မနေ့တနေ့ကတော့ ဗီယက်နမ်မှာ အလုပ်အကြာကြီးလုပ်ခဲ့ဘူးတဲ့ လူတယောက်နဲ့ စကားပြောဖြစ်လို့ သူက ကျနော်တို့ တိုင်းပြည်အ ပြောင်းအလဲ အတွက် သူစဉ်းစားမိတဲ့ နည်းလမ်းတစ်ခု ပြောပြန်ပါတယ်ဗျာ။ သူပြောတာကို ဆွေးနွေးစရာ၊ စဉ်းစားစရာ တခုအဖြစ်ဘဲ ကျနော် ပြောပြချင်တာပါ။
ကျနော့်အနေနဲ့တော့ ဘာမိုဒယ်ညာမိုဒယ် ဆိုတာတွေကို လုံးဝ လက်မခံချင်တဲ့လူဗျာ။ သမိုင်းမတူ၊ ယဉ်ကျေးမှု၊ စိတ်နေစိတ်ထား၊ ဘာ သာ မတူကြတဲ့၊ အခြေအနေ မတူကြတဲ့ နိုင်ငံ တခုနဲ့ နိုင်ငံတခုကို ယှဉ်တာကို ကျနော်က သိပ်တော့ ကြိုက်လှတာတော့ မဟုတ်ပါဘူး။ တခြားမကြည့်လေနဲ့ဗျာ။ စက်တင်ဘာတုံးက ဖြစ်ခဲ့တာတွေဘဲကြည့်။ အကြမ်းဖက်မှုမရှိတဲ့ ဒီလိုအရေးအခင်းမျိုးကို ကျနော်တို့ အခုအ ချိန်မှာ ဘယ်သူမှ မမျှော်လင့်ခဲ့တာအမှန်ဘဲ။ ကိုယ့်တိုင်းပြည် စုတ်ပြတ်သတ်နေတာကို မသိကျိုးကျွံပြုပြီး လူတစ်စုကောင်းစားပြီး တိုင်း ပြည်ဟာ ဖွတ်ကျောပြာစုဘ၀ ရောက်နေတာတောင် သခင်အားရ ကျွန်ပါးဝပုံစံနဲ့ လူထုမျက်နှာမကြည့်ဘဲ သန်းရွှေမျက်နှာ ကြည့်ပြီး ၀ိုင်း ဟောင်ကြတဲ့ လူတွေကို သြချစိတ်ပျက်ရသလိုဘဲ၊ ပွင့်ပွင့်လင်းလင်းပြောရရင် opposition ကလူတချို့တချို့ရဲ့ အစိုးရနဲ့ မကွာလှတဲ့ ထူးမခြားနား ပတ်ပျိုးကိုလဲ စိတ်ညစ်မိရတာပါဘဲ။ ကျနော်တို့နိုင်ငံရဲ့  တရွေ့ ရွေ့ ချောက်ထဲဆင်းတဲ့နှုန်း မြန်သထက်မြန်လာတာကို ကြည့်ရင်း အယူသီးလှတဲ့ ဆင်ခြင်ဥာဏ်နဲ့ ဦးနှောက်ကို လုံးမ၀သုံးတော့တဲ့ စစ်ခေါင်းဆောင်တွေလိုဘဲ ကျနော်တို့လူထုတွေအနေနဲ့လဲ ဗေဒင်တွေ ယတြာတွေနဲ့ သူတို့ကို တန်ပြန်တိုက်စစ် ဆင်ရ ကောင်းနိုးနိုး ကြောင်တောင်တောင် ပေါတောတောစိတ်ကို ၀င်လာမိ ရပါ တယ်။
ဘယ်လိုနည်းနဲ့ ကျနော်တို့ရဲ့နိုင်ငံကို ကယ်ဆယ်ရရင် ကောင်းမလဲဆိုတာဟာ အားရင် ကျနော်တို့အတွက် စဉ်းစားနေစရာ ကိစ္စတခုကို ဖြစ်လာရပါတော့တယ်။ တချို့ ပညာရှင်တွေကတော့ စစ်တပ်ထဲက အကွဲအပြဲကို မျှော်နေကြ ပြန်သတဲ့။ ကျနော်တို့ထက် တမူးပိုရှူလို့ရ နေတဲ့ ဒီလူတွေ ကျနော်တို့နဲ့ ပေါင်းလာမဲ့ အချိန်ဟာ ကမ္ဘာလဆန်း တရက်လောက်ဝေးနိုင်မှာ မဟုတ်ပေမဲ့ မဖြစ်နိုင်ဖို့က တော်တော့်ကို များနေတာလဲ ကျနော်တို့ ဒေါင်းဘလော့ဂ်ဆီ လာနေတဲ့ ချာတိတ်လူစွာ ဘာမဟုတ် ညာမဟုတ်တွေကို