘူး။ ဒီမိုကရေစီ အစိုးရတွေ လူမဆန်တာလဲ ကျနော်ဆီမှာ သက်သေတွေနဲ့ ရှိပါတယ်ဗျာ။ အစ်ကိုတို့လို ၀ါဒသူတွေ လိမ်တိုင်း ယုံတာမျိုးမဟုတ်ပါဘူးခင်ဗျာ။ အဲဒါတွေ ယှဉ်လိုက်ရင် နအဖကို အစ်ကိုတို့ ဘုရားစင်ပေါ်တင်ပြီး ထိုင်ကန်တော့ မလားတောင် မသိပါ။
ကဲ . . . . . အချိန်တွေမလင့်ခင် ဒီမိုကရေစီရဖို့ထက် ကော်ပီနိုင်ငံရေးသမားကြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြှောက်ဖို့ ကြိုးစားလိုက်ပါဦးခင်ဗျာ။
ကျန်းမာကြပါစေခင်ဗျာ
ဇော်မျိုး (တောသား တစ်ယောက်)
သို့ ကိုဇော်မျိုး
ကိုဇော်မျိုးကတော့ ရမ်းဖြီးပြန်ပြီ။ ဒီမိုကရေစီ သမားလို့ နာမည်အတပ်မခံချင်ဘူးလို့ ဘယ်တုန်းကများ ပြောခဲ့မိလို့ လဲ။ ဒီမိုကရေစီ သမားလို့ အခေါ်ခံရလို့ သိမ်ငယ်သွားစရာ အကြောင်းမရှိပါဘူး။ ဒီမိုကရေစီ ဆိုတာမင်းမဲ့စရိုက်မဟုတ်ပါဘူး။ လွတ်လပ်မှုနဲ့  တာဝန်ယူမှုဒွန်တွဲနေပါတယ်။ ဒီမိုကရေစီ ထွန်းကားမှ လူ့ အခွင့်အရေးကို အပြည့်အဝရမယ်။ တာဝန်ယူရမှုတွေ ကြောင့် စည်းကမ်းလဲ ပိုရှိလာကြမယ်။ ဒီမိုကရေစီဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို သေသေချာချာမသိပဲနဲ့ လျှောက်မပြောပါနဲ့ ခင်ဗျာ။ တကမ္ဘာလုံးက ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို အကောင်းမြင်ကြပါတယ်။ ဒီမိုကရေစီမှာ လစ်ဘရယ်ဒီမိုကရေစီ၊ ဆိုရှယ်လစ် ဒီမိုကရေစီ၊ Parliamentary democracy စသည်ဖြင့် အမျိုးမျိုးရှိတာကော ကိုဇော်မျိုးသိပါရဲ့ လား။
ဒီမိုကရေစီသမားတွေအားလုံး တစ်ယောက် တလေမှ လေးစားထိုက်တဲ့သူမရှိပါဘူးဆိုတာကတော့ဗျာ၊ မျက်စေ့ကန်းနေလို့ ပါ။ စွန့် လွှတ်အနစ်နာခံပြီး လုပ်သွားတဲ့ သူတွေအများကြီးပါ။ ကိုဇော်မျိုးသာ မလေးစားနိုင်တာ။ တကမ္ဘာလုံးကလေးစားတာခံရတဲ့သူတွေ ကျွန်တော်တို့ နိုင်ငံမှာရှိနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လက်ညှိုးမထိုးကြေးဆိုရင်တောင် ဦးဝင်တင်၊ ကိုမင်းကိုနိုင် စတဲ့ လေးစားထိုက်သူတွေ အများကြီးရှိပါတယ်။
“ဓါတ်ဆီဈေးတက်လို့ ဦးမင်းကိုနိုင်တို့အဖွဲ့တွေ နအဖကို နိုင်ငံရေး အာခံမှုအနေနဲ့ လမ်းလျှောက်ခဲ့တယ်လို့ ထင်ပါတယ်။ ဒီထက်ပိုပြီး အစီအစဉ်မရှိခဲ့ဘူးထင်ပါတယ်။ နောက်မှ ပိုကျယ်ပြန့်လာတယ်လို့ ကျနော်တို့ယူဆပါတယ်။” အဲဒါကတော့ မှန်ပါတယ်။
