Wednesday, January 2, 2008

ပွဲသိမ်း

သက္ကရာဇ်က ၂၀၀၈
စစ်မျက်နှာအသစ်ဖွင့်ရင်း
ရာဇ၀င်ရဲ့နုပျိုခြင်းက...
ခွပ်ဒေါင်းတွေအတွက်
ပဉ္စလက်ခွပ်လက်တွေ ..
ခပ်ရိုင်းရိုင်းသယ်ဆောင်လာ ...။

ဒီမှာ ....
ဇရာဆိုတာ ... ပလီပလာ
အာဏာနဲ့ ကွယ်လို့မရ
ယတြာနဲ့ ပယ်လို့မရ ...
သက်ပြင်းတွေချရင်း
သေမင်းကိုထွေခင်းလို့
ခင်ဗျားတို့အတွက် တနှစ်ချင်းတိုးဝင်နေ ...။

ပြီးတော့ ......
ကားဂိတ်တွေမှာ .. မှတ်တိုင်ရှိတယ်
သင်္ချိုင်းတွေမှာ မှတ်တိုင်ရှိတယ် ...
မြန်မာပြည်က ...... အာဏာရှင်မှတ်တိုင်
ခပ်ယိုင်ယိုင်ဆိုတာ .........
လူတိုင်းသိတယ်.......။

နုပျိုခြင်းနဲ့ ရင့်ရော်ခြင်း
ညီမျှခြင်းခင်းရင်....
ဘယ်သင်းက နိုင်မလဲဆိုတာ
ဗေဒင်မမေးနဲ့ ဗိုလ်သန်းရွှေ
ခင်ဗျား... သေဘို့ပြင်ထားပေါ့ ...။

အဟင်း ....
ခင်ဗျားတို့မွေးတဲ့စစ်သား
ခင်ဗျားတို့ခင်းတဲ့ဇာတ် ..
ပြည်သူတွေ သွေးတဲ့ဓါး
ပြည်သူတွေ ရှင်းတဲ့ဇာတ်ကို
ယောင်လို့များ.....
အခေါင်းလေး လှပ်မကြည့်နဲ့ ....
အာဏာရှင်တိုင်း နိုင်ပွဲမရှိတာ
ကမ္ဘာကသိတယ် ....။

ခင်ဗျားတို့မွေးတဲ့ စစ်သားပေါက်နဲ့
ပြည်သူကမွေးတဲ့ခွပ်ဒေါင်း
အားသစ်လောင်းရင်း ဆက်တိုက်မယ်
အမှန်တရားကတော့...
ကမ္ဘာ့အလယ်မှာ..
ခပ်ပြုံးပြုံးနဲ့ ကြည့်နေတယ်......။

Nz

5 comments:

Kaung Kin Ko said...

ကဗျာကောင်းတယ်ဗျာ။ အထူးသဖြင့်နောက်ဆုံး နှစ်ပိုဒ် အရမ်းကြိုက်တယ်။

Thway Ni said...

ဟုတ်တယ် ကောင်းကင်ကိုပြောသလို နောက်ဆုံးစာပိုဒ်ကို အထူးကြိုက်တယ်ဗျာ ။ ဆုံဆည်းရာမှာ ပြန်ဝေမျှလိုက်ပါဦးမယ် ။

Anonymous said...

""Economic conditions mirror the political deterioration. Sixty years ago, Myanmar was the most literate and prosperous country in Southeast Asia. Today, the per capita annual income is $174, compared to its neighbor Thailand's $3,155. Myanmar has a substantial underground economy which primarily benefits the military leaders. Once referred to as the "Harvard of Southeast Asia," the University of Rangoon is now padlocked. Thousands of school-aged children beg on the streets rather than learn in classrooms.
The Bush administration has not made the situation any easier with several missteps. For example, we have clumsily outsourced our diplomatic responsibilities by encouraging Myanmar's neighbor China to push reform. This request ignores that China's main interest - commerce - depends on the military junta's goodwill. Nor will the monks in prison be reassured to know that we have asked the same Chinese rulers who produced Tiananmen Square and other human rights abuses to advocate for their well-being.
Conversely, though we have recently taken steps to strengthen U.S.-India relations, and India shares a 700-mile border with Myanmar, we have not effectively pushed the Indian government to take a more active role in improving conditions for nearly 50-million people to its west. ""

အထက်ပါ ဆောင်းပါးကိုကြည့်ခြင်းအားဖြင့် အမေ၇ိကန်အစိုးရဟာ မြန်မာပြည်ကိုတဖက်သပ်ဆန်ရှင်ဖြင့်နှိမ်နှင်းထားပြီး
တရုပ်ပြည် ကုလားပြည် ကိုတော့ ဈေးကွက်ဖွင့်လို့ ချမ်းသာအောင်အကူအညီတွေပေးနေပါတယ်။
လုံးဝမတရားပါဘူးလို့ အမေရိကန်အမတ်ဟောင်းတဦးကရေးလိုက်ပါတယ်။

ကျုပ်တို့ ရဲ့ အသားထဲကလောက်ထွက် နိုင်ငံခြားကရွှေမြန်မာများကလည်း
နားမလည်ပါးမလည် ရောယောင်လို့  ဆန်ရှင်ပြုရေး ဘဲအော်နေကြပါတယ်
စစ်အစိုးရမကျဆုံးဘဲ လူတွေပြောင်းလို့  ပိုလို့ ဆိုးတဲ့ လူတွေဘဲရောက်လာပါတယ်။