ကြည့်ရင်းကို ပိုပို ခိုင်မာလာသ လိုပါဘဲဗျာ။ အမေရိကန်သုံးတဲ့ sanction ကလဲ မအောင်မြင်။ အာဆီယံသုံးတဲ့ ပူးပြီး ချော့ပြီး ပြင်မဲ့နည်းလဲ အလုပ်မဖြစ်။ တရုပ်ကြီးလို တပည့်ကြီးလုပ်ထားပြီး ပြောင်းခိုင်းမဲ့သူ ပြောတာလဲ နားမ၀င်ဘဲ တရုပ် ကို ကပ်လိုက် ကုလားနဲ့ ကပ်ချင်ယောင်ဆောင်လိုက်နဲ့ နှစ်ဖက် ခွတုတ်သွားတာ အဖတ်တင်။ ဟော.. လူ့အခွင့်အရေး သင်တန်းတွေကို လာသင်ပေးခဲ့တဲ့ သြစတြေးလျနိုင်ငံလဲ သူတို့တပည့်ကျော်တွေ ဘုန်းကြီးပါရိုက်လိုက်တဲ့ အခါကျတော့ လူ့အခွင့်အရေးဟာ သူ့အခွင့်အရေးနဲ့ မယှဉ်နိုင်တာကို ကောင်းကောင်း သဘောပေါက်လိုက် ရတာပါဘဲ။
ကဲပါလေ။ ကျနော် စကားခင်းနေတာတွေ ရပ်ပြီး မိတ်ဆွေနဲ့ ပြောခဲ့တာလေးတွေကို ပြန်ပြောပြရအောင်ပါ။ လွန်ခဲ့တဲ့ ၁၀ စုနှစ်တခု လောက်တုံးက ဗီယက်နမ်မှာ သူနေခဲ့တဲ့ အချိန်တုံးက ပုံစံက အခုမြန်မာပြည်မှာ ဖြစ်နေတဲ့ ပုံစံအတိုင်းဘဲတဲ့။ သူကတော့ စီးပွားရေးပိတ် ဆို့မှုကို မယုံကြည်တဲ့သူ ဆိုပါတော့ဗျာ။ အမေရိကန်က စီးပွားရေး ပိတ်ဆို့မှုကို ရပ်တန့်လိုက်ပြီး ခြိမ်းခြောက်တာကို ရပ်လိုက်တာကစပြီး ဗီယက်နမ်နိုင်ငံဟာ အခုဆိုရင် အစိုးရပုံစံ မပြောင်းလဲပေမဲ့ လူတွေရဲ့ စီးပွားရေး အခြေအနေက တော်တော်ကို ပြောင်းလဲလာခဲ့တယ်တဲ့။ ကျနော်တို့ရဲ့ မဟာအစိုးရကြီးကိုလဲ မခြိမ်းခြောက်တော့ဘဲ၊ စီးပွားရေးပိတ်ဆို့မှုတွေကို ပြန်ဖွင့်ပေးလိုက်၊ သူတို့ကိုဒီအတိုင်း ထားလိုက် ပြီး စီးပွားရေး ဖွံ့ဖြိုးလာဖို့အတွက် အကူအညီတွေ ပေးလိုက်ဖို့တဲ့ဗျာ။ ဗမာပြည်တော့ သူပြောသလို လုပ်ရင် ဖြစ်မဖြစ်တော့ မသိဘူးပေါ့ လေ။ ဗီယက်နမ်စီးပွားရေး အတော်လေး ကောင်းလာတာတော့ တွေ့နေရတာ အမှန်ဘဲ။ ဒါပေမဲ့ သူ့အကြံကို ကျနော်က ဗီယက်နမ် အစိုးရအကြောင်း သိပ်မသိလို့ မငြင်းရဲပေမဲ့ ကျနော်တို့ရဲ့ မဟာအစိုးရအကြောင်း သိနေလေတော့ ဖြစ်ပါ့မလားလို့ ပြန်ငြင်းချက် ထုတ် ချင်မိပြန်ပါရဲ့ဗျာ။