ကျွန်တော့် post မှာရေးခဲ့တာကလည်း ဒီတော်လှန်ရေးတစ်ခုလုံးကို ကြိုအကွက်ချထားတယ်လို့ ရေးခဲ့တာမဟုတ်ဘူး။ ဓာတ်ဆီဈေးတက်တာကို အချိန်ကိုက် အသုံးချပြီး လှုပ်ရှားမှုဖော်ဆောင်နိုင်တာကို ဆိုလိုတာ။ လူထုအုံကြွမှုဖြစ်ပေါ်လာဖို့ တော့ မျှော်မှန်းမှာပေါ့။ ဒီလောက်ထိ ချက်ခြင်း ကျယ်ပြန့် လာလိမ့်မယ်လို့ တော့ ထင်ခဲ့ချင်မှ ထင်ခဲ့မယ်။
Chess ကစားတဲ့နေရာမှာ King ကိုချကျွေးတယ်ဆိုတာမဟုတ်ပါဘူး။ ကိုမင်းကိုနိုင်ဟာ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်တစ်ယောင်ဆိုပေမယ့် တော်လှန်ရေးမှာ တကယ့် King က ရဟန်းရှင်လူ ပြည်သူလူထုပါ။ လူထုအင်အားနဲ့ သာ အဆုံးသတ်အောင်ပွဲကို ရယူနိုင်မှာပါ။ တဦးတယောက်ချင်းက ရယူပေးနိုင်မှာ မဟုတ်ပါဘူး။
ဦးနှောက်မရှိဘူးလို့ ပဲ ကိုဇော်မျိုး ရဲ့ မမီမကမ်းပေတံနဲ့ တိုင်းပြီး ထင်ချင်ထင်။ ကျွန်တော်တို့ အဓိက target က ဒီမိုကရေစီရရှိရေးပါ။ ခေါင်းဆောင်တစ်ယောက်နှစ်ယောက်လွတ်မြောက်ရေးမဟုတ်ပါဘူး။ ဒီမိုကရေစီ ရရင်ခေါင်းဆောင်တွေ ရော၊ တစ်တိုင်းပြည်လုံးပါလွတ်မြောက်ပါလိမ့်မယ်။ ခေါင်းဆောင်လေးတစ်ယောက်နှစ်ယောက်လွှတ်ပေးရုံနဲ့ ကျွန်တော်တို့ ကကျေနပ်နေမှာ မဟုတ်ပါဘူး။ ဖမ်းလိုက်၊ပြန်လွှတ်ပေးလိုက် လုပ်ပေးနေတဲ့ နအဖ တီးတဲ့ဆိုင်းနဲ့ လိုက်ကနေမှာမဟုတ်ပါဘူး။
ခေါင်းဆောင်အသစ်ကို ရှာပြီးမွေးနေစရာလည်းမလိုပါ။ ရွှေဝါရောင်တော်လှန်ရေးကိုပဲကြည့်ပါ။ အဲလောက် သမိုင်းဝင်တဲ့တိုက်ပွဲကို နာမည်အကြီးဆုံးခေါင်းဆောင်တွေ မပါပဲလုပ်ခဲ့တာပါ။ ဘုန်းကြီးတွေနဲ့ ပြည်သူလူထုရဲ့ စွမ်းအားဟာ ဒေါ်အောင်ဆန်းစုကြည်စွမ်းအားထက်တောင် အဆမတန်ကြီးမားပါတယ်။ သံဃာတော်တွေရဲ့ အစွမ်းနဲ့ ကမ္ဘာ့ သမိုင်းမှာ မှတ်တိုင် သစ်စိုက်ထူနိုင်ပြီးတော့ တော်လှန်ရေးအရှိန်ကိုမြင့်တက်လာစေပါတယ်။ ဒီတော့ ဒေါ်စု တို့ ၊ကိုမင်းကိုနိုင်တို့ မလွတ်မြောက်သေးလဲ စိတ်ဓာတ်ကျစရာ အကြောင်းမရှိပါဘူး။ သံဃာ့ခေါင်းဆောင်တွေ၊ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်တွေ ပေါ်ထွက်လာဦးမှာ ပါ။
ကိုဇော်မျိုးက “စစ်သားတွေ၊ လုံထိန်းတွေနဲ့ စွမ်းအားရှင်တွေကို လေးစားပါတယ်။ သူတို့ ဆန္ဒပြပွဲကိုင်တွယ်ပုံက ဒီမိုကရေစီရဲတွေထက် အရမ်းကိုညင်သာလွန်းလို့ပါခင်ဗျာ။” “တကယ်ဆိုရင် နအဖ အစိုးရ တစ်ခုအနေနဲ့ ရက်စက်တယ်လို့ မသတ်မှတ်နိုင်ပါဘူး။ ဒီမိုကရေစီ အစိုးရတွေ လူမဆန်တာလဲ ကျနော်ဆီမှာ သက်သေတွေနဲ့ ရှိပါတယ်ဗျာ။ အစ်ကိုတို့လို ၀ါဒသူတွေ လိမ်တိုင်း ယုံတာမျိုးမဟုတ်ပါဘူးခင်ဗျာ။ အဲဒါတွေ ယှဉ်လိုက်ရင် နအဖကို အစ်ကိုတို့ ဘုရားစင်ပေါ်တင်ပြီး ထိုင်ကန်တော့ မလားတောင် မသိပါ။” လို့ ပြောတယ်နော်။
