....... သို့ Merry xmas
....... မှ Merry xmas
ခရစ်စမတ်ပေါင်းများစွာ
ခွန်းဆက်လွှာတွေပို့ ကြ
နှင်းတွေကျရင် သတိရသတဲ့။
ပြန်တွေးကြည့်ရင်...
မွေးဖွားခြင်း အစတော့
သိပ်လှခဲ့တယ်....
ဒီလိုညဥ့်ပေါ့..။
ဒီလိုညဥ့်မှာ မွေးခဲ့တယ်
သန့်ရှင်းမှုအတွက်ပေးဆပ်တယ်
အမှန်တရားတွေ ပြောခဲ့တယ်
မတရားမှုတွေ ဖွင့်ချတယ်
အားလုံးလည်းသိပါတယ်
အမှားတွေ ယေရှုမပြောခဲ့တာကိုပေါ့။
သတိရတယ် ခရစ်တော်ရယ်...
ဖာရိရှဲ နဲ့ ရှင်ဘုရင်
ဥပဒေနဲ့ ရွှေဒင်္ဂါး
သတင်းပေးတွေကြားမှာ..
သခင်ယေရှုလေ...
ပုဒ်မ ၅ နဲ့ပေါ့
ကားစင်ထက်မှာကြွေခဲ့တယ်..။
NZ
Tuesday, December 25, 2007
ခရစ်တော်နှင့် ပုဒ်မ ၅
Posted by
Paradise of Fighting Peacocks
@
Tuesday, December 25, 2007
Labels: ကဗျာထဲကတော်လှန်ရေး
Subscribe to:
Post Comments (Atom)













2 comments:
If Jesus was in Burma now, He could be prosecuted also with 124(a);122; 17(f) & framed 19(d).
Bravo!!! NZ ! Lovely symbolization & admirable poem !
Best Wishes!
mgthant
နိမိတ်ပုံ အရမ်းလှတယ်ဗျာ။ NZ ရေးတဲ့ ကဗျာတွေ ကြိုက်တယ်။ ဒီကဗျာနဲ့  “မြေခွေးများကို မှတ်သားခြင်း”ကို အကြိုက်ဆုံးပဲ။
Post a Comment