လူသားမျက်လုံးလို့များ...
မင်းမျက်လုံးတွေအတွက်
မင်း ၀န်ခံရဲသလား မိတ်ဆွေ။
အသိဥာဏ်နိမ့်တဲ့...
ခွေး ကြောင် နွား တိရိစ္ဆာန်တွေတောင်
ဝိဥာဉ်ကောင်တွေကို မြင်နိုင်ကြလေရဲ့..။
မင်း...လူတော့သေချာပါတယ်နော်။
အဆိုးမြင်ဝါဒ မဟုတ်ဘဲ
ကြားနေပါလို့ ပြောရင်တောင်
မျက်စေ့တစ်ဆုံးလောက်နဲ့ မပြောပါနဲ့။
မင်း....
ထရိတ်ဒါးကကြည့်ရုံနဲ့
အင်းစိန်ကမ်းနားက ခလေးဘဝ
မတွေ့ရနိုင်ဘူး။
မင်း.....
မြို့တော်ခန်းမက ကြည့်ရုံနဲ့
လှိုင်သာယာက ခလေးတွေ
အိမ်မြေမရှိတာ မသိနိုင်ဘူး။
မင်း...
ပိုင်အိုးနီးယားကကြည့်ရုံနဲ့
သီချင်းဆိုပြီး ငိုယိုတောင်းတဲ့
ခေတ်ရဲ့ သူတောင်းစားငယ်လေးတွေ
မင်းမတွေ့နိုင်ဘူး။
MRTV ကြည့်ရုံလောက်နဲ့ 
သတင်းစာ ဖင်ခုထိုင်လို့
အငတ်ချင်းပြိုင်တဲ့ ခလေးတွေ
မင်းမတွေ့နိုင်ဘူး။
တာတမံဆည်နဲ့ ရေကာတာ
လှလိုက်တာလို့ မင်းထင်ရင်
ရေကာတာနောက်မှာ ရွာပျောက်တာတွေ
မင်းမတွေ့နိုင်ဘူး။
မြန်မာပြည်မှာ........
တံတားတစ်ခါဆောက်ရင်...
အိမ်တွေပျောက်တယ်။
စက်ရုံတစ်ခါဆောက်ရင်...
ရပ်ကွက်ပျောက်တယ်။
ဆည်တစ်ခါဆောက်ရင်....
ရွာတွေပျောက်တယ်။
တစ်ခု အသစ်ဆောက်တိုင်း..
ရာဇ၀င်ပျောက်သွားတဲ့
မိသားစုတွေ........
မြန်မာပြည် တနံတလျား...
ရင်နာတာတွေ များနေပြီ။
မင်း......
ဘာတွေအားကျလို့များ...
ဘာတွေမက်မောလို့များ...
လူသားတစ်ယောက်ရဲ့ ဦးဏှောက်
လူသားတစ်ယောက်ရဲ့ မျက်လုံး
ပိတ်ကွယ် ဆုံးရှုံးခဲ့တာလည်း...။
သူတို့က .....
အာဏာနဲ့ဖုံးတယ်
သတင်းစာနဲ့ဖုံးတယ်
TVနဲ့ဖုံးတယ်...။
သူငယ်ချင်းရယ်...
ဖုံးကွယ်တာတွေ ခွာပြီးကြည့်ပါ
မြန်မာပြည်ထဲမှာပေါ့
ပါးပါးလေးပါ........မြင်နိုင်ပါတယ်
မင်းမျက်လုံးတွေကို...
လူသားမျက်လုံးပါလို့ ကြွေးကြော်ရဲတဲ့အခါပေါ့...။
NZ
Tuesday, December 25, 2007
မျက်လုံးများကို စစ်ဆေးခြင်း
Posted by
Paradise of Fighting Peacocks
@
Tuesday, December 25, 2007
Labels: ကဗျာထဲကတော်လှန်ရေး
Subscribe to:
Post Comments (Atom)













2 comments:
အာဏာနဲ့ဖုံးတယ်
သတင်းစာနဲ့ဖုံးတယ်
TVနဲ့ဖုံးတယ်...။, bro u r excellent , if they dont know nvm , the new genration must know the truth,pls keep on
yes. this is real case...absolutly correct....may the servents see correctly "TRUTH, JUSTICE, FREEDOM".....
Post a Comment