ခင်ဗျားဘာသာ ခင်ဗျားဦးနှောက်နဲ့ စဉ်းစားပြီး ကြိုက်တဲ့သူကိုလေးစား။ ကြိုက်တဲ့သူကိုထိုင်ကန်တော့။ ကိုယ့်ရဲ့ ရွေးချယ်မှုဟာ ကိုယ့် အဆင့်အတန်းကို ဖော်ပြနေတာပါ။ အဲဒါက အကြောင်းမဟုတ်ဘူး။
ကိုယ်ကိုးကွယ်တဲ့ ဘာသာရဲ့ ဘုန်းကြီးတွေကို သတ်တာတောင်မှ အရမ်းကို ညင်သာတယ်လို့ ပြောရသလားဗျာ။ ဒါကိုမှ ရက်စက်တယ်လို့ မသတ်မှတ်ရင်ဘာကို သတ်မှတ်ရမှာလဲဗျာ။
ကိုဇော်မျိုးရေ။ သေသေချာချာ မစဉ်းစားပဲနဲ့ အခုလိုမျိုး ရမ်းနေဦးမယ်ဆိုရင် ကိုဇော်မျိုးကို ဆရာမောင်ချောနွယ်ရဲ့ ကဗျာကို ကိုးကားပြီး မေးခွန်းတစ်ခုမေးလိုက်ချင်တယ်။ “ဘုရားသခင်က ကိုဇော်မျိုးဆီက ဦးနှောက်ဘယ်နှစ်ဇွန်း ခပ်ထုတ်ထားသလဲလို့ ။ “
SOUTH YUU ZAW MYO.... GO AND EAT DOG SHIT....
နွားကို ဖာလူဒါတိုက်လို့လဲမရ ပလာတာကြွေးလို့လဲ အပိုပဲဗျာ။ မာမီမျိုး ကိုယ်တိုင် မှန်တာ မှားတာ အရေးမကြီးဘူးပြောတယ့် တိရစ္ဆာန်တစ်ကောင်ပဲဗျ။ လူနဲ့တိရစ္ဆာန်ကြားခြားနားချက်က လူဆိုရင် မှား၏ မှန်၏ကို ခွဲခြားသိရတယ်။ ဒီအရေးအကြီးဆုံး အချက်ကိုတောင် မကြီးဘူးပြောတယ့် ပုခုံးနှစ်ကြားခေါင်းပေါက်နေတယ့် တိရစ္ဆာန် အဲ့ တိရစ္ဆာန်ကမှ ဖြုတ်ဦးနှောက်နဲ့ တိရစ္ဆာန်ကို ပြောနေလဲအလကားပဲ။ မာမီမျိုးဆိုတာက နအဖ အကျိုးရှိရင်ပြီးရော မှန်တာတွေ မှားတာတွေ အရေးမကြီးဘူးဆိုပြီးပြောနေတယ့်ကောင်ပါ။ မာမီမျိုး မှန်တာတွေ မှားတာတွေ အရေးမကြီးဘူးဆိုတာ ပြောခဲ့တာကို ဘယ်လိုဗြောင်လိမ်မလဲ သိချင်ပါတယ်။ နောက်တစ်ခုပြောလိုက်ဦးမယ် ဒေါ်အောင်ဆန်းစုကြည်က ခင်ဗျားအထက် အများကြီးသာပါတယ်။ အဆရာထောင်သောင်းမကသာတယ်။ အဲ့တာကို မနာလိုဖြစ်မနေပါနဲ့။ ခင်ဗျားမှာသူ့လို Oxford ကထွက်နိုင်တယ့် အရည်အချင်းရှိသလား။ ခပ်စုတ်စုတ် အဆင့်မရှိတယ့် ကျောင်းလေးလောက်တက်ပြီး ခါချဉ်ကောင် မာန်တက်သလို တက်ပြမနေပါနဲ့။ သနားစရာကောင်းလို့ပါ။ ခင်ဗျားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်နိုင်တယ့် အရည်အချင်းရှိရင်ပြောပါ။ ကိုယ့်ဟာကို ပြန်ကြည့်ပါဦး။ ခင်ဗျားအမေအရွယ် ခင်ဗျားအမေကကော တိုင်းပြည်အတွက်ဘယ်လောက်လုပ်ပေးပြီးပြီလဲ။ ကိုယ့်ဟာကိုယ်လဲ စဉ်းစားပါဦး။ မာမီမျိုးကို မြင်ရတာ ဥာဏ်သိပ်နုံတယ်ဆိုတာ သိသာလွန်းလို့ပါ။
ဇော်မျိုးကို ပလာတာ ကြွေးချက် ကတော.ကေါင်းကွာ။
ဆက်ကြွေးကြပါ။။နေ.ဒီကေါင်လေး ပလာတာစားတတ်င်္ယုမကဘဲ ကြိုက်တောင်ကြိုက်သွားမယ်။
Post a Comment