ဝန်ကြီးတယောက်နဲ့ တွေ့ဖို့တောင် ပွဲစားကို ပေးလိုက်ရတဲ့ ပိုက်ဆံကနဲဘူးချည်းဘဲဗျ။ ရှုံ့ချည် နှပ်ချည် ကုန်သွယ်ရေး ပေါ်လစီတွေကြောင့် စင်္ကာပူတို့ တိုင်ဝမ်တို့ ကိုရီးယားတို့က စီးပွားရေးသမားတွေ ခွက်ခွက်လန်အောင် ရှုံးလို့ ရှိတာအကုန်ရောင်းပြီး ပြန်ပြေးကြတာ။ စီးပွားရေး ပိတ်ဆို့တဲ့ အမေရိကန်နဲ့တော့ သိပ်မဆိုင်လှဘူး ထင်တာပါဘဲဗျာ။ ကဲပါလေ နည်းလဲကုန်နေပြီဖြစ်တဲ့ ဒီဗိုလ်ချုပ်တွေကို ဒီတိုင်း သူပြောသလို လိုက်လျောလိုက်ဖို့အတွက် ပထမဆုံးတော့ ကျနော်တို့ အဖေတွေ၊ အမေတွေ ညီအကို မောင်နှမတွေအားလုံးကို ရွှေ့ထားနိုင်မဲ့ လူမနေတဲ့ ကျွန်းတစ်ခုလောက် ရှာလိုက်ကြပါအုံးမယ်။ ငွေကြေး ဖေါင်းပွမှုတွေ သိပ်ဖြစ်ရင် အားလုံးငတ်ကုန်မှာ စိုးလို့ပါ ဗျာ။ သူတို့နဲ့ သူတို့ အမျိုးတွေကိုဘဲ ကျနော်တို့ ထားခဲ့ပြီး သူပြောတဲ့နည်းလေး သုံးကြည့်လိုက်ရအောင်ဗျာ။ အနည်းဆုံး သူတို့ချင်း အဝေမတည့်လို့ ထသတ် ကြရင်လဲ အေးရောမဟုတ်လားဗျ။
မောင်အောင်

7 comments:
ကိုမောင်အောင် ရေ။ ဗီယက်နမ် နဲ့ လက်ရှိ ဗမာပြည် ကို နှိုင်းယှဉ် ကြည့် တာ အကြမ်း ချရေး နေမိတယ်ဗျ။ ၄ မျက်နှာ ပြည့်လုလု ရတယ်ဗျ။ ဒီမှာတော့ သံခိတ် တိုတိုပဲ ပြောပါရစေ။
ကျနော်တို့ နိုင်ငံကြီး အလွန်မတန် အောက်တန်းကျ နေရတာ------
၁။ sanction ကြောင့် လုံးဝ(လုံးဝ)မဟုတ်။ Mismanagement ကြောင့်။ Not a trace of accountability: not a trace of transparency! Oppotunism? & favouritism !
၂။ ထိပ်ဆုံးမှ အောက်ဆုံး အကျင့်ပျက် မှု နဲ့ နိုင်ငံ့ ပစ္စည်း ခိုးမှု
၃။ မင်းတြားကြီးဝါဒ နဲ့ စစ်ဘုရင် ဝါဒ (war lordism)
rgds
mgthant
မောင်အောင်ရေ စစ်တပ်ကို ဘယ်လိုခွဲခွဲ မကွဲနိုင်ဘူးဖိုတာကို ၇၅ % လောက်ယုံနေပြီးမဟုတ်လား၊ ဒီလိုအမြင်လေးရလားတာကို ၀မ်းသာပါတယ်။
နောက်တစ်ခုက ဘာမှမဟုတ်တဲ့အတွေးလေးအတွက်တောင်မှ မင်းဆွေမျိုးတွေကို သတိရသေးတယ်မဟုတ်လား၊ အဲတာမှ လူပီသတယ်ကွ။ လူတိုင်းဟာ အတ္တလေးတွေနဲါပါကွာ။ မဟုတ်ဖူးလိုငြ်းရင်လဲရပါတယ်။ ကိစ္စတော့မရှိပါအချစ်ဆုံးလေးရာ။
နောက်တစ်ခုက မင်းမှာလည်း အပေးအယူလုပ်ရင်ကောင်းမလားဆိုတဲ့အတွေးလေးတွေဝင်နေတာကောင်းပါတယ်။ Sanction ဆိုတာ မကောင်းနိုင်ပါဘူး၊ ငိုနေတဲ့ကလေးကိုတောင်အငိုတိတ်အောင် ချောသင့်ရင်ချော ၊ မုန့်ကြွေးသင့်ရင်ကြွေး လုပ်ရမှာပဲ။ အမြဲတမ်း ရိုက်မယ်ချဉ်းပဲ ကြိမ်းနေလိုတော့မရနိုင်ပါဘူး ။
အတွေးလေးကိုထပ်ဖြည့်ပေးတာပါ။
ကျေးဇူးတင်ပါတယ်။
Vietnamese leaders are civilians. This is a big different from Myanmar.
