Sunday, January 27, 2008

တို့အရပ်က ဇာတ်

## ဗျောလား
ဗျိုင်းတောင်လား၊
မခွဲခြားတတ်ပဲနဲ့၊
ဆိုင်းထောင်စားချင်တဲ့
လူတွေနဲ့ ။ ။

## စားတော်တိုက် မပြီးခင်၊
နှစ်ပါးခွင်ဝင်ချင်နေတဲ့၊
သဘင်သမားယောင်
ဇာတ်ထောင်စားတဲ့
လူတွေနဲ့ ။ ။

## လေးပါးဝန်ကြီး၊
ပြည်ထီးတည်မပြီးခင်၊
ဇာတ်စင်ထက်က သေတ္တာစုတ်ကို
ပလ္လင်လုပ်ထိုင်နေခဲ့ကြတဲ့၊
လူတွေနဲ့ ။ ။

## သူ့အရပ်၊ သူ့ဇာတ်ပေါ့ဟ၊
ကကြစမ်းပါစေ၊
လေညာအနေသာကြီးဆိုပြီး၊
ဘေးတီးပေးနေတဲ့၊
လူတွေနဲ့ ။ ။

## ဒီလူတွေနဲ့
ဒီလိုလူစားတွေနဲ့၊
စုဖွဲ့ထားတဲ့ဇာတ်၊
အရပ်လဲနာ၊ ရွာလဲပျက်။
" ကျောက်ခဲသြဘာ၊ ငယ်ထိပ်တက် " ။ ။

Paloma Blanca

1 comments:

Oasisthetoo said...

ကောင်းပါလေ့ဗျာ လူကြီးမင်းများကို လူထုတိုက်ပွဲအကြေင်း လက်ချာပေးလိုက်ပါဦး။ အရာရှိငယ်များကတော့
ကျောင်းဆင်းပီးပီးချင်းမှာပဲ စုမှူးသင်တန်းမှာ တန်ပြန်နှင့်တကွ ကြေညက်စွာလေ့လာထားကြလေရဲ့ :P