တရုပ် ကုလားကို ဖိအားမပေးဘဲ ကျုပ်တို့ ဗမာမျက်နှာငယ်အောင်လုပ်တာ
တရုပ်လက်အောက်ရောက်အောင် ကုလားကျွန်ဖြစ်အောင်လုပ်နေကြပါတယ်။

ယူအင်လောက်လဲဘာမှထိရောက်မှာမဟုတ်ပါ။
တရုပ်ကြီးသာစစ်တပ်ကကြောက်တာပါ။

အခုတော့ တရုပ်ကတော်တော်ချမ်းသာသွားပြီ
သူတို့ ကျောင်းသားတွေနှိမ်နင်းတဲ့ တီနမ်မင်က ၈၈ နောက်ပိုင်းမှပါ။
၁၉နှစ်အတွင်း စီးပွားရေးတွေဝင်လာတာ တရှိန်ထိုးတက်သွားပါပြီ။
ဗမာပြည်ကိုလည်းမြိုနိုင်သွားပါပြီ
ကမ္ဘာကိုလည်းအံတုနိုင်ပါပြီ
အမေရိကန်ကလည်း
ကျုပ်တို့ ကိုတော့ ဆက်လက်ပြစ်ပယ်ထားမှာပါဘဲ
လူရာမ၀င်စာရင်းသွင်းထားမှာပါဘဲ။

မြန်မာပြည်ကိုတိုးလို့ တောင်ဆန်၇ှင်လိုက်သေးတယ်။

တကမ္ဘာလုံးကို လုပ်ခိုင်းမယ်လို့ ဘူရှ်ကပြောတာဘဲ။
ကျေးဇူးရှင်တို့ ရေ
ပြည်တွင်းကဗမာတွေတော့တောင့်လို့ သာခံကြပေတော့။
လမ်းမထွက်လည်းအဖမ်းခံရမှာ။


တို့ တိုင်းပြည်မှာ
စနစ်စည်းရှိပြီးသားကစစ်တပ်ဘဲရှိတာ
သူတို့ ပေးမှရမှာ
သူတို့ ကလည်းသိပ်စားသာနေတာဘာလို့ ဆင်းပေးမလဲ
ပြည်ပကလူကမြှောက်ပေးနေတာဘဲ၇ှိတာ
အာလူးတွေ။
ပွဲကြမ်းလေ သူတို့ ကသဘောကျလေ
မစားရတဲ့အမဲ သဲပစ်
လူတွေသေမှ ရက်စက်လေကျေကွဲလေ
သိပ်ပြောလို့ ကောင်းလုပ်နေကြတာ
စားပေါက်တွေလုပ်နေတယ်
သန်းချီလို့ ထောက်ပံ့တဲ့လူကထောက်ပံ့နဲ့ 


ှဗုဒ္ဒကယ်ပါဘုရား ဒုက္ခတွေကများ
ဘလော့တစ်ခု ကတွေ့လို့ လာရေးတာပါ၊ ဖတ်ပြီးရင် အတွေးတစ်ခုတော့ ကျန်မှာပါ

Anonymous said...

Kindly accept my sincere salute ! Ko NZ Sir!

Anonymous said...

ဘေးတိုင်ဘုပြောတာတို.
ဖြစ်ချင်တာတွေ ကိုဖြစ်လာ နိုးနဲ. တိုင်ပြီးစိတ်ကူး
၇င်နေကြ၇င်တော.
အချိန်တွေကုန်တာဘဲအဖတ်တင်မယ်ဗျာ။။
အဲဒီတော. အုပ်စု ၂စုခွဲပြီး ကိုယ်.တာဝန်
ကိုကျေအောင်လုပ်ကြ၇င်ကေါင်းမယ်။
ကျွန်တော် ကတော. ပြည်ပ ( အာ၇ှ) မှာအလုပ်လုပ်နေပြီး
လက်ဝဲနည်း ကိုဘဲစိတ်ဝင်စား တဲ.အတွက် တဖွဲ.မှဖြစ်စေ။တဦးမှဖြစ်စေ။
လုပ်ငန်း တခုကို လက်တွေ.ကြကြ အကေါင် အထည်ဖေါ်ကြ၇င် ကေါင်းမယ်။
ဥပမာ….နအဖ မိသားစုဝင်ဖြစ်စေ၊အေ၇းပါသည်.ဒေါက်တိုင်ဖြစ်စေ ပြည်ပမှာ စ၇ှင်းပြနိုင်၇င်ကေါင်းမယ်။။
ဘာကြောင်.ဒီစကါးပြော၇ လဲဆိုတော. နအဖ က ၇ဟန်းနဲ.ပြည်သူတွေကို ၇န်သူလိုသဘောထားပြီး အပြတ်ချေမှုန်း ခဲ.တာလက်တွေ.ဘဲ။။
နောင်လဲ သတ်င်္အုးမှာ ဘဲ။
အဲဒီတော. ကျွန်တော်တို. ဘက်က လည်းပြတ်ပြတ်သားသား တုန်.ပြန်ဘို.လိုပါတယ်။။

လက်တွေ.စပြီး initiate လုပ်ဘို.လိုပါသည်။။
တကယ်လုပ်ကြမည်ဆိုလျှင် အချိန်မေ၇ွး ပူးပေါင်း၇န် အသင်.၇ှိပါသည်။။


ဝင်းထက်
winhtett@gmail.com