All those authoritarian countries currently undergoing economic development such as China, Vietnam, Cambodia etc are actually leaded by educated civilians.
So, what works in China and Vietnam may not work in Myanmar. Be careful about this fact.
ရှင်းရှင်းလေး ကို မြင်တတ်အောင် လေ့ကျင့်ပါဦးကွယ်နော်။ Mr Brave ရယ်။ ကိုမောင်အောင် ပြောတာ လူအားလုံး နားလည်ပါတယ်။ စဉ်းစားဘို့ ဆွေးနွေးဘို့ပါ။ ဒါကြောင့် ကွာဟချက် တွေ တင်ပြနေတာပါ။
Mr Brave ဆိုတဲ့ လူကြီးမင်းခင်ဗျာ။ ကျနော်ရေးထားတာ သေချာပြန်ဖတ်ပေးပါအုံးခင်ဗျ။ ခင်ဗျားရေးတဲ့စာကို ဖတ်ပြီးမှ ခင်ဗျားတို့စစ်တပ်ကလူတွေ ဗမာစာတောင်ကောင်းကောင်းမတတ်တာကို ကျနော်သဘော ပေါက်ပါတော့တယ်ခင်ဗျ။ လူမနေတဲ့ကျွန်းကို ကျနော်ဘယ်နားသွားရှာပြီး ထားလို့ရမလဲဗျာ။ ရွဲ့  ပြောတာ ခင်ဗျ။ ခင်ဗျားတို့ချင်း ငတ်ကြီးတွေကျ အဝေမတည့်ဘဲ သတ်ကြရင်တော့ စစ်တပ်လဲ ကွဲပြီပေါ့ခင်ဗျ။
တခုဘဲ ခင်ဗျားကိုကျနော်ပြောချင်တာက တိုင်းပြည်ဆင်းရဲတာ မျက်နှာငယ်တာကို ခံစားရတာ ကျနော်တို့အားလုံးပါဗျာ။ အဲဒီ ထိပ်ဆုံးကလူတွေကစပြီး လူတိုင်းရဲ့ အထင်သေးမှု၊ ခေါင်းဆောင်အချင်းချင်းတောင် တန်းတူမဆက်ဆံခံရမှု တွေကို ကြုံကြရတာပါ။ ကျနော့်မှာ မျိုးချစ်စိတ်အပြည့်ရှိပါတယ်။ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေကို နိုင်ငံတကာ က လေးလေးစားစားဆက်ဆံစေချင်တာဘဲ။ ရိုင်းရိုင်းပျပျလုပ်နေတာ တွေ့ရရင် ကျနော်အရမ်းခံပြင်းတာဘဲ။ တကမ္ဘာလုံးကခေါင်းဆောင်တွေက ခင်ဗျားတို့ခေါင်းဆောင်တွေ ဒီလောက်ကောင်းတာကိုစော်ကားနေတာလို့ ခင်ဗျားမြင်ရင်တော့လဲ ကျနော်ပြန်ချေပစရာ စကားမရှိပါဘူး။ ခင်ဗျားတို့ စစ်တပ်မှာကွက်ပြီးရွာသွားတဲ့ မိုးခါးရေကို ခင်ဗျားတို့ဘဲ သောက်လိုက်မိသလား။ ဒါမှမဟုတ် သန်းရွှေရဲ့ စိမ်ရေဘဲ ခင်ဗျားတို့ တိုက်ထားခံရသလားဆိုတာတော့ ကျနော် လဲ မစဉ်းစားတတ်တော့ပါဘူး။ ခင်ဗျားတို့ထဲမှာ ဦးနှောက်ဆင်ခြင်ဥာဏ်ရှိပြီး ပြောင်းလဲချင်တဲ့လူမရှိကြတော့ဘူးဆိုတာတော့ အံ့သြစရာပါဘဲဗျာ။ ဘာမှမကွဲဘဲ ပြောင်းလဲလဲရပါတယ်ဗျာ။ ခုအချိန်မှာတော့ ကျနော်လေခင်ဗျားတို့ကို လူမှ ဟုတ်ကြသေးရဲ့ လားလို့ဘဲ မေးချင်မိတော့တာဘဲဗျာ။
စစ်တပ်အောက်ခြေကနေ အပေါ်ထိ ဘရိန်းဝပ်ရှ် အလုပ်ခံထားရတဲ့အကြောင်း။
နုငယ်တုန်းမှာ ဦးနှောက်ဟာ ဖောမက် အချခံလိုက်ရပြီး မိစ္ဆာပြည်ဖျက်ဖရိန်းဝါ့ခ်အပေါ်မှာ တည်ဆောက်တဲ့ စစ်တပ် အော်ပရေးရှင်းစနစ် ရီအင်စတော် အလုပ်ခံလိုက်ရကြရှာတယ်။ ဟုတ်ကဲ့ နည်းနည်းလေးနေရာ ရလာတော့ အပင်းခွန့်ခြင်းဆိုတာ နဲ့ အပ်ဂရိတ်အလုပ်ခံရတယ်။ တောက်လျှောက် အပ်ဂရိတ် အလုပ်ခံလာရလိုက်တာမသိရှာကြဘူး။ အပင်းခွန့်ခြင်းဆိုတာက ဥစ္စာဓနအခွင့်အရေး အဆမတန် ပေးကမ်းခြင်းကိုဆိုလိုပါတယ်။ ပေးကမ်းခြင်းလို့ပဲခေါ်ရမလား လိုသလောက်ယူဆိုပြီး ပုံပေးထားခြင်းဖြစ်တယ်။ အဲ့ဒီတော့ ကျေးဇူးတရားကြီးမားလွန်းလှတဲ့ အထက်ကဘိုးတော်လို့ ဥာဏ်တိမ်တိမ်နဲ့ မှတ်ယူရော။ ဒါဟာ မလိုတဲ့အချိန်မှာ ခေါင်းစဉ်တပ်မောင်းထုတ်ဖို့ဆိုတာ များသောအားဖြင့်မသိကြဘူး။
အောက်က အငယ်တွေ နဲ့ အပေါင်းအပါ အောက်ဆွဲတွေ ကလည်း ဆင်ဟိုဒင်းခွေးမျှော်ဆိုသလို အထက်ကိုတက်ဖို့အရေး သူ့ခေါင်းကိုယ်နင်း၊ ကိုယ့်ခေါင်းသူနင်း။
အဲ့ဒီ ဥစ္စာဓနအခွင့်အရေး တွေဆိုတာ မိုးပေါ်က ကျလာတဲ့မိုးရေတွေမဟုတ်ပါဘူး..(မိုးပေါ်က ကျလာတဲ့မိုးရေတွေဆိုတာဟာလည်း တခြားမြစ်ချောင်းအင်းအိုင်ရေရှိရာအရပ်တွေက အငွေ့ပျံဆုံးရှုံးလာတဲ့ ရေခိုးရေငွေ့တွေ ငွေ့ရည်ဖွဲ့ရွာကျခြင်းပါပဲ)။ လောကသဘာဝတရားရဲ့ ဓမ္မစစ်စစ်အရ လောကကြီးဟာ Balancing နဲ့တည်ဆောက်ထားတာပါ။ တနေရာမှာ တိုးပွားရင် တနေရာမှာ ဆုံးရှုံးပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသား ပြည်သူလူထုတွေရဲ့ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေး၊ဥစ္စာဓန၊လူနေမှုအဆင့်အတန်း၊ပညာရေး၊စီးပွားရေး၊ကျန်းမာရေး စတဲ့အချက်တွေဘာကြောင့်ဆုံးရှုံးနေတာလဲဆိုတာဒီအချက်ပါပဲ။ နိဂုံးချုပ်ရရင် အဲ့ဒီ ယုတ်မာတဲ့အကျင့်ပျက်ချစားမှုကြီးရှိနေသရွေ့(တန့်နေခြင်းမဟုတ် Dynamic သဘောဖြင့်လူ့အဖွဲ့အစည်းထဲလှိုက်စားတိုးပွားလာခြင်းဖြစ်) စီပွားရေး ပိတ်သည် ဖြစ်စေ ဖွင့်သည်ဖြစ်စေ ကျနော်တို့ရဲ့ ရွှေပြည်တော်သည်လည်း မျှော်တိုင်းဝေးဖြစ်နေမည်မှာ အမှန်ပင်ဖြစ်ပါကြောင်း။
Mr.brave are you sure? Do you have a brain if you have is that something wrong. now proverb is change already read before you critcize
Post a Comment